GMBMတွန်းအားပေးသင်တန်း(ရှမ်း/တောင်အဖွဲ့ချုပ်)

ရှမ်းပြည် နယ် တောင်ပိုင်း နှစ်ခြင်း ခရစ် ယာန် အနီး သာသ နာအဖွဲ့ ချုပ်အတွက် ၂၀၁၅ ခုနှစ် ရွှေပြည် မြန် မာ နှစ်ခြင်း သာသ နာ တွန်းအား ပေးသင် တန်းကို တောင်ကြီး မြို့ ရေထွက် ဦးလမ်း ရှိ၊သာ သနာ ၀င်း၊ သာသ ပြုဆရာ ကြီးဒေါက် တာ ဟက်ကက် အောက် မေ့ဘွယ် ရာခန်း မတွင် ၂၀၁၅ ခုနှစ်၊ ဧပြီလ (၂၉) ရက်မှ (၃၀) ရက် နေ့အ ထိကျင်း ပပြု လုပ်ခဲ့ ပါသည်။ ယင်း တွန်းအား ပေးသင် တန်းသို့ သာသ နာနယ်
(၃) နယ်မှ သာသ နာပြု  ဆရာ/ မစု စုပေါင်း (၂၀)ဦး တက် ရောက် ပါသည်။ အဆိုပါ သင်တန်း ကို ၂၀၁၅ ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့ နံနက် (၈း၀၀) နာရီ တွင် ဖွင့် ပွဲ ကိုးကွယ် ၀တ်ပြု ခြင်းပြှုလုပ်ရာ ဆရာဦး မင်းလျှံ နားမှ “၆လကျွန် နှင့် နားဖေါက် ကျွန်” တရား ဟောရာ ကျမ်း ၁၅း ၁၂- ၁၆ အကြောင်း ကို ဝေငှ ပြီး၊ သဘာ ပတိ အဖြစ် ရှမ်း ပြည်နယ် တောင် ပိုင်း အနီး သာသ နာအဖွဲ့ ချုပ် ၏ဧ/သ ဌာန တာဝန် ခံ ဆရာ အက်ဒ ၀င်ဆိုင်း မှဆောင် ရွက် ခဲ့ပါ သည်။ အထူး ဆုတောင်း ခြင်းကို ဆရာမ ညှင် ငိုက် လွန် မှအထူး ဆုတောင်း ပြီး ဖွင့်ပွဲ ကိုးကွယ် ၀တ်ပြု ခြင်းဖြင့် သင်တန်း အား အစပြုခဲ့ ပါသည်။ သင်တန်း ကို မြန်မာ နိုင်ငံနှစ် ခြင်းခရစ် အသင်း ချုပ်၊ ရွှေပြည် မြန်မာ နှစ်ခြင်း သာသနာ လုပ်ငန်း စီမံကိန်း မှူး ဆရာစော ဒယ်နရယ် နှင့် လက်ထောက် ဌာန တာဝန် ခံ ဆရာ ဦးသန်း ထိုက်ဟန် တို့မှ သမ္မာ ကျမ်းစာ သင်ခန်းစာ၊ တစ်ဦး ချင်း ဧ၀ံ ဂေလိ ဝေငှ ခြင်း၊ ယဉ် ကျေး မှုခြား သာသနာ ပြုခြင်း သင်ခန်းစာ များပို့ ချပေး ပါသည်။ ပထမ နေ့သင် တန်းအား ၂၀၁၅ ခုနှစ် ဧပြီလ (၂၉) ရက်နေ့ ညနေ (၄း၀၀) နာရီ တွင် ခေတ္တ ရပ်နား ခဲ့ပါသည်။ ညပိုင်း အစီအစဉ် အဖြစ် ည(၇း၀၀) နာရီ တွင် သာသနာ ပြုဆ ရာ/မ များမှ မိမိ တို့၏ လုပ်ငန်း အတွေ့ အကြုံ များကို ဝေငှ သက် သေခံ ခြင်းဖြင့် လည်း ကောင်း၊ ယင်းနောက် ညဦး အချိန် ရှိပြီ ဓမ္မသီ ချင်းအား ဖြင့်ချီး မွမ်းပြီး နောက် ပဌနာ ဆုတောင်း ခြင်း အားဖြင့်  ပထမ နေ့ အစီ အစဉ် ကို ခေတ္တ နား ခဲ့ ပါသည်။
 
GMBM training to Shan State Home Mission (29th, Apr 2015) Taung Gyi.