ရွှေပြည်မြန် မာနှစ်ခြင်း သာသနာ တွန်းအားပေး အစီအစဉ် (ရခိုင်အဖွဲ့ချုပ်)

ရွှေပြည် မြန်မာ နှစ်ခြင်း သာသ နာလုပ် ငန်း၊ဒု တိယ ဆယ်စု နှစ်၏ ပထမ နှစ်စီမံ ကိန်းအ တွက်တွန်း အားပေး အစီအစဉ် များကို လူမျိုးစု နှင့်ဒေ သန္တရ အဖွဲ့ချုပ် များသို့ လိုက် လံပြုလုပ် ရာ၊၂၀၁၅ ခုနှစ်၊မတ် လ(၂၄-၂၅) နေ့များ တွင် ရခိုင် ပြည်နယ် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် တွင်ပြု လုပ်ခဲ့ ပါသည်။ အဆိုပါ အစီအ စဉ်ကို ၊ကျောက် ဖြူမြို့ ရှိဧမောက် နှစ်ခြင်း  ခရစ် ယာန်အ သင်းတော်
တွင်ပြု  လုပ်ခဲ့ ပါသည်။ ၂၄.၃  .၂၀၁၅ ရက်၊ နံနက် ၈း၃၀ တွင်တွန်း အားပေး အစီအ စဉ်ကို ၀တ်ပြု ခြင်းဖြင့် စတင် ဖွင့်လှစ် ခဲ့ပါသည်။ အဖွင့် ကိုးကွယ် ၀တ်ပြုခြင်း အစီအ စဉ်တွင် ရခိုင် ပြည်နယ် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ ချုပ်၏ အထွေ ထွေအ တွင်းရေး မှူး သိက္ခာ တော်ရ ဆရာ ဦးကျော် လွင်က သဘာ ပတိအဖြစ် ဆောင် ရွက်ပြီး၊ မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်း ချုပ်ဧ၀ံ ဂေလိနှင့် သာသ နာပြုရေး ဌာန မှတာ ၀န်ခံ သိက္ခာ တော်ရ ဆရာ ထောင်း ခန့်စိန် မှကြိုဆို နှုတ်ခွန်း ဆက် စကား ပြောကြား ခဲ့ပါသည်။ ထို့နောက် ရခိုင်ပြည် နယ် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် ၏ ဘဏ္ဍာ ထိန်း ဆရာဦး တင်အေး မှနုတ်က ပတ်တော် အားဖြင့် တိုက်တွန်း ခွန် အားပေး ပြီး၊ ဆရာမ အေးမြနု မှအထူး ဆုတောင်း ပေးပါ သည်။ နံနက် ၁၀း၀၀ နာရီ တွင်မြန် မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်း ချုပ်၊ ဧ၀ံဂေ လိနှင့် သာသာ နာပြုရေး ဌာနမှ ရွှေပြည် မြန်မာစီ မံကိန်းဦး စီးမှူး ဆရာ စောဒယ် နီရယ်မှ “သာသ နာပြုခြင်း ၏သဘော သဘာဝ” ခေါင်း စဉ်ဖြင့် သမ္မာ ကျမ်းစာ သင်ကြား ပေးပြီး၊ ၁၁း၀၀ နာရီ တွင် မြန်မာ နိုင်ငံနှစ် ခြင်းခ ရစ် ယာန်အ သင်းချုပ်၊ ဧ၀ံဂေ လိနှင့် သာသ နာပြုရေး ဌာနမှ တာဝန် ခံ သိက္ခာ တော်ရ ဆရာ ထောင်း ခန့်စိန်မှ “သာသ နာပြုခြင်း နည်း ဗျူ ဟာ” ကိုသင် ကြား  ကာနေ့ လည် ၁၂း၀၀ နာရီ တွင် ခေတ္တ ရပ်နား ခဲ့ပါ သည်။ မွန်းလွဲ ၁း၀၀ နာရီ တွင် သိက္ခာ တော်ရ ဆရာ ထောင်း ခန့်စိန်မှ “သာသ နာပြုခြင်း နည်း ဗျူဟာ” ကိုဆက် လက်သင် ကြားကာ ညနေ ၄း၃၀ နာရီ တွင်ပထ မနေ့အ တွက် သင်ခန်း စာသင် ကြားခြင်း ကိုရပ် နားခဲ့ပါ သည်။ ၂၄.၃. ၂၀၁၅ ခုနှစ်၊ နံနက် ၈း၃၀ နာ ရီတွင် မြန်မာ နိုင်ငံနှစ် ခြင်း ခရစ်ယာန် အသင်း ချုပ်၊ ဧ၀ံဂေ လိနှင့်သာ သနာပြု ရေးဌာ နမှ တာဝန်ခံ သိက္ခာ တော်ရ ဆရာ ထောင်း ခန့်စိန်မှ “သာသ နာပြုခြင်း နည်းဗျူ ဟာ” ကို ဆက်လက် သင်ကြား ကာ၊ နေ့လည် ၁၂း၀၀ နာရီတွင် ခေတ္တရပ် နားခဲ့ပါ သည်။ မွန်းလွဲ ၁း၃၀ တွင် သိက္ခာ တော်ရ ဆရာ ထောင်း ခန့်စိန်မှ ဆက် လက်၍ “သာသ နာပြုခြင်း နည်းဗျူ ဟာ” ကိုသင် ကြား ပေးပြီး မွန်းလွဲ  ၃း၀၀ တွင် ရွှေပြည် မြန်မာ စီမံကိန်း ဦးစီးမှူး ဆရာ စောဒယ် နီရယ်မှ “တစ်ဦး ချင်း ဧ၀ံဂေ လိဝေငှ နည်း” ခေါင်းစဉ် ဖြင့်သင် ကြား ပေးပြီး ညနေ ၅း၀၀ တွင် သင်တန်း ကို ဆုတောင်း ၀တ်ပြု ခြင်းဖြင့် ပန်လည်ုပ်သိမ်း ခဲ့ပါ သည်။ အပိတ် ကိုးကွယ် ၀တ်ပြု ခြင်း အစီအ စဉ်တွင် ရခိုင်ပြည် နယ် နှစ်ခြင်း ခရစ် ယာန်အ ဖွဲ့ချုပ် ၏ အထွေ ထွေအတွင်း ရေးမှူး သိက္ခာ တော်ရ ဆရာ ဦးကျော် လွင်က သဘာပ တိအဖြစ် ဆောင် ရွက်ပြီး၊ ဧမောက် နှစ်ခြင်း အသင်း တော်၏ သင်းအုပ် ဆရာ သိက္ခာ တော်ရ ဆရာဦး သန်းထွန်း မှ ကျေးဇူး တင် စကား ပြောကြား ပြီးလက် ဆောင် များကို ချီးမြှင့်ခဲ့ ပါသည်။ ထို့နောက် မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်း ချုပ်ဧ၀ံ ဂေလိနှင့် သာသ နာပြုရေး ဌာနမှ တာဝန်ခံ သိက္ခာ တော်ရ ဆရာ ထောင်း ခန့်စိန်မှ တိုက် တွန်းခွန် အားပေး စကား ပြောကြား ခဲ့ပါ သည်။ ထို့နောက် ရခိုင် ပြည်နယ် နှစ်ခြင်း ခရစ် ယာန် အဖွဲ့ ချုပ်မှ ဆရာမ စန်းအေးမှ အထူး ဆုတောင်း ပေးကာ တွန်းအား ပေးအစီ အစဉ်ကိုပ်သိမ်း ခဲ့ပါ သည်။ အဆိုပါ အစီအစဉ် သို့ ရခိုင်ပြည် နယ်နှစ် ခြင်းခရစ် ယာန်အ ဖွဲ့ချုပ်မှ၊ ကိုယ်စား လှယ် (၄၅) ဦးတက် ရောက်ခဲ့ ကြပါ သည်။ ရခိုင် ပြည်နယ် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်၏ (၂၀၁၅- ၂၀၁၇) စီမံကိန်း နှစ် အတွက် သာသ နာကွင်း သစ်(၃) ကွင်းဖေါ် ထုတ်အ ကောင် အထည် ဖေါ်ရန် ဖြစ်ပါ သည်။

