● သီ ချင်း ပြိုင် ပွဲ အ တွက် ဒိုင် များ နှင့် တွေ့ ဆုံ ခြင်း ..

၂၀၁၅ ခု နှစ်၊ ဆ ရာ ကြီး ယု ဒ သန် နှင့် ပါ ရ မီ ဖြည့် ဖက် များ အား ဂုဏ် ပြု သော တေး သီ ချင်း ပြိုင် ပွဲ အ တွက် ယ နေ့ ၂၀၁၅ ခု နှစ်၊ ဇူ လိုင် လ (၁) ရက် နေ့ ၊ နံ နက် (၁၀း ၀၀) နာ ရီ တွင် နှစ် ခြင်း အ သင်း ချုပ်၊ ဧ ၀ံ ဂေ လိ နှင့် သာ သ နာ ပြု ရေး ဌာန ရုံး ခန်း တွင် ပြု လုပ် ခဲ့ ရာ Christian Musician Fellowship (CMF) မှ ဂီ တ ပညာ ရှင် (၁၃) ဦး တက် ရောက် ခဲ့ ကြ ပါ သည်။ အ ဆို ပါ စည်း ဝေး တွင် ၂၀၁၅ ခုနှစ် ၊ ဇူ လိုင် လ (၁၁) ရက် နေ့ တွင်ရန် ကုန် မြို့ နှင့် နယ် မြို့ (၆) မြို့ သို့ ဒိုင် များ အ မည် စာ ရင်း အား အ တည် ပြု ခြင်း၊ အ မှတ် ပေး စ နစ် များ ကို အ သေး စိတ် ဆွေး နွေး ဆုံး ဖြတ် ခဲ့ ကြ ပါ သည်။



● Judson Day သီ ချင်း ပြိုင် ပွဲ အ တွက် အ ကြို တွေ့ ဆုံ ခြင်း

၂၀၁၅ ခု နှစ်၊ ဆ ရာ ကြီး ယု ဒ သန် နှင့် ပါ ရ မီ ဖြည့် ဖက် များ အား ဂုဏ် ပြု တေး သီ ချင်း သီ ဆို ပြိုင် ပွဲ အ တွက် ပြိုင် ပွဲ ၀င် မည့် အ သင်း တော် များ နှင့် အ ကြို တွေ့ ဆုံ ခြင်း ကို ယ နေ့ (၃၀ - ၆- ၂၀၁၅ ) ရက် နေ့၊ မွန်း လွဲ (၁း ၀၀ ) နာ ရီ တွင်၊ ကူ ရှင် ခန်း မ၊ မြန် မာ နိုင် ငံ နှစ် ခြင်း အ သင်း ချုပ် တွင် ကျင်း ပ ပြု လုပ် ခဲ့ ပါ သည်။ တွေ့ ဆုံ ပွဲ သို့ ပြိုင် ပွဲ ၀င် မည့် အ သင်း တော် များ မှ ကိုယ် စား လှယ် တစ် ဦး စီ တက် ရောက် ရန် ဖိ တ် ကြား ထား ရာ၊အ သင်း တော် ပေါင်း (၂၈) ပါး မှ ကိုယ် စား လှယ် များ တက် ရောက် ခဲ့ ကြ ပါ သည်။ ဆို  ပါ တွေ့ ဆုံ ပွဲ တွင် ပြိုင် ပွဲ ကျင်း ပ ရ ခြင်း ၏ ရည် ရွယ် ချက် နှင့် အ နှစ် သာ ရ ကို ဆရာ ဦး သန်း ထိုက် ဟန် ( လက် ထောက် ဌာ န တာ ၀န် ခံ၊ M B C ဧ/သ ဌာ န) မှ ရှင်း လင်း တင် ပြ ပြီး၊ ဆ ရာ ၀င်း ထွဋ် သာ ကြည် (ဌာ န တာ ၀န် ခံ၊ M B C လူ ငယ် ဌာ န) မှ ပြိုင် ပွဲ ၏ သ ဘော သ ဘာ ၀ ကို ရှင်း လင်း တင် ပြ ပေး ခဲ့ ပါ သည်။ ယင်း နောက် ကို အောင် ဒူး (CMF Christian Musician Fellowship) မှ ပြိုင် ပွဲ နှင့် စပ် ဆိုင် သော အ မှတ် ပေး စည်း ကမ်း များ ကို အ သေး စိတ် တင် ပြ ရာ တက် ရောက် လာ သော ကိုယ် စား လှယ် များ မှ မေး မြန်း ဆွေး နွေး ခဲ့ ကြ ပြီး ပြိုင် ပွဲ အ တွက် လို အပ် ချက် များ ကို ညှိ နှိုင်း သတ် မှ တ် ခြင်း များ ပြု လုပ် ခဲ့ ကြ ပါ သည်။ ယင်း တွေ့ ဆုံ ပွဲ ကို မွန်း လွဲ (၂း၃၀) တွင် အား လုံး မတ် တတ် ရပ် ကာ ပ ဌ နာ တော် ဆု တောင်း ခြင်း အား ဖြင့် ရုပ် သိမ်း ခဲ့ ကြ ပါ သည်။ ယင်း တွေ့ ဆုံ ပွဲ မှ ထွက် ပေါ် လာ သော သတ် မှတ် ချက် များ ကို နှစ် ခြင်း အ သင်း ချုပ် လူ ငယ် ဌာ န ၏ Facebook တွင် ဖေါ် ပြ ပေး မည် ဖြစ် သော ကြောင့် အောက် ပါ Link သို့ ၀င် ရောက် ဖတ် ရှု ကြ ပါ ရန် ဖေါ် ပြ အပ် ပါ သည်။

