မိတ်ဆွေတို့အနေဖြင့်သမ္မာကျမ်းနှင့်ပတ်သက် ပြီးတိုက်ရိုက်ဆွေးနွေးနိုင်ရန်အတွက်ဖေါ်ပြပါ
လင့်အားကလစ်နှိပ်ပြီးဆွေးနွေးနိုင်ပါသည်။ အထူးသဖြင့်BibleCorresPondenceသင်ခန်းစာ
များနှင့်ပတ်သက်ပြီးဆွေးနွေးနိုင်ပါသည်။ အပြုသဘောဆောင်သောပါဝင်ဆွေးနွေးမှုဖြင့်
ဆွေးနွေးလိုသူတိုင်းကိုဝမ်းမြောက်စွာဖိတ်ခေါ် ပါသည်။
တိုက်ရိုက်ဆွေးနွေးရန်လင့်သို့
သမ္မာကျမ်းစာတိုက်ရိုက်ဆွေးနွေး လိုသူတိုင်းအတွက်

ခေတ်ပေါ်ဓမ္မတေးသီချင်း ရေးစပ်ပြိုင်ပွဲ
ခေတ်ပေါ်ဓမ္မတေးသီချင်း ရေးစပ်ပြိုင်ပွဲ
နှစ်ခြင်းအသင်းချုပ်၊ဧ၀ံဂေလိနှင့်သာသနာပြု ရေးဌာနသည်ဆရာကြီးယုဒသန်နှင့်ပါရမီဖြည့်
ဖက်တို့၏ပေးဆပ်မှုကိုအောက်မေ့ဂုဏ်ပြုရန်၊ ဆရာကြီးယုဒသန်နှင့်ပါရမီဖြည့်ဖက်များ၏
သာသနာပြုစိတ်ဓါတ်များနှစ်ခြင်းယုံကြည်သူ နှင့်အသင်းတော်များထဲစဉ်ဆက်မပြတ်စိမ့်ဝင်
ပျံ့နှံ့စေရန်၊နှစ်ခြင်းလူငယ်များသည်ဤဓမ္မ တေးသီချင်းအားဖြင့်သာသနာ့လုပ်ငန်းများ
တွင်၊အတူလက်တွဲလုပ်ဆောင်လာစေရန်နှင့် ဓမ္မတေးသီချင်းခွေထုတ်လုပ်ခြင်းဖြင့်သာသနာ
ပြုလုပ်ငန်းများအတွက်အလှူငွေရရှ္မိရန်ရည်ရွယ် ချက်များဖြင့်ခေတ်ပေါ်ဓမ္မတေးသီချင်းရေးစပ်
ပြိုင်ပွဲကိုပြုလုပ်မည်ဖြစ်ပါသည်။
စည်းကမ်းချက်။
၁။ပါဝင်ယှဉ်ပြိုင်သူတိုင်းသည်..မိခင်အသင်း တော်၏၊အသင်းသား/သူဖြစ်ကြောင်းထောက်
ခံချက်ကိုပါပူးတွဲပေးပို့ရမည်။
၂။ပါဝင်ယှဉ်ပြိုင်သောသီချင်းသည်မိမိကိုယ် တိုင်ရေးစပ်သီကုံးထားသောကိုယ်ပိုင်သံစဉ်
မြန်မာစာသားဖြစ်ရမည်။
၃။Solo,Duet,Groupမိမိနှစ်သက်ရာသီချင်းကို မိမိနှစ်သက်သည့်သီချင်းပုံစံMusicStyle ဖြင့်
ပါဝင်ယှဉ်ပြိုင်နိုင်သည်။
၎။Guitar,Keyboardနှစ်သက်ရာတူရိယာဖြင့် အသံရှင်းလင်းပီသစွာအသံသွင်းပြီးCDဖြင့်
လည်းကောင်း၊စာသားဆက်သွယ်ရန်ဖုံး၊ အီးမေးလ်နှင့်လိပ်စာအပြည့်အစုံကိုစာရွက်
ဖြင့်လည်းကောင်းပေးပို့ရမည်။
၅။ပါဝင်ယှဉ်ပြိုင်သောသီချင်းသည်အနည်းဆုံး (၃)မိနစ်နှင့်အများဆုံး(၆)မိနစ်အတွင်းရှိရမည်။
၆။သတ်မှတ်ကာလထက်နောက်ကျသော၊သီ ချင်းများကိုထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။
၇။ဆုရသီချင်းများကိုမြန်မာနိုင်ငံနှစ်ခြင်းခရစ် ယာန်အသင်းချုပ်၊ယုဒသန်နေ့အစီအစဉ်၏မူ
ပိုင်အဖြစ်ထားရှိခွင့်ပြုရမည်။
၈။ဆုရသီချင်းရွေးချယ်ရာတွင်အကဲဖြတ်ဒိုင် အဖွဲ့၏ဆုံးဖြတ်ချက်သည်သာလျှင်အတည်ဖြစ်
သည်။
နောက်ဆုံးပေးပို့ရမည့်နေ့။
၂၀၁၅-ခုနှစ်၊ဇန်န၀ါရီလ(၉)ရက်၊သောကြာ နေ့၊ညနေ၄း၀၀နာရီနောက်ဆုံးထားပေးပို့ရန်။
ပေးပို့ရမည့်လိပ်စာများ။
၁။ရုံးအုပ်ကြီး(နှစ်ခြင်းအသင်းချုပ်)
၂။ဌာနတာဝန်ခံ(ဧ၀ံဂေလိနှင့်သာသနာပြုရေး ဌာန)
၃။ဌာနတာဝန်ခံ(လူငယ်ဌာန)
ဆက်သွယ်မေးမြန်းရန်။
ဆရာဝင်းထွဋ်သာကြည်(၀၉၄၂၀၂၉၀၇၅၈)
ဆရာစောဂျိုးဂျိုး(၀၉၇၃၀၆၆၃၆၉)
ဆရာမဒေါ်ကေဂျာနူး(၀၉၄၃၀၃၂၈၂၆)
ပြိုင်ပွဲဆုကြေး။
ပြိုင်ပွဲတွင်အဆင့်(၁)မှအဆင့်(၁၅)အထိရွေးချယ် ခံရသူတိုင်းအားတစ်ဦးလျှင်၊(တစ်သိန်းကျပ်)
တိတိစီချီးမြှင့်သွားမည်ဖြစ်သည်။
-ပထမဆုအတွက်(ငါးသိန်းကျပ်)
-ဒုတိယဆုအတွက်(လေးသိန်းကျပ်)
-တတိယဆု(သုံးသိန်းကျပ်)
ထပ်မံချီးမြှင့်သွားမည်ဖြစ်သည်။

