Showing posts with label သမ္မာကျမ်းစာလေ့လာခြင်း. Show all posts

၂၀၂ကြိမ်မြောက်၊ယုဒသန်နေ့သမ္မာကျမ်းစာသင်ခန်းစာ

“ခရစ်တော်အတွက်သစ္စာရှိသောတပည့်တော်စစ်”
(၁ရာ၊ ၁၄း၂၄။ဆာ ၃၇း၃-၆။ သုတ္တံ ၃း၃-၅။ မသဲ၊ ၆း ၂၄။ ၂၅း ၂၁။ ယော ၄း၂၄)
~●နိဒါန်း။
ကန ဦး အသင်း တော် ခေတ် အချိန် ကာလ မှစ၍ ခရစ် တော် နောက် လိုက် ခဲ့သော သူများ ကို ခရစ် တော်၏ တပည့် များဟူ ၍ခေါ် ဝေါ်ကြ သည်။ လူသား များအ ပြစ်တ ရားမှ ကယ်တင် ခြင်းရ ရှိဖို့ရန်
အတွက် ပေးဆပ် ခဲ့သော ခရစ် တော်၏ အသေခံ ခြင်းနှင့် ၃ ရက် မြောက်သော နေ့၌ ရှင်ပြန် ထမြောက်ခြင်း အကြောင်း အရာကို လက်ခံ ယုံကြည် သောသူ များကို လည်းခ ရစ်တော် ၏ တပည့် များ၊ ခရစ် ယာန်များ ဟုခေါ် ဝေါ်ခဲ့ ကြသည်။ ထို့ကြောင့် ခရစ် ယာန် ယုံကြည် သူများ အားလုံး သည် ခရစ် တော်၏ တပည့် များဖြစ် ကြပါ သည်။ ကျွန်များ သည်သ ခင်၏စ ကားကို နားထောင် ၍ သခင် စေခိုင်း သမျှအ ရာအား လုံးကို လုပ်ဆောင် ရပါသည်။ ထို့နည်း တူတပည့် များအား လုံးသည် လည်း မိမိဆရာ ၏သင် ကြားမှု များကို သေချာ လေ့လာ မှတ်သား သင်ယူ ရပါ သည်။ ဆရာ ၏ ဆိုဆုံး မမှုများ ကို နာခံ၍ လိုက်နာ ကျင့်သုံး ရပါသည်။ ဤကဲ့သို့ သင်ကြား ခံယူ၍ နားထောင် မှုကို ပြုသော တပည့်များ သာလျှင် ဆရာ အတွက် တပည့် စစ်ဖြစ်ကြ ပါသည်။ ထို့ကြောင့် ခရစ်တော် ၏တပည့် တော်များ ဖြစ်ကြ သော ကျွန်ုပ်တို့ ယုံကြည် သူအား လုံး သည် ခရစ်တော် အတွက် သစ္စာရှိ သောတ ပည့်တော် စစ်များဖြစ် ဖို့ရန် လိုအပ် ပါသည်။ သစ္စာရှိ သော တပည့် တော် စစ်များဖြစ် ဖို့ရန် အဘယ် ကဲ့သို့ အသက် ရှင်နေထိုင် ရမည်နည်း? သမ္မာကျမ်း စာထဲ၌ ဖော်ပြထား သော ကျမ်းပိုဒ် အချို့မှ သစ္စာရှိသော တပည့်တော် စစ်အ ကြောင်းကို လေ့လာ တင်ပြ သွားပါ မည်။
သစ္စာရှိသောတပည့်တော်စစ်ဟူသည်မှာ……………
~●(၁)ဘုရားသခင်အား ကြောက်ရွံ့၍ သစ္စာနှင့် ဝတ်ပြုကိုးကွယ်ခြင်း
ဘုရား သခင် သည်သစ္စာ ရှိသော ဘုရားဖြစ် သောကြောင့် သူ့အား ယုံကြည် ကိုးကွယ် ကြသော သူများ သည် လည်း သူ့အပေါ်တွင် သစ္စာရှိ သောသူ များဖြစ် ရပါမည်။ က္ကုသ ရေလ လူမျိုးတို့ သည် ဘုရား သခင်အ ပေါ်တွင် အကြိမ် ကြိမ်အ ခါခါပြစ် မှားသော် လည်း ဘုရားသ ခင်သည် သူ့၏လူ မျိုးတော် အား အဘယ် အခါမျှ စွန့်ပစ် ၍မထား