● နှစ်ခြင်းအသင်းချုပ်၊လူငယ်ဌာန၏Facebookသို့ဝင်ရောက်ရန် »




● ၂၀၁၅ ရွှေပြည် မြန်မာ တွန်း အား ပေး သင် တန်း (ပိုး ကရင်)

မြန် မာ နိုင် ငံ နှစ် ခြင်း ခ ရစ် ယာန် အ သင်း ချုပ်၊ ဧ ၀ံ ဂေ လိ နှင့် သာ သ နာ ပြု ရေး ဌန ၏ ရွှေ ပြည် မြန် မာ နှစ် ခြင်း သာ သ နာ လုပ် ငန်း ဒု တိ ယ ဆယ် စုနှစ်၊ ပထမ (၃) နှစ် စီမံ ကိန်း တွန်း အား ပေး သင် တန်း ကို၊ လူမျိုး စု နှင့် ဒေ သန္တ ရ အဖွဲ့ ချုပ် များ သို့ တွန်း အား ပေး သင် တန်း များ ပို့ ချ လျှက် ရှိ ရာ ၊ ပိုး က ရင် နှစ် ခြင်း ကွန် ဖရင့် အတွက် ၂၀၁၅ ခုနှစ် တွန်း အား ပေး သင် တန်း ကို အဖွဲ့ ချုပ် ရုံး စိုက် ရာ ၊နှစ် ခြင်း သာ သ နာ ၀င်း၊ အ လုံမြို့ နယ် တွင် ၂၀၁၅ ခုနှစ်၊ ဇူလိုင် လ(၂၃) ရက် မှ (၂၄) ရက် များ တွင် ပြု လုပ် ခဲ့ ရာ၊ ပ ထ မ နေ့ ဇူ လိုင် လ (၂၃) ရက် နေ့၊ နံ နက် (၈း၃၀) မှ (၁၂း၀၀) နာ ရီ အ ထိ ဆရာ စော ၀င်း ဖေ ဇင် (တွဲဖက် ဌာန တာ ၀န် ခံ- ဧ/သ ဌာန) မှ  “သာ သ နာ ပြု ခြင်း သ ဘော သ ဘာ ၀” နှင့် ပတ် သက် သော သ မ္မာ ကျမ်း စာ သင် ခန်း စာ အား ပို့ချ ပြီး၊ မွန်း လွဲ (၁း၀၀ မှ ၄း၀၀) နာရီ ဆရာ ဒယ် နီ ရယ် (ရွှေပြည် မြန်မာ စီ မံ ကိန်း ဦး စီးမှူး )မှ  “သာ သနာ ပြု ခြင်း နည်း ဗျူ ဟာ” သင် ခန်း စာ အား လည်း ကောင်း၊ ဒု တိယ နေ့ ဇူလိုင် လ (၂၄) ရက် နေ့  နံ နက် (၈း၃၀)နာရီ မှ (၁၂း၀၀) နာရီ အထိ ဆရာ ၀င်း ဖေ ဇင် မှ “Cross Cultural Mission” သင် ခန်း စာ အား လည်း ကောင်း၊ မွန်းလွဲ (၁း၀၀) နာရီ မှ (၃း၀၀) နာ ရီ အထိ ဆ ရာ ဒယ် နီ ရယ် မှ “တစ်ဦး ချင်း ဧ၀ံ ဂေလိ ဝေငှ ခြင်း” သင် ခန်း စာ အား လည်း ကောင်း ပို့ချ ပြီး၊ ည နေ (၃း၀၀) နာရီ မှ (၄း၀၀) နာ ရီ တွင် စီ မံ ကိန်း ဦး စီး မှူး မှ ရွှေ ပြည်မြန် မာ နှစ်ခြင်း သာ သ နာ၊ ဒု တိ ယ ဆယ် စု နှစ် ၏ ပထ မ(၃) နှစ် စီ မံ ကိန်း အား ရှင်း လင်း တင်ပြ ခဲ့ပါ သည်။ သင် တန်း ကို ဆု တောင်း ခြင်း ဖြင့် ရုပ် သိမ်း ခဲ့ပါ သည်။ အ ဆို ပါ သင် တန်း သို့ ပိုး က ရင် နှစြ်ခင်း ခရစ် ယာန် အ ဖွဲ့ ချုပ် မှ ဧ၀ံ ဂေ လိတာ ၀န်ခံ များ (၁၀) ဦး တက် ရောက် ခဲ့ကြ ပါ သည်။
၂၀၁၅-ရွှေပြည်မြန်မာတွန်းအားပေးသင်တန်း(ပိုးကရင်ကွန်ဖရင့်)၂၃-၂၄/၆/၂၀၁၅

● “၀“အဖွဲ့ချုပ်၊ဓမ္မသစ်ကျမ်းအသံသွင်းခြင်း...

“၀” နှစ် ခြင်း ခရစ် ယာန် အဖွဲ့ ချုပ်မှ ကြီး မှူး လျှက် “၀” ဓမ္မ သစ် ကျမ်း စာ အား အသံ သွင်း ယူ ခြင်း အစီ အစဉ် ကို လာ မည့် အပတ် မှ စတင် ကာ လား ရှိုးမြို့ တွင် ပြု လုပ် ရန် ရှိ ပါသည်။ ယင်း အစီ အစဉ် ၏ ရည် ရွယ် ချက် မှာ စာ မ တတ် သေး သော “၀” ဒေ သမှ “၀” လူမျိုး များ ခရစ် တော် ၏ သတင်း ကောင်း အား ကြား နာ ခွင့် ရ ရန် ဖြစ် ပါသည်။ အဆို ပါ အသံ သွင်း ယူ ခြင်း အစီ အစဉ် ကို တစ်လ ကျော် ကြာ အချိန် ယူ ပြီး သွင်း ယူ ရ မည် ဖြစ် ကြောင်း သိရှိ ရ ပါ သည်။ ယင်း အစီ အစဉ် အား အောင် မြင် စွာ ဆောင် ရွက် နိုင် ရေး အတွက် မိတ် ဆွေ တို့ အနေ ဖြင့် အထူး သတိ ရ ဆု တောင်း ခြင်း အား ဖြင့် ပါ ၀င် ကြ ပါ ရန် ခရစ် တော် ၏ နာ မ တော် မြတ် ၌ ဖေါ်ပြ အပ် ပါ သည်။

Special Prayer Request...
WA Baptist Convention conducts to voice recording The New Testament in WA at Lashio town start from coming Monday. The aim of this program is to share the gospel to illiterates who are in WA villages and this program will take for over one month. That is why, you are very requested to pray for this program.

