● Future MBC Mission Seminar: (ပထမနေ့) ...

မြန် မာ နိုင် ငံနှစ် ခြင်း ခ ရစ် ယာန် အ သင်း ချုပ်၊ ဧ ၀ံ ဂေ လိ နှင့် သာ သ နာ ပြု ရေး ဌာ န မှ ကြီး မှူး ပြု လုပ် သော Future MBC Mission Seminar ၏ ဖွင့် ပွဲ နှင့် Seminar ကို ၂၀၁၆ ခု နှစ် ၊ မေ လ (၁၆) ရက် နေ့ နံ နက် ၈း ၀၀ နာ ရီ တွင် စ တင် ပြုလုပ် ရာ ၊ သ ဘာ ပ တိ အ ဖြစ် ဆ ရာ စော ၀င်း ဖေ ဇင် (တွဲ ဖက် တာ ၀န် ခံ ၊ MBC ဧ/သ ဌာ န ) မှ လည်း ကောင်း ၊ ဆွေး နွေး ပွဲ အ ဖွင့် ဆက် ကပ် ဆု တောင်း ခြင်း ကို ဆ ရာ ဦး သန်း ထိုက် ဟန် မှ လည်း ကောင်း ၊ အ ဖွင့် အ မှာ စ ကား အား ၊ မြန် မာ နိုင် ငံ နှစ် ခြင်း အ သင်း ချုပ် ၊ ဘဏ္ဍာ ထိန်း Rev. မန်း စံ သိန်း ထွန်း မှ လည်း ကောင်း ၊ကောင်း ချီး ပေး ခြင်း ကို Rev. Dr. ရန် ခို ပေါင် (MBC အ ထွေ ထွေ အ တွင်း ရေး မှူး) မှ လည်း ကောင်း  ပါ ၀င် ခဲ့ ကြ ပါ သည်။ ယင်း နောက် သ မ္မာ ကျမ်း စာ သင် ကြား ခြင်း ကို Rev. Dr. ဆိုင် မွန် ပေါင် ခန့် အင် မှ သင် ကြား ပေး ခဲ့ ပါ သည်။ ယ နေ့ ၁၆ - ၅ -၂၀၁၆ ရက် နေ့ စာ တမ်း ရှင် များ အ ဖြစ် Rev. ထောင် ခန့် စိန် (တာ ၀န် ခံ ၊ MBC ဧ/သ ဌာ န) မှ “ အ နာ ဂတ် သာ သ နာ့ ရေ စီး ကြောင်း” ခေါင်း စဉ် ဖြင့် လည်း ကောင်း ၊ Dr. စော စေး ခူ မှ “သာ သ နာ ကွင်း သစ် များ အ တွက် ချိတ် ဆက် ဆောင် ရွက် မှု နှင့် Issue များ” ခေါင်း စဉ် ဖြင့် လည်း ကောင်း အ သီး သီး စာ တမ်း များ အား တင် ပြ ခဲ့ ကြ ပါ သည်။ ထို့ နောက် အ ဆို ပါ စာ တမ်း များ နှင့် ပတ် သက် သော မေး ခွန်း (၄) ခု ကို ၊ အ ဖွဲ့ (၄) ဖွဲ့ ခွဲ ပြီး ၊ ဆွေး နွေး ခြင်း ၊ အ ဖွဲ့ လိုက် တင် ပြ ခြင်း နှင့် တုန့် ပြန် ဆွေး နွေး ခြင်း များ ကို ပြု လုပ် ခဲ့ ကြ ပါ သည်။ ယင်း Seminar သို့ ဖိတ် ကြား ထား သော လူ မျိုး စုနှင့် ဒေ သ န္တ ရ မှ အ ထွေ ထွေ အ တွင်း ရေး မှူး များ ၊ အ ဖွဲ့ ချုပ် ဧ/သ တာ ၀န် ခံ များ ၊ ဌာ န မှ ကော် မတီ ၀င် များ စု စု ပေါင်း ၃၈ ဦး တက် ရောက် ပါ ၀င် ခဲ့ ပါ သည်။ Seminar ကို ၁၇ - ၅- ၂၀၁၆ နေ့ အ ထိ (၂) ရက် တာ ဆက် လက် ပြု လုပ် သွား မည် ဖြစ် ရာ ၊ ဒု တိ ယ နေ့ တွင် “ခရစ် ယာန် သာ သ နာ ပြု ခြင်း နှင့် ဥ ပ ဒေ” ကို ဦး အေး မြင့် (တ ရား လွှတ် တော် ရှေ့ နေ) နှင့် “ အ နာ ဂတ် ခရစ် ယာန် သာ သ နာ ပြု ခြင်း ဆိုင်ရာ နည်း ဗျူ ဟာ” အား Rev. Dr. လန် ကျင့် ထန် တို့ မှ တင် ပြ သွား မည် ဖြစ် ပါ သည်။
Rev. Dr. ဆိုင်မွန်ပေါင်ခန့်အင်(သမ္မာကျမ်းစာသင်ကြားခြင်း)

Future MBC Mission Seminar on 16-5-2016, Room (3) MBC.

Future MBC Mission Seminar on 16-5-2016, Room (3) MBC.

Future MBC Mission Seminar on 16-5-2016, Room (3) MBC.

Rev. ထောင်ခန့်စိန် (စာတန်းဖတ်ကြားခြင်း)

Dr. စောစေးခူ (စာတမ်းတင်ပြခြင်း)