ခြားနားသောယဉ်ကျေးမှုထဲသို့ ၀င်ရောက်သာသနာပြုခြင်း

ယေရှု ခရစ် တော် ဘုရားက လူမျိုး တကာ တို့ထံသို့ သွား၍ ဧ၀ံဂေ လိဟော ပြောရန် တပည့် တော် တို့ကို စေ လွှတ် ခဲ့ပါ သည်။ လူမျိုး တိုင်း တွင် ယဉ်ကျေး မှုအမျိုး မျိုးရှိ ကြ ပါသည်။ ဧ၀ံဂေ လိဟော ပြော သော သာ သ နာပြု များ သည် မိမိဦး တည် သော လူမျိုး ၏ ယဉ်ကျေး  မှုကို နားလည် သိရှိမှသာ အောင်မြင် စွာ သာသ နာပြုနိုင် ပါမည်။ တစ်ခါ တစ်ရံ အချို့ နေရာ များ တွင် သာ သနာ ပြုများ

သည် မိမိ ယဉ်ကျေး မှုနှင့် ဧ၀ံဂေ လိတ ရားကို ပေါင်းစပ် ၍ အခြား လူမျိုးထံ လက်ဆင့် ကမ်းတတ် ပါသည်။ ကြားနာ ရသော လူများ သည် ဧ၀ံဂေ လိတရား နှင့် အတူပါ လာသော အတွေး အခေါ် ဓလေ့ထုံး တမ်း များကို မနှစ် သက် သော ကြောင့် ဧ၀ံဂေ လိတရား ပြန့်ပွား ရေးကို အဟန့် အတား ဖြစ်စေ နိုင်ပါ သည်။ ထို့ကြောင့် ခရစ် တော်၏ မဟာ စေစား ချက်ကို နာခံ လုပ်ဆောင် လိုသော ယုံကြည် သူခရစ် ယာန် များသည် ယဉ်ကျေး မှုဓလေ့ ထုံးစံ အမျိုး မျိုးကို လေ့လာ ရန် လိုအပ် ပါသည်။
(က)ကနဦးအသင်းတော်
          ယေရှု ရှလင် မြို့တွင် ပေါ်ပေါက် လာသော အသင်း တော် တွင် ကနဦး ခရစ် ယာန်များ သည် ယုဒ လူမျိုး (Jews) များဖြစ် ကြသည်။ ယုဒ ယဉ်ကျေး မှုသည် ထာဝရ ဘုရား နှစ်သက် သောယဉ် ကျေးမှု ဖြစ်သည် ဟု ခံယူထား သော ကြောင့် တစ်ပါး အမျိုးသား များကို ဧ၀ံဂေ လိဟော ပြောသော အခါ ယုဒ ယဉ်ကျေး မှုကို လည်း တစ်ပါ တည်း လက်ခံ ရန် တောင်း ဆိုခဲ့ကြ သည်။ အန္တိ အုတ်မြို့ တွင် ခရစ် ယာန် ဖြစ်လာ သော ဂရိလူ မျိုးများ သည် ယင်း တောင်း ဆိုချက် ကို မလိုက် နာနိုင် ကြပေ။ တစ်ပါး အမျိုး သားခရစ် ယာန်များ သည် အရေပြား လှီး ခြင်း မင်္ဂလာ ခံရန် လိုသည် မလိုသည် ကို ဆွေးနွေး ဆုံးဖြတ် နိုင်စေ ခြင်းငှာ ယေရုရှ လင်ကောင် စီအစည်း အဝေးကို ခေါ်ယူခဲ့ ရပါသည် (တ ၁၅း၁-၄)။ တစ်ပါး အမျိုးသား ခရစ်ယာန် များသည် အရေပြား လှီးခြင်း ခံရန်မ လိုဘဲ လိုက်နာ ရမည့်စည်း ကမ်းအချို့ ရှိသည် ဟု ဆုံးဖြတ် ခဲ့ပါသည် (တ ၁၅း၂၃-၂၉)။ ယုဒ ယဉ်ကျေး မှု ကို မသွတ် သွင်းဘဲ ဂရိလူ မျိုးများ သည် ခရစ် ယာန်ဖြစ် ခွင့် ရရှိခဲ့ ကြ ပါသည်။ အန္တိ အုတ် အသင်း တော်သည် ဗာနဗ နှင့် ပေါလု တို့ကို သာသ နာပြုများ အဖြစ် စေလွှတ် ခဲ့ပါသည်။ ရှင်ပေါ လုသည် အခြား လူမျိုးများ အား ဧ၀ံဂေ လိဟော ပြောသော အခါ သူတို့၏ ယဉ်ကျေး မှုနှင့် လိုက်လျော ညီထွေ စွာ ဟောပြော ကြောင်း (၁ကော ၉း၁၉-၂၃) တွင် ဖော်ပြခဲ့ ပါသည်။ ယနေ့ ခရစ်ယာန် များသည် ကနဦး အသင်း တော် ၏ ပုံသက် သေများ ကို  ဂရုပြု လေ့လာ သင့်ပါ သည်။
( ခ)ယဉ်ကျေးမှု
          ယဉ်ကျေး မှုဆို သည်မှာ လူတို့၏ အသက် ရှင်နေ ထိုင်နည်း (Way of Life) ဖြစ်ပါ သည်။ ယဉ်ကျေး မှု တွင် လူတို့ လေ့လာ သောအ ရာများ စုဆောင်း ဖွဲ့စည်း ထားသော အတွေး အခေါ်များ၊ အပြု အမူများ၊ လောက ကို ရှုမြင်ပုံ  (World View) တို့ ပါဝင် ပါသည်။ World View ဆို သည်မှာ ယဉ်ကျေး မှု၏ နက်ရှိုင်း သော အစိတ် အပိုင်း ဖြစ်၍ လောက ရှိသော အရာများ ကို ရှုမြင်ပုံ နှင့် တုံ့ပြန် ပုံများ ပါဝင် ပါသည်။
          လူမျိုး တိုင်းတွင် ယဉ်ကျေး မှုအသီး သီးရှိ သည်။ ပြဇာတ် တစ်ပုဒ် ပြရန် ဇာတ် ညွှန်းနှင့် ဇာတ်ဆောင် များ ရှိရပါ မည်။ ယဉ်ကျေး မှုသည် ဇာတ်ညွှန်း နှင့်တူပြီး လူများ သည် ဇာတ်ဆောင် များဖြစ် ကြသည်။ ခံယူကျင့် သုံးသော သူများ ရှိမှသာ ယဉ်ကျေး မှုဓလေ့ ထုံးတမ်း များသည် တန်ဖိုးရှိ ကြပါ သည်။ တစ်ခါ တစ်ရံ ဇာတ်ဆောင် သည် ဇာတ်ညွှန်းကို မေ့လျော့ နိုင်ပါ သည်။ တစ်ခါ တစ်ရံ ညွှန်ကြား သူများက ဇာတ် ညွှန်းကို ပြုပြင် နိုင်ပါသည်။ ယဉ်ကျေး မှုတစ်မျိုး သည် အစဉ် အမြဲ တစ်သ မတ်တည်း မရှိဘဲ ပြောင်းလဲ တတ် သော သဘာဝ လဲရှိပါ သည်။
(ဂ)ယဉ်ကျေးမှုသုံးမျိုး
          ကမ္ဘာ လောက ထဲသို့ ဧ၀ံဂေလိ တရားကို သက်သေ ခံရာတွင် ယဉ်ကျေး မှုသုံးမျိုး ဆက်သွယ် ရေးပုံစံ ကို နားလည် ထားရ ပါမည်။ ဧ၀ံဂေလိ ဝေငှသူ သည် သမ္မာ ကျမ်း၏ ယဉ်ကျေး မှု၊ မိမိ၏ ကိုယ်ပိုင် ယဉ်ကျေး မှုနှင့် ကြားနာ သူ၏ ယဉ်ကျေး မှုတို့ကို နားလည် သဘော ပေါက်ပြီး ဆက်သွယ် တတ်ရ ပါမည်။ ခရစ်တော် သည် လူ့ ဇာတိ ခံပြီး ကောင်းကင် နိုင်ငံတော်မှ ယူဆောင် လာသော သတင်း ကောင်းကို ယုဒလူ မျိးများ အား ဟောပြော ခဲ့သည် (ယောဟန် ၁း၁-၂)။ ဓမ္မသစ် ကျမ်းတွင် ဧ၀ံဂေလိ တရားကို ယုဒ ယဉ်ကျေး မှု၊ ဂရိယဉ် ကျေးမှု တို့ဖြင့် တင်ပြ ထား