● သာသ နာပြုခြင်း ဆိုင်ရာ တွန်းအားပေး အစီအစဉ်...

မြန် မာ နိုင် ငံ နှစ် ခြင်း ခ ရစ် ယာန် အ သင်း ချုပ်၊ ဧ ၀ံ ဂေ လိ နှင့် သာ သ နာ ပြု ရေး ဌာ န သည် အ သင်း တော် များ၏ သာ သ နာ ပြု လုပ် ငန်း များ အ တွက် အ ထောက် အ ကူ ရ ရှိ စေ ရန် ရည် ရွယ် လျှက် “သာ သ နာ ပြု ခြင်း ဆိုင် ရာ တွန်း အား ပေး အစီ အ စဉ် ကို ၂၀၁၇ ခု နှစ်၊ နို ၀င် ဘာ လ (၄)ရက် ၊ စ နေ နေ့ ၊ နံ နက်  (၉း၀၀) နာ ရီ မှ မွန်း တည့် (၁၂း၀၀) နာ ရီ အ ထိ ကူ ရှင် ခန်း မ ဆောင်၊ နှစ် ခြင်း အ သင်း ချုပ် တွင် ပြု လုပ် ရာ ၊ ရန် ကုန် မြို့ ရှိ အ သင်း တော် များ မှ အ သင်း တော် ခေါင်း ဆောင် (၈၀) ဦး ကျော် တက် ရောက် ခဲ့ ကြ ပါ သည်။ အဆို ပါ အစီ အ စဉ် ၌ သ ဘာ ပ တိ အ ဖြစ် ဆရာ စော ၀င်း ဖေ ဇင် (တွဲ- ဌာ န တာ ၀န် ခံ၊ နှစ် ခြင်း အ သင်း ချုပ် မှ လည်း ကောင်း၊ “အ သင်း တော် သာ သ နာ ပြု ခြင်း ၏ အ နက် အ ဓိ ပ္ပါယ်”ခေါင်း စဉ်  သိ က္ခာ တော် ရ ဆ ရာ ထောင်း ခန့် စိန် (ဌာ န တာ ၀န် ခံ- ဧ/သ ဌာ န၊ မြန် မာ နိုင် ငံ နှစ် ခြင်း ခရစ် ယာန် အ သင်း ချုပ်) မှ လည်း ကောင်း၊ ကြို ဆို နှုတ် ခွန်း ဆက် စ ကား ပြော ကြား ခြင်း အား ဆ ရာ မ ဒေါ် နန်း သူ ဇာ မွန် (တွဲ- ဘဏ္ဍာ ထိန်း ၊ နှစ်ခြင်း ခရစ် ယာန် အ သင်း ချုပ်) မှ လည်း ကောင်း၊ Rev. Dr. ပေါင် လွန်း မှ ကောင်း ချီး ပေး ခြင်း အား ဖြင့် လည်း ကောင်း၊ ကချင် နှစ် ခြင်း အ သင်း တော် ၊ ရန် ကုန် လူ ငယ် များ မှ Praise and Worship နှင့် Mission Item အား ဖြင့် လည်း ကောင်း၊ (CMF) ခ ရစ် ယာန် ဂီတ ပညာ ရှင် များ မိ ဿ ဟာ ယ အ ဖွဲ့ မှ Praise and Worship အား ဖြင့် လည်း ကောင်း၊ သာ သ နာ ပြု လုပ် ငန်း များ အ တွက် အ ထူး ဆု တောင်း ခြင်း များ အား ဖြင့် လည်း ကောင်း ဆောင် ရွက် ခဲ့ ကြ ပါ သည်။ (၁၁ - ၁၁ - ၂၀၁၇) ရက်( စနေ နေ့) တွင် အထူး ဟော ပြော မည့် ပုဂ္ဂိုလ် မှာ Rev. Dr. အော် နယ် ညို ဖြစ် ပြီး၊ အ ထူး ဟော ပြော မည့် ခေါင်း စဉ် မှာ၊ “ အ သင်း တော် သာ သ နာ ၏ အ ကျိုး သက် ရောက် မှု များ ” ဖြစ် ပါ သည်။ Mission Item ကို ချင်း နှစ် ခြင်း အ သင်း တော် (CBC) မှ လည်း ကောင်း၊ Praise and Worship ကို မြို့မ က ရင် နှစ် ခြင်း အ သင်း တော် (ဧမာ နွေလ) မှ လည်း ကောင်း၊ တ ပင် တိုင် ဂုဏ် တော် ချီး မွမ်း ခြင်း အား ၊ Myanmar Idol မှ စော လား ထော် ၀ါး တို့ မှ ပါ ၀င် ဆက် ကပ် သွား မည်ဖြစ် ပါ သော ကြောင့်၊ ရန် ကုန် အ သင်း တော် များ မှ ကိုယ်စား လှယ်များ မ ကွက် မ ပျက် ပါ ၀င် ခွန် အား  ယူ ကြ ရန် လေး စား စွာ ခ ရစ် တော် ၏ နာ မ တော် မြတ် ၌ ဖိတ် ကြား အပ် ပါ သည်။



ဆရာမဒေါ်နန်းသူဇာမွန်(တွဲ-ဘဏ္ဍာထိန်း)၊-ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားနေစဉ်

ဆရာစောဝင်းဖေဇင်(တွဲ-တာဝန်ခံ၊ဧ/သဌာန)၊-သဘာပတိ

သိက္ခာတော်ရဆရာထောင်းခန့်စိန်(တာဝန်ခံ၊ဧ/သဌာန)၊-အထူးဟောပြောနေစဉ်

CMFမှPraise and Worship အားဖြင့်ပါဝင်နေစဉ်

ကချင်နှစ်ခြင်းအသင်းတော်(ရန်ကုန်)မှလူငယ်များ