ရွှေပြည်မြန်မာနှစ်ခြင်းသာသနာကော်မတီအစည်းအဝေး

ရွှေပြည်မြန်မာနှစ်ခြင်းသာသနာလုပ်ငန်း၊ဒုတိယ ဆယ်စုနှစ်စီမံကိန်းနှင့်ပတ် သက်ပြီး၊ကော်မတီ
အစည်းအဝေးကိုယနေ့နံနက်(၈း၀၀)နာရီမှနေ့ လည်(၁၂း၀၀)နာရီအထိ၊မြန်မာနိုင်ငံနှစ်ခြင်းခရစ်
ယာန်အသင်းချုပ်၊စည်းဝေးခန်းမ (၁)တွင်ကျင်းပ ပြုလုပ်ရာ၊လူမျိုးစုနှင့်ဒေသန္တရရအဖွဲ့ချုပ်မှဧ/သ
တာဝန်ခံများ၊ တိုက်ရိုက်ဆက်သွယ်သောအသင်း တော်(၂)ပါးမှဧ၀ံဂေလိတာဝန်ခံများ၊အသင်းချုပ်
အရာရှိများတက်ရောက်ခဲ့ကြပါသည်။

အစီအစဉ်ကိုဝတ်ပြုခြင်းဖြင့်အစပြုပြီး၊စည်းဝေးသ ဘာပတိအဖြစ်၊သိက္ခာတော်ရဆရာစောဒိုးဒိုဝါးမှ
ဆောင်ရွက်ခဲ့ပါသည်။ယင်းအစည်းအဝေးတွင်ရွှေ ပြည်မြန်မာနှစ်ခြင်းသာသနာလုပ်ငန်းနှင့်ပတ်
သက်ပြီး၊လုပ်ငန်းအကောင်အထည်ဖေါ်ဆောင် ရွက်ရာတွင်ထိရောက်စေရန်၊လက်စွဲစာအုပ်
အားပြုစုရန်၊မူဝါဒများအားအသေးစိတ်ချမှတ်ပြီး အကောင်အထည်ဖေါ်ဆောင်ရွက်ရန်၊လူမျိုးစုနှင့်

ဒေသန္တရအဖွဲ့ချုပ်များရှိ၊အသင်းတော်များ၏သာ သနာပြုနေသောအင်အားများဖေါ်ထုတ်ခြင်း၊သာ
သနာမပြုသေးသောအသင်းတော်များ၏အရေအ တွက်ဖေါ်ထုတ်ခြင်း၊သာသနာကွင်းသစ်များဖွင့်
လှစ်ရန်၊တွန်းအားပေးအစီအစဉ်များအား၊အခြေခံ အသင်းတော်များအထိစိမ့်ဝင်ပျံ့နှံ့ရန်ဆောင်ရွက်
မည့်နည်းစနစ်များ၊သာသနာကွင်းသစ်အရေအ တွက်သတ်မှတ်ခြင်း၊အဖွဲ့ချုပ်အလိုက်ခွဲဝေခြင်း
များကိုဆောင်ရွက်ခဲ့ပါ သည်။

အထူးသဖြင့်၊ပထမစီမံကိန်း(၂၀၀၃/၂၀၁၃)ဆယ် နှစ်တာဆောင်ရွက်ခဲ့သောလုပ်ငန်းများအားသုံး
သပ်ခြင်း၊ဆွေးနွေးပွဲတစ်ရပ်ကိုလည်းအမြန်ဆုံး ပြုလုပ်ရန်အားလုံးသဘောတူဆုံးဖြတ်ခဲ့ကြပါ
သည်။ထိုမျှမက၊-ခေတ်ကာလအခြေအနေအမျိုး မျိုးကြောင့်အင်အားနည်းလျှက်ရှိသောအသင်း
တော်များအားလည်းဖေါ်ထုတ်ပြီး၊အသင်းတော် တစ်ပါး၏အရေအချင်းနှင့်ပြန်လည်ပြည့်မှီရန်ပြု

လုပ်ရမည့်အစီအစဉ်များကိုလည်းဆွေးနွေးခဲ့ကြ ပါသည်။ရွှေပြည်မြန်မာနှစ်ခြင်းသာသနာ၊ဒုတိယ
ဆယ်စုနှစ်၏နောက်ဆုံးမျှော်လင့်ထားသည့်ပန်း တိုင်ဖြစ်သော၊၂၀၂၄ခုနှစ်တွင်၊မြန်မာနိုင်ငံနှစ်
ခြင်းခရစ်ယာန်အသင်းချုပ်ရှိလူမျိုးစုနှင့်ဒေသန္တရ အဖွဲ့ချုပ်များမှနှစ်ခြင်းအသင်းတော်တိုင်းသည်၊
သာသနာပြုသောအသင်းတော်များဖြစ်ရေး(သာ သနာပြုကွင်းများပိုင်ဆိုင်သောအသင်းတော်

များဖြစ်လာစေရေး)ယင်းအသင်းတော်များရှိနှစ် ခြင်းခရစ်ယာန်ယုံကြည်သူတိုင်းသည်လည်း
သက်သေခံသောအသင်းသူ/သားများဖြစ်လာ စေရေးအတွက်အဖွဲ့ချုပ်၊နယ်အဖွဲ့များမှမိမိတို့
အဖွဲ့ချုပ်၊နယ်အဖွဲ့များရှိအသင်းတော်များအား အစဉ်တွန်းအားပေးခြင်း၊နှိုးဆော်ခြင်းများပြုလုပ်
ရန်ကိစ္စများကိုလည်းတိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးအားမွန်းတည့်(၁၂း၀၀)နာရီတွင် မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၏ဘ
ဏ္ဍာထိန်း၊သိက္ခာတော်ရဆရာမန်းစံသိန်းထွန်း ဆက်ကပ်ဆုတောင်းခြင်းဖြင့်ရုပ်သိမ်းခဲ့ပါသည်။