Showing posts with label တရားဟောချက်. Show all posts

၂၀၂ကြိမ်မြောက်၊ယုဒသန်နေ့၊တရားဟောချက်

“ခရစ်တော်အတွက်သစ္စာရှိသောတပည့်တော်စစ်”
အခြေပြုကျမ်းချက်၊-ရှင်မသဲ၁၆း၂၄၊၂၅း၂၁၊၁ရာ၁၂း၂၄၊ယောဟန်၎း၂၄။
ကိုးကားကျမ်းချက်များ၊-ဖိလိပ္ပိ၁း၁၉-၂၁။ 
●နိဒါန်း။
၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက် တနင်္ဂ နွေ နေ့သည်၊ (၂၀၂) ကြိမ် မြောက် ယုဒဿန် ဥပုသ် (Judson Sunday)နေ့ဖြစ် ပါသည်။ အဓိက ခွန်အား ယူရ မည့်အ ကြောင်း အရာမှာ “ခရစ် တော် အတွက် သစ္စာ
ရှိသော တပည့် တော် စစ်” (Faithful and True Discipleship for Christ) ဖြစ်ပါ သည်။ သခင် ယေရှု ခရစ် တော်နှင့် နောက် လိုက် တပည့် တော်စစ် တို့၏ ဆက်ဆံ မှုတွင် ထူးခြား သည့် သစ္စာရှိ ခြင်းသည် အဓိက အခန်း ကဏ္ဍမှ ပါဝင် နေပါ သည်။ သစ္စာ ရှိခြင်း ဟူသည် လောက ၌တန် ဘိုးထား အပ်သော မြင့်မြတ် သည့် လူသား တစ်ဦး၏ စိတ်ပိုင်း ဆိုင်ရာ ပြဌာန်း ချက် (သို့) မရွေ့၊ မလျှော့၊ မယိုင်း၊ မယိုင် မြဲမြံ တည် ကြည်သော ဆုံးဖြတ် ချက်နှင့် အညီ လက်တွေ့ တုံ့ပြန် အသက် ရှင်မှု ပင်ဖြစ် သည်။ လူသား တစ်ဦး အဖို့ သစ္စာ ရှိခြင်း သည် အသက် တာ ဘ၀ အတွက် တန်ဖိုး မဖြတ် နိုင်သော ကျင့်ဝတ် တစ်ခု ပင်ဖြစ် သည်။ ထို့အပြင် သစ္စာ ရှိခြင်း သည် ယခု ဘ၀ အတွက် ကျင့်ဝတ် တစ်ခု ဖြစ်ရုံ သာမက ထာဝရ ကာလ အတွက် ဆုလဒ် လည်းဖြစ် ကြောင်း ဗျာဒိတ် ၂း၁၀ တွင် “သေသည့် တိုင်အောင် သစ္စာ စောင့် လော့ သို့ဖြစ် လျှင် အသက် သရဖူ ကိုငါ ပေးမည် ဟု” ဘုရား သခင် ၏ဂတိ တော် ထားရှိ တော်မူ ခြင်းကို လည်း တွေ့မြင် ခံစားရ ပေသည်။ သို့ဖြစ် ရာခရစ် တော် အတွက် သစ္စာ ရှိသော တပည့် တော်စစ် ဖြစ်ခြင်း ကိုအောက် ပါအချက် များအား ဖြင့်ခွန် အားယူ ကြပါစို့။
●ခရစ် တော်၏ တပည့် တော်စစ် ဖြစ်ရန် လိုအပ် ပါသည်။
သစ္စာ တရား၊ သစ္စာ ရှိခြင်း နှင့်ပတ် သက်လာ လျှင် အခြေ ခံအကျ ဆုံးအ ရာသည် ခရစ်တော် ၏တပည့် တော်စစ် ဖြစ်ခြင် ပင်ဖြစ် ပါသည်။ သစ္စာ တရား နှင့်ပတ် သက် လာလျှင် မိမိ အားကိုး သော၊ ယုံကြည် သော၊ လေးစား သော၊ ပုဂ္ဂိုလ် ၏အ ကျိုးကို စောင့် ရှောက် ထိန်းသိမ်း ခြင်းဖြစ် ရာ၊မိမိ သစ္စာဖြင့် စောင့်ထိန်း ရမည့် ပုဂ္ဂိုလ် ကမိမိ ထက်ပင် အရေးပါ လျှက် အဓိက ကျပါသည်။ တနည်း အားဖြင့် ဆိုရ သော် သစ္စာရှိ ခြင်းသည် အမိန့်ကို နာခံခြင်း ဖြစ်သော ကြောင့် (သို့) ပေးထား သည့် ဂတိကို စောင့် ထိန်းရ ခြင်းဖြစ် သောကြောင့် အမိန့် (သို့) ဂတိသည် အသက် ထက်ပို ၍အရေး ကြီးကြောင်း နားလည် ရပါမည်။ သို့ဖြစ်ရာ လောက ၌လူဖြစ် စဉ်ဘ၀ တွင်၊မ မှန်ကန် သော၊ မတရား သော၊ အာဏာ ရှင်ဆန် သော၊ အစွန်း ရောက်လွန်း သော၊ အယူ ၀ါဒ၊ လမ်းစဉ်၊ အဖွဲ့ အစည်း၊ ခေါင်းဆောင် များ၏ နောက် လိုက် တပည့် အဖြစ် မခံပဲ ခရစ် တော် ၏နောက် လိုက် တပည့် တော်စစ် ဖြစ်မှ သာလျှင် ဘုရား သခင် ၏အလို တော် သည် ပြည့်စုံ လာမည် မည်ဖြစ် သည်။ ခရစ် တော် နောက် လိုက် သည့်တ ပည့်တော် အဖြစ် ခံယူရန် လိုအပ် ရသည့် အကြောင်း အရင်းမှာ၊- “ခရစ် တော် သည် သူတစ် ပါးကို စေစား ခြင်းငှာ မလာ၊ သူတစ် ပါးအစေ ခံခြင်း ဌါ၎င်း၊ မိမိ အသက် ကိုစွန့် ၍လူ များကို ရွေးခြင်း ငှာ၎င်း၊ ကြွလာ ခြင်းဖြစ် သည် (မာ ကု ၁၀း၄၅) ဟု အတိ အလင်း ဖေါ်ပြ သကဲ့သို့ သူ့နောက် လိုက် မည့် နောက်တော် လိုက်တ ပည့်တော် တို့အား ခေါ်ယူ ရွေးကောက် ရာ၌ လည်း ယေရှုက “ငါ၌ ဆည်းကပ် လို သောသူ ဖြစ်လျှင် ကိုယ်ကို ကိုယ်ငြင်း ပယ်ရ မည်၊ ကိုယ် လက်ဝါး ကဒ်တိုင် ကိုထမ်း ၍ငါ့ နောက် သို့လိုက် ရမည် (မဿဲ ၁၆း ၂၄) ဟု တပည့် တော်စစ် အရည် အချင်း ကန့်သတ် ချက်ကို အတိ အလင်း ဖေါ်ပြ ထားပါ သည်။ ခရစ် တော်၏ တပည့် တော်ယုံ ကြည်သူ အပေါင်းတို့ … လောက၌ အထူး သဖြင့် မြန်မာ နိုင်ငံ၌ အလို အပ်ဆုံး ခေါင်းဆောင် မှာ- သခင် ယေရှု ကဲ့သို့သော ခေါင်းဆောင် များနှင့် သခင် ယေရှု သတ်မှတ် ပြဌာန်း ချက်နှင့် ကိုက်ညီ သော တပည့် တော်စစ် များပင်ဖြစ် သည်ဟု ခံယူယုံ ကြည်ကြ ပါသည်။ ထို့အပြင် ခရစ် တော်၏ နောက် တော် လိုက်ဖြစ် ရခြင်း၏ နောက်ဆက် တွဲအကျိုး ဆက် ဂတိတော် မှာ- ကိုယ်တော် သည် မနေ့၊ ယနေ့၊ နောင်ကာ လမပြောင်း မလဲတည် ရှိနေခြင်း (ဟေဗြဲ ၁၃း၈) တပည့် တော်တို့ အား ဘယ်တော့ မှမစွန့် အလျင်း ပစ်၍ မထားခြင်း နှင့် လူသည် ငါ၌ ပြုနိုင် သမျှ ငါမ ကြောက်ရ (ဟေဗြဲ ၁၃း ၅-၆) ဟူသော ဘုရား သခင်၏ ကွယ်ကာ မှုနှင့် မိတ် သဟာ ရပြုခြင်း ကျေးဇူး တော်သည် အစဉ် သက်ရောက် လျှက်ခံစား နေရ ခြင်းကြောင့် ခရစ် တော်၏ တပည့် တော်စစ် ဖြစ်ရန် ဆက်ကပ် ကြဖို့ တိုက်တွန်း လိုပါ သည်။
●သစ္စာရှိ သောတ ပည့်တော် စစ်သည် ခရစ်တော် အတွက် ဘ၀ကို လုံးဝ ဆက်ကပ် ကပ်နှံ အသက် ရှင်သူ ဖြစ်သည်။
သစ္စာ ရှိခြင်း သည် ယုံကြည် မှုအပေါ် ၌အခြေ ခံသော တုံ့ပြန် မှုဖြစ် သည်။ ရှင်ပေါ လုက “ငါအ ဘယ်သူ ကိုယုံ သည်ကို ငါသိသည်” (၂တိ ၁း၁၂) ဟု တိတိ ကျကျ ၀န်ခံ ထားသည်။ ထိုကဲ့သို့ ခိုင်မြဲသော ယုံကြည်မှု အပေါ်၌ ပြေင်းလဲ ခြင်းမရှိ သော ဂတိတော် ကိုစောင့် ထိန်းခြင်း သည် ရှင်ပေါလု ၏သစ္စာ တရားပင် ဖြစ်သည်။ တနည်း ဆိုရသော် ယုံကြည် ခြင်းခိုင်မာ မှသာ သစ္စာမြဲ နိုင်မည် ဖြစ်သည်။ ရှင်ပေါ လုသည် ခိုင်မာသော ယုံကြည်ခြင်း ၏သက် သေကို ခံစား ရရှိသော အခါ (ဖိလိပ္ပိ ၁း၂၁) ၌ “ငါအသက် ရှင်သည့် အရာမှာ ခရစ် တော်ပင် ဖြစ်၏၊ သေလျှင် မူကား သာ၍ အကျိုး ရှိ၏” ဟု မိမိ အသက် တာ၏ ရှင်သန် ခြင်း၊ သေဆုံး ခြင်းသည် ခရစ်တော် အတွက် သာဖြစ် ကြောင်း ၀န်ခံထား သည်ကို တွေ့ရ ပါသည်။ ရှင်ပေါ လု၏ ခရစ်တော် အပေါ်၌ ထားရှိ သော သစ္စာရှိ ခြင်းသည် ဘ၀ အသက် တာတစ် ခုလုံးကို အပ်နှံခြင်း ဖြစ်သည်။ စဉ်းစား စရာအလွန် ကောင်း သည်မှာ ရှင်ပေါ လုက “ငါအသက် ရှင်ခြင်း အရာမှာ ခရစ်တော် ပင်ဖြစ်၏” ( For to me, Living means Living  for Christ ) သို့သော် ယနေ့ ကျွန်ုပ် တို့အများ စုအတွက် ဆောင်ပုဒ်မှာ “သခင် ခရစ်တော် အသက် ရှင်သည်မှာ ငါ့အတွက် ပင်ဖြစ်၏” ဟု ခံယူ ကြပါသည်။ ရှင်ပေါ လု၏ သစ္စာရှိ ခြင်းသည် ယုံကြည် ခြင်းအပေါ် ၌မူတည် ပါသည်။ ရှင်ပေါ လုသည် သခင် ယေရှု ခရစ်တော် အားဝေး ဝေးလံလံ လိုက်ရှာပြီး ယုံကြည် နေခြင်း မဟုတ်ပဲ မိမိ ဘ၀အသက် တာ၌ ပင်ခရစ် တော်ကို တွေ့ရှိ ပြီး ယုံကြည် လက်ခံခြင်း ဖြစ်ပါသည်။ ရှင်ပေါလု ခရစ်တော် အပေါ်၌ သစ္စာရှိ ရခြင်း အဓိက အချက်မှာ- အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် နှင့်သက် ဆိုင်နေ ပါသည်။
-ခရစ် တော်သည် အတိတ် ကပြုမိ ခဲ့သော အပြစ် အတွက် ခွင့်လွှတ် ခဲ့ပြီးဖြစ် ကြောင်း။
( He finds foregiveness for past Sin)
-လက်ရှိ ပစ္စုပ္ပန် အတွက် ခွန်အား ကိုပေး ကြောင်း။
( He finds strength for present)
-အနာဂတ် အတွက် မျှော်လင့် စရာ အာမ ခံချက် အပြည့် အ၀ရှိ ကြောင်း။
( He finds hope for the future )
သို့ဖြစ် ရာ ပေါလု သည် ခရစ် တော် ကိုရှာ သော အခါ၌ မိမိဘ၀ ၌ပင် တွေ့ရှိ လိုက် ရ၍ ရှင်ပေါ လုသည် မိမိ၏ ဘ၀ အသက် တာတစ်ခု လုံးကို ဆက်ကပ် အပ်နှံ လိုက်ခြင်း ပင်ဖြစ် သည်။
ခရစ်တော် ၏တပည့် တော်စစ် ယုံကြည် သူအ ပေါင်းတို့ …
ခရစ်တော် ကိုအဝေး ၌ရှာရန် မဟုတ်ပဲ ရှင်ပေါလု ကဲ့သို့ မိမိဘ၀ အသက် တာ၌ ရှာဖွေ ကြည့်ပါက တွေ့မြင်နိုင် ပါသည်။ သခင် ယေရှု ခရစ်တော် သည် မနေ့၊ ယနေ့၊ နောင်ကာ လရှိတော် မူသကဲ့သို့ ရှင်ပေါလု အတွက် တစ်မျိုး၊ ကျွန်ုပ်တို့ အတွက် တစ်ဖုံ အသွင် ပြောင်းကာ မျက်နှာ မလိုက် သောကြောင့် ဘုရား သခင်၏ ကောင်း မြတ်ခြင်း နှင့်ဂ ရုဏာ တော် အတွက် သစ္စာရှိ သော တပည့် တော်စစ် များအဖြစ် ဆက်ကပ် အပ်နှံ ကြရန် တိုက် တွန်းလို ပါသည်။
●သစ္စာရှိ သောတ ပည့်တော် စစ်သည် ခရစ်တော် ၏အလို ကိုပြီးပြည့် စုံစေသည်။
သခင် ယေရှု ခရစ် တော်၏ အလို တော်မှာ သူပြု ခဲ့သော အမှုတော် မြတ်တည် တံ့ခိုင်မြဲ ရန်နှင့် ဆက်လက် ပျံ့ပွား ရန်သာ ဖြစ်ပါ သည်။ ထိုအမှု တော်မြတ် အတွက် ရွေးကောက် လျှက် ခေါ်ယူ ခြင်းခံရ သူတို့မှာ- တပည့် တော်များ ပင်ဖြစ်သည်။ ထိုတပည့် တော်များ အဖို့ အထူး အလေး အနက် ထားရမည့် အရာမှာ- ခရစ်တော် သည် တတ်မက် စရာ၊ အခွင့် အရေး နှင့်တန် ခိုးအာ ဏာ၊ ပြစ် သွေးဆောင် ခြင်းမ ဟုတ်ပဲ၊ တိကျ သောတာ ၀န်နှင့် ၀တ္တရား ကိုအပ် နှင်းလျှက် အစေခံ ဆောင်ရွက် စေခြင်း ပင်ဖြစ်သည်။ တစ်ပြိုင် တည်းမှာ ပင် ခွန်အား၊ သတ္တိနှင့် တန်ခိုးကို လည်းပေး ပါသည်။ ရှင်မဿဲ ၂၅း ၁၄-၃၀ တွင် သခင်သည် …
-တိကျ သော အလုပ် တာဝန် ကိုအပ် နှင်းခြင်း (အခွက် ၁၀၊ ၂၀၊ ၅၀)
-ပြီးမြောက် မှုကို ပြန်လည် စစ်ဆေး ခြင်း
-တိုးပွား မှုကို လိုလားခြင်း
စသော ခရစ်တော် ၏ဥပမာ တော်သည် သစ္စာရှိသော တပည့် တော်စစ် တစ်ဦး၏ ပြုမူ ဆောင်ရွက် တုံ့ပြန် မှုများ ပင်ဖြစ် သည်။
●နိဂုံး။
သခင် ယေရှု ခရစ် တော်သည် ယနေ့ တိုင်သာ မက ထာဝရ ကာလ အသက် ရှင်တော် မူသော ထာဝရ ဘုရား သခင် ဖြစ်တော် မူသော ကြောင့် သူ၏ အမှု တော်မြတ် အတွက် ကာလ အစဉ် ရွေးကောက် ခေါ်ယူ နေမည် သာဖြစ်သည်။ အရေး ကြီးသည် မှာ တပည့် တော်စစ် မှန်ဖို့ သစ္စာ ရှိနေရန် သာဖြစ်သည်။ ရှင်ပေါ လုသည် ခရစ် တော် အတွက် စစ်မှန် သောတ ပည့်တော် စစ်၊ တမန် တော်စစ် ဖြစ်သ ကဲ့သို့ ဆရာကြီး ယုဒသန် သည် လည်း ခရစ်တော် အတွက် တပည့် တော်စစ်၊ တမန် တော်စစ် တစ်ဦး ဖြစ်ခဲ့ ပါသည်။ ရှင်ပေါ လုက ငါအသက် ရှင်သည့် အရာမှာ ခရစ်တော် ပင်ဖြစ် သည်ဟု ဆိုကဲ့သလို ဆရာကြီး ယုဒသန် ကလည်း ခရစ်တော် အတွက် သာမဟုတ် ခဲ့ယင်ဟု အံကြိတ်ကာ သူနှင့် သူ့မိသား စုတစ်ခု လုံးပေး ဆပ်အပ် နှံခဲ့ ပေသည်။ လက်ရှိ အချိန် တွင် အသက် ရှင်လျှက် ရှိသော ကျွန်ုပ် တို့ အလှည့် ရောက် နေခြင်း ဖြစ်သော ကြောင့် ခရစ် တော်အတွက် သစ္စာရှိ သောတ ပည့်တော် စစ်များ ဖြစ်ကြ ပါစို့။
ဆရာကြီး ဒေါက်တာ စောလှိုင် ဘွား၏ အောက် ပါစာတမ်းဖြင့် နိဂုံးချုပ် အပ်ပါသည်။
“ယေရုရှလင် မြို့သည် ဖာရိရှဲ၊ ကျမ်းတတ် ပုဂ္ဂိုလ် တို့၏ အခိုင် အမာ အဆောက် အအုံ၊ လောကီ အာဏာ စက်၏ အလယ် ဗဟို၊ တရား စီရင် မည့်သူ များစောင့် ဆိုင်းရာ နေရာ၊ အငြိုးကြီး လှသော အမှန် တရား၏ ဌာနချုပ် ပင်ဖြစ်သည်။ သို့ဖြစ် သည့်တိုင် ထိုလမ်း ပေါ်၌ အကယ် စင်စစ် ရှိနေ သူသည် ကြောက်ရွံ့ တုန်လှုပ် မည်မ ဟုတ်ပါ။ အကြောင်း မူကား ထိုတပည့် တော်စစ် ၏ဆက် ကပ်မှုသည် သဘော တရား တစ်ခု၊ အတွေး အခေါ် တစ်ရပ် ပေါ်၌ မတည်။ စနစ် တစ်ခု (သို့) အဖွဲ့ အစည်း တစ်ရပ် အတွက် ဆက်ကပ် နေခြင်း မဟုတ်။ ခရစ် တော်တည်း ဟူသော သခင် တစ်ပါး ၏အပေါ် ၌သာ လုံးဝ တည်နေ သောကြောင့် ပင်ဖြစ်သည်။
သိက္ခာတော်ရဆရာမန်းစံသိန်းထွန်း(ဘဏ္ဍာထိန်း)
မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်။