စိတ်သ ဘောထား ပြောင်းလဲ ခြင်းမရှိ ဘဲ ချစ်မြဲ ချစ်လျက် ပင်၊ အစဉ် အမြဲကူ ညီမစ လျက်ကောင်း ကြီး မင်္ဂလာ များပေး လျက်ပင်၊ သစ္စာတ ရားနှင့် ပြည့်စုံ သောဘုရား ဖြစ်သည်။ (၁ ရာ ၁၂း၂၂)ရှမွေလ ၏အချိန် ကာလ တွင် က္ကုသ ရေလ လူမျိုး တို့သည် တပါးမျိုး သားတို့၏ ကြီးထွား ခြင်း၊ တိုးတက် ခြင်း၊ အောင်မြင် ခြင်းတို့ ကိုအား ကျ၍ သူတို့ ကို အုပ်ချုပ် ရန် ဘုရင် တစ်ပါး ခန့်အပ် ပေးရန် တောင်းဆို ကြသည်။ (၁ရာ ၈း၅ခ) ၄င်း အပြင် အခြား ဘုရား တည်းဟူ သောဗာ လဘုရား၊ အာရှ တရက် ဘုရား တို့ကို ကိုးကွယ် ကြသည် (၁ရာ ၇း၃)။က္ကုသ ရေလလူ မျိုးတို့၏ လုပ်ဆောင် ချက်များ သည် ရှင်ဘုရင် စနစ်ကို ရွေးချယ် မှုက အမှား ဖြစ်ခဲ့ သည့်နည်း တူ ဘုရား သခင်၏ အုပ်ချုပ် လမ်းပြမှု ကို ဖီဆန်ခြင်း၊ လမ်းလွဲခြင်း ဖြစ်ပါသည်။ ဤလုပ် ဆောင်ချက် များသည် ဒုစရိုက် အမှုကို ပြု၍ တပ်မက် စရာများ နောက်သို့ လိုက်ခြင်း ဖြင့် ဘုရားသ ခင်အပေါ် သစ္စာမဲ့ ခြင်းဖြစ် ပါသည်။ ထို့ကြောင့် ရှမွေလက “ထာဝ ရဘုရား ကို ကြောက်ရွံ့ ၍ သစ္စာနှင့် တကွ စိတ်နှ လုံး အကြွင်း မဲ့ဝတ်ပြု ကြလော့။ သင်တို့ အဘို့ အဘယ်မျှ လောက်ပြု တော်မူပြီး သည်ကို အောက်မေ့ ကြလော့” (၁ရာ ၁၂း၂၄) ဟုတင်း မာစွာဆုံး မထား ပါသည်။ မကောင်း သောအ ကျင့်စရိုက် များကို ဖယ်ရှားပြီး ဘုရား သခင်ကို သာဦး ထိပ်ထား ၍ အသက် ရှင်နေ ထိုင်ခြင်း သည် သာ ဘုရားသ ခင်အပေါ် သစ္စာရှိ ခြင်းဖြစ် သည်။ တဖန် သားတော် ယေရှုခ ရစ်တော် ၏ သင်ကြား ခြင်းတွင် လည်း စိတ်နှလုံး ထဲ၌ ဘုရား သခင်ရှိ ဖို့ရန်နှင့် ဘုရား သခင်အား သစ္စာနှင့် ဝတ်ပြုကိုး ကွယ်ဖို့ရန် အရေးကြီး ကြောင်း ဖော်ပြထား သည်။ ယေရှု ခရစ်တော် ၏ခေတ် အချိန် ကာလ တွင် ယုဒလူ တို့၏ လူမျိုး ရေှးနှင့် အဆင့် အတန်း ခွဲခြားမှု တို့ကြောင့် ရှမာရိ လူမျိုးတို့ သည် ယေရုရှ လင်မြို့၌ ဝတ်ပြုကိုး ကွယ်ခွင့် မရဘဲ ဂေရဇိန် တောင်၌ သာ ဘုရား သခင်ကို ဝတ်ပြု ကိုးကွယ် ကြရသည်။ ဤအ ကြောင်း အရာနှင့် စပ်လျဉ်း ၍ ရှမာရိ အမျိုးသမီး မေးမြန်း သောအခါ ယေရှုခ ရစ်တော် က ဝတ်ပြုကိုး ကွယ်ရာ နေရာ ဒေသ သည် အရေးမကြီး ကြောင်း၊ ဘုရား သခင်ကို နံဝိညာဉ် နှင့် သစ္စာနှင့် ကိုးကွယ်ခြင်း သည်သာ အရေးကြီး ကြောင်း မိန့်တော်မူ ခဲ့ပါသည်။ (ယော ၄း၁၉-၂၅)။
~●(၂)ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့ကိုးစားခြင်း
“ဂရုဏာ တရားနှင့် သစ္စာတ ရားကို သင်နှင့်မ ကွာစေနှင့် …….. ထာဝရ ဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ကိုးစား လော့။ ကိုယ် ဥာဏ်ကို အမှီမပြုနှင့် ……” (သုတ္တံ ၃း၃-၆)။သုတ္တံစာ ရေးဆရာက ဘုရားသ ခင်အပေါ်တွင် သစ္စာရှိ လျက် စိတ်နှလုံး အကြွင်းမဲ့ ကိုးစားရ မည်အ ကြောင်း ဖော်ပြ ထားသည်။ က္ကုသရေ လလူမျိုး များက ဘုရား သခင်ကိုယ် တိုင်သူ တို့အား တိုက်ရိုက် အုပ်ချုပ် ခင်းအား မလိုလားဘဲ လူတစ် ဦးက ဘုရင် ကဲ့သို့ အုပ်ချုပ် ရန် တောင်းဆို ခဲ့သည်။ လူသား ဘုရင်က သာ သူတို့ အတွက် ရန်သူ များကို တိုက် ထုတ်ပေး နိုင်မည်။ ကြီးပွား အောင်လုပ် ပေးနိုင် မည်ဟု အထင် မှတ်မှားခဲ့ ကြသည်။ သူတို့ တောင်း ဆိုခဲ့သော ဘုရင် သည် သူတို့ အတွက် မည်သည့် အရာမှ လုပ်ဆောင် ပေးနိုင်ခြင်း မရှိခဲ့ပေ။ ဒုက္ခ ရောက် အောင် ပင် ပြုလုပ် ခဲ့သည်။ ရှင်ဘုရင် ကိုယ်တိုင် ဘုရား သခင်ထား တော်မူသော ပညတ်တ ရားများကို မစောင့် ရှောက်၊ မှာထား တော်မူသ မျှကို နာခံခြင်း မရှိခဲ့ ပေ။ (၁ရာ ၁၃း၁-၁၄)သစ္စာမဲ့မှု ကြောင့် ဆုံးရှုံး မှုများ၊ အပြစ် ဒဏ်ခတ် ခြင်းများ ကို တွေ့ကြုံ ခံစားရ သောအ ခါမှသာ ဒုစရိုက် အပြစ်ကို ပြုမိပြီ ဖြစ်ကြောင်း၊ ဘုရား သခင်အ ပေါ်သစ္စာ မဲ့ခဲ့ပြီ ဖြစ်ကြောင်း၊ နောင်တ ရ၍ တောင်း ပန်ကြသည် (၁ရာ ၁၂း၁၈-၁၉)။ ထိုအခါ ရှမွေ လက “မစိုးရိမ် ကြနှင့်၊ ဤဒု စရိုက်အ ပေါင်းကို ပြုမိသော် လည်း ထာဝရ ဘုရား နောက် တော်သို့ လိုက်ရာ မှ မလွဲကြ နှင့်၊ ထာဝရ ဘုရား ကို စိတ်နှ လုံးအ ကြွင်းမဲ့ ဝတ်ပြု ကြလော့။ ကျေးဇူး မပြု မကယ် တင်နိုင်၊ အချည်း နှီးဖြစ်သော အရာတို့ နောက် သို့လမ်း လွှဲ၍ မလိုက် ကြနှင့်၊ ထိုသို့ သောအရာ သည် အချည်း နှီးသက် သက်ဖြစ် ၏(၁ရာ ၁၂း၂၀-၂၁)ဟု တိုက် တွန်းပြော ဆိုခဲ့ သည်။ ဆာလံ ဆရာက လည်း ထာဝ ရဘုရား ၌ မွေ့လျော် ခြင်းရှိပြီး မိမိအမှု အရာရှိ သမျှကို ထာဝရ ဘုရားသ ခင်ထံ၌ သာ အပ်နှံ ရန်၊ ထာဝရ ဘုရားကို သာ ကိုးစား ရန်ဖော် ပြထား ပါသည် (ဆာလံ ၃၇း၅)။ ထို့ ကြောင့် တန်ခိုး အာဏာ၊ လောကီ စည်းစိမ်၊ လူတို့ အပေါ်တွင် အားကိုး ခိုလှုံခြင်း မပြုဘဲ ဘုရား သခင်ကို သာ စိတ်နှလုံး အကြွင်း မဲ့ကိုးစား သောသူ သာလျှင် သစ္စာရှိ သောတ ပည့်တော် စစ်စစ် ဖြစ်ပေ မည်။
