မြန် မာ နိုင် ငံ နှစ် ခြင်း ခရစ် ယာန် အသင်း ချုပ်၊ ဧဝံဂေ လိနှင့် သာသနာ ပြု အမှုတော် ဆောင် များ ပထမ အ ကြိမ် ညီလာခံ ကြီး အား အဖ ဘုရား သခင်၏ ကျေးဇူးတော် အားဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁၁-၁၄)ရက် နေ့များတွင် Franc Auditorium ၊ မစ်ရှင်ဝင်း၊ အလုံမြို့နယ် တွင် အောင်မြင်စွာ ကျင်းပ ပြုလုပ် နိုင်ခဲ့ပါသည်။ အဆိုပါ ညီလာခံကြီးသည် မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်၊ သာသနာ သမိုင်းတွင် (၂၀၅) အတွင်း ပထမ ဦးဆုံးအကြိမ် ကျင်းပပြုလုပ်သော ညီလာခံ ကြီးလည်း ဖြစ်ပါသည်။ ယင်းညီလာခံသို့လူမျိုးစုနှင့် ဒေသန္တရ အဖွဲ့ချုပ် (၁၈)ဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်သော အသင်းတော် (၂)ပါးမှ ဧဝံဂေလိ နှင့် သာသနာပြု အမှုတော် ဆောင်နှင့် အထူးဖိတ် ကိုယ်စားလှယ် စုစုပေါင်း (၁၅၈၁)ဦး တက်ရောက် ပါဝင်ခဲ့ကြပြီး ၊ နှုတ်ကပတ် တော် ခံယူ တည်ဆောက်ခြင်း ၊ တွန်းအား ပေးသင်ခန်း စာပို့ချခြင်း၊ တုံ့ပြန်ဆွေးနွေးခြင်း၊ အဖွဲ့ချုပ်အလိုက် သာသနာပြု လုပ်ငန်းများ တင်ပြခြင်း၊ ဓမ္မသံစုံ လေ့ကျင့်သီဆိုခြင်း၊ ချီးမွမ်းခြင်း၊ အထူး ဆုတောင်းခြင်း အစီအစဉ်များ ပြုလုပ်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက် ညနေ(၆း၀၀)နာရီ တွင် သိက္ခာတော်ရ ဆရာ စောရွှေလင်း (မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီ၊ MC)၊ ဦးမောင်မောင်စိုး (ရန်ကုန် မြို့တော်ဝန်)၊ သိက္ခာတော်ရ ဆရာ ဒေါက်တာ ထန်ကျင့်လျန်း (အထွေထွေ အတွင်း ရေးမှူး၊ မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်) နှင့် သိက္ခာတော်ရ ဒေါက်တာ စောသိန်းရွှေ (သဘာပတိ၊ ဧဝံဂေလိနှင့် သာသနာပြုရေးဌာန၊ မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်) တို့မှ ဖဲကြိုးဖြတ်ပြီး၊ ဒေါက်တာ အူဗျစ်ဂျာဘူ (ဒုဥက္ကဌ၊ မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်) မှ ဆက်ကပ် ဆုတောင်း ခြင်းဖြင့် ညီလာခံ ကြီးအား ဖွင့်လှစ် ခဲ့ပါသည်။ ဒီဇင်ဘာလ (၁၄)ရက် ည(၆း၀၀)နာရီတွင် သိက္ခာတော်ရ ဒေါက်တာ မောင်မောင်ရင် (ဥက္ကဌ၊ မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်) မှ အထူးဆက်ကပ် ဆုတောင်းပြီး၊ ဆက်ကပ်ဓမ္မဒေ သနာအား သိက္ခာတော်ရ ဒေါက်တာ ဒဲန်းနစ်ငွန်ထောင်းမန် (ဒု-ဥက္ကဌ၊ မြန်မာ နိုင်ငံနှစ်ခြင်း ခရစ်ယာန် အသင်းချုပ်) မှ ဝေငှ တိုက်တွန်းပြီး၊ သာသနာ့အလံ လွှင်တင်ခြင်းနှင့်အတူ မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းချုပ်၊ ဓမ္မအမှုတော်ဆောင်များ ဌာနမှ ဦးဆောင်လျှက် အတူတကွ ပွဲတော်မင်္ဂလာ ခံယူခြင်းဖြင့် ညီလာခံကြီးအား အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့ပါသည်။
● ဧဝံဂေလိနှင့် သာသနာပြု အမှုတော် ဆောင်များ ပထမအကြိမ် ညီလာခံ..