နှစ်ခြင်းသာသနာနှစ်(၂၀၀)လွန် သာသနာအတွက်

နှစ်ခြင်းသာသနာနှစ်(၂၀၀)လွန်စိမ်ခေါ်ချက်တစ်ရပ်အဖြစ်ဒုတိယဆယ်စုနှစ်ရွှေပြည်မြန်မာနှစ်ခြင်းသာသနာလုပ်ငန်း၏ဓမ္မအမြင်အခြေ ခံသဘောတရားများအရ...ဒုတိယဆယ်စုနှစ်..ရွှေပြည်မြန်မာနှစ်ခြင်းသာသနာလုပ်ငန်း၏.....ဓမ္မအမြင်အခြေခံသဘောတရားများအရ
(တမန်တော်၊၁း၁၈)သခင်ခရစ်တော်၏မဟာစေစားချက်ကို..မပြီးပြတ်သေးသောအမှုတော်လုပ်ငန်းအဖြစ်ဖြတ်သန်းခဲ့သောနှစ်ကာလ
ကြာညောင်းမှုနှင့်ရင့်ကျက်မှုတွင်ပိုမိုဝိညာဉ်သဘောကြွယ်ဝမှုတို့ဖြင့်ပေါင်းစည်း၍နှစ်ခြင်းယုံကြည်သူတိုင်းသည်သက်သေခံကောင်းများ
ဖြစ်စေလျှက်ထိုယုံကြည်သူများနှင့်သက်ဝင်နေသောနှစ်ခြင်းအသင်းတော်များ၏ရှင်သန်မှုသည်သာသနာပြုလုပ်ငန်းများတို့နှင့်လှုပ်ရှား
လုပ်ဆောင်ကြီးပွားတိုးတက်နေဖို့ရန်သာဖြစ်ပါသည်။
(Missionary Church and Witnessing Members)
အခြေပြုကျမ်းချက်များ။ 
တမန်၊၁း၈။ ၁ပေ၊၂း၉။ ယော၊၁၇း၃။ ၁တိ၊၂း၎။ မာကု၊၁၆း၁၅။ ယော၊၁၀း၁၀။မသဲ၊၂၈း၂၉။


၁။ကျေးဇူးတော်ချီးမွမ်းလျှက်၊ဆုတောင်းသောအသင်းတော်(Praising and Praying Church)။

ဤဆောင်ပုဒ်သည်(ဆာလံ၊၅၀း၂၃။ဟေဗြဲ၊၁၃း၁၅။၁သက်၊၅း၁၆။ဆာလံ၊၁၀၀း၁)နှစ်ခြင်းသာသနာနှစ်(၂၀၀)လွန်ကာလ၏ပထမခြေ
လှမ်းအတွက်ဆောင်ပုဒ်တစ်ရပ်လည်းဖြစ်သကဲ့သို့ ရွှေပြည်မြန်မာနှစ်ခြင်းသာသနာ၏ခြေလှမ်းအတွက်အင်အားလည်းဖြစ်ပါသည်။

