ဓမ္မဝေစာ အလုပ်ရုံဆွေးနွေးပွဲ

မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ် ဧ၀ံဂေ လိနှင့် သာသနာ ပြုရေး ဌာန၏ ခရစ်ယာန် ပြုစု ပျိုး ထောင် ရေးစီမံ ကိန်း (Christian Nurturing)၏ ဓမ္မဝေစာ လုပ်ငန်း အား တိုးမြင့် ဆောင်ရွက် နိုင်ရန် အတွက် ၂၀၁၅ ခုနှစ်၊ မေလ (၆) ရက်နေ့ တစ်နေ့ တာ ဝေစာ လုပ်ငန်း ဆိုင်ရာ အလုပ် ရုံဆွေး နွေးပွဲ ကို မြန်မာ နိုင်ငံနှစ် ခြင်းခရစ်ယာန်
အသင်းချုပ်၊ စည်းဝေး ခန်းမ(၁) တွင် ကျင်းပပြု လုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေး နွေးပွဲ သို့ ဧ၀ံ ဂေလိ နှင့် သာသနာ ပြုရေး ဌာနမှ ကော်မ တီ ၀င်များ အချို့ နှင့်အတူ လူမျိုးစု နှင့် ဒေသန္တရ အဖွဲ့ချုပ် အသီးသီး မှ ဧ/သ တာဝန်ခံများ၊ ကိုယ် စားလှယ် များ တက်ရောက် ဆွေး နွေး ခဲ့ကြ ပါ သည်။ ဆွေးနွေး ပွဲ၏ သဘာပတိ အဖြစ် သိက္ခာတော် ရဆရာ ဒေါက်တာ စော သိန်းရွှေ (ကိုသာဖြူ ဓမ္မ ကော်လိပ်- ပုသိမ်၊ ကျောင်းအုပ် ဆရာကြီး) မှ ပြုလုပ် ခဲ့ပါသည်။ အလုပ် ရုံဆွေး နွေးပွဲ ကို ၀တ်ပြုခြင်း အစီ အစဉ် ဖြင့်အစ ပြုရာ ဒေါက်တာ စောစေးခူ (သဘာပတိ၊ မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်း တော် များအဖွဲ့ ချုပ်၊ဧ/သ ဌာန) မှ ဓမ္မဒေသ နာဝေငှ ခဲ့ပါသည်။ ယင်းနောက် ဓမ္မဝေစာ နှင့်ဆိုင်သော စာတမ်းတင် ပြခြင်းများကို၊ မြန်မာ နိုင်ငံ သမ္မာ ကျမ်းစာ အသင်းကြီး မှလည်းကောင်း၊ Word of Hope မှ လည်းကောင်း၊ နှစ်ခြင်း အသင်းချုပ် ဧ/သဌာန တာဝန်ခံ သိက္ခာတော် ရဆရာ ထောင်းခန့်စိန် မှလည်းကောင်း တင်သွင်း ခဲ့ကြပြီး၊ ညနေပိုင်း တွင် စာတမ်း များအပေါ်တုန့်ပြန် ဆွေးနွေး ခြင်းများ၊ အကောင် အထည် ဖေါ် ဆောင် ရွက်ရမည့် လုပ်ငန်း စဉ်များကို ရေးဆွဲရန် တာဝန်ပေး ခြင်းများ ကို ပြုလုပ် ခဲ့ကြပါသည်။ အလုပ် ရုံဆွေး နွေးပွဲ  ကိုညနေ (၃း၀၀) နာရီ တွင်  အောင်မြင် စွာရုပ်သိမ်း ခဲ့ကြပါသည်။
ဓမ္မဝေစာ အလုပ်` ရုံဆွေး နွေးပွဲ ၊၂၀၁၅ခုနှစ်၊မေလ(၆)ရက်နေ့