● ယုဒသန် သီချင်း သီဆို ပြိုင် ပွဲ ကျင်းပ ရေး အထူး အစည်း အ ဝေး (၂)

၂၀၁၅ ခုနှစ် ဇူ လိုင် လ (၁၁) ရက် နေ့ တွင် ရန် ကုန် မြို့ အပါ အ၀င် မြို့ (၇) မြို့ တွင် ပြု လုပ် မည့် ယုဒ သန် ဂုဏ် ပြု တေး သီ ချင်း သီ ဆို ပြိုင် ပွဲ အတွက် ပြိုင် ပွဲ ကျင်း ပရေး အထူး အစည်း အဝေး ကို ယနေ့ ၂၀၁၅ ခု နှစ် ဇွန် လ (၁၇) ရက် နေ့ တွင် မြန်မာ နိုင် ငံ နှစ် ခြင်း ခရစ် ယာန် အသင်း ချုပ်၊ တွဲ ဖက် အထွေ ထွေ အ တွင်း ရေးမှူး ရုံး ခန်း တွင် ကျင်း ပ ပြု လုပ် ခဲ့ ပါသည်။ ယင်း အစည်း အဝေး တွင် သဘာ ပ တိ အဖြစ် သိ က္ခာ တော် ရ ဆရာ မန်း စံ သိန်း ထွန်း(ဘ ဏ္ဍာ ထိန်း) မှ ဆောင် ရွက် ပြီး အစည်း အဝေး သို့ လူငယ် ဌာန တာ ၀န် ခံ ဆရာ ၀င်း ထွဋ် သာ ကြည်၊ ဧ၀ံ ဂေ လိနှင့် သာသ နာ ပြု ရေး ဌာန မှ ဆရာ စော ၀င်း ဖေ ဇင် ၊လက် ထောက် တာဝန် ခံ ဆရာ ဦး သန်း ထိုက် ဟန်၊ မြန်မာ နိုင် ငံ ခရစ် တေး ဂီ တ ပညာ ရှင် များ မိတ် သ ဟာ ယ (CMF) မှ ကို အောင် ဒူး ၊ ကို William ၊ ဆရာမ ဒေါ် ကေဂျာ ဆန်၊ ဆရာမ ဒေါ် ကေ ဂျာ နူး ၊ စော ဂျိုး ဂျိုး၊ ရှိန်း ၊ ခွန် မြတ် တို့ ပါ ၀င် တက် ရောက် ခဲ့ ကြ ပါ သည်။ အစည်း အဝေးကို ဆရာမ ဒေါ် ကေ ဂျာ နူး မှ ဆု တောင်း ခြင်း အား ဖြင့် အစပြု ခဲ့ ပြီး အစည်း အဝေး တွင် မြို့(၇) မြို့ တွင် ပြုလုပ် မည့် ပြိုင် ပွဲ များ အတွက် လို အပ် သော ငွေ ကြေး ကိစ္စ များ၊ ပြိုင် ပွဲ ပြင်ဆင် ခြင်း ကိစ္စ များ၊ နယ်မြို့ များ သို့ သွား ရောက် ညှိနှိုင်း ရေး ကိစ္စ များ နှင့် စေလွှတ် မည့် ဒိုင် ကိစ္စ များ ဆွေး နွေး ခဲ့ ကြ ပါသည်။ နောက် တစ် ကြိမ်း အစည်း အဝေး ကို  ၂၀၁၅ ခုနှစ် ဇွန်လ (၃၀) ရက် နေ့ ၊ နံနက် (၁၀း ၀၀) နာ ရီ တွင် ပြု လုပ် ရန် ဆုံး ဖြတ် ပြီး သိက္ခာ တော် ရ ဆရာ မန်း စံ သိန်း ထွန်း ဆု တောင်း ခြင်း ဖြင့် အစည်း အဝေး အား ရုပ် သိမ်း ခဲ့ ပါ သည်။

သီချင်းဆိုပြိုင်ပွဲကျင်းပရေးအထူးအစည်းအဝေး (၁၇-၆-၂၀၁၅)MBC AGS Office: