ခရစ်ယာန်ပြုစုပျိုးထောင်ရေးလုပ်ငန်း ဆွေးနွေးပွဲ

ယနေ့၂၀၁၄ခုနှစ်၊-အောက်တိုဘာလ(၁၄)ရက်၊ နံနက်(၈း၀၀)နာရီမှညနေ(၄း၃၀)နာရီအထိ၊မြန်
မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၏စည်း ဝေးခန်းမ(၁)တွင်၊ခရစ် ယာန်ပြုစုပျိုထောင်ရေး
လုပ်ငန်းဆွေးနွေးပွဲအားအောင်မြင်စွာကျင်းပပြု လုပ်နိုင်ခဲ့ပါ သည်။အဆိုပါအစီအစဉ်သို့၊လူမျိုးစု
နှင့်ဒေသန္တရအသီးသီးမှဧ၀ံဂေလိတာဝန်ခံများ နှင့်အတူ၊တိုက်ရိုက်ဆက်သွယ်သောအသင်း

တော်(၂)ပါးအနက်၊(၁)ပါးမှဧ၀ံဂေလိတာဝန်ခံ တို့တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြပါသည်။အစီ
အစဉ်အရမြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်း ချုပ်၊ဧ၀ံဂေလိနှင့်သာသနာပြုရေးဌာန၏သဘာပတိဖြစ်သောသိက္ခာတော်ရဆရာစောဒိုးဒိုဝါးနှင့် အတူ၊ဧ၀ံဂေလိနှင့်သာသနာပြုရေးဌာနတာဝန်ခံ
သိက္ခာတော်ရဆရာထောင်းခန့်စိန်၊လ/ထဌာန တာဝန်ခံဆရာဦးသန်းထိုက်ဟန်တို့မှဆွေးနွေးပွဲ

အားဦးဆောင်ကျင်းပခဲ့ပါသည်။နံနက်ပိုင်းတွင် Inputအဖြစ်ဌာနတာဝန်ခံမှတင်ပြခြင်းတက်
ရောက်လာသောကိုယ်စားလှယ်များမှမေးမြန်း ခြင်း၊တုံ့ပြန်ဆွေးနွေးခြင်းများကိုပြုလုပ်ခဲ့ကြပြီး၊
ဆွေးနွေးပွဲအားနေ့လည်(၁၁း၃၀)နာရီတွင်ခေ တ္တရပ်နားကာ၊နေ့လည်စာအားအတူတကွသုံး
ဆောင်ခဲ့ကြပါသည်။
မွန်းလွဲပိုင်း(၁း၀၀)နာရီတွင်၊ဆွေးနွေးပွဲအားပြန် လည်အစပြုရာ၊ခရစ်ယာန်ပြုစုပျိုးထောင်ခြင်းလုပ်
ငန်း၏(၁)သမ္မာကျမ်းစာစာပေးစာယူလုပ်ငန်း (၂)ဝေစာလုပ်ငန်း(၃)ဒိုင်ရာလော့အစီအစဉ်များ
နှင့်ပတ်သက်ပြီး၊အဖွဲ့(၃)ဖွဲ့ဖွဲ့ကာဆွေးနွေးအ ဖြေရှာခဲ့ကြပါသည်။ယင်းနောက်အဖွဲ့(၃)ဖွဲ့မှကိုယ်စားပြုသူ(၃)ဦးမှပိုမိုထိရောက်သောသမ္မာ ကျမ်းစာစာပေးစာယူလုပ်ငန်းအတွက်၊ဆွေးနွေး ရလဒ်များအားအဖွဲ့များကိုယ်စားတင်ပြကြပြီး၊ ယင်းတင်ပြချက်များကို၊တုံ့ပြန်ဆွေးနွေးမှုများပြု လုပ်ခဲ့ကြပါသည်။
ထိုဆွေးနွေးပွဲမှ၊၂၀၁၅ခုနှစ်မှစ၍၊ယခင်နှင့်မတူ သော၊သမ္မာကျမ်းစာစာပေးစာယူသင်တန်းအား
ဖွင့်လှစ်ရန်အတွက်(၁)ရည်ရွယ်ချက်(၂)ဦးတည် ချက်(၃)သင်ခန်းစာပြုစုခြင်း(၄)သင်တန်းသား/သူ
လက်ခံခြင်း(၅)မူဝါဒချမှတ်ခြင်း၊(၆)စီမံကိန်းဦးစီး မှူးနှင့်ဆိုင်သောလုပ်ငန်းလုပ်ပိုင်ခွင့်များသတ်

မှတ်ခြင်း၊(၇)အင်တာနက်မီဒီယာများဖြင့်ယင်းစာ ပေးစာယူလုပ်ငန်းတိုးမြှင့်ဆောင်ရွက်ရန်ကိစ္စများ
(၈)အချိန်နှင့်တဖြေးညီဆောင်ရွက်နိုင်ရန်လုပ် ငန်းကော်မတီများချမှတ်ခြင်း(၉)လုပ်ငန်းအတွက်
လည်ပတ်ရန်ငွေကြေးဆိုင်ရာကိစ္စရပ်များအား အောင်မြင်စွာဆွေးနွေးဖေါ်ထုတ်၊ ချမှတ်နိုင်ခဲ့ကြ
ပါသည်။
ထိုဖေါ်ထုတ်ရလဒ်များကိုဌာနကော်မတီအစည်း အဝေးမှတဆင့်၊နှစ်ခြင်းအသင်းချုပ်အလုပ်အမှု
ဆောင်အစည်းအဝေးအထိဆက်လက်ထောက် ခံတင်ပြပြီး၊အကောင်အထည်ဖေါ်ဆောင်ရွက်
သွားတော့မည်ဖြစ်ပါသည်။ထို့ကြောင့်မိတ်ဆွေ တို့အနေဖြင့်လည်း၊ရင့်ကျက်သောခရစ်ယာန်
များဖြစ်စေရေးနှင့်သာသနာပြုသောယုံကြည်သူ များဖြစ်ရေးအတွက်ရည်ရွယ်လုပ်ဆောင်တော့

မည့်ခရစ်ယာန်ပြုစုပျိုးထောင်ခြင်းလုပ်ငန်းအ တွက်သတိရဆုတောင်းခြင်း၊ပေးလှူခြင်းများတို့
ဖြင့်ပါဝင်ကြပါရန်၊ခရစ်တော်၏နာမတော်မြတ် ၌သတင်းကောင်းပါးအပ်ပါသည်။ယင်းအစီ
စဉ်နှင့်ပတ်သက်သည့်အကြောင်းအရာအချက် အလက်အသေးစိတ်ကို၊နှစ်ခြင်းအသင်းချုပ်
ဧ/သဌာန၏Facebook နှင့်Blogများတွင်ဖေါ်ပြ ပေးသွားမည်ဖြစ်ပါကြောင်းလေးစားစွာဖေါ်ပြ
အပ်ပါသည်။