● ၂၀၁၆ ခုနှစ်၊ ယု ဒ သန် နေ့ အ ထူး အစီ အစဉ် များ အား ပြန် လည် သုံး သပ် ခြင်း ...

မြန် မာ နိုင် ငံ နှစ် ခြင်း ခရစ် ယာန် အ သင်း ချုပ် မှ ဆ ရာ ကြီး ယု ဒ သန် ၏ သာ သ နာ ပြု စိတ် ဓတ် ကို နှစ် ခြင်း ယုံ ကြည် သူ များ အ ကြား စိမ့် ၀င် ပြန့် နှံ့  စေ ရန် ရည် ရွယ် ချက် ဖြင့် ပြု လုပ် ခဲ့ သော ၂၀၁၆ ခု နှစ် ယု ဒ သန် နေ့ အ ထူး အစီ အစဉ် နှင့် ဆရာ ကြီး ယု ဒ သန် နှင့် ပါ ရ မီ ဖြည့် ဖြက် များ အား ဂုဏ် ပြု သီ ချင်း ဆို ပြိုင် ပွဲ များ အား ပြန် လည် သုံး သပ် ခြင်း ကို ယ နေ့ မွန်း လွဲ (၁း၀၀) နာရီ တွင် နှစ် ခြင်း အ သင်း ချုပ် ၊ နှစ် ခြင်း သာ သ နာ နှစ် (၂၀၀) အောက် မေ့ ဘွယ် အဆောက် အဦ ၏ (၅) လွှာ တွင် ပြု လုပ် ခဲ့ ပါ သည်။ အ ဆို ပါ အစည်း အဝေး ကို သ ဘာ ပ တိ အဖြစ် သိက္ခာ တော် ရ ဆရာ မန်း စံ သိန်း ထွန်း (ဘဏ္ဍာ ထိန်း) မှသ ဘာ ပ တိ အ ဖြစ်  ပြု လုပ် ပြီး ၊ ၂၀၁၆ ခု နှစ် ယု ဒ သန် နေ့ အ ထူး အ စီ အစဉ် သို့ သွား ရောက် ခဲ့ ကြ သော အသင်း ချုပ် ကိုယ် စား လှယ် များ နှင့် ဂုဏ် ပြု သီ ချင်း ဆို ပြိုင် ပွဲ များ တွင် ဒိုင် များ အ ဖြစ် သွား ရောက် ဆက် ကပ် ခဲ့ ကြ သော ခ ရစ် ယာန် တေး ဂီ တ ပညာ ရှင် များ မိတ် သ ဟာ ယ (CMF) မှ ဂီ တ ပညာ ရှင် များ၊ စု စု ပေါင်း (၂၃) ဦး တက် ရောက် ခဲ့ ကြ ပါ သည်။ ယင်း အစီ အစဉ် တွင် ၂၀၁၆ ခုနှစ် ၊ ပြု လုပ် ခဲ့ သော အစီ အစဉ် များနှင့် ပြိုင် ပွဲ များ အ ကြောင်း စု စည်း တင် ပြ ခြင်း ကို နှစ် ခြင်း အ သင်း ချုပ် ၊ ဧ ၀ံ ဂေ လိ နှင့် သာသ နာ ပြု ရေး ဌာ န မှ Power Point ဖြင့် တင် ပြ ပြီး၊ ကိုယ် စား လှယ် များ နှင့် ဒိုင် များ မှ လည်း မိ မိ တို့ သွား ရောက် ခဲ့ သော မြို့ များ ရှိ အစီ အစဉ် များ ၏ အား သာ ချက် ၊ အား နဲ ချက် ၊ အခက် အခဲ များ ကို တင် ပြ ခဲ့ ကြ ပါ သည်။ ယင်း နောက် တင် ပြ မှု များ အပေါ် တုန့် ပြန် ဆွေး နွေး ကြ ပြီး ၊ ၂၀၁၇ ခုနှစ်၊ ယု ဒ သန် နေ့ အ ထူး အစီ အစဉ် (အ ကြမ်း) ကို ဆွေး နွေး ခဲ့ ကြ ပါ သည်။ ၂၀၁၇ ခုနှစ်၊ ယု ဒ သန်နေ့ အ ထူး အစီ အစဉ် ကို ပြု လုပ် ကျင်း ပ ပြီး သော မြို့ များ အပြင် ၊ ပြည် မြို့ တွင် လည်း တိုး ချဲ့ ပြု လုပ် ရန် နှင့် အ စီ အစဉ် အသေး စိတ် ကို ယု ဒ သန် နေ့ အစီ အစဉ် ကော်မ တီ မှ ဆက် လက် ရေး ဆွဲ ပြီး အကောင် အ ထည် ဖေါ် ရန် အား လုံး သ ဘော တူ ဆုံး ဖြတ် ကာ ၊ အ အစည်း အဝေ အား ည နေ (၄း၀၀) နာ ရီ တွင် ရုပ် သိမ်း ခဲ့ ကြ ပါ သည်။

 
၂၀၁၆ခုနှစ်၊ယုဒသန်နေ့အထူးအစီအစဉ်များအားပြန်လည်သုံးသပ်ခြင်း (၂၇-၂-၂၀၁၇)၊(၅)လွှာ၊နှစ်ခြင်းခရစ်ယာန်အသင်းချုပ်။


၂၀၁၆ခုနှစ်၊ယုဒသန်နေ့အထူးအစီအစဉ်များအားပြန်လည်သုံးသပ်ခြင်း (၂၇-၂-၂၀၁၇)၊(၅)လွှာ၊နှစ်ခြင်းခရစ်ယာန်အသင်းချုပ်။