နှစ်ခြင်းသာသနာနှစ်(၂၀၀)ကျေးဇူးတော်ချီးမွမ်းခြင်း

မြန်မာနိုင်ငံသို ဘုရားသခင်၏ကယ်တင်ခြင်းသတင်းကောင်းသည် ဆရာကြီးယုဒဿန်အားဖြင့်၊၁၈၁၃ခုနှစ်
တွင် ဆရာကြီးယုဒဿန်အားဖြင့် ရောက်ရှိလာခဲ့ပါသည်။ ဆရာကြီးသည် မြန်မာပြည်၌ အမျိုးမျိုးသောဒုက္ခ
များကိုခံယူရင်း (၆)နှစ်အကြာတွင် အဦးသီးသောအသီဖြစ်သော ဦးနောကိုဘုရားသခင်ထံပို့ဆောင်ပေးခဲ့ပါ

သည်။

ဘုရားသခင်၏ဧ၀ံဂေလိသတင်းကောင်းပြန့်ပွှားရေးအတွက်၊ ကိုယ်ကျိုးစွန့်အနစ်နာခံခြင်း၊ထောင်ထဲ၌ အကျဉ်းချခံရခြင်း၊ နယ်မြေသစ်တွင်ရှိသော ဆိုးဝါးသည့်ရာသီဥတုကြောင့် သားသမီးရတနာများအား
ဆုံးရှုံးခဲ့ရခြင်း။

နောက်ဆုံးကုန်ကုန်ပြောရလျှင် ဝေဒနာကိုပြင်းစွာခံရင်း မိမိတိုင်းပြည်သို့ဆေးကုသရန်အသွား၊သဘောင်္ပေါ်
၌ပင် ဘုန်းတော်ဝင်စားပြီး ပင်လယ်ထဲတွင်ပင်သင်္ဂြိုလ်ခံရခြင်း စသည့်ဒုက္ခဝေဒနာများစွာကိုခံစားရင်းမြန်မာ
ပြည်သို့သတင်းကောင်းဖြန့်ဝေခဲ့ခြင်းကြောင့်ယခုအခါမြန်မာပြည်တွင်နှစ်ခြင်းအသင်းတော်(၅၀၀၀)ကျော်ခန့် ရှိလာပြီးဖြစ်ပါသည်။

ဤသို့ဆက်ကပ်အစေခံခဲ့သောဆရာကြီးမြန်မာပြည်သို့ဧ၀ံဂေလိမျိုးစေ့ကျဲခဲ့သောနှစ်သည်ယခုနှစ်ဆိုလျှင်
နှစ်(၂၀၀)တင်းတင်းပြည်ပြီဖြစ်၍ ဆရာကြီး၏ကျေးဇူးများကိုအောက်မေ့သတိရလျှက် သာသနာ့လုပ်ငန်းများ အားဖြင့်ကျေးဇူးတော်ချီးမွမ်းခြင်းအစီအစဉ်ကို၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ(၅၈)ရက်အထိကျေးဇူးတော်ချီးမွမ်း
ခြင်းဓမ္မသဘင်ကိုဆေင်ရွက်ရခြင်းးဖြစ်ပါသည်။ထို့ကြောင့်ကြွရောက်ကြရပါရန် လေးစားစွာဖြင့်ဖိတ်ခေါ်အပ်
သည်။

၅-၈/၁၂/၂၀၁၃နှစ်ခြင်းသာသနာနှစ်(၂၀၀)ကျေးဇူးတော်ချီးမွမ်းခြင်း
`