GMBM တွန်းအား ပေးသင် တန်းပြီး ဆုံးခြင်း (ရှမ်း/တောင် အဖွဲ့ ချုပ်)

မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ် ယာန် အသင်း ချုပ်၊ ဧ၀ံဂေ လိနှင့် သာသနာ ပြုရေး ဌာန သည် ရွှေပြည် မြန် မာ နှစ်ခြင်း သာသ နာလုပ် ငန်း၊ ဒုတိ ယဆယ် စုနှစ် စီမံ ကိန်းကို ၂၀၁၄ မှ ၂၀၂၄ အထိ ရေးဆွဲ ချမှတ် အကောင် အထည် ဖေါ်ဆောင် ရွက်လျက် ရှိရာ ယခုနှစ် သည် (၂၀၁၅- ၂၀၁၇) ပထမ (၃)နှစ် စီမံ ကိန်းကာ လ၏ ပထမနှစ် ဖြစ်သည့် အားလျှော် စွာ၊ တွန်း အားပေး သင် တန်းများ ကို လူမျိုးစု နှင့် ဒေသန္တ ရအဖွဲ့
ချုပ်များ သို့ သွားရောက် ပို့ချ တွန်း အားပေး လျက် ရှိပါ သည်။ ထို့ကြောင့် ယခု လည်း ရှမ်းပြည် နယ်တောင် ပိုင်း အနီး သာသနာ နှစ်ခြင်း ခရစ်ယာန် အဖွဲ့ ချုပ် အတွက် တွန်းအား ပေးသင် တန်းကို ၂၀၁၅ ခုနှစ်၊ ဧပြီလ (၂၉)ရက် မှ ဧပြီလ (၃၀) ရက် နေ့အထိ ဆောင် ရွက်ခဲ့ ပါသည်။ အဆို ပါတွန်း အားပေး သင်တန်း သို့ ရှမ်း ပြည် နယ် တောင် ပိုင်း အနီး သာသနာ နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်၊ သာသနာ နယ် (၃) နယ်မှ ဧ၀ံဂေ လိ ဆရာ/မ စုစုပေါင်း (၂၀) ဦး တက်ရောက် ခဲ့ကြပါသည်။ ယင်းသင် တန်းတွင် အထူး သဖြင့် ၁။ ယဉ်ကျေး မှုခြား သာသ နာပြုခြင်း သင်ခန်းစာ ၂။ သာသနာ ပြုခြင်း နည်းဗျူ ဟာများ ၃။ တစ်ဦး ချင်းဧ ၀ံဂေ လိ ဟော ပြော နည်း နှင့် ၄။၂၀၁၅ခုနှစ် ဆိုင်ရာ အဖွဲ့ချုပ်၊ သာသ နာနယ် အဖွဲ့ ၊ အခြေ ခံအသင်း တော် များ နှင့် ဧ ၀ံဂေ လိပြု သော ဆရာ/မ တို့ အကောင် အထည် ဖေါ် ဆောင် ရွက်ရ မည့် လုပ်ငန်း ဆိုင်ရာ ကိစ္စ ရပ်များ တင်ပြခြင်း တို့ကို မြန်မာနိုင် ငံနှစ် ခြင်းခရစ် ယာန်အ သင်းချုပ်၊ ဧ၀ံဂေ လိနှင့် သာသနာ ပြုရေးဌာ မှ စီမံကိန်း မှူးနှင့် လက်ထောက် ဌာန တာဝန် ခံတို့ မှ ဝေမျှ ခဲ့ပြီး၊ ၂၀၁၅ ခုနှစ်၊ ဧပြီလ (၃၀)ရက် နေ့နေ့ လည် (၁၂း၀၀) နာရီတွင် သင်တန်း အား အောင်မြင် စွာရုပ်သိမ်း နိုင်ခဲ့ ပါသည်။
GMBMတွန်းအားပေးသင်တန်း၊ရှမ်း/မြောက်အဖွဲ့ချုပ်(တောင်ကြီး၊၂၉-၃၀၊ဧပြီး၊၂၀၁၅)

GMBMတွန်းအားပေးသင်တန်း(ရှမ်း/တောင်အဖွဲ့ချုပ်)