● ယုဒသန် သီချင်း သီဆို ပြိုင် ပွဲ ကျင်းပ ရေး အထူး အစည်း အ ဝေး (၂)

၂၀၁၅ ခုနှစ် ဇူ လိုင် လ (၁၁) ရက် နေ့ တွင် ရန် ကုန် မြို့ အပါ အ၀င် မြို့ (၇) မြို့ တွင် ပြု လုပ် မည့် ယုဒ သန် ဂုဏ် ပြု တေး သီ ချင်း သီ ဆို ပြိုင် ပွဲ အတွက် ပြိုင် ပွဲ ကျင်း ပရေး အထူး အစည်း အဝေး ကို ယနေ့ ၂၀၁၅ ခု နှစ် ဇွန် လ (၁၇) ရက် နေ့ တွင် မြန်မာ နိုင် ငံ နှစ် ခြင်း ခရစ် ယာန် အသင်း ချုပ်၊ တွဲ ဖက် အထွေ ထွေ အ တွင်း ရေးမှူး ရုံး ခန်း တွင် ကျင်း ပ ပြု လုပ် ခဲ့ ပါသည်။ ယင်း အစည်း အဝေး တွင် သဘာ ပ တိ အဖြစ် သိ က္ခာ တော် ရ ဆရာ မန်း စံ သိန်း ထွန်း(ဘ ဏ္ဍာ ထိန်း) မှ ဆောင် ရွက် ပြီး အစည်း အဝေး သို့ လူငယ် ဌာန တာ ၀န် ခံ ဆရာ ၀င်း ထွဋ် သာ ကြည်၊ ဧ၀ံ ဂေ လိနှင့် သာသ နာ ပြု ရေး ဌာန မှ ဆရာ စော ၀င်း ဖေ ဇင် ၊လက် ထောက် တာဝန် ခံ ဆရာ ဦး သန်း ထိုက် ဟန်၊ မြန်မာ နိုင် ငံ ခရစ် တေး ဂီ တ ပညာ ရှင် များ မိတ် သ ဟာ ယ (CMF) မှ ကို အောင် ဒူး ၊ ကို William ၊ ဆရာမ ဒေါ် ကေဂျာ ဆန်၊ ဆရာမ ဒေါ် ကေ ဂျာ နူး ၊ စော ဂျိုး ဂျိုး၊ ရှိန်း ၊ ခွန် မြတ် တို့ ပါ ၀င် တက် ရောက် ခဲ့ ကြ ပါ သည်။ အစည်း အဝေးကို ဆရာမ ဒေါ် ကေ ဂျာ နူး မှ ဆု တောင်း ခြင်း အား ဖြင့် အစပြု ခဲ့ ပြီး အစည်း အဝေး တွင် မြို့(၇) မြို့ တွင် ပြုလုပ် မည့် ပြိုင် ပွဲ များ အတွက် လို အပ် သော ငွေ ကြေး ကိစ္စ များ၊ ပြိုင် ပွဲ ပြင်ဆင် ခြင်း ကိစ္စ များ၊ နယ်မြို့ များ သို့ သွား ရောက် ညှိနှိုင်း ရေး ကိစ္စ များ နှင့် စေလွှတ် မည့် ဒိုင် ကိစ္စ များ ဆွေး နွေး ခဲ့ ကြ ပါသည်။ နောက် တစ် ကြိမ်း အစည်း အဝေး ကို  ၂၀၁၅ ခုနှစ် ဇွန်လ (၃၀) ရက် နေ့ ၊ နံနက် (၁၀း ၀၀) နာ ရီ တွင် ပြု လုပ် ရန် ဆုံး ဖြတ် ပြီး သိက္ခာ တော် ရ ဆရာ မန်း စံ သိန်း ထွန်း ဆု တောင်း ခြင်း ဖြင့် အစည်း အဝေး အား ရုပ် သိမ်း ခဲ့ ပါ သည်။

