ရွှေပြည်မြန်မာ တွန်းအားပေး သင်တန်း (ရွှေလီရှမ်းနှစ်ခြင်းခရစ်ယာန်သာသနာအဖွဲ့ချုပ်)

တွန်းအားပေးသင်တန်းအပြီးအမှတ်တရဓါတ်ပုံ(၂၀၁၉၊ နိုဝင်ဘာ-၁၄)

မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်၊ ဧဝံဂေလိနှင့် သာသနာပြုရေး ဌာန၊ ရွှေပြည်မြန်မာ နှစ်ခြင်း သာသနာ၊ ဒုတိယ ဆယ်စုနှစ် တီးတိန်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် အတွက် တွန်းအားပေး သင်တန်းကို ရှမ်းနှစ်ခြင်း အသင်းတော်၊ နောင်စမ့်ကုန်း၊ နမ့်ခမ်းမြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင် ဘာလ (၁၃-၁၄) ရက်များ တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသူ သင်တန်းသား စုစုပေါင်း (၃၅)ဦး တက်ရောက် ခဲ့ကြပြီး၊ သင်ခန်း နှစ်ခြင်းအသင်းတော်များ ရင်ဆိုနေရသော လွဲမှားသည့် မိစ္ဆာအယူ ဝါဒများ ခေါင်းစဉ်ဖြင့်ဆရာ လွှမ်းမိုးထက်အောင်မှ၎င်း၊ သခင်ခရစ်တော်၏ တပည့်တော်များ ပြုစု ပျိုးထောင် ပေးသော အသင်းတော် ခေါင်းစဉ်ဖြင့် ဆရာစောဒယ်နီရယ်မှ၎င်း အသီးသီး ဝေမျှခဲ့ကြ ပါသည်။