ရှမ်းပြည် နယ် တောင်ပိုင်း နှစ်ခြင်း ခရစ် ယာန် အနီး သာသ နာအဖွဲ့ ချုပ်အတွက် ၂၀၁၅ ခုနှစ် ရွှေပြည် မြန် မာ နှစ်ခြင်း သာသ နာ တွန်းအား ပေးသင် တန်းကို တောင်ကြီး မြို့ ရေထွက် ဦးလမ်း ရှိ၊သာ သနာ ၀င်း၊ သာသ ပြုဆရာ ကြီးဒေါက် တာ ဟက်ကက် အောက် မေ့ဘွယ် ရာခန်း မတွင် ၂၀၁၅ ခုနှစ်၊ ဧပြီလ (၂၉) ရက်မှ (၃၀) ရက် နေ့အ ထိကျင်း ပပြု လုပ်ခဲ့ ပါသည်။ ယင်း တွန်းအား ပေးသင် တန်းသို့ သာသ နာနယ်
(၃) နယ်မှ သာသ နာပြု  ဆရာ/ မစု စုပေါင်း (၂၀)ဦး တက် ရောက် ပါသည်။ အဆိုပါ သင်တန်း ကို ၂၀၁၅ ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့ နံနက် (၈း၀၀) နာရီ တွင် ဖွင့် ပွဲ ကိုးကွယ် ၀တ်ပြု ခြင်းပြှုလုပ်ရာ ဆရာဦး မင်းလျှံ နားမှ “၆လကျွန် နှင့် နားဖေါက် ကျွန်” တရား ဟောရာ ကျမ်း ၁၅း ၁၂- ၁၆ အကြောင်း ကို ဝေငှ ပြီး၊ သဘာ ပတိ အဖြစ် ရှမ်း ပြည်နယ် တောင် ပိုင်း အနီး သာသ နာအဖွဲ့ ချုပ် ၏ဧ/သ ဌာန တာဝန် ခံ ဆရာ အက်ဒ ၀င်ဆိုင်း မှဆောင် ရွက် ခဲ့ပါ သည်။ အထူး ဆုတောင်း ခြင်းကို ဆရာမ ညှင် ငိုက် လွန် မှအထူး ဆုတောင်း ပြီး ဖွင့်ပွဲ ကိုးကွယ် ၀တ်ပြု ခြင်းဖြင့် သင်တန်း အား အစပြုခဲ့ ပါသည်။ သင်တန်း ကို မြန်မာ နိုင်ငံနှစ် ခြင်းခရစ် အသင်း ချုပ်၊ ရွှေပြည် မြန်မာ နှစ်ခြင်း သာသနာ လုပ်ငန်း စီမံကိန်း မှူး ဆရာစော ဒယ်နရယ် နှင့် လက်ထောက် ဌာန တာဝန် ခံ ဆရာ ဦးသန်း ထိုက်ဟန် တို့မှ သမ္မာ ကျမ်းစာ သင်ခန်းစာ၊ တစ်ဦး ချင်း ဧ၀ံ ဂေလိ ဝေငှ ခြင်း၊ ယဉ် ကျေး မှုခြား သာသနာ ပြုခြင်း သင်ခန်းစာ များပို့ ချပေး ပါသည်။ ပထမ နေ့သင် တန်းအား ၂၀၁၅ ခုနှစ် ဧပြီလ (၂၉) ရက်နေ့ ညနေ (၄း၀၀) နာရီ တွင် ခေတ္တ ရပ်နား ခဲ့ပါသည်။ ညပိုင်း အစီအစဉ် အဖြစ် ည(၇း၀၀) နာရီ တွင် သာသနာ ပြုဆ ရာ/မ များမှ မိမိ တို့၏ လုပ်ငန်း အတွေ့ အကြုံ များကို ဝေငှ သက် သေခံ ခြင်းဖြင့် လည်း ကောင်း၊ ယင်းနောက် ညဦး အချိန် ရှိပြီ ဓမ္မသီ ချင်းအား ဖြင့်ချီး မွမ်းပြီး နောက် ပဌနာ ဆုတောင်း ခြင်း အားဖြင့်  ပထမ နေ့ အစီ အစဉ် ကို ခေတ္တ နား ခဲ့ ပါသည်။
 
GMBM training to Shan State Home Mission (29th, Apr 2015) Taung Gyi.

