● ၂၀၁၆ ခု နှစ် ယု ဒ သန် နေ့ အ ကြို ၀တ် ပြု ခြင်း (ပ ဉ္စ မ နေ့) ...

၂၀၁၆ ခုနှစ် ယု ဒ သန် နေ့ အ ကြို ကိုး ကွယ် ၀တ် ပြု ခြင်း ၊ နောက် ဆုံး နေ့ (ပဉ္စမ နေ့) ရက် ကို ယ နေ့ ဇူ လိုင် လ (၈) ရက် နေ့ ၊ နံ နက် (၉း ၀၀) နာ ရီ ၊ မြန် မာ နိုင် ငံ နှစ် ခြင်း အ သင်း ချုပ်၊ (၅) လွှာ တွင် ပြု လုပ် ရာ မြန်မာ နိုင်ငံ နှစ် ခြင်း ခရစ် ယာန် အ သင်း တော် များ အ ဖွဲ့ ချုပ် မှ သ ဘာ ပ တိ အ ဖြစ် ဆရာ ဦး ဥာဏ် ဝေ ထွန်း (တွဲ ဖက် အထွေ ထွေ အ တွင်း ရေးမှူး- MBCU) မှ လည်း ကောင်း၊ အထူး ဆု တောင်း ခြင်း ကို  ဆရာဦး ဇာ နည် အောင် (တွဲ ဖက် အ ထွေ ထွေ အ တွင်း ရေး မှူးMBCU) မှ လည်း ကောင်း ၊ ဒေ သ နာ တော် ကို (၂ ကော ၉း ၁၁) ကျမ်း စာ အား ဖြင့် သိက္ခာ တော် ရ ဆ ရာ စော ထူး အယ် (အ ထွေ ထွေ အ တွင်း ရေး မှူး - MBCU) မှ လည်း ကောင်း၊ ကောင်း ချီး ပေး ခြင်း ကို သိ က္ခာ တော် ရ ဆရာ ဦး တင် မောင် ရွှေ (ဥက္ကဌ - MBCU) မှ လည်း ကောင်း အသီး သီး ပါ ၀င် ဆက် ကပ် ခဲ့ ကြ ပါ သည်။ ထို့ အပြင် MBCU အ ဖွဲ့ ချုပ် မှ ဆ ရာ ကြီး ယု ဒ သန် ဂုဏ် ပြု သီ ချင်း အား ဖြင့် သီ ဆို ခဲ့ ကြ ပါ သည်။ ၂၀၁၆ ခု နှစ်၊ ယု ဒ သန် နေ့ အကြို တစ် ပတ် တာ ၀တ် ပြု ခြင်း သို့ အင် တိုက် အား တိုက် ပါ ၀င် ခဲ့ ကြ သော အဖွဲ့ ချုပ် များ အား မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ် ယာန် အ သင်း ချုပ် မှ မှတ် တမ်း တင် ဂုဏ် ပြု ပါ သည်။
၂၀၁၆ခုနှစ်၊ယုဒသန်နေ့အကြိုဝတ်ပြုခြင်း၊(ဒေသနာ-Rev.စောထူးအယ်၊MBCU)

၂၀၁၆ခုနှစ်၊ယုဒသန်နေ့အကြိုဝတ်ပြုခြင်း(MBCU)၊၈-၇-၂၀၁၆။

၂၀၁၆ခုနှစ်၊ယုဒသန်နေ့အကြိုဝတ်ပြုခြင်း(MBCU)၊၈-၇-၂၀၁၆။

၂၀၁၆ခုနှစ်၊ယုဒသန်နေ့အကြိုဝတ်ပြုခြင်း(MBCU)၊၈-၇-၂၀၁၆။

၂၀၁၆ခုနှစ်၊ယုဒသန်နေ့အကြိုဝတ်ပြုခြင်း(MBCU)၊၈-၇-၂၀၁၆။