● MCMTC သင်တန်းသား သင်တန်းသူ စိစစ်ရွေး ချယ်ခြင်း...

မြန် မာ နိုင် ငံ နှစ် ခြင်း ခ ရစ် ယာန် အ သင်း ချုပ် ၊ ဧ ၀ံ ဂေ လိ နှင့် သာ သ နာ ပြု ဌာ န မှ ဖွင့် လှစ် မည့် ပ ထ မ အ ကြိမ် “ မြ န် မာ နိုင် ငံ ယဉ် ကျေး မှု ခြား သာ သ နာ ပြု သင် တန်း ကျောင်း ” သို့ တက် ရောက် ရန် လျှောက် ထား သော သူ များ အား စိ စစ် ရွေး ချယ် ရန် အ တွက် မြန် မာ နိုင် ငံ ယဉ် ကျေး မှု ခြား သာ သ နာ ပြု သင် တန်း ကျောင်း ဗ ဟို ကော် မ တီ အ စည်း အ ဝေး ကို ယ နေ့ ၊ ၂၀၁၆ ခု နှစ် ၊ ဧ ပြီ လ (၂၅) ရက် နံ နက် (၁၁း ၀၀ ) နာ ရီ တွင် ၊ နှစ် ခြင်း အ သင်း ချုပ် ၊ တွဲ ဖက် အ ထွေ ထွေ အ တွင်း ရေး မှူး ရုံး ခန်း ၌ ကျင်း ပ ပြု လုပ် ခဲ့ ပါ သည်။ အ ဆို ပါ စည်း ဝေး သို့ ကော် မ တီ ၀င် များ တက် ရောက် ကြ ပြီး၊ ၂၀၁၆ ခု နှစ် ၊ သင် တန်း တက် ရောက် ရန် သင် တန်း သား၊ သင် တန်း သူ စု စု ပေါင်း (၁၄) ဦး အား တက် ရောက် နိုင် ရန် စိ စစ် ရွေး ချယ် ခဲ့ ကြ ပါ သည်။ ရွေး ချယ် ခံ ရ သော သင် တန်း သူ ၊ သင် တန်း သား များ အား ဖုန်း ဖြင့် ဆက် သွယ် အ ကြောင်း ကြား သွား မည် ဖြစ် ပါ သည်။ ယင်း သင် တန်း ဖွင့် ပွဲ အ စီ အ စဉ် ကို ၂၀၁၆ ခု နှစ်၊ မေ လ (၂) ရက် နေ့ နံ နက် (၈း ၀၀) နာ ရီ တွင် ကျင်း ပ ပြု လုပ် သွား မည် ဖြစ် ပါ သည်။
MCMTC ဗဟိုကော်မတီစည်းဝေး (၂၅-၄-၂၀၁၆။-MBC)

● ၂၀၁၆ ခု နှစ် ယု ဒ သန် နေ့ အထူး အစီ အ စဉ် ....

မြန် မာ နိုင် ငံ ရှိ နှစ် ခြင်း ခ ရစ် ယာန် ယုံ ကြည် သူ များ အ တွက် နေ့ ထူး နေ့ မြတ် ဖြစ် သော ယု ဒ သန် နေ့ သည် ၊ ၂၀၁၆ ခု နှစ်၊ ဇူ လိုင် လ (၁၀) ရက် နေ့ တွင် ကျ ရောက် မည် ဖြစ် ပါ သည်။ ထို သို့ မြန် မာ ပြည် သို့ ကိုယ် ကျိုး စွန့် လျှက် ၊ သာ သ နာ ပြု ခဲ့ သော ဆ ရာ ကြီး ယု ဒ သန် ၏ သာ သ နာ ပြု စိတ် ဓါတ် ကဲ့ သို့  မြန် မာ ပြည် ရှိ နှစ် ခြင်း ယုံ ကြည် သူ တိုင်း ၏ စိတ် နှ လုံး သား ထဲ တွင် သာ သ နာ ပြု စိတ် ဓါတ် များ မြင့် မား လာ စေ ရန် ရည် ရွယ် လျှက် ယု ဒ သန် နေ့ အ ကြို ၊ ၂၀၁၆ ခု နှစ်၊ ဇူ လိုင် လ (၉) ရက် နေ့ တွင်  နယ် မြို့ (၂၂) မြို့တွင်အ ထူး အစီ အ စဉ် များ ပြု လုပ် ရန် ရှိ ပါ သည်။ ထို အစီ အစဉ် များ အတွက် သွား ရောက် ညှိ နှိုင်း ခြင်း များ ကို မြန် မာ နိုင် ငံ နှစ် ခြင်း ခရစ် ယာန် အ သင်း ချုပ် မှ ကိုယ် စား လှယ် များ သွား ရောက် လျှက် ရှိ ပါ သည်။ အ ဆို ပါ နေ့ တွင် အ သင်း တော် များ မိတ် သ ဟာ ရ ဖွဲ့ ပြီး သ မ္မာ ကျမ်း စာ ခံ ယူ ခြင်း၊ သာ သ နာ့ လုပ် ငန်း များ တင် ပြ ခြင်းနှင့် တုန့် ပြန် ဆွေး နွေး ခြင်း၊ အဖွဲ့ ချုပ်၊ နယ် အ ဖွဲ့ များ နှင့် အ သင်း တော် များ ၏ အ ခြေ အ နေ များ ကြား နာ ခြင်း၊ ည ပိုင်း တွင် ယု ဒ သန် ဂုဏ် ပြု တေး သီ ချင်း ပြိုင် ပွဲ များ ကျင်း ပ ခြင်း များ ပြု လုပ် သွား မည် ဖြစ် ပါ သည်။