ပါသည်။ ဧ၀ံဂေ လိအမှုတော် ဆောင်သည် ဓမ္မသစ် ကျမ်းကို ဖတ်ရှု သောအခါ မိမိယဉ် ကျေးမှု ရှုထောင့် ဖြင့် ဧ၀ံဂေ လိ တရား ကို နားလည် ခံယူထား ပါသည်။ ထိုအမှု တော်ဆောင် သည် ခရစ်တော် ၏ သံတမန် ဖြစ်၍ သမ္မာကျမ်း ထဲမှ ဧ၀ံဂေ လိတရား ကို မိမိသာ သနာ ပြုမည့် လူမျိုး ထံသို့ အရောက် ပို့ရပါ သည်။ ကြားနာ သော လူမျိုး သည် ဧ၀ံဂေလိ တရား ကို နားလည် လက်ခံ နိုင်ရန် ယဉ်ကျေး မှုသုံးမျိုး ကို ထိရောက် စွာ ဆက်သွယ် ပေးဖို့ လိုအပ် ပါသည်။ ထို့ကြောင့် ဧ၀ံဂေလိ အမှုတော် ဆောင် သည် သမ္မာတ ရားကို မှန်ကန် စွာ ပိုင်းခြား တတ်ပြီး ထိရောက် စွာ ဆက် သွယ် တတ်သော သူ ဖြစ်ရ ပါမည်။
(ဃ)အန္တရာယ်
          လူမျိုး တစ်မျိုး ၏ ယဉ်ကျေး မှုတွင် ခရစ်တော် ၏ သမ္မာ တရားကို ဆန့်ကျင် သော အတွေး အခေါ် ဓလေ့ထုံး တမ်းများ ရှိကောင်း ရှိနိုင်ပါ သည်။ မိမိကိုယ် ကို ခရစ်ယာန် ဖြစ်သည် ဟု ကြော်ငြာ ပြီး ယင်းတို့ ကို ဆက်လက် ယုံကြည် ကျင့် သုံးပါ က အယူ နှောဝါဒ (Syncretism) ဖြစ်ပေါ် နိုင်ပါ သည်။ ကျွန်ုပ် တို့သည် လူတို့၏ ယဉ်ကျေး မှုကို လေးစား သော်လည်း အယူနှော ၀ါဒကို ကျင့်သုံး မည်မ ဟုတ်ပါ။ ကျွန်ုပ်တို့ သည် ယဉ်ကျေး မှု အထက် ရှိသော ခရစ်တော် ကို ယုံကြည် ကိုးစားကြ ပါသည်။ ခရစ်တော် သည် ကိုယ်တော် ဖန်ဆင်း ထား သောနှစ် သက်ဖွယ် ဓလေ့များ ကို ဆက်လက် ကျင့်သုံး စေပါ မည်။ ကိုယ် တော်၏ အလို တော်နှင့် ဆန့် ကျင်သော အရာများ ကို တပည့် တော်တိုင်း ငြင်းပယ် ကြပေ မည်။ “သင်တို့ သည် တတ်နိုင် သမျှအ တိုင်း လူအ ပေါင်းတို့ နှင့် အသင့် အတင့် နေကြ လော့။” (ရောမ ၁၂း၁၈)
          နိဂုံးချုပ် ဆိုရလျှင် ကျွန်ုပ်တို့ သည် ခရစ် တော်၏ ဧ၀ံဂေလိ တရားပြန့် ပွားရန် လုပ်ဆောင် ရာ လူမျိုး အသီး သီး၏ ယဉ်ကျေး မှုများကို လေးစား တန်ဖိုး ထားရ ပါမည်။ ဘုရား သခင် သည် ဧ၀ံဂေ လိတရား နှင့် ဆက် သွယ် နိုင်သော အရာ များကို ယဉ်ကျေး မှုထဲထည့်သွင်း ထားပါ သည်။ အခြား ယဉ်ကျေး မှုထဲသို့ ဧ၀ံဂေ လိတရား အား မည်သို့ ယူသွား ရမည်ကို သန့်ရှင်း သောဝိညာဉ် တော်က သွန်သင် လမ်းပြ ပေးပါ သည်။ ယုံကြည် ခြင်း၊ ချစ်ခြင်း၊ မျှော်လင့် ခြင်းတို့ ဖြင့် သာသ နာကြ ပါစို့။

