● ၂၀၁၉- ခုနှစ်၊ ဆရာကြီး ယုဒသန် နှင့် ပါရမီ ဖြည့်ဖက် များအား ဂုဏ်ပြု သီချင်း ဆိုပြိုင်ပွဲ (ရန်ကုန်)...

မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ် ယာန် အသင်း ချုပ်၊ ၂၀၁၉- ခုနှစ်၊ ဆရာကြီး ယုဒသန် နှင့် ပါရမီဖြည့် ဖက်များ အား ဂုဏ်ပြု သီချင်းဆို ပြိုင်ပွဲကို ၂၀၁၉- ခုနှစ်၊ ဇူလိုင်လ (၂၀)ရက် စနေနေ့၊ နံနက် (၁၀း၀၀) နာရီ တွင် နှစ်ခြင်း အသင်း ချုပ်၊ အောက်မေ့ ဘွယ် ခန်းမ၌ စည်ကား သိုက်မြိုက် စွာ ကျင်းပ ပြုလုပ် ခဲ့ပါသည်။ အဆိုပါ ပြိုင်ပွဲသို့ ရန်ကုန် အခြေစိုက် အသင်း တော် စုစုပေါင်း (၂၂)သင်း ပါဝင် ယှဉ်ပြိုင် ခဲ့ကြ ပါသည်။ ပြိုင်ပွဲ တွင် ဒိုင်သူ ကြီးများ အဖြစ်၊ သီဆိုမှုပိုင်း ဆိုင်ရာ အတွက် စောခူဆဲ၊ ချစ်စမ်းမောင်၊ ဆရာစံပီး၊ ဆရာမ ဖဲပုလဲ၊ ဆရာမ ရုသ်ခင် အောင်၊ ရေဗက္ကာဝင်း တို့မှ လည်းကောင်း၊ သရုပ်ဖေါ် တင်ဆက်မှု ပိုင်း အတွက် Rev. Dr. စောအယ်သော၊ Rev. မန်းပါမာစတန်၊ အပန်လေး၊ Hackett တို့မှ ပါဝင်ဆက် ကပ်ခဲ့ ကြပါသည်။


ပြိုင်ပွဲတွင်ပထမ ဆုကို ဘရေတန် ပိုးကရင် နှစ်ခြင်း အသင်း တော်မှ လည်းကောင်း၊ ဒုတိယ ဆုကို လိုင်နှစ်ခြင်း အသင်းတော် မှလည်း ကောင်း၊ တတိယ ဆုကို အလုံ စမ်းချောင်း ကရင် နှစ်ခြင်း အသင်း တော်မှ လည်း ကောင်း ၊ နှစ်သိမ့် ဆုကို ရန်ကုန် ကရင် နှစ်ခြင်း အသင်း တော် (သူဌေး ကုန်း)၊ ခရစ်တော် ၏ အသင်း တော်နှင့် မြောက် ဥက္က လာပ ပိုးကရင် နှစ်ခြင်း အသင်း တော် တို့မှ လည်းကောင်း၊ အကောင်း ဆုံး သရုပ်ဖော် တင်ဆက် မှုကို အလုံ စမ်းချောင်း ကရင် နှစ်ခြင်း အသင်း တော်မှ လည်းကောင်း အသီးသီး ဆွတ်ခူး ရရှိ ခဲ့ကြ ပါသည်။


ပြိုင်ပွဲ ဝင်ကြ သော အသင်း တော်များ မှာ၊- (၁) ခရစ် တော်၏ အသင်း တော် (အလုံ)၊ (၂) ဦးရေခဲ ကရင် နှစ်ခြင်း အသင်းတော်၊ (၃) သုဝဏ္ဏ ရန်ကုန် သစ် နှစ်ခြင်း အသင်း တော်၊ (၄) မြန်မာ နိုင်ငံ ဓမ္မတက ္ကသိုလ် (MIT)၊ (၅) မြန်မာ နိုင်ငံ ခရစ်ယာန် ဓမ္မ တက္က သိုလ် (MICT)၊ (၆) ဘရေတန် ပိုးကရင် နှစ်ခြင်း အသင်း တော်၊ (၇) လှိုင်သာ ယာ မြန်မာ နှစ်ခြင်း အသင်း တော် ၊ (၈) ကနဲမီး ကရင် နှစ်ခြင်း အသင်း တော် ၊ (၉) ယုဒသန် အသင်း တော်၊ (၁၀) ရန်ကုန် ကချင် နှစ်ခြင်း အသင်း တော်၊ (၁၁) အလုံ စမ်းချောင်း ကရင် နှစ်ခြင်း အသင်း တော်၊ (၁၂) ရွာမ နှစ်ခြင်း အသင်း တော်၊ (၁၃) ရန်ကုန် မြို့မ ကရင် နှစ်ခြင်း အသင်း တော် (SSKBMS)၊ (၁၄) သမိုင်း ကရင် နှစ်ခြင်း အသင်း တော်၊ (၁၅) ရှင်မဿဲ နှစ်ခြင်း အသင်း တော်၊ (၁၆) ရန်ကုန် လားဟူ နှစ်ခြင်း အသင်း တော်၊ (၁၇) မြောက် ဥက္က လာပ နှစ်ခြင်း ခရစ်ယာန် အသင်း တော်၊ (၁၈) သူဌေး ကုန်း ကရင် နှစ်ခြင်း အသင်း တော်၊ (၁၉) ကြိုး တံတား ပိုးကရင် နှစ်ခြင်း အသင်း တော်၊ (၂၀) မြောက် ဥက္က လာပ ပိုးကရင် နှစ်ခြင်း အသင်း တော်၊ (၂၁) ချင်း နှစ်ခြင်း အသင်း တော်၊ (၂၂) လိုင် နှစ်ခြင်း အသင်း တော် တို့ဖြစ် ကြပါသည်။