● သာ သ နာ ပြု ခြင်း ဆိုင် ရာ တွန်း အား ပေး အ စီ အ စဉ် (ဒု တိ ယ အ ပတ်)...

မြန် မာ နိုင် ငံ နှစ် ခြင်း ခ ရစ် ယာန် အ သင်း ချုပ် ၊ ဧ ၀ံ ဂေ လိ နှင့် သာ သ နာ ပြု ရေး ဌာ န မှ နှစ် ခြင်း အ သင်း တော် များ ၏ သာ သ နာ ပြု လုပ် ငန်း များ အ တွက် အ ထောက် အ ကူ ပြု ရန် ရည် ရွယ် လျက် “ သာ သ နာ ပြု ခြင်း ဆိုင် ရာ တွန်း အား ပေး အ စီ အ စဉ်” ကို ၂၀၁၇ ခု နှစ်၊ နို ၀င် ဘာ လ တစ် လ တာ ၊ စ နေ နေ့ တိုင်း ၊ နံ နက် (၉း၀၀ - ၁၂း၀၀) နာ ရီ အ တွင်း ၊ ကူ ရှင် ခန်း မ ၊ နှစ် ခြင်း ခရစ် ယာန် အ သင်း ချုပ် ၊ အ မှတ် - ၁၄၃၊ မင်း ရဲ ကျော် စွာ လမ်း တွင် ပြု လုပ် ကျင်း ပ လျက် ရှိ ရာ၊ယ နေ့ ဒု တိ ယ အ ပတ် စ နေ နေ့ ၊ နံ နက် (၉း၀၀ - ၁၂း၀၀) နာ ရီ တွင် လည်း ကျင်း ပ ပြု လုပ် ခဲ့ ပါ သည်။ အ ဆို ပါ အ စီ အ စဉ် ၌ သ ဘာ ပ တိ အ ဖြစ် ဆ ရာ ဦး သန်း ထိုက် ဟန် (လက် ထောက် ဌာ န တာ ၀န် ခံ၊ ဧ/သ ဌာ န၊ MBC) မှ လည်း ကောင်း၊ “Senders and Goers” စေ လွှတ် သော သူ နှင့် သွား သော သူ များ ခေါင်း စဉ် ဖြင့် အ ထူး ဟော ပြော ဝေ ငှ ခြင်း ကို Rev. Dr. အော် နယ် ညို မှ လည်း ကောင်း၊ ချီး မွမ်း ကိုး ကွယ် ခြင်း (Praise and Worship) ကို CMF ခရစ် ယာန် ဂီ တ ပညာ ရှင် များ မိ ဿ ဟာ ယ အ ဖွဲ့ နှင့် မြို့ မ က ရင် နှစ် ခြင်း အ သင်း တော် (ဧ မာ နွေ လ) မှ လည်း ကောင်း၊ သာ သ နာ ပြု ခြင်း ဆိုင် ရာ သ ရုပ် ဖေါ် တင် ဆက် ခြင်း အား ချင်း နှစ် ခြင်း အ သင်း တော် (CBC) မှ လည်း ကောင်း၊ တ ပင် တိုင် ချီး မွမ်း ခြင်း ကို စော လား ထော် ၀ါး မှ လည်း ကောင်း၊ အ လှူ တော် ငွေ ဆက် ကပ် ခြင်း ကို Rev. ဆ လိုင်း ဘ ဦး (ဧ/သ တာ ၀န် ခံ၊ ရ ခိုင် ပြည် နယ် နှစ် ခြင်း ခ ရစ် ယာန် အ ဖွဲ့ ချုပ်) မှ လည်း ကောင်း၊ အ ထူး ဆု တောင်း ခြင်း အ စီ အ စဉ် အ တွက် ဦး ဆောင် ခြင်း ကို ဆ ရာ စော ၀င်း ဖေ ဇင် (တွဲ ဖက် ဌာ န တာ ၀န် ခံ၊ ဧ/ သ ဌာ န ၊ MBC) မှ လည်း ကောင်း၊ ကောင်း ချီး ပေး ခြင်း ကို Rev. ဆ မို ဇော် လင်း ဦး (အ ထွေ ထွေ အ တွင်း ရေး မှူး၊ အ ရှို နှစ် ခြင်း ခ ရစ် ယာန် အ ဖွဲ့ ချုပ်) မှ လည်း ကောင်း အ သီး သီး ပါ ၀င် ဆက် ကပ် ခဲ့ ကြ ပါ သည်။ နို ၀င် ဘာ လ ၊ ဒု တိ ယ အ ပတ် သာ သ နာ ပြု ခြင်း ဆိုင် ရာ တွန်း အား ပေး အ စီ အစဉ် သို့ ရန် ကုန် မြို့ ရှိ အ သင်း တော် များ မှ ကိုယ် စား လှယ် (၅၀) ဦး ကျောက် တက် ရောက် ခဲ့ ကြ ပြီး၊ တ တိ ယ အ ပတ် သာ သ နာ ပြု ခြင်း ဆိုင် ရာ တွန်း အား ပေး အစီ အစဉ် ကို ၊ လာ မည့် အ ပတ် ၊ ၂၀၁၇ ခု နှစ်၊ နို ၀င် ဘာ လ (၁၈) ရက် (စ နေ နေ့)၊ နံ နက် (၉း၀၀- ၁၂း၀၀) နာ ရီ တွင် ၊ အ မှတ် - ၁၄၃၊ ကူ ရှင် ခန်း မ၊ မြန် မာ နိုင် ငံ နှစ် ခြင်း ခ ရစ် ယာန် အ သင်း ချုပ် တွင် ပြု လုပ် သွား မည် ဖြစ် ပါ သည်။ ယင်း တ တိ ယ အ ပတ် အ စီ အစဉ် တွင်၊ အ ထူး ဟော ပြော ဝေ ငှ ခြင်း ကို “အ သင်း တော် သာ သ နာ ပြု ခြင်း ၏ တ ပည့် တော် စစ် ဖြစ် ခြင်း” ခေါင်း စဉ် ဖြင့် ဆ ရာ ဇော် ၀င်း (သြ စ တေး သျ) မှ ဝေ ငှ မည် ဖြစ် ပြီး၊ တ ပင် တိုင် ချီး မွမ်း ခြင်း၊ Mission Item နှင့် Praise and Worship အ စီ အစဉ် များ လည်း ပါ ၀င် မည့် ဖြစ် ပြီး ၊ အ သင်း တော် များ ၏ သာ သ နာ ပြု ခြင်း ဆိုင် ရာ လုပ် ငန်း များ အ တွက် တန် ဘိုး ကြီး လှ သော အ စီ အစဉ် ဖြစ် ကြောင်း သ တင်း ကောင်း ပါး အပ် ပါ သည်။
Rev. Dr. အော်နယ်ညို (အထူးဟောပြောဝေငှခြင်း)


ဆရာသန်းထိုက်ဟန်(သဘာပတိ)

မြို့မကရင်နှစ်ခြင်းအသင်းတော်(ဧမာနွေလ)

စောလားထော်ဝါး(တပင်တိုင်)

ချင်းနှစ်ခြင်းအသင်းတော်(CBC) (Mission Item)