အထူးသတိရဆုတောင်းပေးကြပါရန်

ရွှေလီ ရှမ်း နှစ် ခြင်းခ ရစ်ယာန် အဖွဲ့ ချုပ်မှ ၂၀၁၅ ခုနှစ် မတ်လ (၁) ရက် မှ(၅) ရက် နေ့အ ထိ ရှမ်း နှစ် ခြင်း ခရစ် ယာန် အသင်း တော် နောင် စန့်ကုန်း၊ နမ့် ခမ်း မြို့၊ ရှမ်း ပြည် နယ် တွင် ပြုလုပ် မည့် “ရေ နက် ရာ သို့” ဧ၀ံ ဂေ လိ သင် တန်းအ တွက် အထူး သတိ ရ ဆု တောင်း ပေး ကြ ရန်ခ ရစ် တော် ၏နာ မ တော် မြတ် ၌ ဖေါ် ပြ ပါ သည်။ အဆို ပါသင် တန်းသို့ မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ် ယာန် အသင်း
ချုပ်၊ ဧ၀ံဂေ လိနှင့် သာ သ နာပြု ရေး ဌာ နမှ တွဲဖက် တာဝန် ခံဆရာ စောဝင်း ဖေဇင် လည်း သွား ရောက် ပို့ချ ပေး မည် ဖြစ်ပါ သည်။

SBCနှင့် MBC ဧ/သ ဌာန၏ တပည့် တော်စစ် ဖြစ်ခြင်း သင်တန်း (မုံရွာ)

မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ် ယာန် အသင်း ချုပ်၊ ဧ၀ံ ဂေလိ နှင့် သာသ နာပြု ရေးဌာ န နှင့် Southern Baptist Convention တို့ပူး တွဲကာ “သာသာ နာပြု ခြင်း ဆိုင်ရာ တပည့် တော် ဖြစ်ခြင်း” တွန်း အား ပေးသင်တန်းကို စစ်ကိုင်း တိုင်း၊ မုံရွာ မြို့ရှိ မုံရွာ နှစ်ခြင်း အသင်း တော် တွင် မတ် လ၊ ၁၇ ရက် နေ့မှ ၁၉ ရက် နေ့ အ ထိ ပြု လုပ် ကျင်းပ ခဲ့ပါ သည်။ မြန်မာ နိုင်ငံ နှစ်ခြင်း အသင်း ချုပ်၊ ဧ၀ံဂေ
လိနှင့် သာသ နာပြု ရေးဌာ နမှ တွဲ ဖက်တာ ၀န်ခံ ဆရာ စောဝင်း ဖေဇင် နှင့် ခရစ် ယာန်ပြု စုပျိုး ထောင် ရေး စီမံ ကိန်းဦး စီးမှူး၊ ဆရာ ရိုဆန်း တို့ပါ ၀င် ခဲ့ပါ သည်။ ၁၆- ၃- ၂၀၁၅ ရက် နေ့ တန င်္လာ နေ့ည တွင် ဖွင့်ပွဲ အားပြု လုပ်နိုင် ခဲ့ပြီး၊ ချင်း တွင်း နှစ်ခြင်း ခ ရစ် ယာန် အကြို နယ် အ ဖွဲ့ အထွေ ထွေ အတွင်း ရေးမှူး Rev. Nun Uk၊ မုံရွာ နှစ်ခြင်း ခရစ် ယာန်  အ သင်း  တော် သင်း အုပ်ဆ ရာ Rev. Pau Nang နှင့် အသင်း တော်မှ တာဝန် ရှိသော ပုဂိုလ် များမှ ကြို ဆို နှုတ် ခွန်း ဆက်ခြင်း ဖြင့် အစပြု ကြပါ သည်။ အဆို ပါသင် တန်းသို့ ကရင် အဖွဲ့ ချုပ်တွင် ပါဝင် သော မုံရွာ က ရင် နှစ်ခြင်း အသင်း တော်မှ သင်း  အုပ်ဆ ရာ(၁)ဦး၊ ချင်း နှစ်ခြင်း အဖွဲ့ ချုပ်၏ မြေပြန့်သာသ နာနယ် များ ဖြစ် သည့် ချင်းတွင်း နှစ်ခြင်း သာသ နာနယ် မှ (၆၀)ဦး၊ ပခုက္ကူ သာသ နာနယ် မှ(၁၃) ဦး၊ ယောသာ သနာ နယ်မှ (၈)ဦး၊ ၊ ဂန့် ဂေါသာ သနာ  နယ်မှ (၁၀)ဦး၊ ဆိပ်ဖြူ သာ သနာ နယ်မှ (၉)ဦး၊ ကလေး မြန်မာ မိတ် သဟာ ယနယ် မှ (၅)ဦး စသည် ဖြင့် သာသ နာပြု ဆရာ စုစုပေါင်း (၁၀၅) ဦး တက် ရောက် နိုင်ခဲ့ပါ သည်။ အ ဆိုပါ သင် တန်း ကို Southern Baptist Convention မှ Rev. Thomas Lawell Bohnert (Tom)  သင် ကြား ပေးခဲ့ပြီး၊ သင်ကြား ပေးခဲ့  သောဘာ သာရပ် များမှာ ၁၇- ၃- ၂၀၁၅ ရက်နေ့ တွင် “ဘုရား သခင် ၏ ရည်ရွယ် ချက်နှင့် ရူပါရုံ” ခေါင်းစဉ် ဖြင့်လည်း ကောင်း၊ ၁၈- ၃- ၂၀၁၅ ရက်နေ့ တွင် “ဧ၀ံဂေ လိတ ရား၏ အမြူ တေ” ခေါင်း စဉ်ဖြင့် လည်း ကောင်း၊ ၁၉- ၃- ၂၀၁၅ ရက်နေ့ တွင် “ရေခံ မြေခံ သာ သ နာပြု ခြင်းဆိုင်  ရာနည်း လမ်းများ” ခေါင်း စဉ်ဖြင့် လည်း ကောင်း ဟော ပြောပို့ ချခဲ့ပါ သည်။ ဘုရား သခင် ၏ လမ်းပြ ပို့ဆောင် မှုကြောင့် ၁၉-၃-၂၀၁၅ ရက်နေ့ ညနေ ပိုင်း ၄း၀၀ နာရီ တွင် သင် တန်း အား ကောင်း  မွန်ချော မောစွာ ရုတ်သိမ်း နိုင်ခဲ့ပါ သည်။
MBC EM and SBC Discipleship Training at Mon Ywa (17-19/3/2015)