~●(၃)ဘုရားသခင်၏သမ္မာတရား၌တည်ခြင်း
က္ကုသ ရေလ လူမျိုးတို့ သည် ဘုရား သခင်၏ သမ္မာတ ရား၌ မတည် ဘဲ ဘေးပတ် ဝန်းကျင်ရှိ တိုင်းနိုင် ငံများ၏ ဂယက် ရိုက်မှု ပေါ်မူ တည်၍ အမျိုးမျိုး ပြောင်းလဲ ၍ အသက် ရှင်နေ ထိုင်ကြ သည်။ ပညတ် တရား သမ္မာတ ရားလမ်းမှ လွဲ၍ မိမိတို့ ကြိုက်နှစ် သက်ရာ အတိုင်း အသက် ရှင်ကြ သည်။ အခြား သောဘုရား များကို ကိုးကွယ် ကြသည်။ ထို့ကြောင့် ဘေးအန္တ ရာယ်များ ကြုံတွေ့ ရ၍ ပျက်စီး ခြင်းသို့ ရောက်ခဲ့ ကြရ သည်။  ဘုရားသ ခင်၏ သမ္မာ တရား၌ မတည်ခြင်း သည် ဘုရားသ ခင်၏စ ကားကို နားမ ထောင်ခြင်း၊ ဖီဆန်ခြင်း၊ ဂတိတော် များကို ချိုးဖောက် ခြင်း၊ ဘုရား သခင်အ ပေါ် သစ္စာ မဲ့ခြင်း သာဖြစ် သည်။ ထို့ကြောင့် ရှမွေလ က က္ကုသ ရေလ လူမျိုး တို့အား လမ်းလွဲ နေရာမှ ဘုရား သခင်အ ဖို့ စိတ်နှ လုံးကို ပြင်ဆင် လျက် ဘုရား သခင်ထံ သို့ပြန် လာ၍ ဘုရား သခင်၏ သမ္မာ တရား၌ တည်လျှင် ဘုရား သခင် ထံမှ ကယ် တင်ခြင်း ဆုကျေး ဇူးကို ရရှိမည် အကြောင်း ဆုံးမသြ ဝါဒပေး လေသည် (၁ရာ ၇း၃) ထို့နည်း တူ ယေရှု ခရစ်တော် သည် ဧဝံဂေ လိတရား ကိုဟော ပြောသော အခါ “သင်တို့ သည် ငါ၏ဒေ သနာ၌ တည် လျှင် ငါ့တပည့် အမှန် ဖြစ်ကြ၏။ သမ္မာ တရား ကိုလည်း သိကြ သဖြင့် ထိုတရား သည် သင် တို့ကို လွှတ်ကြ လိမ့်မည် ဟု ယုဒလူ တို့အား မိန့်တော် မူ၏ (ယော ၈း  ၃၁-၃၂)။ ယေရှု ခရစ်တော် ဟောကြား သော ဧဝံဂေ လိတရား ကို လက်ခံ ယုံကြည် ၍ သင်ကြား ပေးသော သမ္မာ တရားကို လိုက် လျှောက် ကျင့်သုံးမှ သာလျှင် သစ္စာ ရှိသော တပည့် တော်စစ် တစ်ဦး ဖြစ်နိုင် ပါသည်။ သမ္မာတ ရား၌ တည်သော သူသည် သမ္မာတ ရားအတိုင်း သာ အသက်ရှင် နေထိုင် ရပါမည်။ တမန်တော် ၇ှင်ပေါလု ကသမ္မာ တရား၌ တည်သော သူသည် ဝိညာဉ် ပကတိ အကျိုးအတိုင်း အသက်ရှင် ရမည် ဟု သွန်သင် ထားပါ သည်။ ဝိညာဉ်ပ ကတိ အကျိုး မူကား ချစ်ခြင်း၊ ဝမ်းမြော က်ခြင်း၊ ငြိမ်သ က်ခြင်း၊ စိတ်ရှ ည်ခြင်း၊ ကျေးဇူး ပြုခြင်း၊ ကောင်း မြတ်ခြင်း၊ သစ္စာ စောင့်ခြင်း၊ နူးညံ့ သိမ်မွေ့ ခြင်း၊ ကာမ ဂုဏ်ချုပ် တည်းခြင်း ပေတည်း (ဂလာ တိ ၅း၂၂ -၂၃)။ ဝိညာဉ် ပကတိ အတိုင်း အသက် ရှင်နေထိုင် သူသာ လျှင် သစ္စာ ရှိသော တပည့် တော်စစ် များ ဖြစ်နိုင် ပါသည်။
