● ရွှေ ပြည် မြန် မာ တွန်း အားပေး သင်တန်း (ပိုး က ရင်၊ မွန်၊ MBCU၊ အရှို အ ဖွဲ့ ချုပ် နှင့် ဧမာ နွေလ နှစ်ခြင်း အ သင်း တော်၊ ယု ဒ သန် အ သင်း တော်)...

မြန် မာ နိုင်ငံ နှစ်ခြင်း ခရစ် ယာန် အ သင်း ချုပ်၊ ဧ၀ံ ဂေ လိနှင့် သာ သနာ ပြု ရေး ဌာန ၏ ရွှေ ပြည် မြန် မာ နှစ် ခြင်း သာ သ နာ ဒု တိ ယ ဆယ် စု နှစ် ၊ ပထ မ (၃) နှစ် စီ မံ ကိန်း ၊ ဒု တိ ယ နှစ် အ တွက် တွန်း အား ပေး သင် တန်း များ အား လူ မျိုး စု နှင့် ဒေ သ န္တ ရ အဖွဲ့ ချုပ် များ သို့ လိုက် လံ တွန်း အား ပေး သင် ကြား လျှက် ရှိ ရာ ၊ ၂၀၁၆ ခုနှစ်၊ ဇွန် လ (၂၃) ရက် မှ ဇွန် လ (၂၄) ရက် နေ့ အ ထိ ၊ ပိုး ကရင် နှစ် ခြင်း ကွန် ဖရင့်၊ မွန် နှစ် ခြင်း ခရစ် ယာန် အဖွဲ့ ချုပ်၊ မြန် မာ နိုင် ငံ နှစ် ခြင်း ခရစ် ယာန် အ သင်း တော် များ အဖွဲ့ ချုပ် ၊ အ ရှို နှစ် ခြင်း ခရစ် ယာန် အ ဖွဲ့ ချုပ်၊ ယု ဒ သန် အသင်း တော် နှင့် ဧ မာ နွေ လ  နှစ် ခြင်း အ သင်းတော် တို့ အ တွက် ၊ ပိုး ကရင် နှစ် ခြင်း ကွန် ဖ ရင့် ၊ အလုံ မြို့ နယ်၊ ရန် ကုန် တွင် ကျင်းပ ပြု လုပ် ခဲ့ ပါ သည်။ အ ဆို ပါ သင် တန်း သို့ မြန် မာ နိုင် ငံ နှစ် ခြင်း ခရစ် ယာန် အသင်း ချုပ် ၊ ဧ ၀ံ ဂေ လိ နှင့် သာ သနာ ပြု ရေးဌာ န မှ လက် ထောက် တာ ၀န် ခံ ဆရာ စော ၀င်း ဖေ ဇင် နှင့် ရွှေပြည် မြန် မာ စီ မံ ကိန်း ဦး စီး မှူး ဆရာ စော ဒယ် နီ ရယ် တို့ မှ သ ခင် ခရစ် တော် ၏ သာ သ နာ ပြု နည်း ဗျူ ဟာ၊ ၀ိညာဉ် ရေး ရာ ဆိုင် ပြိုင် တိုက် လှန် ခြင်း၊ တပည့် တော် စစ် ပြု ခြင်း သင် ခန်း စာ များ နှင့် ရွှေ ပြည် မြန် မာ စီမံ ကိန်း များ အား သင် ကြား ပေး ခြင်း ၊ တင် ပြ ခြင်း များ ပြု လုပ် ပေး ခဲ့ပါ သည်။ ယင်း သင် တန်း သို့ ပိုး ကရင် နှစ် ခြင်း ကွန် ဖရင့်၊ မွန် နှစ် ခြင်း ခရစ် ယာန် အဖွဲ့ ချုပ်၊ အ ရှို နှစ် ခြင်း ခရစ် ယာန် အ ဖွဲ့ ချုပ်၊ ယု ဒ သန် အသင်း တော် တို့ မှ ဧ ၀ံ ဂေ လိ ဆရာ ဆရာမ များနှင့် နယ် အဖွဲ့ ဧ/သ တာ ၀န် ခံ များ ၊ စုစု ပေါင်း (၅၇) ဦး တက် ရောက် ခဲ့ ကြ ပါ သည်။
GMBM Training ; Pow, MBCU, Asho, Mon, Judson, Immanuel in June 2016 @ Pwo BC.