“အပြုံးပန်း”ဓမ္မပညာကျောင်းများအတွက်တေးစီးရီး

ဓမ္မပညာကျောင်းများအတွက်သိက္ခာတော်ရ ဆရာဦးလင်းစိန်ရေးစပ်သီကုန်း ပြီး၊စံပါယ်သင်း
အက်စ်ကဲနက်၊စောဖိုးခွား၊ဂဲလေး၊FatFatတို့မှ ယခင်နှင့်မတူ၊ တမူထူးခြားစွာတီး ခတ်သီဆို
ထုတ်လုပ်ထားသော“အပြုံးပန်း”mp3တေးစီးရီး ထွက်ရှိပြီဖြစ်ပါသည်။တစ်ခွေ လျှင်(၁၀၀၀)
ကျပ်ဖြင့်နှစ်ခြင်းအသင်းချုပ်ဆိုင် များနှင့် LOGOSတေးသံသွင်းတွင်ဝယ်ယူနိုင်ပါသည်။
အသေးစိတ်စုံစမ်းရန် (၀၉-၃၁၃၂၈၇၃၉)သို့ ဆက်သွယ်ပါ။နယ်သမားများအတွက်အထူး
ဈေးနှုံးရှိပါသည်။
အသေးစိတ်ဖတ်ရှုလိုသူများအတွက်