သီချင်းဆိုပြိုင်ပွဲကျင်းပရေးအထူးအစည်းအဝေး (၁၇-၆-၂၀၁၅)MBC AGS Office:

တ ပည့် တော် စစ် သင် တန်း အမှတ် စဉ် (၁) (ရွှေ လီ ရှမ်း အ ဖွဲ့ချုပ်)

ရွှေ လီ ရှမ်း နှစ် ခြင်း ခရစ် ယာန် သာ သ နာ အ ဖွဲ့ ချုပ်၊ ရွှေ လီ ရှမ်း နှစ် ခြင်း ခ ရစ် ယာန် သာ သ နာ အ ဖွဲ့ ချုပ်၊ ဧ၀ံ ဂေ လိ နှင့် သာ သ နာ ပြု ရေး ဌာ န၊ တ ပည့် တော် စစ် သင် တန်း အ မှတ် စဉ် (၁)ရွှေ လီ ရှမ်း နှစ် ခြင်း ခ ရစ် ယာန် သာ သ နာ အ ဖွဲ့ ချုပ်၊ ဧ၀ံ ဂေ လိ နှင့် သာ သ နာ ပြု ရေး ဌာ န မှ ကြီး မှူး ကာ  တ ပည့် တော် စစ် သင် တန်း အ မှတ် စဉ် (၁) အား ရှမ်း ပြည် နယ်၊ နမ့် ခမ်း မြို့ နယ်၊ နောင် စန့် ကုန်း ရှမ်း နှစ် ခြင်း အ သင်း တော် တွင်
ဇွန် လ (၁) ရက် မှ (၁၃) ရက် အ တွင်း သင် တန်း သား (၁၂) ဦး ဖြင့် အောင် မြင် စွာ ပြု နိုင် ခဲ့ ပါ သည်။ ထို တ ပည့် တော် စစ် သင် တန်း တွင် မြန် မာ နိုင် ငံ နှစ် ခြင်း အ သင်း ချုပ်၊ ဧ ၀ံ ဂေ လိ နှင့် သာ သ နာ ပြု ရေး ဌာ န မှ ခ ရစ် ယာန် ပြု စု ပျိုး ထောင် ရေး စီ မံ ကိန်း ဦး စီး မှူး ဆ ရာ ရို ဆန်း မှ ဇွန် လ (၆) ရက် မှ (၁၃) ရက် အ ထိ တ ပည့် တော် စစ် ဖြစ် ခြင်း နှင့် ခ ရစ် ယာန် အ သက် တာ ခေါင်း စဉ် ကို သင် ကြား ပို့ ချ ပေး နိုင် ခဲ့ ပါ သည်။ သင် တန်း ဆင်း ပွဲ ကို ဇွန် လ (၁၃) ရက် နေ့၊ စ နေ နေ့ ည နေ ၄း၀၀ နာ ရီ တွင် ရွှေ လီ ရှမ်း နှစ် ခြင်း ခ ရစ် ယာန် သာ သ နာ အ ဖွဲ့ ချုပ် မှ ဧ ၀ံ ဂေ လိ နှင့် သာ သ နာ ပြု ရေး ဌာ န တာ ၀န် ခံ သိ က္ခာ တော် ရ ဆ ရာ စိုင်း အောင် သိန်း ဦး၊ နောင် စန့် ကုန်း ရှမ်း နှစ် ခြင်း အ သင်း တော် သင်း အုပ် ဆ ရာ တော် သိ က္ခာ တော် ရ ဆ ရာ စိုင်း ထွန်း ကျော်၊ မြန် မာ နိုင် ငံ နှစ် ခြင်း အ သင်း ချုပ် မှ ဆ ရာ ရို ဆန်း နှင့် ကော် မ တီ ၀င် များ တက် ရောက် ကာ သင် တန်း သူ၊ သင် တန်း သား များ အား သင် တန်း ဆင်း လက် မှတ် များ ပေး အပ် နိုင် ခဲ့ ပါ သည်။
တပည့်တော်စစ်သင်တန်း၊အမှတ်စဉ်(၁)၊ရွှေလီရှမ်းအဖွဲ့ချုပ်၊(၁-၁၃/၆/၂၀၁၅)