(ထွက်၊၁၄း၈)အရဣသရေလလူမျိုးများကျွန်ခံရာအဲဂုတ္တုပြည်မှ ကျော်ဖြတ်လွတ်မြောက်လာခဲ့ရာ ကျေးဇူးတော်ချီးမွမ်းရမည့်အစား
ဝါကြွားခြင်း၊အချင်းအရာများ နှင့်အစပြုခြေလှမ်းများပြုခဲ့သဖြင့်အန္တရယ်၊ ပြသနာပင်လယ်ပြင်နှင့်ထိပ်တိုက်တွေ့ဆုံခဲ့ရသည့်သင်ခန်းစာ
ရှိပါသည်။ 

မိမိတို့လုပ်ဆောင်ခဲ့မှုများအားဝါကြွားနေရန်မဟုတ်ပါ။ဘုရားလုပ်ပေးခဲ့သမျှအား ကျေးဇူးတော်ချီးမွမ်းဖို့ဖြစ်ပါသည်။ချီးမွမ်းခြင်း၏နောက်
ကွယ်တွင်သစ်လွင်လန်းဆန်းတက်ကြွမှုတို့ဖြင့်တာဝန်သစ်တစ်ရပ်အားထမ်းဆောင်ရန်အသင့်ဖြစ်နေသောအနေအထားတစ်ရပ်ပင်ဖြစ်
ပါသည်။ 

ဣသရေလလူမျိုးများပင်လယ်ပြင်ကိုဖြတ်ကျော်ပြီးချီးမွမ်းခြင်းအကြောင်းအရာများတွင်ထာဝရဘုရားသည်ငါ့အစွမ်းသတ္တိ၊သီချင်းဆိုရာ၊
ကယ်တင်သောအရှင်၊စစ်သူရဲဟု ဖေါ်ကျူးထားခြင်းကို(ထွက်၊၁၅)တွင် တွေ့မြင်ရပါသည်။အတိတ်ကဘုရားနှင့်သွားလာလုပ်ဆောင်ခဲ့
ရသောအတွေ့အကြုံများအရယခုပစ္စုပ္ပန်နှင့်အနာဂတ်အတွက်ဘုရားမပါပဲသွားလာလုပ်ဆောင်ရန်မည်သို့မျှမဖြစ်နိုင်မှန်းသိခြင်း၏တစ်

ခုတည်းသောလက္ခဏာမှာဆုတောင်းခြင်းအသက်တာပင်ဖြစ်ပါသည်(၁သက်၊၅း၆)။သက်သေခံသောယုံကြည်သူများနှင့်သာသနာပြု
သောအသင်းတော်အဖြစ်ရှင်သန်နိုင်ဖို့ရန်အလို့ငှာ နှစ်ခြင်းသာသနာနှစ်(၂၀၀)လွန်တွင်အသင်းတော်များသည် ကျေးဇူးတော်ချီးမွမ်း
သောယုံကြည်သူများနှင့်ဆုတောင်းသောယုံကြည်သူများဖြင့်ဖွဲ့စည်းထားသောအသင်းတော်အဖြစ်ရပ်တည်ကြရပါမည်။တနည်း

အားဖြင့်တင်စားဖေါ်ပြရမည်ဆိုလျှင် ကျေးဇူးတော်ချီးမွမ်းလျှက်၊ဆုတောင်းသောအသင်းတော်သည်“နှစ်ခြင်းသာသနာနှစ်(၂၀၀)လွန်
အတွက်သာသနာယဇ်(သို့)ယဇ်ပလ္လင်တစ်ရပ်လည်းဖြစ်ပါသည်(ယဇ်ပူဇော်ခြင်း=အသက်ပေးပူဇော်ခြင်း)။အဘယ့်ကြောင့်ဆိုသော် ညီမျှခြင်းအရ(Praising+Praying=Sacrifical..Offering)ယဇ်ပူဇော်ခြင်း(သို့)ယဇ်ကောင်ဆိုသည်မှာ- ဖြောင့်မတ်ခြင်းကိုပြန်လည်ရယူ
ခြင်း (Retaking to righteous position = Sacrifi cal Offering) upright position ကိုရရှိခြင်းဖြစ်ပါသည်။ 

အသင်းတော်တစ်ခုတွင်လူပုဂ္ဂိုလ်များ(Persons)၊လုပ်ငန်းတာဝန်များ(Positions)၊လုပ်ဆောင်မှုစွမ်းအားများ(Power)၊စီမံကိန်းများ
(Plans)၊အကောင်အထည်ဖေါ်ရန်အစီအစဉ်များ(Programs)၊အထူးစီမံချက်များ(Projects)၊သက်ဝင်လှုပ်ရှာနေသောပုံရိပ်(အသွင်
သဏ္ဍန်)များ(Performances)ရှိနေရပါမည်။ယင်းတို့သည်အသင်းတော်၏ကျန်းမာသန်စွမ်းနေကြောင်းကိုပြသောသက်သေများပင်
ဖြစ်သည်။ 

ကျန်းမာသန်စွမ်းသောအသင်းတော်သည်ကျန်းမာသန်စွမ်းသောခေါင်းဆောင်များ၊ကျန်းမာသန်စွမ်းသောအသင်းသူ/သားများ၊ကျန်း
မာသန်စွမ်းသောအမှုတော် ဆောင်ခြင်း/သာသနာပြုခြင်းဖြစ်ရပါမည်(HealthyChurch=HealthyLeaders+HealthyMembers+
Healthy..Ministry(or)Mission)”။လူမှုဝန်းကျင်အသိုင်းအ၀ိုင်းထဲတွင်လည်းကျန်းမာသောသူများသာလျှင်ထိုအသိုင်းအ၀ိုင်းအတွက်
အင်အားရပ်ဖြစ်ကြပါသည်။