~●(၄)ဘုရားသခင်ပြုတော်မူသော ကျေးဇူးတော်များအား အောက်မေ့ခြင်း
ရှမွေလ ၏သတိ ပေးဆုံးမ စကား တွင် “သင်တို့ အဘို့ အဘ ယယ်မျှ လောက်ပြု တော်မူပြီး သည်ကို အောက် မေ့ကြ လော့” (၁ရာ ၁၂း၂၄ ခ) ဟုထည့် သွင်းပြော ဆိုခဲ့ သည်။ ဘိုးဘေး တို့အား ကျွန်ခံရာ နေရာ အဲဂု တ္တုပြည်မှ ကယ်တင် ခဲ့ခြင်း၊ ဘုရား သခင် အား မေ့လျော့ သောကြောင့် သူတစ် ပါး၏ တိုက် ခိုက်ခြင်း ကို ခံရ၍ စစ်ရှုံး ခြင်းများ တွေ့ကြုံရ သော အခါ ဘုရား သခင် သည် ပစ်မ ထားဘဲ ကယ်တင် ၍အောင်မြင် မှုများ ပေးခဲ့ခြင်း၊ တခြား သောဘုရား များကို ကိုးကွယ် မိသော ကြောင့် ပြစ်ဒဏ် ခံ၇သော် လည်း နောင်တ ရသော အခါ ဘုရား သခင် သည် စွန့်တော် မမူဘဲ သူ၏ လူမျိုး တော်အ ဖြစ်ပြန် လည်လက် ခံခြင်း (၁ရာ ၁၂း ၆-၁၂) စသည့် ဘုရား သခင် သည် သူ၏ လူမျိုးတော် အတွက် ကြီးသော အမှုများ ကို ပြုလုပ် ပေးခဲ့ ကြောင်း ကို အမြဲတမ်း ပြန်လည် အောက်မေ့ သတိရ ရမည်ဖြစ် ပါသည်။ ဤကဲ့သို့ ပြန်လည် အောက်မေ့ သတိရခြင်း သည် က္ကုသ ရေလ လူမျိုး တို့အား ဘုရား သခင်၏ လူတို့အ ပေါ်တွင် ထားသော သစ္စာရှိခြင်း၊ ဖြောင့် မတ်ခြင်း၊ ချစ်ခြင်း မေတ္တာ များကို တွေ့မြင် စေပါသည်။ ဤအ ရာ များကို ပြန်လည် တွေ့မြင် ရခြင်းဖြင့် ဘုရား သခင်အ ပေါ်ကြောက် ရွံ့ခြင်း၊ စိတ်နှ လုံးအကြွင်း မဲ့ကိုး စားခြင်း၊ သစ္စာရှို ခြင်း၊ များကို ပြန်လည် လုပ်ဆောင် လာနိုင် မည်ဖြစ် သည်။ ဘုရား သခင် သည် လူသား တို့အဖို့ အဘယ် မျှလောက်ပြု တော်မူပြီး သည်ကို အောက်မေ့ သတိရခြင်း မရှိပါက ဒုစရိုက် အမှုများကို ပြုလျက် ပျက်စီး ခြင်းသို့ ရောက်ရှိ နိုင်ပြီး ဘုရားသ ခင်နှင့် ပို၍ဝေး ကွာနိုင် ပါသည် (၁ရာ ၁၂း၂၅)။ ဘုရား သခင်နှင့် ဝေးကွာ ခြင်းမရှိ စေရန် ဘုရား သခင် ပြုတော် မူသော ကရုဏာ တော်နှင့် သစ္စာ တော်ကို အောက် မေ့၍ ကယ်တင် တော်မူခြင်း ကျေးဇူး တရား အတွက် ထာဝရ ဘုရား အားကြွေး ကြော်၍ ရွှင်လန်း စွာ ချီးမွမ်း ကြရ မည်ဖြစ် သည် (ဆာလံ ၉၈း၃-၄)။
~●(၅)ဘုရားပေးတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ခြင်း