ရွှေပြည်မြန်မာတွန်းအားပေးသင်တန်း(ရခိုင်အဖွဲ့ချုပ်)

မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ် ယာန် အသင်း ချုပ်၊ ဧ၀ံ ဂေလိ နှင့် သာသ နာပြု  ရေးဌာ န၏ ရွှေပြည် မြန် မာ နှစ် ခြင်း သာသ နာလုပ် ငန်း၊ ပထမ ဆယ် စုနှစ် တွန်း အား ပေး အစီ အစဉ် ကို၊ ရခိုင် ပြည် နယ် နှစ် ခြင်း ခ ရစ် ယာန် အသင်း တော်များ အဖွဲ့ ချုပ်၊ တည် ရှိရာ ဗိုလ်ချုပ် လမ်း၊ ကျောက် ဖြူ မြို့ တွင် ၂၀၁၅ ခုနှစ် မတ်လ (၂၄)ရက် မှ (၂၆) ရက် နေ့အထိ သွား ရောက် ပြုလုပ် ပေးမည် ဖြစ်ပါ သည်။
အဆို ပါတွန်း အားပေး သင်တန်း သည် ၂၀၁၅- ၂၀၁၇ ပထမ (၃) နှစ် စီမံ ကိန်း အတွက် ဖြစ်ပါ သည်။ သင်ခန်း စာများမှာ- ယဉ်ကျေး မှုခြား သာသ နာပြု ခြင်း (မိတ်ဆက်)၊ လက် တွေ့ ဧ၀ံ ဂေလိ ပြုလုပ် ခြင်း တို့ ဖြစ်ပါ သည်။ ယင်း သင်တန်း အား မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ် ယာန် အသင်း ချုပ်၊ ဧ၀ံဂေ လိနှင့် သာသ နာပြု ရေးဌာ နမှ ဌာန တာဝန် ခံ သိက္ခာ တော်ရ ဆရာ ထောင်း ခန့်စိန် နှင့် ရွှေပြည် မြန်မာ နှစ်ခြင်း သာသ နာလုပ် ငန်း၊ စီမံကိန်း ဦးစီးမှူး ဆရာ စော ဒယ်န ရယ် တို့မှ သွား ရောက် ပို့ချ ပေး မည်ဖြစ်ရာ မိတ်ဆွေ တို့ အနေ ဖြင့် အထူး ဆုတောင်း ခြင်းအား ဖြင့် ပါဝင် ပေး ကြ ပါရန် ခရစ် တော် ၏ နာမ တော် မြတ်၌ ဖေါ် ပြအပ် ပါသည်။

အရှိုနှစ် ခြင်း ကွန် ဖရင့် လူငယ် လုပ်ငန်း စဉ်ညှိနှိုင်း စည်းဝေး

အရှို နှစ်ခြင်း ကွန့်ဖ ရင့် (Asho Baptist Conference) ၊ လူ ငယ် လုပ်ငန်း စဉ်ညှိ နှိုင်းအ စည်း အဝေး ကို ၂၀၁၅ ခုနှစ်၊ မတ် လ(၁၇) ရက်နေ့ မှ(၁၉) ရက် နေ့အ ထိ သရက် အရှို နှစ်ခြင်း ခရစ် ယာန် အသင်း တော် တွင် ပြုလုပ်ခဲ့ ပါသည်။ အဆိုပါ လုပ်ငန်း စဉ် ညှိနှိုင်း အစည်း အဝေး သို့ အရှို သာသ နာနယ် အသီး သီးမှ လူငယ် ခေါင်း ဆောင် (၃၀) ဦးခန့် တက် ရောက်ခဲ့ ကြပါ သည်။ လုပ်ငန်း
စဉ်ညှိ နှိုင်းမ တိုင်ခင် မတ်လ (၁၇)ရက် မှ (၁၈) ရက် နေ့များ တွင် သင်တန်း ပြုလုပ် ပြီး၊ (၁၉) ရက် နေ့ တွင် လုပ် ငန်းစဉ် ညှိနှိုင်း အစည်း အဝေး အားပြု လုပ်ခဲ့ ပါသည်။ သင်တန်း အဖြစ် မတ်လ (၁၇) ရက် နှင့် (၁၈)ရက် နေ့များ တွင် “နှစ်ခြင်း ခရစ် ယာန် လူငယ် နှင့် သာသ နာပြု  ခြင်း” ခေါင်းစဉ် ဖြင့် မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ် ယာန် အသင်း ချုပ်၊ ဧ၀ံဂေ လိနှင့် သာသ နာပြု ရေးဌာ နမှ လက် ထောက် ဌာန တာဝန် ခံဆရာ ဦးသန်း ထိုက် ဟန်မှ ပို့ချ ပေး ပြီး၊ မတ်လ