● ၂၀၁၈ ခုနှစ်၊ ယုဒသန် နေ့အတကွ် နှိုးဆော်ခြင်း.....
● ၂၀၁၈ ခုနှစ်၊ ယုဒသန် နေ့အတကွ် နှိုးဆော်ခြင်း.....
ယု ဒ သန် တ န င်္ဂ နွေ နေ့ သည် မြန် မာ နိုင် ငံ နှစ် ခြင်း ခရစ် ယာန် အ သင်း ချုပ် နှင့် အ တူ လူ မျိုး စု နှင့် ဒေ သန္တ ရ အ ဖွဲ့ချုပ် (၁၈) ဖွဲ့ နှင့် တိုက် ရိုက် ဆက် သွယ် သော အ သင်း တော် (၂) ပါး တို့ ၏ သာ သ နာ ပြု ခြင်း ဆိုင် ရာ အ မှတ် တံ ဆိပ် နေ့ တစ် နေ့ ပင် ဖြစ် ရာ၊ အ ဆို ပါ နေ့ တွင် မြန် မာ နိုင် ငံ ရှိ နှစ် ခြင်း ခရစ် ယာန် အ သင်း တော် များ ၊ နှစ် ခြင်း ကျမ်း စာ ကျောင်း များ သာ မ က ၊ ပြည် ပ ရှိ မြန် မာ တိုင်း ရင်း သား အ သင်း တော် များ ၌ ပင် လျှင် ၊ ဆ ရာ ကြီး ယု ဒ သန် ၏ သာ သ နာ ပြု ခြင်း စိတ် ဓါတ် များ နှစ် ခြင်း ယုံ ကြည် သူ များ အ တွင်း နှ လုံး သား ၀ယ်စိတ် ၀င် ပြန့် နှံ့ စေ သည့် အ ထူး ၀တ် ပြု ကိုး ကွယ် ခြင်း အ စီ အ စဉ် များ၊ ပြိုင် ပွဲ များ အ စ ရှိ သ ဖြင့် ကျင်း ပ ပြု လုပ် ကြ ပါ သည်။ ယင်း သို့ အ နှစ် သာ ရ ရှိ စွာ နှစ် စဉ် ကျင်း ပ ပြု လုပ် ကြ သော ၊ လူ မျိုး စု နှင့် ဒေ သ န္တ ရ အ ဖွဲ့ ချုပ် များ၊ သာ သ နာ နယ် အ ဖွဲ့ များ၊ နှစ် ခြင်း ခရစ် ယာန် အ သင်း တော် များ နှင့် နှစ် ခြင်း ကျမ်း စာ ကျောင်း များ အား လည်း အ ထူး ပင် ကျေး ဇူး တင် ရှိ ပါ သည်။ ယ ခု နှစ် (၂၀၁၈ - ခုနှစ်) အ တွက် ယု ဒ သန် နေ့ သည်၊ ၂၀၁၈ ခုနှစ် ၊ ဇူ လိုင် လ (၈) ရက် ၊ တ န င်္ဂ နွေ နေ့ တွင် ကျ ရောက် မည် ဖြစ် ပြီး၊ အ ဆို ပါ နေ့ တွင် ၊ ယ ခင် နှစ် များ ကဲ့ သို့ ဆ ရာ ကြီး ယု ဒ သန် ကဲ့ သို့ သာ သနာ ပြု စိတ် ဓါတ် များ စိမ့် ၀င် ပြန့် နှံ့ စေ မည့် အ စီ အ စဉ် များ အား ကြိုး စား လျှက် ပြု လုပ် ကြ မည့် ဟု လည်း မျှော် လင့် ပါ သည်။ မြန် မာ နိုင် ငံ နှစ် ခြင်း ခ ရစ် ယာန် အ သင်း ချုပ် အ နေ ဖြင့် လည်း၊ ယု ဒ သန် နေ့ အ ကြို တစ် ပတ် တာ ကိုး ကွယ် ၀တ် ပြု ခြင်း ကို ၊ ရန် ကုန် အ ခြေ စိုက် အ ဖွဲ့ ချုပ် များ နှင့် လည်း ကောင်း၊ ဆ ရာ ကြီး ယု ဒ သန် နှင့် ပါ ရ မီ ဖြည့် ဖက် များ အား ဂုဏ် ပြု သီ ချင်း ဆို ပြိုင် ပွဲ များ နှင့် အ ထူး အစီ အစဉ် များ အား ၊ နယ် မြို့ များနှင့် ညှိ နှိုင်း ၍ လည်း ကောင်း၊ ယု ဒ သန် ဂုဏ် ပြု စာ ပေ ရေး သား ပြိုင် ပွဲ များ အား လည်း ကောင်း ၊ ဆက် လက် ကျင်း ပ ပြု လုပ် သွား မည် ဖြစ် ပါ သည်။ ထို့ အ တူ သ မ္မာ ကျမ်း စာ လေ့ လာ ခြင်း၊ တ ပတ် တာ ဆင် ခြင် ရန် ကျမ်း ပိုဒ် များ၊ ယု ဒ သန် နေ့ အ ကြံ ပြု တ ရား ဟော ချက် ၊ ဆ ရာ ကြီး ယု ဒ သန် ၏ သိ မှတ် ဖွယ် ရာ စ ကား များ၊ ၂၀၁၇ ခုနှစ် ၊ ယု ဒ သန် နေ့ အ ထူး အလှူ တော် ငွေ ရ ရှိ စာ ရင်း များ ပါ ၀င် သည့် ၂၀၁၈ ခုနှစ် ဆိုင် ရာ ယု ဒ သန် နေ့ အ စီ အစဉ် စာ အုပ် နှင့် ယု ဒ သန် နေ့ အ ထူး အ လှူ တော် ငွေ စာ အိတ် များ ကို လည်း အ ချိန် မီ ပုံ နှိပ် ဖြန့် ဝေ သွား မည် ဖြစ် ပါ သည်။ သို့ ပါ သော ကြောင့် ၂၀၁၈ ခု နှစ်၊ ယု ဒ သန် နေ့ ၌ လူ မျိုး စု နှင့် ဒေ သ န္တ ရ အ ဖွဲ့ ချုပ် များ၊ တိုက် ရိုက် ဆက် သွယ် သော အ သင်း တော် (၂) ပါး၊ နယ် အ ဖွဲ့ များ၊ နှစ် ခြင်း ခရစ် ယာန် အ သင်း တော် များ၊ နှစ် ခြင်း ကျမ်း စာ ကျောင်း များ နှင့် နှစ် ခြင်း ယုံ ကြည် သူ ခ ရစ် ယာန် များ အား လုံး အင် တိုက် အား တိုက် ပါ ၀င် ဆက် ကပ် ကြ ပါ ရန် ခ ရစ် တော် ၏ နာ မ တော် မြတ် ၌ နှိုး ဆော် အပ် ပါ သည်။● ၂၀၁၈ ခုနှစ် ၊ယုဒသန် နေ့အစီ အစဉ် စာအုပ် အားဒေါင်း လုပ် ယူရန်...
● ၂၀၁၈ ခုနှစ် ၊ယုဒသန် နေ့အစီ အစဉ် စာအုပ် အားဒေါင်း လုပ် ယူရန်...
● (၁/၂၀၁၈) ဧ/သ ဌာ န လုပ် ငန်း စဉ် ညှိ နှိုင်း စည်း ဝေး နှင့် ညီ လာ ခံ ဗ ဟို ကော် မ တီ စည်း ဝေး ...
● (၁/၂၀၁၈) ဧ/သ ဌာ န လုပ် ငန်း စဉ် ညှိ နှိုင်း စည်း ဝေး နှင့် ညီ လာ ခံ ဗ ဟို ကော် မ တီ စည်း ဝေး ...
![]() |
Subscribe to:
Comments (Atom)
Popular Posts
-
တွန်းအားပေးသင်တန်းအပြီးအမှတ်တရဓါတ်ပုံ(၂၀၁၉၊ နိုဝင်ဘာ-၁၄) မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်၊ ဧဝံဂေလိနှင့် သာသနာပြုရေး ဌာန၊ ရ...
-
MBC Evangelism and Mission department is to start Myanmar Cross-Cultural Mission Training Center-MCMTC in 2015. It will be to equip the ch...
-
မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ် ယာန် အသင်း ချုပ်၊ ဧ၀ံ ဂေလိ နှင့် သာသ နာပြု ရေးဌာ ၏ကော် မတီ အစည်း အဝေး များအား ကော် မတီ ၀င်များ နှင့် လူ/ဒေ အဖွ...