ခြားနားသောယဉ်ကျေးမှုထဲသို့ ၀င်ရောက်သာသနာပြုခြင်း

ယေရှု ခရစ် တော် ဘုရားက လူမျိုး တကာ တို့ထံသို့ သွား၍ ဧ၀ံဂေ လိဟော ပြောရန် တပည့် တော် တို့ကို စေ လွှတ် ခဲ့ပါ သည်။ လူမျိုး တိုင်း တွင် ယဉ်ကျေး မှုအမျိုး မျိုးရှိ ကြ ပါသည်။ ဧ၀ံဂေ လိဟော ပြော သော သာ သ နာပြု များ သည် မိမိဦး တည် သော လူမျိုး ၏ ယဉ်ကျေး  မှုကို နားလည် သိရှိမှသာ အောင်မြင် စွာ သာသ နာပြုနိုင် ပါမည်။ တစ်ခါ တစ်ရံ အချို့ နေရာ များ တွင် သာ သနာ ပြုများ

သည် မိမိ ယဉ်ကျေး မှုနှင့် ဧ၀ံဂေ လိတ ရားကို ပေါင်းစပ် ၍ အခြား လူမျိုးထံ လက်ဆင့် ကမ်းတတ် ပါသည်။ ကြားနာ ရသော လူများ သည် ဧ၀ံဂေ လိတရား နှင့် အတူပါ လာသော အတွေး အခေါ် ဓလေ့ထုံး တမ်း များကို မနှစ် သက် သော ကြောင့် ဧ၀ံဂေ လိတရား ပြန့်ပွား ရေးကို အဟန့် အတား ဖြစ်စေ နိုင်ပါ သည်။ ထို့ကြောင့် ခရစ် တော်၏ မဟာ စေစား ချက်ကို နာခံ လုပ်ဆောင် လိုသော ယုံကြည် သူခရစ် ယာန် များသည် ယဉ်ကျေး မှုဓလေ့ ထုံးစံ အမျိုး မျိုးကို လေ့လာ ရန် လိုအပ် ပါသည်။
(က)ကနဦးအသင်းတော်
          ယေရှု ရှလင် မြို့တွင် ပေါ်ပေါက် လာသော အသင်း တော် တွင် ကနဦး ခရစ် ယာန်များ သည် ယုဒ လူမျိုး (Jews) များဖြစ် ကြသည်။ ယုဒ ယဉ်ကျေး မှုသည် ထာဝရ ဘုရား နှစ်သက် သောယဉ် ကျေးမှု ဖြစ်သည် ဟု ခံယူထား သော ကြောင့် တစ်ပါး အမျိုးသား များကို ဧ၀ံဂေ လိဟော ပြောသော အခါ ယုဒ ယဉ်ကျေး မှုကို လည်း တစ်ပါ တည်း လက်ခံ ရန် တောင်း ဆိုခဲ့ကြ သည်။ အန္တိ အုတ်မြို့ တွင် ခရစ် ယာန် ဖြစ်လာ သော ဂရိလူ မျိုးများ သည် ယင်း တောင်း ဆိုချက် ကို မလိုက် နာနိုင် ကြပေ။ တစ်ပါး အမျိုး သားခရစ် ယာန်များ သည် အရေပြား လှီး ခြင်း မင်္ဂလာ ခံရန် လိုသည် မလိုသည် ကို ဆွေးနွေး ဆုံးဖြတ် နိုင်စေ ခြင်းငှာ ယေရုရှ လင်ကောင် စီအစည်း အဝေးကို ခေါ်ယူခဲ့ ရပါသည် (တ ၁၅း၁-၄)။ တစ်ပါး အမျိုးသား ခရစ်ယာန် များသည် အရေပြား လှီးခြင်း ခံရန်မ လိုဘဲ လိုက်နာ ရမည့်စည်း ကမ်းအချို့ ရှိသည် ဟု ဆုံးဖြတ် ခဲ့ပါသည် (တ ၁၅း၂၃-၂၉)။ ယုဒ ယဉ်ကျေး မှု ကို မသွတ် သွင်းဘဲ ဂရိလူ မျိုးများ သည် ခရစ် ယာန်ဖြစ် ခွင့် ရရှိခဲ့ ကြ ပါသည်။ အန္တိ အုတ် အသင်း တော်သည် ဗာနဗ နှင့် ပေါလု တို့ကို သာသ နာပြုများ အဖြစ် စေလွှတ် ခဲ့ပါသည်။ ရှင်ပေါ လုသည် အခြား လူမျိုးများ အား ဧ၀ံဂေ လိဟော ပြောသော အခါ သူတို့၏ ယဉ်ကျေး မှုနှင့် လိုက်လျော ညီထွေ စွာ ဟောပြော ကြောင်း (၁ကော ၉း၁၉-၂၃) တွင် ဖော်ပြခဲ့ ပါသည်။ ယနေ့ ခရစ်ယာန် များသည် ကနဦး အသင်း တော် ၏ ပုံသက် သေများ ကို  ဂရုပြု လေ့လာ သင့်ပါ သည်။
( ခ)ယဉ်ကျေးမှု
          ယဉ်ကျေး မှုဆို သည်မှာ လူတို့၏ အသက် ရှင်နေ ထိုင်နည်း (Way of Life) ဖြစ်ပါ သည်။ ယဉ်ကျေး မှု တွင် လူတို့ လေ့လာ သောအ ရာများ စုဆောင်း ဖွဲ့စည်း ထားသော အတွေး အခေါ်များ၊ အပြု အမူများ၊ လောက ကို ရှုမြင်ပုံ  (World View) တို့ ပါဝင် ပါသည်။ World View ဆို သည်မှာ ယဉ်ကျေး မှု၏ နက်ရှိုင်း သော အစိတ် အပိုင်း ဖြစ်၍ လောက ရှိသော အရာများ ကို ရှုမြင်ပုံ နှင့် တုံ့ပြန် ပုံများ ပါဝင် ပါသည်။
          လူမျိုး တိုင်းတွင် ယဉ်ကျေး မှုအသီး သီးရှိ သည်။ ပြဇာတ် တစ်ပုဒ် ပြရန် ဇာတ် ညွှန်းနှင့် ဇာတ်ဆောင် များ ရှိရပါ မည်။ ယဉ်ကျေး မှုသည် ဇာတ်ညွှန်း နှင့်တူပြီး လူများ သည် ဇာတ်ဆောင် များဖြစ် ကြသည်။ ခံယူကျင့် သုံးသော သူများ ရှိမှသာ ယဉ်ကျေး မှုဓလေ့ ထုံးတမ်း များသည် တန်ဖိုးရှိ ကြပါ သည်။ တစ်ခါ တစ်ရံ ဇာတ်ဆောင် သည် ဇာတ်ညွှန်းကို မေ့လျော့ နိုင်ပါ သည်။ တစ်ခါ တစ်ရံ ညွှန်ကြား သူများက ဇာတ် ညွှန်းကို ပြုပြင် နိုင်ပါသည်။ ယဉ်ကျေး မှုတစ်မျိုး သည် အစဉ် အမြဲ တစ်သ မတ်တည်း မရှိဘဲ ပြောင်းလဲ တတ် သော သဘာဝ လဲရှိပါ သည်။
(ဂ)ယဉ်ကျေးမှုသုံးမျိုး
          ကမ္ဘာ လောက ထဲသို့ ဧ၀ံဂေလိ တရားကို သက်သေ ခံရာတွင် ယဉ်ကျေး မှုသုံးမျိုး ဆက်သွယ် ရေးပုံစံ ကို နားလည် ထားရ ပါမည်။ ဧ၀ံဂေလိ ဝေငှသူ သည် သမ္မာ ကျမ်း၏ ယဉ်ကျေး မှု၊ မိမိ၏ ကိုယ်ပိုင် ယဉ်ကျေး မှုနှင့် ကြားနာ သူ၏ ယဉ်ကျေး မှုတို့ကို နားလည် သဘော ပေါက်ပြီး ဆက်သွယ် တတ်ရ ပါမည်။ ခရစ်တော် သည် လူ့ ဇာတိ ခံပြီး ကောင်းကင် နိုင်ငံတော်မှ ယူဆောင် လာသော သတင်း ကောင်းကို ယုဒလူ မျိးများ အား ဟောပြော ခဲ့သည် (ယောဟန် ၁း၁-၂)။ ဓမ္မသစ် ကျမ်းတွင် ဧ၀ံဂေလိ တရားကို ယုဒ ယဉ်ကျေး မှု၊ ဂရိယဉ် ကျေးမှု တို့ဖြင့် တင်ပြ ထား