မကျန်းမာသောသူများသည်ယင်းလူမှုဝန်းကျင်အသိုင်းအ၀ိုင်းအတွက်လူပိုများဖြစ်သကဲ့သို့ကျန်းမာသောအသင်းတော်များသာလျှင်
ဘုရားသခင်၏နိုင်ငံတော်အတွက်အင်အားစုဖြစ်သည်။တနည်းဆိုသော်မကျန်းမာသောအသင်းတော်ခေါင်းဆောင်များ၊မကျန်းမာ
သောအသင်းသား/သူများနှင့်မကျန်းမာသောသာသနာ့လုပ်ငန်းများသည်ဘုရားသခင်၏နိုင်ငံတော်တည်ထောင်ခြင်းတွင်အပိုအဆာ
များသာဖြစ်ကြပါလိမ့်မည်။

ထို့ကြောင့်နှစ်ခြင်းသာသနာနှစ်(၂၀၀)လွန်တွင်အသင်းတော်တိုင်းသည် ကျေးဇူးတော်ချီးမွမ်းလျှက်ဆု တောင်းသောအသင်းတော်
များအဖြစ်လည်းကောင်း၊သက်ဝင်ရှင်သန်သောသက်သေခံယုံကြည်သူများနှင့်သာသနာပြုသောအသင်းတော်များအဖြစ်လည်း
ကောင်းတည်ဆောက်လျှက်ရပ်တည်ကြရမည်။ 

၂။လောကီခရီးတာအား၊၀ိညာဉ်ခရီးတစ်ရပ်အဖြစ်ခံယူတည်ဆောက်ကာခရီးပြုနေသောဝိညာဉ်ခရီးသည်(Spiritual JourneyandSpiritualTraveller(ဧဖက်၊၁း၃)။

နှစ်ခြင်းသာသနာနှစ်(၂၀၀)သည်မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုကြားကာလဖြစ်သကဲ့သို့ခက်ခဲကြမ်းတမ်းမှုများစွာကိုရင်ဆိုင်ကြုံ
တွေ့၊ဖြတ်ကျော်ရမည့်ဝိညာဉ်ခရီး(SpiritualJourney)ပင်ဖြစ်သည်။သို့ဖြစ်သော်လည်းစိတ်ပျက်ညဉ်းငြူဖို့ရန်မဟုတ်ပါ။ရင်ဆိုင်၊ ဖြတ်
ကျော်၊ ပြင်ဆင်၊တည်ဆောက်သွားရန်သာပင်ဖြစ်ပါသည်။ဣသရေလလူမျိုးများချုပ်နှောင်မှုအမျိုးမျိုးရှိနေသောအီဂျစ်ပြည်မှထွက်ခွာ
လာခဲ့သည်ဟုဆို သော်လည်းလှိုင်းတံပိုး၊အန္တရယ်ကြီးမားသောပင်လယ်ကြီးကို ရင်ဆိုင်ခဲ့ကြရပါသည်။ 

ထို့အတူဖျက်ဆီးမှုများ၊ ယော်ဒန်မြစ်၏အားသန်သောရေစီးကြောင်းများကိုလည်း ဖြတ်ကျော်ခဲ့ကြရပါသည်။သို့ပြီးမှသာဂတိတော်နှင့်
ဆိုင်သောခါနန်ပြည်ကိုဝင်ခဲ့ကြရပါသည်။ကျွန်ုပ်တို့လည်းအလားတူခရီးမျိုးဖြတ်ကြော်ကြရမည်ဖြစ်သောကြောင့်ဝိညာဉ်ခရီးသည်နှင့်
ဝိညာဉ်ခရီးလမ်းဟုသိမြင်၊နားလည်၊သည်းခံလုပ်ဆောင်သွားကြရပါမည်။ 

(၁)အာရုံခံစားလျှက်၊စင်ကြယ်ခြင်းရှိရမည်(Purification of the Sense)
(၂)စိတ်ဝိညာဉ်စင်ကြယ်ခြင်းရှိရမည်(Purification of the Soul)
(၃)၀ိညာဉ်စင်ကြယ်ခြင်းရှိရမည်(Purification of the Spirite
(၄)၀ိညာဉ်ရေးရာသဘောထား၊ထပ်တူတပ်မျှတူညီမှုရှိရမည်(Spiritual Betrothal
(၅)ခရစ်တော်၌တစ်လုံးတစ်ဝတည်းရှိရမည်(Union with Christ
(၆)သန့်ရှင်းသောဝိညာဉ်တော်၊သိုမှီးမှုရှိရမည်(Acquisition of the Holy Spirite
(၇)နက်ရှိုင်းသောပေးကမ်းစွန့်ကျဲမှုများသို့ရှေ့ရှုရမည်(Heading toward the depth the Charity
(၈)ခရစ်တော်၏အလိုတော်အားကြီးမှု၌ပါဝင်အသက်ရှင်ရမည်(Participation in Christ’s passion
(၉)ညီအစ်ကိုများအတွက်အသက်ပေးနိုင်ရမည်(Giving one’s life to his brothers) 

၃။ကျန်းမာကြံ့ခိုင်သောအသင်းတော်၏လက္ခဏာ(၉)ပါး(The nine marks of Healthy Church)။ 

(၁)ဟောပြောခြင်း(Preaching) 
သမ္မာတရားကိုသိသဖြင့်ထိုတရားသည်သင့်ကိုလွှတ်လိမ့်မည်(ယော၊၈း၁၂)အရတရားပလ္လင်သည်ခံစားချက်ဟစ်တိုင်မဟုတ်ပါ။
ဘုရားသခင်၏နှုတ်ကပတ်တော်စီးဆင်းရာစမ်းရေတွင်းဖြစ်ရမည်။လူမှုရှုဒေါင့်မျိုးစုံ၏အဖြေကိုနှုတ်ကပတ်တော်ဖြင့်ဟောပြောကာ
အဖြေပေးရမည်။ 
အခြေပြုကျမ်းချက်များ။ 
(ဒေသနာ၊၁း၁။ဆာလံ၊၄၀း၉။ ဟေရှာယ၊၆၁း၁။ နေဟမိ၊၆း၇။ ယောန၊၃း၂။၁တိ၊၂း၇။မသဲ၊၃း၁။ ရောမ၊၁၀း၁၄)။