၂၀၂ကြိမ်မြောက်၊ယုဒသန်နေ့၊တရားဟောချက်

“ခရစ်တော်အတွက်သစ္စာရှိသောတပည့်တော်စစ်”
အခြေပြုကျမ်းချက်၊-ရှင်မသဲ၁၆း၂၄၊၂၅း၂၁၊၁ရာ၁၂း၂၄၊ယောဟန်၎း၂၄။
ကိုးကားကျမ်းချက်များ၊-ဖိလိပ္ပိ၁း၁၉-၂၁။ 
နိဒါန်း။
၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက် တနင်္ဂ နွေ နေ့သည်၊ (၂၀၂) ကြိမ် မြောက် ယုဒဿန် ဥပုသ် (Judson Sunday)နေ့ဖြစ် ပါသည်။ အဓိက ခွန်အား ယူရ မည့်အ ကြောင်း အရာမှာ “ခရစ် တော် အတွက် သစ္စာ
ရှိသော တပည့် တော် စစ်” (Faithful and True Discipleship for Christ) ဖြစ်ပါ သည်။ သခင် ယေရှု ခရစ် တော်နှင့် နောက် လိုက် တပည့် တော်စစ် တို့၏ ဆက်ဆံ မှုတွင် ထူးခြား သည့် သစ္စာရှိ ခြင်းသည် အဓိက အခန်း ကဏ္ဍမှ ပါဝင် နေပါ သည်။ သစ္စာ ရှိခြင်း ဟူသည် လောက ၌တန် ဘိုးထား အပ်သော မြင့်မြတ် သည့် လူသား တစ်ဦး၏ စိတ်ပိုင်း ဆိုင်ရာ ပြဌာန်း ချက် (သို့) မရွေ့၊ မလျှော့၊ မယိုင်း၊ မယိုင် မြဲမြံ တည် ကြည်သော ဆုံးဖြတ် ချက်နှင့် အညီ လက်တွေ့ တုံ့ပြန် အသက် ရှင်မှု ပင်ဖြစ် သည်။ လူသား တစ်ဦး အဖို့ သစ္စာ ရှိခြင်း သည် အသက် တာ ဘ၀ အတွက် တန်ဖိုး မဖြတ် နိုင်သော ကျင့်ဝတ် တစ်ခု ပင်ဖြစ် သည်။ ထို့အပြင် သစ္စာ ရှိခြင်း သည် ယခု ဘ၀ အတွက် ကျင့်ဝတ် တစ်ခု ဖြစ်ရုံ သာမက ထာဝရ ကာလ အတွက် ဆုလဒ် လည်းဖြစ် ကြောင်း ဗျာဒိတ် ၂း၁၀ တွင် “သေသည့် တိုင်အောင် သစ္စာ စောင့် လော့ သို့ဖြစ် လျှင် အသက် သရဖူ ကိုငါ ပေးမည် ဟု” ဘုရား သခင် ၏ဂတိ တော် ထားရှိ တော်မူ ခြင်းကို လည်း တွေ့မြင် ခံစားရ ပေသည်။ သို့ဖြစ် ရာခရစ် တော် အတွက် သစ္စာ ရှိသော တပည့် တော်စစ် ဖြစ်ခြင်း ကိုအောက် ပါအချက် များအား ဖြင့်ခွန် အားယူ ကြပါစို့။
ခရစ် တော်၏ တပည့် တော်စစ် ဖြစ်ရန် လိုအပ် ပါသည်။
သစ္စာ တရား၊ သစ္စာ ရှိခြင်း နှင့်ပတ် သက်လာ လျှင် အခြေ ခံအကျ ဆုံးအ ရာသည် ခရစ်တော် ၏တပည့် တော်စစ် ဖြစ်ခြင် ပင်ဖြစ် ပါသည်။ သစ္စာ တရား နှင့်ပတ် သက် လာလျှင် မိမိ အားကိုး သော၊ ယုံကြည် သော၊ လေးစား သော၊ ပုဂ္ဂိုလ် ၏အ ကျိုးကို စောင့် ရှောက် ထိန်းသိမ်း ခြင်းဖြစ် ရာ၊မိမိ သစ္စာဖြင့် စောင့်ထိန်း