ရှမ်း/တောင်အဖွဲ့ချုပ်ရက်(၄၀) ဧ၀ံဂေလိသင်တန်းသတင်း

ရှမ်းပြည်နယ်တောင်ပိုင်းတိုင်းရင်းသားနှစ်ခြင်း ခရစ်ယာန်အနီးသာသနာအဖွဲ့ချုပ်၊ဧ၀ံလိနှင့်
သာသနာပြုရေးဌာနသည်သာသနာလုပ်ငန်း များအား(၃)နှစ်စီမံကိန်းရေးဆွဲအကောင်အ
ထည်ဖေါ်ဆောင်ရွက်လျှက်ရှိရာဧ၀ံဂေလိနှင့် သာသနာပြုရေးအခြေခံသင်တန်း(ရက်ပေါင်း
၄၀)အား၂၀၁၄ခုနှစ်၊ဇွန်လ(၂)ရက်နေ့မှစတင် ဖွင့်လှစ်ပြီး၂၀၁၄ ခုနှစ်၊ဇူလိုင်လ(၁၃)ရက်နေ့

 ဆရာကြီးယုဒသန်နေ့ထိဖွင့်လှစ်နိုင်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့သင်တန်းသူ/သားစုစု
ပေါင်း(၁၇)ဦးနှင့် လေ့လာသူ(၂)ဦးတို့တက် ရောက်ခဲ့ပါသည်။သင်တန်းပို့ချခဲ့သည့်ဆရာ
မများမှာစုစုပေါင်း(၂၁)ဦးရှိပါသည်။သင်တန်း တွင်ဘာသာရပ်စုစုပေါင်း(၂၂)ခုဖြင့်သင်ကြား
ပို့ချပေးနိုင်ခဲ့ပါသည်။စာတန်းတင်ပြခြင်းနှင့်ရွှေ ပြည်မြန်မာနှစ်ခြင်းသာသနာ၊ဒုတိယဆယ်

စုနှစ်အမြင်ဖွင့်သင်တန်းကိုလည်းအဆိုပါသင် တန်းနှင့်တွဲလျှက်ဆောင်ရွက်နိုင်ခဲ့ပါသည်။
ယင်းအမြင်ဖွင့်သင်တန်းသို့ မြန်မာနိုင်ငံနှစ် ခြင်းခရစ်ယာန်အသင်းချုပ်၊ဧ၀ံဂေလိနှင့်သာ
သနာပြုရေးဌာနမှသဘာပတိဖြစ်သောသိက္ခာ တော်ရဆရာစောဒိုးဒိုဝါးနှင့်ဌာနတာဝန်ခံ

သိက္ခာတော်ရဆရာထောင်းခန့်စိန်တို့လာ ရောက်သင်ကြားခြင်း၊အမြင်ဖွင့်ခြင်းများကို
ဆောင်ရွက်ပေးခဲ့ပါသည်။အဖွဲ့ချုပ်၏ပထမ အကြိမ်ရက်ပေါင်း(၄၀)ဧ၀ံဂေလိသင်တန်း
ဆင်းပွဲသို့သိက္ခာတော်ရဆရာစောဒိုးဒိုဝါးမှ ဦးဆောင်ကာသင်တန်းဆင်းပွဲကိုအောင်မြင်
စွာပြုလုပ်နိုင်ခဲ့ပါသည်။
ရှမ်း/တောင်အဖွဲ့ချုပ်ဧ၀ံဂေလိရက်(၄၀)သင်တန်းအမှတ်တရ