● အသင်း တော်တည် ထောင်ခြင်း ကွန်ယက် သင်တန်း ဆင်းပွဲ ...

မြန် မာ နိုင် ငံ နှစ် ခြင်း ခ ရစ် ယာန် အ သင်း ချုပ်၊ ဧ ၀ံ ဂေ လိ နှင့် သာ သ နာ ပြု ရေး ဌာ န သည် One Challenge International နှင့် မိတ် ဖက် ပြီး၊ အ သင်း တော် တည် ထောင် ခြင်း ကွန် ယက် သင် တန်း ကို ၂၀၁၄ ခု နှစ် မှ ၂၀၁၅ ခု နှစ် အ ထိ စု စု ပေါင်း သင် တန်း (၈) ကြိမ် ပို့ ချခဲ့ ပါ သည်။ နောက် ဆုံး အ ဆင့် သင် တန်း ကို ၂၀၁၅ ခု နှစ်၊ အောက် တို ဘာ လ (၅) ရက် နေ့ မှ (၉) ရက် နေ့ အ ထိ၊ တီး တိန် နှစ် ခြင်း အ သင်း တော် တွင် ပြု လုပ် ခဲ့ ပြီး၊ သင် တန်း ဆင်း ပွဲ ကို အောက် တို ဘာ လ (၉) ရက် နေ့ တွင် ကျင်း ပ ခဲ့ ပါ သည်။ သင် တန်း သူ/ သား စုစု ပေါင်း (၂၂) ဦးသင် တန်း ဆင်း ခဲ့ ပါ သည်။ ယင်း သင် တန်း ဆင်း ပွဲ ကို ကျေး ဇူး တော် ချီး မွမ်း ခြင်း၊ အ ပြန် အလှန် ဆု တောင်း ပေး ခြင်း၊ အ ပြန် အလှန် အား ပေး ခြင်း၊ သင် တန်း ပြီး ဆုံး ကြောင်း လက် မှတ် ချီး မြှင့် ခြင်း၊ ဆက် ကပ် ဆု တောင်း ခြင်း၊ စေ လွှတ် ခြင်း၊ သင် တန်း ဆင်း အ မှာ စကား ပြော ကြား ခြင်း၊ ဂုဏ် တော် ချီး မွမ်း ခြင်း၊ မေ တ္တာ ပြ ခြင်း နှင့် မိတ် သ ဟာ ရ ည နေ စာ အတူ တ ကွ သုံး ဆောင် ခြင်း များ အား ဖြင့် အောင် မြင် စွာ ပြု လုပ် နိုင် ခဲ့ ပါ သည်။ သင် တန်း လက် မှတ် ချီး မြှင့် ခြင်း ကို Rev. Eli မှ ချီး မြှင့် ပေး ပြီး၊ အား ပေး စ ကား ပြော ကြား ခြင်း ကို Rev. David White၊ Dr. သစ် သစ် မြတ် စံ၊ ဆရာ မ ခင် သီ တာ ဇော် နှင့် ဆရာ ဦး သန်း ထိုက် ဟန် (ဧ/ သ ဌာ န လက် ထောက် တာ ၀န် ခံ ) တို့ မှ လည်း ကောင်း၊ ဆက် ကပ် ဆု တောင်း ခြင်း နှင့် စေ လွှတ် ခြင်း ကို Rev. ထောင်း ခန့် စိန် (ဧ/ သ ဌာ န တာ ၀န် ခံ၊ MBC) မှ လည်း ကောင်း၊ သင် တန်း ဆင်း အ မှာ စကား ပြော ကြား ခြင်း ကို Rev. Dr. ဆိုင် မွန် ပေါင် ခန့် အင်း (သင်း အုပ် ဆ ရာ ကြီး - တီး တိန် နှစ် ခြင်း အ သင်း တော်၊ ရန် ကုန်) မှ လည်း ကောင်း၊ အ သီး သီး ပါ ၀င် ခဲ့ ကြ ပါ သည်။ အ ဆို ပါ သင် တန်း သည် အ သင်း တော် တည် ထောင် နေ သော အ သင်း တော် များ ၏ သာ သ နာ ပြု ရေး ကော် မ တီ (ဧ/သ) ကော် မတီ များ နှင့် လက် ရှိ သာ သ နာ ကွင်း များ တွင် သာ သ နာ ပြု  နေ သော ဆ ရာ/ မ များ အ ကြား ပို မို ထိ ရောက် သော အ သင်း တော် တည် ထောင် ခြင်း ဆိုင် ရာ ကွန် ယက် ဆက် သွယ် ဆောင် ရွက် မှု များ ကို အ ဓိ က ထား သင် ကြား ပို့ ချ ပေး သော သင် တန်း ဖြစ် ပါ သည်။ ယင်း သင် ခန်း စာ များ ကို မြန် မာ နိုင် ငံ နှစ် ခြင်း ခ ရစ် ယာန် အ သင်း ချုပ် နှင့် ဆက် သွယ်လျှက် ရှိ သော လူ / ဒေ အ ဖွဲ့ ချုပ် များ သို့ ဆက် လက် ဆင့် ပွား သင် တန်း များ ပေး သွား ရန် ပြင် ဆင် လျက် ရှိ ပါ သည်။ ထို့ အ ပြင် သင် ခန်း စာ များ အား စု စည်း ရေး သား ထား သော စာ အုပ် ကို လည်း ပုံ နှိပ် ထုတ် ဝေ ရောင်း ချ သွား ရန် ရှိ ပါ ကြောင်း သ တင်း ကောင်း ပါး အပ် ပါ သည်။
Church Planting Network Training Graduation: 9th, Oct 2015: Tedim Baptist Church Yangon.