မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်ဧ၀ံ ဂေလိနှင့်သာသနာပြုရေးဌာနမှရန်ကုန်မြို့ပေါ်
ရှိလူ/ဒေအဖွဲ့ချုပ်များအတွက်ရွှေပြည်မြန်မာ နှစ်ခြင်းသာသနာလုပ်ငန်း၊ဒုတိယဆယ်စုနှစ်
စီမံကိန်းတွန်းအားပေးအစီအစဉ်ကိုရန်ကုန်မြို့ ပေါ်ရှိလူမျိုးစုနှင့်ဒေသန္တရအဖွဲ့ချုပ်များနှင့်ဒုတိ
ယနေ့ရက်အဖြစ်၂၀၁၄-ခုနှစ်၊စက်တင်ဘာလ (၃)ရက်နေ့တွင်ဆက်လက်ပြုလုပ်ခဲ့ပါသည်။
နံက်ဝတ်ပြုကိုးကွယ်ခြင်းကို၊မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန်အသင်းတော်များအဖွဲ့ချုပ်၊
မှဦးဆောင်ပြီး၊တရားဒေသနာအား၊မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့ချုပ်
ပုသိမ်မြောင်းမြသာသနာနယ်အတွင်းရေးမှူးသိက္ခာ တော်ရဆရာဦးစန်းယုမှဝေငှခဲ့ပါသည်။
ယနေ့အစီအစဉ်တွင်၊-ရွှေပြည်မြန်မာနှစ်ခြင်း သာသနာ၊ဒုတိယဆယ်စုနှစ်(၂၀၁၄မှ၂၀၂၄)
အတွက်မဟာစီမံချက်အားတင်ပြခြင်းကိုဧ၀ံ ဂေလိနှင့်သာသနာပြုရေးဌာနလက်ထောက်
တာဝန်ခံဆရာဦးသန်းထိုက်ဟန်မှတင်ပြပြီး၊ ယင်းတင်ပြချက်များအပေါ်၊လူမျိုးစုနှင့်ဒေသန္တရ
အဖွဲ့ချုပ်နှင့်သာသနာနယ်အတွင်းရေးမှူးများ နယ်ဧ/သဌာနတာဝန်ခံတို့မှမိမိတို့ရင်ဆိုင်ကြုံ
တွေ့နေရသောအခြေအနေများအပေါ်တုန့်ပြန် ဆွေးနွေးခြင်းများကိုပြုလုပ်ခဲ့ပါသည်။ဆွေးနွေးပွဲ
ကိုညနေ(၃း၀၀)နာရီတွင်ပြုလုပ်ကြရာ၊မြန်မာ နိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ဧ၀ံဂေလိ
နှင့်သာသနာပြုဌာနတာဝန်ခံသိက္ခာတော်ရ ဆရာထောင်းခန့်စိန်မှအမှာစကားပြောကြားခဲ့
ပါသည်။ယင်းနောက်ဆက်ကပ်ဆုတောင်းခြင်း ကိုမွန်နှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့
ချုပ်အထွေထွေအတွင်းရေးမှူးသိက္ခာတော်ရ ဆရာနိုင်ဇော်မိုးမှဆုတောင်းဆက်ကပ်ပြီး
“လူမျိုးအားပြောပြရန်ဝတ္ထုရှိသည်ဓမ္မသီချင်း” အားအတူတကွချီးမွမ်းကာ၊မြန်မာနိုင်ငံနှစ်ခြင်း
ခရစ်ယာန်အသင်းတော်များအဖွဲ့ချုပ်၊အထွေ ထွေအတွင်းရေးမှူးသိက္ခာတော်ရဆရာဦးတင်
မောင်ရွှေကောင်းချီးပေးခြင်းအားဖြင့်ဆွေးနွေးပွဲ အားအောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါသည်။
ယင်းနောက်ပြင်ဆင်ထားသောညနေစာကို အတူတကွသုံးဆောင်ပြီးအသင်းချုပ်မှ
အားလုံးပြန်လည်ထွက်ခွာလာခဲ့ပါသည်။
Popular Posts
-
မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ် ယာန် အသင်း ချုပ်၊ ဧ၀ံ ဂေလိ နှင့် သာသ နာပြု ရေးဌာ န နှင့် Southern Baptist Convention တို့ပူး တွဲကာ “သာသာ နာပြု...
-
မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ဧ၀ံဂေလိနှင့်သာသနာပြုရေးဌာနသည်၊နှစ်ခြင်းသာသနာ(၂၀၀)ကျေးဇူးတော် ချီးမွမ်းခြင်းပြီးသည့်နောက်ပိုင်း၊နှစ်...
-
ယနေ့၂၀၁၄ခုနှစ်၊-အောက်တိုဘာလ(၁၄)ရက်၊ နံနက်(၈း၀၀)နာရီမှညနေ(၄း၃၀)နာရီအထိ၊မြန် မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၏စည်း ဝေးခန်းမ(၁)တွင်၊ခရစ် ယာ...
-
MBC Evangelism and Mission department is to start Myanmar Cross-Cultural Mission Training Center-MCMTC in 2015. It will be to equip the ch...
-
တွန်းအားပေးသင်တန်းအပြီးအမှတ်တရဓါတ်ပုံ(၂၀၁၉၊ နိုဝင်ဘာ-၁၄) မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်၊ ဧဝံဂေလိနှင့် သာသနာပြုရေး ဌာန၊ ရ...
-
၂၀၁၅ ခု နှစ်၊ ဆ ရာ ကြီး ယု ဒ သန် နှင့် ပါ ရ မီ ဖြည့် ဖက် များ အား ဂုဏ် ပြု တေး သီ ချင်း သီ ဆို ပြိုင် ပွဲ အ တွက် ပြိုင် ပွဲ ၀င် မည့် အ သင်း ...
-
မြန် မာ နိုင် ငံ နှစ် ခြင်း ခ ရစ် ယာန် အ သင်း ချုပ်၊ ဧ ၀ံ ဂေ လိ နှင့် သာ သ နာ ပြု ရေး ဌန ၏ ရွှေ ပြည် မြန် မာ နှစ် ခြင်း သာ သ နာ လုပ် ငန်း ဒု...
-
မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊MissionConcernမှကြီးမှူးကျင်းပသော၊တစ်လုံးတစ်ဝတည်းသာသ နာပြုရေးဆိုင်ရာဆွေးနွေးပွဲတစ်ရပ်ကို............
-
မြန် မာ နိုင် ငံနှစ် ခြင်း ခရစ် ယာန် အ သင်း ချုပ်၊ ဧ ၀ံဂေ လိနှင့် သာ သ နာ ပြု ရေး ဌာန ၏ လူ မျိုး စု နှင့် ဒေ သ န္တ ရ အ ဖွဲ့ ချုပ် များ ရှိ အ ...
-
မြန် မာ နိုင် ငံ နှစ် ခြင်း ခ ရစ် ယာန် အ သင်း ချုပ်၊ ဧ ၀ံ ဂေ လိ နှင့် သာ သ နာ ပြု ရေး ဌာ န၊ မြို့ ကြီး ပြည် သူ သာ သ နာ လုပ် ငန်း ၊ ခ ရစ် ယာန...
