ယုဒသန်နေ့အစီအစဉ်မြှင့်တင်ရေး ဆိုင်ရာဆွေးနွေးပွဲ

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်ယုဒ သန်တနင်္ဂနွေနေ့အစီအစဉ်မြှင့်တင်ရေး ဆိုင်ရာ
ဆွေးနွေးပွဲကို၂၀၁၄ခုနှစ်သြဂုတ်လ(၈)ရက်နေ့ နံနက်(၉း၃၀)နာရီတွင်၊မြန်မာနိုင်ငံနှစ်ခြင်းခရစ်
ယာန်အသင်းချုပ်အထူးစည်းဝေးခန်းတွင်ကျင်းပ ပြု လုပ်ခဲ့ပါသည်။အဆိုပါအစည်းအဝေးသို့Rev.
Dr.စောမာဂေးကြီး၊ Rev.Dr.အေကိုလေးRev. Dr.ဇော်ဝင်း(ဥက္ကဌ)၊တွဲဖက်အထွေထွေအတွင်း

ရေးမှူးသိက္ခာတော်ရဆရာစောစမ်စန်နှင့်အတူ ဌာနဆိုင်ရာတာဝန်ခံများ၊အထူးဖိတ်ကြားထား
သူများတက်ရောက်ခဲ့ကြပါသည်။အစည်းဝေး အားRev.Dr.အေကိုလေးဆုတောင်းခြင်းဖြင့်အစ
ပြုခဲ့ပါသည်။အစည်းအဝေး၏သဘာပတိအဖြစ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူးစောစမ်စန်က
ဆောင်ရွက်ပြီး၊ယခုနှစ်တွင်ပြုလုပ်ခဲ့ပြီးသောယုဒ သန်နေ့အစီအစဉ်နှင့်သက်ဆိုင်သောအားနည်း

ချက်၊အားသာချက်များကိုဆွေးနွေးခဲ့ကြပါ သည်။အထူးသဖြင့်ယုဒသန်နေ့သည်ပြည်ထောင်
စုမြန်မာနိုင်ငံအတွင်းရှိ၊နှစ်ခြင်းအသင်းသူ/သား အားလုံးအတွက်အရေးကြီးသောနေ့(သို့)ရက်
သတ္တပတ်ဖြစ်သည့်အားလျှော်စွာ၊အသင်းသူအ သင်းသားတို့၏ပါဝင်မှု၊စိတ်ဝင်စားမှုအလွန်အား
နည်းနေသေးကြောင်း၊ထို့ကြောင့်ယင်းအစီအစဉ် ကိုNational Movementအသွင်အဖြစ်ဆောင်
 
ရွက်နိုင်ရန်အတွက်၊ယုဒသန်နေ့အစီအစဉ်များကို အဖွဲ့ချုပ်အဆင့်၊နယ်အဆင့်၊အသင်းတော်အဆင့်
အထိစိမ့်ဝင်ပျံ့ နှံ့နိုင်လိုကြောင်း၊ယင်းသို့စိမ့်ဝင် ရန်အတွက်ခရစ်ယာန်မိတ်သဟာရအဖွဲ့များရှိ
သောမြို့များ၊အဖွဲ့ချုပ်၊နယ်နှင့်အခြေခံအသင်း တော်များထိတိုင်သွားရောက်အမြင်ဖွင့်ရန်၊ဆွေး
နွေးပွဲများပြုလုပ်ပေးရန်လိုကြောင်း၊ဌာနအသီး သီးရှိဌာနများတို့မှပူးပေါင်းပါဝင်ပြီး၊အသက်အ

ရွယ်မရွေးပါဝင်နိုင်သည့်အစီအစဉ်များ၊လက် ကမ်းစာစောင်များသမ္မာကျမ်းစာလေ့လာသည့်
အစီအစဉ်အမျိုးမျိုးနှင့်တင်ဆင်မှုအစီအစဉ်များ ပြုလုပ်ရန်လိုကြောင်း၊ထိုသို့ဆောင်ရွက်နိုင်ရန်
အတွက်လုပ်ငန်းကော်မတီများဖွဲ့စည်းပြီး၊အ ဆင့်ဆင်တာဝန်ယူဆောင်ရွက်သွားရမည်ဖြစ်
ကြောင်းအသေးစိတ်တိုင်ပင်ဆွေးနွေးခဲ့ကြပါ သည်။ယုဒသန်အစီအစဉ်အားဖြင့်နှစ်ခြင်းအ

သင်းတော်အသီးသီးရှိအသင်းသူ/သားတိုင်း၊ ဆရာကြီးယုဒသန်ကဲ့သို့သာသာသနာပြုစိတ်
ဓါတ်မြင့်မားလာစေရန်၊နှစ်ခြင်းအသင်းချုပ်သို့ ပါဝင်ပေးလှူမည့်အလှူ ငွေတိုးတက်လာပြီးသာ
နာ့လုပ်ငန်းများကိုပို၍ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အားလုံးသဘောတူဆုံးဖြတ်
ကာ၊အောက်ပါအတိုင်းကော်မတီများအားဖွဲ့ စည်းခဲ့ကြပါသည်။ယင်းကော်မတီများမှာ-

(၁)အစီအစဉ်ရေးဆွဲရေးကော်မတီ (၂)တရားပလ္လင်ရေးဆွဲရေးကော်မတီ
(၃)ဒေသသို့ညှိနှိုင်းရေးကော်မတီတို့ဖြစ်ကြပါ သည်။ဆွေးနွေးပွဲအား၊နေ့လည်(၁၂း၀၀)နာရီ
တွင်ရုပ်သိမ်းခဲ့ကြပါသည်။
ယုဒသန်နေ့အစီအစဉ်မြှင့်တင်ရေးဆိုင်ရာဆွေးနွေးပွဲ(MBC-VIP Room)