ယုဒသန်နေ့အစီအစဉ်ရေးဆွဲရေး ကော်မတီအစည်းအဝေး

နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့သောမြန်မာနိုင်ငံနှစ် ခြင်းခရစ်ယာန်အသင်းချုပ်“ယုဒ သန်နေ့” အစီ
အစဉ်ကိုနှစ်(၂၀၀)လွန်ကာလ၌မြန်မာနိုင်ငံ ကယ်တင်ခြင်းရဖို့ရန်၊ကိုယ်ကျိုးစွန့်အနစ်နာခံ
လျှက်၊ပင်လယ်သင်္ချိုင်း၌ပင်သင်္ဂြိုလ်ခြင်းကိုခံခဲ့ သောဆရာကြီးယုဒသန်၏သာသနာပြုစိတ်
ဓါတ်ကိုမြန်မာနိုင်ငံရှိနှစ်ခြင်းယုံကြည်သူများ၏ နှလုံးသားထဲသို့စိမ့်ဝင်ရန်နှင့်နိုင်ငံလုံးဆိုင်ရာ
ရာနှိုးကြားမှုကြီးဖြစ်လာစေရန်ရည်ရွယ်ချက် ဖြင့်၊ထူးခြားသောအစီအစဉ်များဖြင့်၊၂၀၁၅
ခုနှစ်ယုဒသန်နေ့အစီအစဉ်ကိုဆောင်ရွက်ရန် ယုဒသန်နေ့အစီအစဉ်ရေးဆွဲရေးကော်မတီ
အစည်းအဝေးကို၊၂၀၁၅ခုနှစ်သြဂုတ်လ(၁၉) ရက်နေ့တွင်၊မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ်ရှိ
စည်းဝေးခန်းမ(၂)တွင်ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့၊မြန်မာနိုင်ငံနှစ်ခြင်း
ခရစ်ယာန်အသင်းချုပ်၊ဌာနအသီးသီးမှဌာန တာဝန်ခံများနှင့်အတူရန်ကုန်အခြေစိုက်အဖွဲ့
ချုပ်များမှဧ/သဌာနတာဝန်ခံများ၊တိုက်ရိုက် ဆက်သွယ်သောအသင်းတော်နှစ်ပါးမှကိုယ်
စားလှယ်များတို့တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးကိုနံနက်(၁၀း၀၀)နာရီတွင်
ပိုးကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဧ/သ တာဝန်ခံဆရာမန်းကိုလတ်မှဆုတောင်းခြင်း
အားဖြင့်အစပြုခဲ့ပါသည်။ကော်မတီ၏သဘာ ပတိအဖြစ်နှစ်ခြင်းအသင်းချုပ်တွဲဖက်အထွေ
ထွေအတွင်းရေးမှူးသိက္ခာတော်ရဆရာစန် စမ်လတ်မှဆောင်ရွက်ခဲ့ပါသည်။အစည်းအ
ဝေးကိုမွန်းတည့်(၁၂း၀၀)နာရီတွင်အောင်မြင် စွာရုပ်သိမ်းခဲ့ပါသည်။

![]() |
ယုဒသန်အစီအစဉ်ရေးဆွဲရေးကော်မတီအစည်းအဝေး(MBC-Room2) |
ရှမ်း/တောင်အဖွဲ့ချုပ်ရက်(၄၀) ဧ၀ံဂေလိသင်တန်းသတင်း

