● Future MBC Mission Seminar (ဒုတိယနေ့) ...

မြန် မာ နိုင် ငံ နှစ် ခြင်း ခ ရစ် ယာန် အ သင်း ချုပ်၊ ဧ ၀ံ ဂေ လိ နှင့် သာ သ နာ ပြု ရေး ဌာန မှ ပြု လုပ် သော Future MBC Mission Seminar ၏ ဒု တိ ယ နေ့ ကို ဆက် လက် ပြု လုပ် ရာ နံ နက် ပိုင်း ၀တ် ပြု ကိုး ကွယ် ခြင်း တွင် ဓမ္မ ဒေ သ နာ အား ၀ နှစ် ခြင်း ခ ရစ် ယာန် အ ဖွဲ့ ချုပ် အ ထွေ ထွေ အ တွင်း ရေး မှူး သိက္ခာ တော် ရ ဆရာ အိုက် နပ် ထောင်း မှ လည်း ကောင်း ၊ ကောင်း ချီး ပေး ခြင်းကို ရှမ်း ပြည် တောင် ပိုင်း တိုင်း ရင်း သား နှစ် ခြင်း ခရစ် ယာန် အ နီး သာ သ နာ အဖွဲ့ ချုပ် အ ထွေ ထွေ အ တွင်း ရေး မှူး သိ က္ခာ တော် ရ ဆရာ စော အေး ၀ီး မှ လည်း ကောင်း၊ သ မ္မာ ကျမ်း စာ သင် ကြား ခြင်း ကို သိ က္ခာ တော် ရ ဒေါက် တာ ဆိုင် မွန် ပေါင် ခန့် အင် မှ လည်း ကောင်း ပါ ၀င် ခဲ့ ကြ ပါ သည်။ စာ တမ်း များ အ ဖြစ် ဦး အေး မြင့် (တ ရား လွှတ် တော် ရှေ့ နေ)  မှ “ သာ သ နာ ပြု ခြင်း နှင့် ဥ ပ ဒေ ရေး ရာ” ၊ သိ က္ခာ တော် ရ ဒေါက် တာ လန် ကျင့် ထန် မှ “ ခ ရ စ် ယာန် သာ သနာ ပြု ခြင်း ဆိုင် ရာ နည်း ဗျူ ဟာ များ ” ခေါင်း စဉ် များ ဖြင့် တင် ပြ ခဲ့ ကြ ပါ သည်။ ယင်း နောက် အ ဖွဲ့ (၄) ဖွဲ့ ဖြင့် ဆွေး နွေး ကြ ပြီး ၊ အ ဖွဲ့ လိုက် တင် ပြ ခြင်း များ ကို ပြု လုပ် ခဲ့ ကြ ပါ သည်။ အ ဆို ပါ Future MBC Mission Seminar မှ တွေ့ ရှိ ချက် များ ကို ရ ယူ ပြီး ဧ ၀ံ ဂေ လိ နှင့် သာ သနာ ပြု ရေး ဌာန ၏ ၁/၂၀၁၆ ဌာ န ကော် မ တီ စည်း ဝေး သို့ ဆက် လက် တင် ပြ သွား ရန် အား လုံး သ ဘော တူ ခဲ့ ကြ ပါ သည်။ ညနေ ၄း၄၀ နာ ရီ တွင် ဆက် ကပ် ၀တ် ပြု ခြင်း ကို ပြု လုပ် ရာ သိက္ခာ တော် ရ ဆရာ ကြီး စော သိန်း အောင် ငှေး မှ တရား ဒေ သ နာ ဝေ ငှ ခဲ့ ပြီး ၊ ရွှေ လီ ရှမ်း နှစ် ခြင်း ခရစ် ယာန် အ ဖွဲ့ ချုပ် သိက္ခာ တော် ရ ဆရာ စိုင်း အောင် ၀င်း ကောင်း ချီး ပေး ခြင်း ဖြင့် ရုပ်သိမ်း ခဲ့ ပါ သည်။
Future MBC Mission Seminar: May 16-17,2016, Room (3), MBC.