● ယုဒသန်နေ့ အထူး အစီအစဉ် သွားရောက် ညှိနှိုင်းရေး ကော်မတီ စည်းဝေး...

မြန် မာ နိုင် ငံ နှစ် ခြင်း ခရစ် ယာန် အ သင်း ချုပ် ၏ ၂၀၁၆- ခု နှစ် ၊ ဇူ လိုင် လ (၁၀) ရက် နေ့ တွင် ကျ ရောက် မည့် ၊ (၂၀၃) နှစ် မြောက် ၊ ယု ဒ ဿန် နေ့ မ တိုင် မီ တစ် ရက် တွင် ၊ နယ် မြို့ များ တွင် ပြု လုပ် မည့် ယု ဒ ဿန် နေ့ အ ထူး အ စီ အ စဉ် အ တွက် “သွား ရောက် ညှိ နှိုင်း ရေး ကော် မ တီ အ စည်း အ ဝေး ကို ၂၀၁၆ ခု နှစ် ၊ ဇန် န ၀ါ ရီ လ (၂၉) ရက် ၊ မွန်း လွဲ (၁း ၀၀) နာ ရီ တွင် ၊ နှစ် ခြင်း အ သင်း ချုပ် ၏ တွဲ ဖက် အ ထွေ ထွေ အ တွင်း ရေး မှူး ရုံး ခန်း တွင် ကျင်း ပ ပြု လုပ် ခဲ့ ပါ သည်။ အ ဆို ပါ အ စည်း အ ဝေး တွင် Rev. Dr စော မာ ဂေ ကြီး မှ သ ဘာ ပ တိ အ ဖြစ် ဆောင် ရွက် ပြီး ၊ အ စည်း အ  ဝေး သို့ Rev. Dr. ဆ မို ဇော် ၀င်း၊ Rev. ဦး တင် မောင် ရွှေ ၊ ဆ ရာ စော ၀င်း ဖေ ဇင် နှင် ဆ ရာ ဦး သန်း ထိုက် ဟန် တို့ တက် ရောက် ခဲ့ ကြ ပါ သည်။ ယင်း စည်း ဝေး တွင် ၂၀၁၆ ခု နှစ် အ တွက် ၊ နယ် မြို့ (၁၅) မြို့ တွင်၊ ယု ဒ ဿန် နေ့ အ ထူး အ စီ များ ကို ပြု လုပ် သွား ရန် ဆုံး ဖြတ် ပြီး၊ ယင်း မြို့ များ ရှိ အ သင်း တော် များ ၏ ခေါင်း ဆောင် များ ထံ သွား ရောက် ပြီး ညှိ နှိုင်း မည့် ပုဂ္ဂိုလ်  များ အား လည်း ရွေး ချယ် ခဲ့ ကြ ပါ သည်။ ထို့ အ ပြင် ၂၀၁၆ ခု နှစ် ၊ ဇူ လိုင် လ (၉) ရက် နေ့ (စ နေ နေ့) တစ် ရက် တာ ပြု လုပ် မည့် အ စီ အ စဉ် များ ကို လည်း တိုင် ပင် ဆွေး နွေး ခဲ့ ကြ ပါ သည်။ အ စည်း အ ဝေး ကို မွန်း လွဲ (၃း ၀၀) နာ ရီ တွင် Rev. Dr. ဆ မို ဇော် ၀င်း ဆု တောင်း ခြင်း ဖြင့် ရုပ် သိမ်း ခဲ့ ပါ သည်။
Co-ordination Committee Meeting for Judson Day special program on 29th, January 2016 @ MBC AGS office.