ဘုရား သခင် သည်လူ သားတို့ အား သူ၏ပုံ သဏ္ဌာန် နှင့် အညီ ဖန်ဆင်း ထားပါ သည်။ (ကမ္ဘာ ၂း၂၇က) လူသား တို့သည် တန်ဖိုး ရှိသော ပုံသဏ္ဌာန် နှင့် အသက် တာကို ပိုင်ဆိုင် ထားကြ သူများဖြစ်သည်။ ဘုရား သခင် ဖန်ဆင်း ထားသော အရာများ အားလုံး ကို အုပ်စိုး ၍ ထိန်းသိမ်း စောင့် ရှောက် ရန်တာ ဝန်များကို လည်း ပေးအပ် ထား ပါသည်။ ထို့ကြောင့် ဘုရား သခင်၏ သားသမီး အယောက် စီတိုင်း တို့သည် မိမိတို့၌ ပေးအပ် ထားသာ တာဝန် များ ကို ကျေပွန် အောင်ထမ်း ဆောင်ဖို့ ရန်အ တွက် ပေးဆပ် လုပ်ဆောင် ဖို့ရန်အ ရေးကြီး ပါသည်။ ဓမ္မဟောင်း ခေတ် အချိန် ကာလက ဘုရား သခင်၏ အမှု တော်မြတ် လုပ်ငန်းများ အားလုံး တွင် လူအမျိုး မျိုးတို့ ကို ရွေးကောက် ၍ ပရော ဖက်အရာ ၌ခန့် ထားပြီး အသုံးပြု စေခိုင်း ခဲ့ပါသည်။ ပရောဖက် များအား ဖြင့် က္ကုသရေ လလူတို့ အား နောင် တရ စေပြီး ကယ်တင် ခြင်းအ မှုကို ပြုခဲ့ သည်။
ဓမ္မသစ် ခေတ်အ ချိန်ကာ လတွင် ဘုရား သခင်သည် ကယ် တင်ခြင်း တရားကို လူသား တို့အား ပေးဖို့ရန် တပါးတည်း သော သားတော် ယေရှု ခရစ်တော် ကို အသေခံ ဖို့ရန် ဤလော ကသို့စေ လွှတ်ခဲ့ ပါသည်။ ယေရှုခ ရစ်တော် ထမ်း ဆောင်ရ သောတာ ဝန်သည် ခါးသီး ၍ ပြင်း ထန်လွန်း လှသော ကြောင့် ဤခွက် သည် အကျွန်ုပ် ကို လွန်သွား နိုင်လျှင် လွန်သွား ပါစေ သောဟု ပင်တောင်း ဆိုခဲ့ သည်။ သို့သော် လည်း သူ၏အ လိုဆန္ဒ အတိုင်း မဟုတ်ဘဲ ဘုရား သခင်၏ အလိုတော် အတိုင်း ဆောင်ရွက် ပါမည်ဟု ဆုတောင်း ခဲ့သည် (မဿဲ ၂၆း ၃၉-၄၂)။ နောက် ဆုံး အဖမ်း ဆီးခံ၍ ကားတိုင် ထက်မှာ အသေ သတ်ခြင်း ကိုခံခဲ့ရ သည်။ သစ္စာရှိ စွာဖြင့် အသက် ဆုံးသည့် တိုင် ဘုရား သခင် ၏ အလို တော်အ တိုင်း ဘုရား ပေးတာ ဝန်ကို ထမ်းဆောင် ခဲ့ပါသည်။ တပည့် တော်များ ကိုလည်း  ယေရှုခ ရစ်တော် က “ငါ၌ဆည်း ကပ်လို သောသူ ဖြစ်လျှင် ကိုယ်ကို ကိုယ်ငြင်း ပယ်ရ မည်။ ကိုယ်လက် ဝါးကား တိုင်ကို ထမ်း၍ ငါ့နောက် သို့လိုက် ရမည်” (မဿဲ ၁၆း၂၄) ဟုသွန် သင် ခဲ့ပါ သည်။ ယေရှုခ ရစ်တော် ၏ တပည့် ဖြစ်လို သူများ သည် သခင်ခ ရစ်တော် လုပ်ဆောင် သကဲ့သို့ ဘုရား ပေးတာ ဝန်များ ကို ကျေပွန် အောင် ထမ်းဆောင် ရပါမည်။ ဘုရား ပေးတာ ဝန်များ သည် ကြီးလေး လှသည်။ ခက်ခဲ ၍ကြမ်း တမ်းလှ သည်။ ပင်ပန်း၍ ခါးသီး လှသည်။ ခရစ် တော်နည်း တူ တာဝန် ထမ်းဆောင် နိုင်ရန် အယောက် စီတိုင်းတို့ အားမ တူညီ သော