ပါသည်။ ဧ၀ံဂေ လိအမှုတော် ဆောင်သည် ဓမ္မသစ် ကျမ်းကို ဖတ်ရှု သောအခါ မိမိယဉ် ကျေးမှု ရှုထောင့် ဖြင့် ဧ၀ံဂေ လိ တရား ကို နားလည် ခံယူထား ပါသည်။ ထိုအမှု တော်ဆောင် သည် ခရစ်တော် ၏ သံတမန် ဖြစ်၍ သမ္မာကျမ်း ထဲမှ ဧ၀ံဂေ လိတရား ကို မိမိသာ သနာ ပြုမည့် လူမျိုး ထံသို့ အရောက် ပို့ရပါ သည်။ ကြားနာ သော လူမျိုး သည် ဧ၀ံဂေလိ တရား ကို နားလည် လက်ခံ နိုင်ရန် ယဉ်ကျေး မှုသုံးမျိုး ကို ထိရောက် စွာ ဆက်သွယ် ပေးဖို့ လိုအပ် ပါသည်။ ထို့ကြောင့် ဧ၀ံဂေလိ အမှုတော် ဆောင် သည် သမ္မာတ ရားကို မှန်ကန် စွာ ပိုင်းခြား တတ်ပြီး ထိရောက် စွာ ဆက် သွယ် တတ်သော သူ ဖြစ်ရ ပါမည်။
(ဃ)အန္တရာယ်
          လူမျိုး တစ်မျိုး ၏ ယဉ်ကျေး မှုတွင် ခရစ်တော် ၏ သမ္မာ တရားကို ဆန့်ကျင် သော အတွေး အခေါ် ဓလေ့ထုံး တမ်းများ ရှိကောင်း ရှိနိုင်ပါ သည်။ မိမိကိုယ် ကို ခရစ်ယာန် ဖြစ်သည် ဟု ကြော်ငြာ ပြီး ယင်းတို့ ကို ဆက်လက် ယုံကြည် ကျင့် သုံးပါ က အယူ နှောဝါဒ (Syncretism) ဖြစ်ပေါ် နိုင်ပါ သည်။ ကျွန်ုပ် တို့သည် လူတို့၏ ယဉ်ကျေး မှုကို လေးစား သော်လည်း အယူနှော ၀ါဒကို ကျင့်သုံး မည်မ ဟုတ်ပါ။ ကျွန်ုပ်တို့ သည် ယဉ်ကျေး မှု အထက် ရှိသော ခရစ်တော် ကို ယုံကြည် ကိုးစားကြ ပါသည်။ ခရစ်တော် သည် ကိုယ်တော် ဖန်ဆင်း ထား သောနှစ် သက်ဖွယ် ဓလေ့များ ကို ဆက်လက် ကျင့်သုံး စေပါ မည်။ ကိုယ် တော်၏ အလို တော်နှင့် ဆန့် ကျင်သော အရာများ ကို တပည့် တော်တိုင်း ငြင်းပယ် ကြပေ မည်။ “သင်တို့ သည် တတ်နိုင် သမျှအ တိုင်း လူအ ပေါင်းတို့ နှင့် အသင့် အတင့် နေကြ လော့။” (ရောမ ၁၂း၁၈)
          နိဂုံးချုပ် ဆိုရလျှင် ကျွန်ုပ်တို့ သည် ခရစ် တော်၏ ဧ၀ံဂေလိ တရားပြန့် ပွားရန် လုပ်ဆောင် ရာ လူမျိုး အသီး သီး၏ ယဉ်ကျေး မှုများကို လေးစား တန်ဖိုး ထားရ ပါမည်။ ဘုရား သခင် သည် ဧ၀ံဂေ လိတရား နှင့် ဆက် သွယ် နိုင်သော အရာ များကို ယဉ်ကျေး မှုထဲထည့်သွင်း ထားပါ သည်။ အခြား ယဉ်ကျေး မှုထဲသို့ ဧ၀ံဂေ လိတရား အား မည်သို့ ယူသွား ရမည်ကို သန့်ရှင်း သောဝိညာဉ် တော်က သွန်သင် လမ်းပြ ပေးပါ သည်။ ယုံကြည် ခြင်း၊ ချစ်ခြင်း၊ မျှော်လင့် ခြင်းတို့ ဖြင့် သာသ နာကြ ပါစို့။