(၂)ပြောင်းလဲခြင်း(Conversion) 
လူမည်သည်ကားခရစ်တော်၌ရှိလျှင်အသစ်ပြုပြင်သောသတ္တ၀ါဖြစ်ကာ ဟောင်းသောအရာများပြောင်းလဲပြီးခပ်သိမ်းတို့သည်
အသစ်ဖြစ်စေခြင်းပင်ဖြစ်သည်(၁ကော၊၅း၁၇)။အဟောင်းများဖြင့်အသက်ရှင်နေသ၍သက်သေခံသောယုံကြည်သူမဖြစ်လာနိုင်ချေ။ 
အခြေပြုကျမ်းချက်များ။
(တမန်၊၁၅း၃။ယာ၊၅း၁၉၂၀။ဆာလံ၊၅၁း၁၃။ ဟေရှာယ၊၁း၂၇။ ဟေရှာယ၊၆း၁၀။လု၊၂၂း၃၂။တမန်၊၃း၁၉။ ဟေရှာယ၊၆၀း၅။
မသဲ၊၁၃း၁၅။မသဲ၊၁၈း၃။မာကု၊၄း၁၂။ ယော၊၁၂း၄၀)။ 

(၃)စည်းကမ်းရှိခြင်း(Discipline) 
စည်းကမ်းနှင့်တန်းဖိုးသည်ညီမျှခြင်းအတူတူပင်ဖြစ်သည်။စည်းကမ်းရှိလျှင်တန်ဖိုးရှိမည်၊စည်းကမ်းနည်းလျှင်တန်ဖိုးနည်းမည်၊
စည်းကမ်းကောင်းလျှင်တန်ဖိုးကောင်းမည်။ လောကဓမ္မတာတရားထက် လောကုတ္တရာအကျိုးအလို့ငှာသိပ်သည်းကျစ်လစ်စွာ
အသက်ရှင်ခြင်းဖြစ်သည်။
အခြေပြုကျမ်းချက်များ။ 
(ယောဘ၊၃၆း၁၀။ ၂တိ၊၁း၇။ ၂တိ၊၃း၁၆။ ဟေဗြဲ၊၁၂း၅၊၇၊၈၊၁၁။) 

(၄)သမ္မာကျမ်းစာဓမ္မအခြေခံသဘောတရားများ(Biblical Theology)
အသိတရားကြွယ်ဝသောခောတ်ထဲတွင်လှေနံဒါးထစ်တစ်ယူသန်၊အယူစွဲအစွန်းရောက်များကြောင့်ပြသနာရှင်းနေရခြင်းဖြင့်
သာရှေ့ဆက်မတိုးနိုင်သောဖြစ်ရပ်နှင့်အခြေအနေများစွာရှိနေပါသည်။သမ္မာကျမ်းစာအခြေခံသောကျယ်ဝန်းနက်ရှိုင်းသည့်
ဓမ္မသဘောတရားများကိုလေ့လာ၊သိရှိ၊နားလည်ရန်လိုအပ်ပါသည်။
Biblical Theology as a Science;

(၅)ဧ၀ံဂေလိလုပ်ဆောင်ခြင်း(Evangelism)
လမ်းခရီး၊သမ္မာတရား၊အသက်ဖြစ်တော်မူသောသခင်ယေရှုကိုလူသားများတို့အားမိတ်ဆက်ပေးရမည်မှာခရစ်ယာန်များအတွက်
မဟာဘုရားပေးတာဝန်ပင်ဖြစ်သည်(ယော၊၁၄း၆။ ၁တိ၊၂း၎)။ 
အခြေပြုကျမ်းချက်များ။ 
(လုကာ၊၂၀း၁။ ဂလာတိ၊၃း၈။ ရောမ၊၁း၁၅။ တမန်၊၂၁း၈။ ၂တိ၊၄း၅။ တမန်၊၈း၎။ ဧဖက်၊၄း၁၁)။

(၆)တပည့်တော်စစ်ဖြစ်ခြင်း(Discipleship)
ယုံကြည်ပြီးပြောင်းလဲလာသောဘာသာဝင်လူသစ်တစ်ဦးအားခရစ်အသက်တာ၏တန်ဖိုးများဖြစ်သည့်တပည့်တော်စစ်ဖြစ်ခြင်း
အတွက်စနစ်တကျ၊ ပြုစုပျိုးထောင်၊တည်ဆောက်ပေးဖို့ရန်လိုအပ်ပါသည်။ယင်းကိုတပည့်တော်စစ်ဖြစ်ခြင်း(Discipleship)ဟုခေါ်
ပါသည်။
အခြေပြုကျမ်းချက်များ။ 
(မသဲ၊၁၀း၂၄။လုကာ၊၆း၄၀။မသဲ၊၉း၁၄။လုကာ၊၇း၁၈။ ယော၊၃း၂၅။မသဲ၊၂၂း၁၆။မာကု၊၂း၁၈။လုကာ၊၅း၃၃။ ယော၊၉း၂၈။တမန်၊
၆း၁၂၊၇။တမန်၊၁၄း၂၁။ မသဲ၊၁၃း၅၂။ ၅၇ာ၊၂၅း၈။ ၁ရာ၊၁၉း၂၀။ ၄ရာ၊၆း၅)။