ရှမ်းပြည်နယ်တောင်ပိုင်းတိုင်းရင်းသားနှစ်ခြင်း ခရစ်ယာန်အနီးသာသနာအဖွဲ့ချုပ်၊ဧ၀ံလိနှင့်
သာသနာပြုရေးဌာနသည်သာသနာလုပ်ငန်း များအား(၃)နှစ်စီမံကိန်းရေးဆွဲအကောင်အ
ထည်ဖေါ်ဆောင်ရွက်လျှက်ရှိရာဧ၀ံဂေလိနှင့် သာသနာပြုရေးအခြေခံသင်တန်း(ရက်ပေါင်း
၄၀)အား၂၀၁၄ခုနှစ်၊ဇွန်လ(၂)ရက်နေ့မှစတင် ဖွင့်လှစ်ပြီး၂၀၁၄ ခုနှစ်၊ဇူလိုင်လ(၁၃)ရက်နေ့
ဆရာကြီးယုဒသန်နေ့ထိဖွင့်လှစ်နိုင်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့သင်တန်းသူ/သားစုစု
ပေါင်း(၁၇)ဦးနှင့် လေ့လာသူ(၂)ဦးတို့တက် ရောက်ခဲ့ပါသည်။သင်တန်းပို့ချခဲ့သည့်ဆရာ
မများမှာစုစုပေါင်း(၂၁)ဦးရှိပါသည်။သင်တန်း တွင်ဘာသာရပ်စုစုပေါင်း(၂၂)ခုဖြင့်သင်ကြား
ပို့ချပေးနိုင်ခဲ့ပါသည်။စာတန်းတင်ပြခြင်းနှင့်ရွှေ ပြည်မြန်မာနှစ်ခြင်းသာသနာ၊ဒုတိယဆယ်
စုနှစ်အမြင်ဖွင့်သင်တန်းကိုလည်းအဆိုပါသင် တန်းနှင့်တွဲလျှက်ဆောင်ရွက်နိုင်ခဲ့ပါသည်။
ယင်းအမြင်ဖွင့်သင်တန်းသို့ မြန်မာနိုင်ငံနှစ် ခြင်းခရစ်ယာန်အသင်းချုပ်၊ဧ၀ံဂေလိနှင့်သာ
သနာပြုရေးဌာနမှသဘာပတိဖြစ်သောသိက္ခာ တော်ရဆရာစောဒိုးဒိုဝါးနှင့်ဌာနတာဝန်ခံ
သိက္ခာတော်ရဆရာထောင်းခန့်စိန်တို့လာ ရောက်သင်ကြားခြင်း၊အမြင်ဖွင့်ခြင်းများကို
ဆောင်ရွက်ပေးခဲ့ပါသည်။အဖွဲ့ချုပ်၏ပထမ အကြိမ်ရက်ပေါင်း(၄၀)ဧ၀ံဂေလိသင်တန်း
ဆင်းပွဲသို့သိက္ခာတော်ရဆရာစောဒိုးဒိုဝါးမှ ဦးဆောင်ကာသင်တန်းဆင်းပွဲကိုအောင်မြင်
စွာပြုလုပ်နိုင်ခဲ့ပါသည်။

ရှမ်း/တောင်အဖွဲ့ချုပ်ဧ၀ံဂေလိရက်(၄၀)သင်တန်းအမှတ်တရ |
ယုဒသန်နေ့အစီအစဉ်မြှင့်တင်ရေး ဆိုင်ရာဆွေးနွေးပွဲ

