မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ် ယာန် အသင်း ချုပ်၊ ဧ၀ံ ဂေလိ နှင့်သာ သနာ ပြုရေး ဌာန မှပြု လုပ်သော “ဆရာ ကြီးယု ဒသန် နှင့်ပါ ရမီ ဖြည့် ဖက်များ အား ဂုဏ်ပြု တေး သီ ချင်း ရေး စပ် သီ ဆို ပြိုင် ပွဲကို ၂၀၁၅ ခုနှစ် မေ လ (၉) ရက် (စနေနေ့) တွင်၊ မြန် မာ နိုင် ငံ နှစ် ခြင်း အသင်း ချုပ်၊ ကူရှင် ခန်းမ ၌ပြု လုပ်ကျင်းပ ခဲ့ရာ၊ ပထမ ပိုင်း အစီ အစဉ် အဖြစ် Praise and Worship ကို
ဆရာ စော ဂျက်ဆင် ညို နှင့် ဗီး နိုတို့ မှဦး ဆောင် ပေးခဲ့ ပါသည်။ ယင်း နောက် ၀တ်ပြု ကိုး ကွယ် ခြင်း အစီ အစဉ် တွင် သဘာ ပတိ အဖြစ် ဆရာ စော ၀င်း ဖေ ဇင် (တွဲ ဖက် တာ ၀န် ခံ၊ ဧ/သ ဌာန) မှ သဘာ ပတိ အဖြစ် ဆောင် ရွက် ပြီး၊ သိက္ခာ တော် ရဆ ရာ ထောင်း ခန့် စိန် မှ သီချင်း ပြိုင်ပွဲ ပြုလုပ် ရခြင်း အကြောင်း အား တင်ပြ သွား ပါ သည်။ တရား ဒေသ နာကို သိက္ခာ တော် ရ ဆရာ မန်း စံ သိန်း ထွန်း (ဘဏ္ဍာ ထိန်း၊ နှစ်ခြင်း အသင်း ချုပ်) မှ ဝေ ငှ ပြီး၊ သိက္ခာ တော် ရ ဆရာ စော စမ် စန် ကောင်း ချီး ပေး ခြင်း အား ဖြင့် ၀တ် ပြု ကိုး ကွယ် ခြင်း အစီ အစဉ် အား ရုပ် သိမ်း ခဲ့ ပါသည်။ ပြိုင် ပွဲ အစီ အစဉ် ကို ဆက် လက် ပြု လုပ် ရာ သဘာ ပတိ အဖြစ် ဆရာ ၀င်း ထွဋ် သာ ကြည် (တာဝန် ခံ၊ လူငယ် ဌာန) မှ ဆောင် ရွက်ပြီး၊ အမှတ် ပေး ဒိုင် သူ ကြီး များအဖြစ်၊ ကိုညီ ညီ သွင်၊ ကို သော မတ် (စ်) နှင့် စော ဂျိုး ဂျို တို့ မှ ပါ ၀င် ဆက် ကပ် ဆောင် ရွက် ပေး ခဲ့ကြ ပါသည်။ အ ဆိုပါ ပြိုင် ပွဲ တွင်၊ ပထမ ဆု ကို ဂျီးနော်၊ ဒုတိ ယဆု ကို ခွေးခွေ နှင့် တတိယ ဆုကို သောရေ ထူး တို့မှ အသီး သီး ရရှိ သွား ပါသည်။ ယင်းနောက် ဒိုင်များ ဖြစ်သော ကိုညီ ညီ သွင်၊ ကို သော မတ် (စ်) နှင့် စော ဂျိုး ဂျို တို့ မှ မှတ် ချက် များ ပေး ခဲ့ ကြ ပါသည်။ ဆုချီး မြင့် ခြင်း အစီ အစဉ် ကို သိက္ခာ တော်ရ ဆရာ မန်းစံ သိန်း ထွန်း မှ ဆောင်ရွက် ပြီး၊ ရွေးချယ် ခံရ သော တေး ရေး ဆရာ (၁၂) ဦး တို့အား တစ် ဦးလျှင် ကျပ် တစ် သိန်းစီ ကို နှစ်ခြင်း အသင်း ချုပ် အထွေ ထွေ အ တွင်း ရေးမှူး၊ မှ ချီး မြှင့် ခဲ့ပါ သည်။ ပထမ ဆု၊ ကျပ် (၅၀၀၀၀၀)၊ ဒုတိယ ဆု ကျပ် (၄၀၀၀၀၀) နှင့် တတိ ယ ဆု ကျပ် (၃၀၀၀၀၀) တို့ ကို ဖိတ် ကြား ထားသော အထူး ဧည့် သည် များ မှ ဂုဏ် ပြုချီး မြှင့် ခဲ့ ကြပါ သည်။ ထို့ အပြင် ရွေး ချယ် ခံ ရ သော တေး ရေးဆရာ (၁၂)ကို အထူး ဖိတ် ကြား ထားသော ဧည့် သည် တော် များမှ တေးရေး ဆရာ တစ်ဦး လျှင် ကျပ် (၁၀၀၀၀၀) စီ ထပ် မံ ဂုဏ် ပြုခဲ့ ကြပါ သည်။ ပြိုင် ပွဲ ၌ ထူးထူး ခြား ခြား ပါဝင် ခဲ့သော ကလေး ငယ် နှစ် ဦးကို လည်း ဆရာမ ဒေါ် နန်း သီ တာ အောင် မှ ကျပ် (၅၀၀၀၀) စီ ထပ် မံ ဂုဏ် ပြု ခဲ့ ပါသည်။ ယင်း ပြိုင် ပွဲ ဖြစ် မြောက် ရေးအ တွက် အဖက် ဖက် မှ ပါဝင် ဆက် ကပ် ခဲ့ ကြ သော သူများ အား ကျေး ဇူး တင် စကား ပြော ကြား ခြင်းကို သိက္ခာ တော် ရ ဆရာ မန်း စံ သိန်း ထွန်း မှ ပြောကြား ခဲ့ပါ သည်။ ပြိုင်ပွဲ ကို “ကိုယ် တော် မြတ် လျှောက် သွား သော၊ လမ်း တော် မြတ် ကို လျှေက် လိုက်” ဓမ္မ သီချင်း အား အတူ တကွ ချီးမွမ်း ပြီး နောက် မြန်မာ နိုင် ငံနှစ် ခြင်း ခရစ် ယာန် အသင်း ချုပ်၊ အထွေ ထွေ အတွင်း ရေးမှူး သိက္ခာ တော် ရ ဆရာ ဒေါက်တာ ရန်ခို ပေါင် ကောင်း ချီး ပေး ခြင်း အား ဖြင့် ရုပ်သိမ်း ခဲ့ ကြပါ သည်။ ယင်းပြိုင် ပွဲတွင် ပထမ ဆုရ သီချင်း အား ၂၀၁၅ ခုနှစ် ဆိုင်ရာ ယုဒ သန် ဂုဏ် ပြု တေး အဖြစ် ရွေး ချယ်ပြီး မြန်မာ တစ် နိုင်ငံ လုံးတွင် ယုဒ သန် နေ့ ပြိုင် ပွဲ ၀င် သီ ချင်း အဖြစ် ဆက် လက် အသုံး သွား မည် ဖြစ်ပါ ကြောင်း သတင်း ကောင်း ပါး အပ်ပါ သည်။
Test 1
သတင်းနှင့်ဓါတ်ပုံ
ဆရာကြီး ယုဒသန် နှင့်ပါရ မီဖြည့် ဖက်များ အားဂုဏ် ပြု တေး ရေးစပ် သီဆို ပြိုင်ပွဲ
ဆရာကြီး ယုဒသန် နှင့်ပါရ မီဖြည့် ဖက်များ အားဂုဏ် ပြု တေး ရေးစပ် သီဆို ပြိုင်ပွဲ
Popular Posts
-
တွန်းအားပေးသင်တန်းအပြီးအမှတ်တရဓါတ်ပုံ(၂၀၁၉၊ နိုဝင်ဘာ-၁၄) မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်၊ ဧဝံဂေလိနှင့် သာသနာပြုရေး ဌာန၊ ရ...
-
MBC Evangelism and Mission department is to start Myanmar Cross-Cultural Mission Training Center-MCMTC in 2015. It will be to equip the ch...
-
မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ် ယာန် အသင်း ချုပ်၊ ဧ၀ံ ဂေလိ နှင့် သာသ နာပြု ရေးဌာ ၏ကော် မတီ အစည်း အဝေး များအား ကော် မတီ ၀င်များ နှင့် လူ/ဒေ အဖွ...