(၇)သတင်းကောင်းဖြစ်ခြင်း(The Gospel)
အသစ်သောအသက်တာတွင်ပတ်ဝန်းကျင်အတွက်ထိမိ၍လဲစရာများမဖြစ်စေပဲတည်ဆောက်ဖွယ်ရာ ဖြစ်နေသဖြင့် မြင်မြင်သ
မျှ၊ကြားကြားသမျှသည်သတင်းကောင်းဖြစ်နေပါသည်။ ကောင်းသောပုံသက်သေ၊ ကောင်းသောသက်သေခံအဖြစ်ရပ်တည်နေ
ပါသည်။ပတ်ဝန်းကျင်က ငြင်းဆန်လှစ်လျှူရှု၍ပင် မရလောက် အောင် ထူးခြားသောပုံသက်သေရှိပါသည်။
အခြေပြုကျမ်းချက်များ။ 
(မာ၊၁း၁။တမန်၊၂၀း၂၄။ ရောမ၊၁း၁၆။ကမ္ဘာ၊၃း၁၅။၁သက်၊၂း၂၉။၁တိ၊၁း၁၁။ ရောမ၊၁၅း၁၉။၁ကော၊၉း၁၂၊၁၈။ဂလာတိ၊၁း၇)။

(၈)အသင်းသူ/သားဖြစ်ခြင်း(Membership)
အခြေခံအဆောက်အအုံသည်အခြေခံကြသောမိသားစုမှတဆင့်အမြင့်ဆုံးအဆောက်အအုံအထိရှင်သန်သက်ဝင်နေသူများသည်
လူသားများပင်ဖြစ်သည်။မည်သူတစ်ဦးတစ်ယောက်မျှဟင်းလင်းလေဟာပြင်တွင်တစ်ကိုယ်ရည်စွှမ်းအားဖြင့်အသက်ရှင်၍မရချေ။
အသင်းတော်သည် ဘုရားအဆောက်အအုံဖြစ်သည်။

ထိုအသင်းတော်တွင်အသင်းသူ/သားများအဖြစ်သဟဇာတကျစွာ၊ဟန်ချက်ညီညီဖြင့်ရှင်သန်လှုပ်ရှားမှုရှိနေရပေမည်။အသင်းသူ/သားဖြစ်ခြင်း(Membership)ပင်ဖြစ်သည်။၎င်းတို့သည်လူမှုယန္တယားကိုဘုရားသခင်၏နိုင်ငံတော်ယန္တယားနှင့်အဓိကချိတ်ဆက်
ပေးရသည့်အလွန်အရေးပါသောအဆောက်အအုံပင်ဖြစ်ပါသည်။
အခြေပြုကျမ်းချက်များ။ 
(တရား၊၂၃း၁။ယာ၊၃း၅။ဆာလံ။၁၃၉း၆။ ရောမ၊၆း၁၃-၁၉။ ရောမ၊၂၇း၂၃။ယာ၊၄း၁။၁ကော၊၆း၁၅၊၁၉၊၂၀။ ကော၊၃း၅။၁ကော၊
၁၂း၁၂-၂၇)။
(၉)ခေါင်းဆောင်မှု(Leadership)
သိုးထိန်းမရှိလျှင်သိုးတို့သည်ကွဲလွင့်နေသောသိုးများဖြစ်ပြီးဖရိုဖရဲဖြစ်နိုင်ပါသည်။လူမှုယန္တရားနှင့်ဘုရားသခင်နိုင်ငံတော်ယန္တရား
တို့အားအချိတ်အဆက်ပြုပေးသည့်အသင်းတော်တွင်ဓမ္မအသိတရားများကြွယ်ဝမှု၊လူမှုအားနည်းချက်များအားနားလည်ခြင်း၊ကြွယ်

ဝကုံလုံသောအသက်တာထဲ၌ကျက်စားနိုင်ခြင်း(စိမ်းလန်းသောကျက်စားရာအရပ်)ထာဝရအသက်ကိုပိုင်နိုင်စွာဆုပ်ကိုင်၍အောင်
မြင်သောအသက်တာလမ်းတွင်အသက်ရှင်ခြင်းငှာလမ်းညွှန်ဦးဆောင်မှုပြုပေးနိုင်သောသူပင်ဖြစ်သည်။ကောင်းခြင်းဆိုးခြင်းကို ကြိုသိပြီး၊ အန္တရယ်သတိပေးမှု၊ ကာကွယ်မှု၊ ၀ပြောမှုတို့အတွက် တည်ဆောက်ပေးနိုင်သူဖြစ်ပါသည်။
အခြေပြုကျမ်းချက်များ။ 
(ယေဇကျေ၊၂၇း၁၂။ တမန်၊၂၇း၂၈။ ထွက်၊၁၅း၁၀။ ယောဘ၊၁၉း၂၃-၂၄။ မာလခိ၊၃း၂-၃။ ဆာလံ၊၂၃)။

နိဂုံး။
နှစ်ခြင်းသာသနာနှစ်(၂၀၀)လွန်ဒုတိယ(၁၀)စုနှစ်သည်စိမ်ခေါ်ချက်ကြီးမားခြင်းကြောင့်စိုက်ထုတ်မှုအားလည်းကြီးမားရန်လိုအပ်
ပါသည်။ပန်းတိုင်မျှော်မှန်းချက်သည်လည်းအလွန်ကြီးမားခြင်းကြောင့်ပန်းတိုင်သို့အရောက်တက်လှမ်းကြရပါမည်။ ခြေလှမ်းများ
သည်လည်းဟန်ချက်ညီရန်လိုအပ်သလို၊အင်အားရှိဖို့ရန်လည်းအထူးပင်လိုအပ်ပါသည်။















သိက္ခာတော်ရဆရာစောဒိုးဒိုဝါး(သဘာပတိ)
ဧ၀ံဂေလိနှင့်သာသနာပြုရေးဌာန၊မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်။