လုပ်ဆောင် နိုင်မှုစွမ်း အား ၊ ခွန်အား များကို ပေးထား ပြီးဖြစ် သည်။ မည်သို့ ပင် ကြီးလေး ၍ ခက်ခဲကြမ်း တမ်း၍ ခါးသီး လှသည် ဖြစ်ပါစေ ခရစ်တော် ကဲ့သို့ပြီး ဆုံးသည့် (ပန်းတိုင်) ရောက်သည့် တိုင်အောင် ဘုရား ပေးခွန် အားနှင့် လုပ်ဆောင် သူမှ သာသ စ္စာရှိသော တပည့် တော်စစ် များဖြစ်နိုင် ကြပေ မည် (မဿဲ ၂၅း၂၁)
~●နိဂုံး။
ယုံကြည် သူများ အားလုံး သည် ယေရှုခရစ် တော်၏တ ပည့်တော် များဖြစ်ကြ ပါသည်။ တပည့် တော်ဖြစ် သည် ဆိုရာ ၌ အတုအ ယောင်မ ဟုတ်ဘဲ “သစ္စာရှိ သောတ ပည့်တော် စစ်” ဖြစ်ကြ ရပါမည်။ သစ္စာရှိ သောတ ပည့်တော် စစ် များ ဖြစ်ကြ ဖို့ရန် ဘုရား သခင် အလို တော်မရှိ သော အသက် တာဖြစ် သည့် တန်ခိုး အာဏာ ကို မှီခိုအား ထားခြင်း၊ အတ္တ ကြီးခြင်း၊ စည်းစိမ် ဥစ္စာ ပေါ်တွင် ယဇ်မှုး ခြင်း၊ ဘုရား သခင် ဝတ်၌ မွေ့လျော်မှု မရှိခြင်း၊ မိမိတို့၏ လိုချင် တပ်မက်မှု နောက်သို့ လိုက်ခြင်း၊ မကောင်း သောဒု စရိုက်များ ၌ ကျင်လည် နေခြင်း များကို ဖယ်ရှား ရှောင်ရှား ၍ ဘုရား ဝတ်၌ မွေ့လျော် ၍ အသက် ရှင်နေ ထိုင်ခြင်း ဖြင့် ဘုရား သခင် အပေါ် သစ္စာရှိ ရပါမည်။ ထို့ကြောင့် နေ့စဉ် အသက် တာတွင် ဘုရား သခင်အား ကြောက်ရွံ့ ၍ သစ္စာ နှင့် ဝတ်ပြုကိုး ကွယ်ရ ပါမည်။ ပြုလေ သမျှ လုပ် ဆောင်လေ သမျှတို့၌ ဘုရား သခင်ကို စိတ်နှလုံး အကြွင်းမဲ့ အားကိုး ခိုလှုံရ ပါမည်။ နေ့စဉ်အ သက်ရှင် နေထိုင် ရာတွင် ဘုရား သခင်၏ သမ္မာ တရား၌ တည်၍ သမ္မာ တရား အတိုင်း လိုက် လျှောက် နေထိုင် ရပါမည်။ နေ့စဉ် နေ့တိုင်း ဘုရား သခင်ပြု တော်မူ သော ကျေးဇူး တော်ကို ချီးမွမ်း ရပါမည်။ လူ့လော ကတွင်အ သက်ရှင် နေထိုင် စဉ်အ တွင်း ဘုရား သခင်ပေး ထားသော အစွမ်း အစများ နှင့် ဘုရား ပေးတာ ဝန်များကို ကျေပွန် အောင်ထမ်း ဆောင်ရ ပါမည်။ ဤသို့ အသက်ရှင် နေထိုင်ခြင်း အားဖြင့် ယုံကြည် သူများ အားလုံး မိမိတို့ အသက် တာအ သီးသီး ကို မိမိတို့ ၏ ဘေးပတ် ဝန်းကျင်လူမှုအ သိုင်းအ ဝိုင်း၊ မိမိတို့၏ အသင်း တော်၊ မိသား စုများ အတွက် ဆက်ကပ် အစေခံ လျက် ဘုရား သခင်၏ ဘုန်းတော် ကို ထင်ရှား စေသော သစ္စာ ရှိသော တပည့် တော်စစ် များအဖြစ် လက်တွေ့ အသက် ရှင်နေ ထိုင်ကြ ပါစို့။
●ဆရာမကေသီထွေး(ဓမ္မကထိက-မြန်မာနိုင်ငံဓမ္မတက္ကသိုလ်)
