ရွှေပြည်မြန်မာနှစ်ခြင်းသာသနာ တွန်းအားပေးအစီအစဉ်(ရခိုင်အဖွဲ့ချုပ်)

ရွှေပြည်မြန်မာနှစ်ခြင်းသာသနာလုပ်ငန်း၊ဒုတိ ယဆယ်စုနှစ်စီမံကိန်းအတွက်တွန်းအားပေးအ
စီအစဉ်များကို၂၀၁၄ခုနှစ်အတွင်း၊လူမျိုးစုနှင့်ဒေ သန္တရအဖွဲ့ချုပ်များသို့လိုက်လံပြုလုပ်ရာ၊၂၀၁၄ခု
နှစ်၊နိုဝင်ဘာလ(၂၅-၂၆)နေ့များတွင်လည်း၊ ရခိုင်ပြည်နယ်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်တွင်ပြု
လုပ်ခဲ့ပါသည်။အဆိုပါအစီအစဉ်ကို၊သံတွဲမြို့ရှိ နှစ်ခြင်းခရစ်ယာန်အသင်းတော်တွင်ပြုလုပ်ခဲ့ပြီး

၂၅-၁၁-၂၀၁၄ရက်နေ့ညနေ(၇း၀၀)နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။အဖွင့်ကိုးကွယ်ဝတ်ပြု
ခြင်းအစီအစဉ်တွင်ရခိုင်ပြည်နယ်နှစ်ခြင်းခရစ် ယာန်အဖွဲ့ချုပ်၊သိက္ခာတော်ရဆရာဦးဟန်မြင့်မှ
ကြိုဆိုနှုတ်ခွန်းဆက်စကားအားပြောကြားပြီး၊ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ဧ၀ံဂေ
လိနှင့်သာသာနာပြုရေးဌာနမှလက်ထောက် တာဝန်ခံဆရာဦးသန်းထိုက်ဟန်မှတွန်းအားပေး
အစီအစဉ်နှင့်ပတ်သက်ပြီးအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။အဖွင့်ကိုးကွယ်ဝတ်ပြုခြင်း

အစီအစဉ်ကိုသိက္ခာတော်ရဆရာစောဒိုင်းမွန်း ကောင်းချီးပေးခြင်းအားဖြင့်အစီအစဉ်အားရုပ်
သိမ်းခဲ့ပါသည်။၂၆-၁၁-၂၀၁၄နံနက်တွင်နံနက် ၀တ်ပြုကိုးကွယ်ခြင်းကိုတက်ရောက်လာသော
ကိုယ်စားလှယ်များမှဆောင်ရွက်ကြပြီး၊ပထမပိုင်း အစီအစဉ်အဖြစ်၊ဆရာစောဝင်းဖေဇင်(ကရင်နှစ်
ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊Urban Mission Director) မှ“အသင်းတော်နှင့်သာသနာပြုခြင်း”ခေါင်းစဉ်ဖြင့်
သမ္မာကျမ်းစာသင်ခန်းကိုဝေမျှပို့ချခဲ့ပါသည်။ယင်း နောက်၊တက်ရောက်လာသောကိုယ်စားလှယ်များ

အားအဖွဲ့သုံးဖွဲ့ခွဲပြီး၊မျက်မှောက်ခေတ်ရခိုင်ပြည် နယ်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရှိအသင်းတော်များ
၌သာသနာပြုသောအသင်းတော်များဖြစ်ရန်ရင် ဆိုင်နေရသောအဟန့်အတာများနှင့်ယင်းအဟန့်
အတားများအားဖြေရှင်းခြင်းဆိုင်ရာအချက်အလက် များအားအဖွဲ့ခွဲဆွေးနွေးခြင်း၊တင်ပြခြင်း၊တုံ့ပြန်ခြင်း
များကိုပြုလုပ်ခဲ့ပါသည်။မွန်းတည့်(၁း၀၀)နာရီတွင် အစီအစဉ်အားပြန်လည်အစပြုရာ၊ရွှေပြည်မြန်မာ
နှစ်ခြင်းသာသနာလုပ်ငန်း၊ဒုတိယဆယ်စုနှစ်စီမံ ကိန်းကိုဆရာဦးသန်းထိုက်ဟန်(မြန်မာနိုင်ငံနှစ်
ခြင်းခရစ်ယာန်အသင်းချုပ်၊ဧ၀ံဂေလိနှင့်သာသနာ ပြုရေးဌာန၊လက်ထောက်ဌာနတာဝန်ခံ)မှရှင်းလင်း

တင်ပြရာ၊စီမံကိန်းနှင့်ပတ်သက်သောအကြောင်း အရာများကိုတုံ့ပြန်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါ
သည်။ရွှေပြည်မြန်မာနှစ်ခြင်းသာသနာလုပ်ငန်း၊ ဒုတိယဆယ်စုနှစ်စီမံကိန်း၊ပထမ(၃)နှစ်စီမံကိန်း
(၂၀၁၅-၂၀၁၇)အတွက်သာသနာကွင်းအသစ် စက်စက်(၃)ကွင်းဖေါ်ထုတ်အကောင်အထည်
ဖေါ်လုပ်ဆောင်ရန်အားလုံးသဘောတူလျှက် တွန်းအားပေးအစီအစဉ်အားညနေ(၄း၀၀)နာရီ
တွင်ဆက်ကပ်ကိုးကွယ်ဝတ်ပြုခြင်းအားဖြင့် ရုပ်သိမ်းခဲ့ပါသည်။အဆိုပါအစီအစဉ်သို့၊ရခိုင်ပြည်
နယ်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ၊ကိုယ်စားလှယ် (၂၉)ဦးတက်ရောက်ခဲ့ကြပါသည်။

GMBMတွန်းအားပေးအစီအစဉ်-ရခိုင်အဖွဲ့ချုပ်(သံတွဲမြို့-၂၅-၂၆/၁၁/၂၀၁၄)