(၁၈) ရက် နေ့တွင် “လူငယ် နှင့် ခေါင်း ဆောင် မှု” သင်ခန်း စာကို အရှို ဓမ္မကော လိပ်မှ ဒုတိယ ကျောင်း အုပ် သိက္ခာ တော်ရ ဆရာ ဆလိုင်း ယော ဘမှ သင်ကြား ပို့ချ ပေး ခဲ့ပါ သည်။ (၁၉) ရက် နေ့တွင် အရှို နှစ်ခြင်း ကွန့်ဖ ရင့် (Asho Baptist Conference)လူ ငယ်၏ လုပ် ငန်း စဉ် ညှိ နှိုင်း အစည်း အဝေး ကိုအောင် မြင်စွာ ကျင်း ပ ပြုလုပ် နိုင်ခဲ့ ပါသည်။
~အရှိုနှစ်ခြင်းကွန်ဖရင့်မှလူငယ်များနှင့်သင်တန်းဆရာများအမှတ်တရ~

CMF ၏လစဉ် ကိုးကွယ် ၀တ်ပြုခြင်း

မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ် ယာန် အသင်း ချုပ်၊ ဧ၀ံ ဂေလိ နှင့်သာ သနာ ပြုရေး ဌာန ၏မြို့ ကြီးပြည် သူသာ သနာ လုပ်ငန်း၊ CMF ခရစ် ယာန် တေးဂီ တပညာ ရှင်များ ၏တစ် လတစ် ကြိမ် စုပေါင်း ၀တ်ပြု ကိုးကွယ် ခြင်း အစီ အစဉ် ကို ယနေ့ ၂၀၁၅ ခုနှစ်၊ မတ်လ (၁၅) ရက် မွန်းလွဲ (၃)နာ ရီတွင် ၁၄၃၊ မင်းရဲ ကျော် ၊စွာလမ်း၊ လမ်းမ တော် မြို့နယ်၊ ရန်ကုန် ရှိ ကူရှင် ခန်းမ တွင်ပြု လုပ်ခဲ့ ပါသည်။
ဝတ်ပြု ကိုးကွယ် ခြင်း မတိုင်မှီ Praise and Worship အစီ အစဉ်နှင့် အတူ သက် သေခံ ခြင်းအစီ အစီ အား ဖြင့် အစ ပြုခဲ့ ပါသည်။ ၀တ်ပြု ကိုးကွယ် ခြင်းတွင် တရား ဒေသနာ တော်အား Rev.George မှ Power of Praise ခေါင်း စဉ်ဖြင့် ဝေငှ ခဲ့ပါ သည်။ တိုက်တွန်း ခြင်းနှင့် အလှူ တော် ငွေဆက် ကပ် ခြင်းကို စင်္ကာပူ နှစ်ခြင်း အသင်း တော် မှ Rev. Augusts မှ ကမ္ဘာ ဦးကျမ်း ၂၂း၁၂ “ဘုရား သခင် အား ကြောက်

ရွံ့ခြင်း ကိုအာ ဗြံဟံ ကဲ့သို့ ကျွန်ုပ် တို့ လက်တွေ့ ကျကျ မည်သို့ သက်သေ ပြမည် နည်း” ဟု တိုက်တွန်း ပြီး၊ အလှူ တော် ငွေ အား ဆက်ကပ် ပါသည်။ အထူး ဆုတောင်း ခြင်းကို နှစ်ခြင်း အသင်း ချုပ်၊ဧ/သ ဌာနမှ လက်ထောက် တာဝန် ခံ ဆရာဦး သန်းထိုက် ဟန်မှ ဆောင် ရွက်ပေး ခဲ့ပါသည်။ ၀တ်ပြု ကိုးကွယ် ခြင်းနှင့် အတူ ပွဲတော် မင်္ဂလာ ၀တ်ကို လည်း ဆောင် ရွက်ခဲ့ပါ သည်။

အဆိုပါ ကိုးကွယ် ၀တ်ပြု ခြင်း အစီ အစဉ်အား လစဉ် ပြုလုပ် လျှက်ရှိ ပါသော ကြောင့် ခရစ် ယာန် ဂီတ ပညာ ရှင်များ အားလုံး Christian Musician Fellowship (CMF)  သို့ မိတ်သ ဟာရ ဖွဲ့ကြ ရန် ခရစ် တော်၏ နာမ တော် ၌၀မ်း ပန်းတ သာ ဖိတ် ခေါ်အပ် ပါသည်။