GMBM တွန်းအား ပေးသင် တန်းပြီး ဆုံးခြင်း (ရှမ်း/တောင် အဖွဲ့ ချုပ်)

မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ် ယာန် အသင်း ချုပ်၊ ဧ၀ံဂေ လိနှင့် သာသနာ ပြုရေး ဌာန သည် ရွှေပြည် မြန် မာ နှစ်ခြင်း သာသ နာလုပ် ငန်း၊ ဒုတိ ယဆယ် စုနှစ် စီမံ ကိန်းကို ၂၀၁၄ မှ ၂၀၂၄ အထိ ရေးဆွဲ ချမှတ် အကောင် အထည် ဖေါ်ဆောင် ရွက်လျက် ရှိရာ ယခုနှစ် သည် (၂၀၁၅- ၂၀၁၇) ပထမ (၃)နှစ် စီမံ ကိန်းကာ လ၏ ပထမနှစ် ဖြစ်သည့် အားလျှော် စွာ၊ တွန်း အားပေး သင် တန်းများ ကို လူမျိုးစု နှင့် ဒေသန္တ ရအဖွဲ့
ချုပ်များ သို့ သွားရောက် ပို့ချ တွန်း အားပေး လျက် ရှိပါ သည်။ ထို့ကြောင့် ယခု လည်း ရှမ်းပြည် နယ်တောင် ပိုင်း အနီး သာသနာ နှစ်ခြင်း ခရစ်ယာန် အဖွဲ့ ချုပ် အတွက် တွန်းအား ပေးသင် တန်းကို ၂၀၁၅ ခုနှစ်၊ ဧပြီလ (၂၉)ရက် မှ ဧပြီလ (၃၀) ရက် နေ့အထိ ဆောင် ရွက်ခဲ့ ပါသည်။ အဆို ပါတွန်း အားပေး သင်တန်း သို့ ရှမ်း ပြည် နယ် တောင် ပိုင်း အနီး သာသနာ နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်၊ သာသနာ နယ် (၃) နယ်မှ ဧ၀ံဂေ လိ ဆရာ/မ စုစုပေါင်း (၂၀) ဦး တက်ရောက် ခဲ့ကြပါသည်။ ယင်းသင် တန်းတွင် အထူး သဖြင့် ၁။ ယဉ်ကျေး မှုခြား သာသ နာပြုခြင်း သင်ခန်းစာ ၂။ သာသနာ ပြုခြင်း နည်းဗျူ ဟာများ ၃။ တစ်ဦး ချင်းဧ ၀ံဂေ လိ ဟော ပြော နည်း နှင့် ၄။၂၀၁၅ခုနှစ် ဆိုင်ရာ အဖွဲ့ချုပ်၊ သာသ နာနယ် အဖွဲ့ ၊ အခြေ ခံအသင်း တော် များ နှင့် ဧ ၀ံဂေ လိပြု သော ဆရာ/မ တို့ အကောင် အထည် ဖေါ် ဆောင် ရွက်ရ မည့် လုပ်ငန်း ဆိုင်ရာ ကိစ္စ ရပ်များ တင်ပြခြင်း တို့ကို မြန်မာနိုင် ငံနှစ် ခြင်းခရစ် ယာန်အ သင်းချုပ်၊ ဧ၀ံဂေ လိနှင့် သာသနာ ပြုရေးဌာ မှ စီမံကိန်း မှူးနှင့် လက်ထောက် ဌာန တာဝန် ခံတို့ မှ ဝေမျှ ခဲ့ပြီး၊ ၂၀၁၅ ခုနှစ်၊ ဧပြီလ (၃၀)ရက် နေ့နေ့ လည် (၁၂း၀၀) နာရီတွင် သင်တန်း အား အောင်မြင် စွာရုပ်သိမ်း နိုင်ခဲ့ ပါသည်။
GMBMတွန်းအားပေးသင်တန်း၊ရှမ်း/မြောက်အဖွဲ့ချုပ်(တောင်ကြီး၊၂၉-၃၀၊ဧပြီး၊၂၀၁၅)