၂၀၁၅ ခု နှစ်၊ ယု ဒ သန် နေ့ အ ကြို သီ ချင်း ဆို ပြိုင် ပွဲ (ရန် ကုန်)

မြန် မာ နိုင် ငံ နှစ် ခြင်း ခရစ် ယာန် အသင်း ချုပ်၊ ၂၀၂ ကြိမ် မြောက်၊ ယုဒ သန် နေ့ သည်၊ ၂၀၁၅ ခု နှစ်၊ ဇူ လိုင် လ (၁၂) ရက် နေ့ တွင် ကျ ရောက် မည် ဖြစ် ပါ သည်။...ယင်း နေ့ မ တိုင် မီ ၊ ဇူ လိုင် လ (၁၁) ရက် နေ့ တွင်၊ ယုဒ သန် နေ့ အ ကြို သီ ချင်း ဆို ပြိုင် ပွဲ များ ကို လည်း ရန် ကုန် မြို့နှင့် အတူ နယ် မြို့အ ချို့တွင် ပြုလုပ် ရန်ရှိ ပါ သည်။
ရန် ကုန်မြို့ တွင်ပြု လုပ် မည့် ယုဒ သန်နေ့ ဆိုင်ရာ ဟော ပြော ပွဲနှင့် သီချင်း ဆိုပြိုင် ပွဲကို ၊အောက် ဖေါ်ပြ ပါ အစီ အစဉ် များအ တိုင်း ဆောင် ရွက် သွား မည်ဖြစ် သော ကြောင့် ၊ကြွ ရောက် ပါ ၀င်ကြ ရန်ခ ရစ် တော် ၏နာ မတော် မြတ် ၌ဖိတ် ခေါ်ပါ သည်။

● ဟောပြောပွဲ …
»» အချိန်---နံနက်(၉း၀၀ - ၁၂း၀၀)နာရီအတွင်း
»» ဟောပြောမည့်ပုဂ္ဂိုလ---ဆရာမ မိုးဦးဇွန်(ကမာရွတ်)
»» နေရာ---အောက်မေ့ဘွယ်ရာခန်းမ၊နှစ်ခြင်းခရစ်ယာန်အသင်းချုပ်။

● သီချင်းဆိုပြိုင်ပွဲ…
»» နေ့ရက်။---ဇူလိုင်လ..(၁၁)ရက်၊(စနေနေ့)။
»» အချိန်။---မွန်းလွဲ (၁း၀၀)နာရီ နာရီ။
»» နေရာ။---နှစ်ခြင်းအသင်းချုပ်အောက်မေ့ဘွယ်ခန်းမ။

● ပြိုင်ပွဲဆုများ …
»» (ပထမဆု - ၇သိန်းကျပ် နှင့် ဆုတံဆိပ်)
»» (ဒုတိယဆု - ၆ သိန်းကျပ် နှင့် ဆုတံဆိပ်)
»» (တတိယဆု - ၅ သိန်းကျပ် နှင့် ဆုတံဆိပ်)
»» (နှစ်သိမ့်ဆု - ၂ သိန်းကျပ် -(သုံးဆု)

