ရွှေပြည်မြန်မာ တွန်းအားပေး သင်တန်း (တီးတိန် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်)

တွန်းအားပေးသင်တန်းအပြီးအမှတ်တရဓါတ်ပုံ(၂၀၁၉၊ နိုဝင်ဘာ-၂)
မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်၊ ဧဝံဂေလိနှင့် သာသနာ ပြုရေး ဌာန၊ ရွှေပြည်မြန်မာ နှစ်ခြင်း သာသနာ၊ ဒုတိယ ဆယ်စုနှစ် တီးတိန်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် အတွက် တွန်းအားပေး သင်တန်းကို ဇိုမီးနှစ်ခြင်း အသင်းတော်၊ မန္တလေးမြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင် ဘာလ (၁-၂) ရက်များ တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ အိမ်ရှင် သင်တန်းသူ သင်တန်းသား စုစုပေါင်း (၅၈)ဦး တက်ရောက် ခဲ့ကြပြီး၊ သင်ခန်း နှစ်ခြင်းအသင်း တော်များ ရင်ဆိုင် နေရသော လွဲမှားသည့် မိစ္ဆာအယူ ဝါဒများ ခေါင်းစဉ်ဖြင့် သိက္ခာတော်ရဆရာ စောဝင်းဖေ ဇင်မှ၎င်း၊ သခင်ခရစ်တော်၏ တပည့်တော်များ ပြုစုပျိုးထောင် ပေးသော အသင်းတော် ခေါင်းစဉ်ဖြင့် ဆရာ စောဒယ်နီ ရယ်မှ၎င်း အသီးသီး ဝေမျှခဲ့ကြ ပါသည်။