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်ယုဒ သန်တနင်္ဂနွေနေ့အစီအစဉ်မြှင့်တင်ရေး ဆိုင်ရာ
ဆွေးနွေးပွဲကို၂၀၁၄ခုနှစ်သြဂုတ်လ(၈)ရက်နေ့ နံနက်(၉း၃၀)နာရီတွင်၊မြန်မာနိုင်ငံနှစ်ခြင်းခရစ်
ယာန်အသင်းချုပ်အထူးစည်းဝေးခန်းတွင်ကျင်းပ ပြု လုပ်ခဲ့ပါသည်။အဆိုပါအစည်းအဝေးသို့Rev.
Dr.စောမာဂေးကြီး၊ Rev.Dr.အေကိုလေးRev. Dr.ဇော်ဝင်း(ဥက္ကဌ)၊တွဲဖက်အထွေထွေအတွင်း
ရေးမှူးသိက္ခာတော်ရဆရာစောစမ်စန်နှင့်အတူ ဌာနဆိုင်ရာတာဝန်ခံများ၊အထူးဖိတ်ကြားထား
သူများတက်ရောက်ခဲ့ကြပါသည်။အစည်းဝေး အားRev.Dr.အေကိုလေးဆုတောင်းခြင်းဖြင့်အစ
ပြုခဲ့ပါသည်။အစည်းအဝေး၏သဘာပတိအဖြစ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူးစောစမ်စန်က
ဆောင်ရွက်ပြီး၊ယခုနှစ်တွင်ပြုလုပ်ခဲ့ပြီးသောယုဒ သန်နေ့အစီအစဉ်နှင့်သက်ဆိုင်သောအားနည်း
ချက်၊အားသာချက်များကိုဆွေးနွေးခဲ့ကြပါ သည်။အထူးသဖြင့်ယုဒသန်နေ့သည်ပြည်ထောင်
စုမြန်မာနိုင်ငံအတွင်းရှိ၊နှစ်ခြင်းအသင်းသူ/သား အားလုံးအတွက်အရေးကြီးသောနေ့(သို့)ရက်
သတ္တပတ်ဖြစ်သည့်အားလျှော်စွာ၊အသင်းသူအ သင်းသားတို့၏ပါဝင်မှု၊စိတ်ဝင်စားမှုအလွန်အား
နည်းနေသေးကြောင်း၊ထို့ကြောင့်ယင်းအစီအစဉ် ကိုNational Movementအသွင်အဖြစ်ဆောင်
ရွက်နိုင်ရန်အတွက်၊ယုဒသန်နေ့အစီအစဉ်များကို အဖွဲ့ချုပ်အဆင့်၊နယ်အဆင့်၊အသင်းတော်အဆင့်
အထိစိမ့်ဝင်ပျံ့ နှံ့နိုင်လိုကြောင်း၊ယင်းသို့စိမ့်ဝင် ရန်အတွက်ခရစ်ယာန်မိတ်သဟာရအဖွဲ့များရှိ
သောမြို့များ၊အဖွဲ့ချုပ်၊နယ်နှင့်အခြေခံအသင်း တော်များထိတိုင်သွားရောက်အမြင်ဖွင့်ရန်၊ဆွေး
နွေးပွဲများပြုလုပ်ပေးရန်လိုကြောင်း၊ဌာနအသီး သီးရှိဌာနများတို့မှပူးပေါင်းပါဝင်ပြီး၊အသက်အ
ရွယ်မရွေးပါဝင်နိုင်သည့်အစီအစဉ်များ၊လက် ကမ်းစာစောင်များသမ္မာကျမ်းစာလေ့လာသည့်
အစီအစဉ်အမျိုးမျိုးနှင့်တင်ဆင်မှုအစီအစဉ်များ ပြုလုပ်ရန်လိုကြောင်း၊ထိုသို့ဆောင်ရွက်နိုင်ရန်
အတွက်လုပ်ငန်းကော်မတီများဖွဲ့စည်းပြီး၊အ ဆင့်ဆင်တာဝန်ယူဆောင်ရွက်သွားရမည်ဖြစ်
ကြောင်းအသေးစိတ်တိုင်ပင်ဆွေးနွေးခဲ့ကြပါ သည်။ယုဒသန်အစီအစဉ်အားဖြင့်နှစ်ခြင်းအ
သင်းတော်အသီးသီးရှိအသင်းသူ/သားတိုင်း၊ ဆရာကြီးယုဒသန်ကဲ့သို့သာသာသနာပြုစိတ်
ဓါတ်မြင့်မားလာစေရန်၊နှစ်ခြင်းအသင်းချုပ်သို့ ပါဝင်ပေးလှူမည့်အလှူ ငွေတိုးတက်လာပြီးသာ
သနာ့လုပ်ငန်းများကိုပို၍ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အားလုံးသဘောတူဆုံးဖြတ်
ကာ၊အောက်ပါအတိုင်းကော်မတီများအားဖွဲ့ စည်းခဲ့ကြပါသည်။ယင်းကော်မတီများမှာ-
(၁)အစီအစဉ်ရေးဆွဲရေးကော်မတီ (၂)တရားပလ္လင်ရေးဆွဲရေးကော်မတီ
(၃)ဒေသသို့ညှိနှိုင်းရေးကော်မတီတို့ဖြစ်ကြပါ သည်။ဆွေးနွေးပွဲအား၊နေ့လည်(၁၂း၀၀)နာရီ
တွင်ရုပ်သိမ်းခဲ့ကြပါသည်။

ယုဒသန်နေ့အစီအစဉ်မြှင့်တင်ရေးဆိုင်ရာဆွေးနွေးပွဲ(MBC-VIP Room) |
Subscribe to:
Posts (Atom)
Popular Posts
-
တွန်းအားပေးသင်တန်းအပြီးအမှတ်တရဓါတ်ပုံ(၂၀၁၉၊ နိုဝင်ဘာ-၁၄) မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်၊ ဧဝံဂေလိနှင့် သာသနာပြုရေး ဌာန၊ ရ...
-
Rev. ဆမိုဇော်လင်းဦး မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ် ယာန် အသင်း ချုပ်၏ ၂၀၁၉ ခုနှစ် ယုဒ သန်နေ့ အကြို ဝတ်ပြု ခြင်း ဒုတိယ နေ့ အဖြစ် (၉-၇-၂၀၁...