● ပြိုင်ပွဲစည်းကမ်းများ …
စည်းကမ်း(၁)
နှစ်ခြင်း အသင်း တော် တစ်ပါး လျှင်(၁) ဖွဲ့ ပါဝင် ယှဉ်ပြိုင် ခွင့်ရှိ ပါသည်။
စည်းကမ်း(၂)
တစ်ဖွဲ့လျှင် သီ ဆိုသူ အနည်း ဆုံး (၁၂) ဦး မှ အများ ဆုံး ၂၀ ဦး ပါဝင် ယှဉ်ပြိုင် နိုင်ပါ သည်။
စည်းကမ်း(၃)
လူမျိုး ရေး၊ နိုင်ငံရေး၊ ဘာသာ ရေးအ မြင်မ ကြည် လင်မှု များဖြစ် ပေါ်စေ နိုင်သည့် သရုပ် ဖေါ်တင် ဆက်မှု များလုံး ၀မပြု လုပ် ရ ပါ။
စည်းကမ်း(၄)
ပြိုင်ပွဲ နှင့် ပတ် သက် ၍ဒိုင် များ၏ အဆုံး အဖြတ် သည် သာ အ တည် ဖြစ်ပါ သည်။
စည်းကမ်း(၅)
ပါဝင် ယှဉ်ပြိုင် မည့်အ သင်း တော်များ အနေ ဖြင့်မြန် မာနိုင် ငံနှစ်ခြင်း ခရစ် ယာန် အသင်း ချုပ်၊ လူငယ် ဌာန(သို့) ဧ/သ ဌာန ၊ဖုန်း ၂၂၁၄၆၅၊ ၂၂၃၂၃၁ လိုင်း ခွဲ-၁၁၂ (သို့) (၁၀၈) သို့ဇူ လိုင် လ(၈) ရက်နေ့ နောက် ဆုံး ထားပြီး အကြောင်း ကြား နိုင်ပါ သည်။

● အမှတ်ပေးစည်းမျဉ်းများ …
»» စာသားမှန်ကန်မှု - (၁၅) မှတ်
»» စကားလုံးပီသစွာသီဆိုနိုင်မှု - (၁၅) မှတ်
»» သံစဉ်ညီညာမျှတမှု - (၂၀) မှတ်
»» သံစဉ်မှန်ကန်မှု - (၂၀) မှတ်
»» သရုပ်ဖေါ်တင်ဆက်မှု - (၁၅) မှတ်
»» တီထွင်ဆန်းသစ်မှု - (၁၅) မှတ်

● ပြိုင်ပွဲကျင်းပမည့်မြို့များ …
၁။ ရန်ကုန်မြို့...

၂။ လွိုင်ကော်မြို့...
၃။ နမ်းခမ်းမြို့
၎။ တောင်ကြီးမြို့...
၅။ ပြင်ဦးလွင်မြို့...
၆။ တောင်ငူမြို့...
၇။ ပုသိမ်မြို့...
-၂၀၁၅ခုနှစ်၊ယုဒသန်နေ့သီချင်းဆိုပြိုင်ပွဲပိုစတာ-


ရွှေ ပြည် မြန် မာ နှစ် ခြင်း သာ သ နာ တွန်း အား ပေး အစီ အစဉ် (က ရင် အဖွဲ့ ချုပ်)