၂၀၂ကြိမ်မြောက်၊ယုဒသန်နေ့-၂၀၁၅ခုနှစ်၊ဇူလိုင်လ(၁၂)ရက်


သင်..“ထလော့၊လင်းလော့”

ဟေရှာယအနာဂတ္တိကျမ်းသည်အချိန်ကာလ(၃)မျိုးဖြင့်ဖွဲ့စည်းထားသည်ဟုကျမ်းအနက်ဖွင့်သူများကသုံးသပ်ကြသည်။ အခန်းကြီး(၁)မှ(၃၉)သည်Pre.exile(မိမိတို့တိုင်းပြည်မှမထွက်ခွာခင်)ကာလဖြစ်၍အခန်းကြီး(၄၀)မှ(၅၅)သည်Exile(မိမိ

တို့တိုင်းပြည်မှထွက်ခွာစဉ်)ကာလဖြစ်သည်။.....အခန်းကြီး(၅၆)မှနောက်ဆုံးအခန်းကြီး(၆၆)သည်postExile(မိမိတို့တိုင်း
ပြည်မှထွက်ခွာသွားပြီးနောက်)ကာလဖြစ်သည်။ခေါင်းစဉ်၌ဖေါ်ပြထားသော“သင်”ဆိုသည်မှာ....အဘယ်သူကိုဆိုလိုပါ

သနည်း။ဟေရှာယအနာဂတ္တိကျမ်း၊၅၉း၂၀.၂၁အရ“မတရားသောအမှုမှလွဲသွားသော၊ယာကုပ်အမျိုးတို့”ကို..ဆိုလိုခြင်း
ဖြစ်သည်။ယာကုပ်သည်ဣသရေလူမျိုးဖြစ်ပါသည်။...ယနေ့အချိန်တွင်ဣသရေလလူမျိုးတော်သည်၊...အသင်းတော်ကို

ဆိုလိုနေခြင်းဖြစ်သောကြောင့်၊ယနေ့ခရစ်ယာန်များကိုသွန်သင်နေခြင်းဖြစ်ပါသည်။...ထို့ကြောင့်(ယာကုပ်အမျိုး)ယနေ့
ခရစ်ယာန်များအနေဖြင့်မည်သို့မတရားမှုများကိုလွှဲရှောင်နေသနည်း။..ဂလာတိ၊၃း၂၇အရ၊ခရစ်တော်၌နှစ်ခြင်းမင်္ဂလာ

ခံပြီးသူတိုင်းသည်ခရစ်တော်ကို..........ယူတင်ဝတ်ဆောင်သောသူများဖြစ်ရပြီး....ကျွန်ုပ်တို့၏မတရားမှုများသည်လည်း
ခရစ်တော်အားဖြင့်လွှဲရှောင်ပြီးဖြစ်ပါသည်။...ထို့ကြောင့်ကျွန်ုပ်တို့အပေါ်....ထာဝရဘုရား၏ဘုန်းတော်ရောင်ခြည်သည်
လည်းထွန်းလင်း ပြီးသားဖြစ်ပါသည်။(ကျမ်းစာဖွင့်ပြီးဆုတောင်းလျှက်...လေ့လာရန်)....

1.God is the source of natural light(Gen1:3-5, Gen1:14-18)
2.Light as a symbol of God
  • God's purity(1John:1:5)
  • God's glory(Rev:21:23)
  • God's knowledge(Ps90:8)
  • God's unchangeability(James1:17)
3.Light as a symbol of God's favor towards  His people
  • Light is God's nature and sovereignty
  • Light is instruction
  • Light is Salvation(1pet2:9)
  • Light is New Life
4.The people of God as the light of the world(Matt5:14-16,Ps37:5-6)
5.The people of God are called to live in his light(Eph5:8-14,1john1:7)
ဘုရားသခင်၏ဘုန်းနာမတော်အားခံယူလျှက်၊လောကအမှောင်ထုကြီးထဲအလင်းလင်းကြပါစို့။