ရွှေ ပြည် မြန် မာ နှစ် ခြင်း သာသ နာ လုပ် ငန်း ဒု တိ ယ ဆယ် စု နှစ် ၏ ပထ မ နှစ် စီ မံ ကိန်း အ တွက် တွန်း အားပေး အစီ အစဉ် များ ကို လူမျိုး စုနှင့် ဒေ သန္တ ရအ ဖွဲ့ချုပ် များ သို့ လိုက် လံပြု လုပ် ရာ၊ ၂၀၁၅ ခုနှစ်၊ ဇွန်လ (၉- ၁၀) နေ့ များ တွင် က ရင် နှစ် ခြင်း ခရစ် ယာန် အဖွဲ့ ချုပ်၊ ကျောက် ကြီး သာ သနာ နယ် ကျောက် ကြီး အသင်း တော် တွင် ပြု လုပ် ရာ တွန်း အား ပေး သင် တန်း သို့ က ရင် နှစ် ခြင်း ခရစ် ယာန် အဖွဲ့ ချုပ် လက် အောက် ရှိ
သာ သ နာ နယ် အပါး ၂၀ မှ ဧ/သ ဌာ နမှ တာ ၀န် ခံများ၊ သာ သနာ ကွင်း တွင် လက် တွေ့ သာ သ နာ ပြု နေကြ သော သာ သ နာပြု များ တက် ရောက် ကြ ပါ သည်။ ၉- ၆- ၂၀၁၅ ရက်၊ နံ နက် ၈း ၃၀ တွင် တွန်း အား ပေး အ စီအ စဉ် ကို ၀တ် ပြု ခြင်း ဖြင့် စ တင် ဖွင့် လှစ် ခဲ့ပါ သည်။ နံ နက် ၁၀း ၀၀ နာ ရီမှ မွန်း တည့် ၁၂း ၀၀ အ ထိ မြန် မာနို င်ငံ နှစ် ခြင်း ခရစ် ယာန် အ သင်း ချုပ်၊ ဧ၀ံ ဂေ လိနှင့် သာ သ နာပြု ရေး ဌာ နမှ တွဲ ဘက် တာ ၀န် ခံ ဆရာ စော ၀င်းဖေ ဇင်မှ “သာ သ နာ ပြုခြင်း ၏ သ ဘော သ ဘာဝ” ခေါင်း စဉ်ဖြင့် သမ္မာ ကျမ်း စာ သင် ကြား ပေးပြီး၊ မွန်း လွဲ ၁း၀၀ မှ ၄း၀၀ နာ ရီ တွင် ရွှေ ပြည် မြန် မာ စီမံ ကိန်း ဦး စီး မှူး ဆ ရာစော ဒယ် နီ ရယ် မှ “သာ သ နာ ပြုခြင်း နည်း ဗျူ ဟာ” ကို သင်ကြား ကာ ည နေ ၄း ၀၀ နာ ရီ တွင် ရပ် နား ခဲ့ ပါ သည်။ ည ၆း ၃၀ မှ ၇း ၃၀ တွင် ၂၀၁၅ - ၁၇ ခုနှစ် ရွှေ ပြည် မြန် မာ ပ ထ မ ၃ နှစ် စီမံ ကိန်း ကို ဆရာ စော ဒယ် နီ ရယ်မှ တင်ပြ ခဲ့ပါ သည်။ ၁၀- ၆- ၂၀၁၅ ခုနှစ်၊ ည ၆း ၃၀ မှ ၇း ၃၀ နာရီ တွင် မြန် မာ နိုင် ငံ နှစ်ခြင်း ခရစ် ယာန် အ သင်း ချုပ်၊ ဧ ၀ံဂေ လိနှင့် သာ သနာ ပြု ရေး ဌာနမှ တွဲဘက် တာဝန် ခံ ဆရာ စော ၀င်းဖေ ဇင်မှ  “ယဉ်  ကျေး မှုခြား သာ သ နာ ပြု နည်း ပျူ ဟာ” ကို ပို့ ချ ပြီး ည ၇း၃၀ တွင် သင် တန်း ကို ဆု တောင်း ၀တ် ပြု  ခြင်း ဖြင့် ပြန် လည်ုပ် သိမ်း ခဲ့ပါ သည်။အ ဆို ပါ အစီ အစဉ် သို့ ကရင် နှစ်ခြင်း ခရစ် ယာန် အဖွဲ့ ချုပ် လက် အောက် ရှိ သာသ နာနယ် ၂၀ မှ၊ ကိုယ် စား လှယ် (၂၀၀) ကျော် တက် ရောက် ခဲ့ကြ ပါသည်။ ကရင် နှစ် ခြင်း ခရစ် ယာန် အဖွဲ့ ချုပ် ၏ (၂၀ ၁၅ - ၂၀ ၁၇) စီမံ ကိန်း နှစ် အ တွက် သာ သနာ ကွင်း အသစ် (၆၈) ကွင်း ဖေါ် ထုတ် အ ကောင် အ ထည် ဖေါ် ရန် ဖြစ်ပါ သည်။


ရွှေပြည်မြန်မာတွန်းအားပေးသင်တန်း၊ ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ ကျောက်ကြီးနှစ်ခြင်းအသင်းတော်၊ (၉-၁၀/၆/၂၀၁၅)