ရမည့် ပုဂ္ဂိုလ် ကမိမိ ထက်ပင် အရေးပါ လျှက် အဓိက ကျပါသည်။ တနည်း အားဖြင့် ဆိုရ သော် သစ္စာရှိ ခြင်းသည် အမိန့်ကို နာခံခြင်း ဖြစ်သော ကြောင့် (သို့) ပေးထား သည့် ဂတိကို စောင့် ထိန်းရ ခြင်းဖြစ် သောကြောင့် အမိန့် (သို့) ဂတိသည် အသက် ထက်ပို ၍အရေး ကြီးကြောင်း နားလည် ရပါမည်။ သို့ဖြစ်ရာ လောက ၌လူဖြစ် စဉ်ဘ၀ တွင်၊မ မှန်ကန် သော၊ မတရား သော၊ အာဏာ ရှင်ဆန် သော၊ အစွန်း ရောက်လွန်း သော၊ အယူ ၀ါဒ၊ လမ်းစဉ်၊ အဖွဲ့ အစည်း၊ ခေါင်းဆောင် များ၏ နောက် လိုက် တပည့် အဖြစ် မခံပဲ ခရစ် တော် ၏နောက် လိုက် တပည့် တော်စစ် ဖြစ်မှ သာလျှင် ဘုရား သခင် ၏အလို တော် သည် ပြည့်စုံ လာမည် မည်ဖြစ် သည်။ ခရစ် တော် နောက် လိုက် သည့်တ ပည့်တော် အဖြစ် ခံယူရန် လိုအပ် ရသည့် အကြောင်း အရင်းမှာ၊- “ခရစ် တော် သည် သူတစ် ပါးကို စေစား ခြင်းငှာ မလာ၊ သူတစ် ပါးအစေ ခံခြင်း ဌါ၎င်း၊ မိမိ အသက် ကိုစွန့် ၍လူ များကို ရွေးခြင်း ငှာ၎င်း၊ ကြွလာ ခြင်းဖြစ် သည် (မာ ကု ၁၀း၄၅) ဟု အတိ အလင်း ဖေါ်ပြ သကဲ့သို့ သူ့နောက် လိုက် မည့် နောက်တော် လိုက်တ ပည့်တော် တို့အား ခေါ်ယူ ရွေးကောက် ရာ၌ လည်း ယေရှုက “ငါ၌ ဆည်းကပ် လို သောသူ ဖြစ်လျှင် ကိုယ်ကို ကိုယ်ငြင်း ပယ်ရ မည်၊ ကိုယ် လက်ဝါး ကဒ်တိုင် ကိုထမ်း ၍ငါ့ နောက် သို့လိုက် ရမည် (မဿဲ ၁၆း ၂၄) ဟု တပည့် တော်စစ် အရည် အချင်း ကန့်သတ် ချက်ကို အတိ အလင်း ဖေါ်ပြ ထားပါ သည်။ ခရစ် တော်၏ တပည့် တော်ယုံ ကြည်သူ အပေါင်းတို့ … လောက၌ အထူး သဖြင့် မြန်မာ နိုင်ငံ၌ အလို အပ်ဆုံး ခေါင်းဆောင် မှာ- သခင် ယေရှု ကဲ့သို့သော ခေါင်းဆောင် များနှင့် သခင် ယေရှု သတ်မှတ် ပြဌာန်း ချက်နှင့် ကိုက်ညီ သော တပည့် တော်စစ် များပင်ဖြစ် သည်ဟု ခံယူယုံ ကြည်ကြ ပါသည်။ ထို့အပြင် ခရစ် တော်၏ နောက် တော် လိုက်ဖြစ် ရခြင်း၏ နောက်ဆက် တွဲအကျိုး ဆက် ဂတိတော် မှာ- ကိုယ်တော် သည် မနေ့၊ ယနေ့၊ နောင်ကာ လမပြောင်း မလဲတည် ရှိနေခြင်း (ဟေဗြဲ ၁၃း၈) တပည့် တော်တို့ အား ဘယ်တော့ မှမစွန့် အလျင်း ပစ်၍ မထားခြင်း နှင့် လူသည် ငါ၌ ပြုနိုင် သမျှ ငါမ ကြောက်ရ (ဟေဗြဲ ၁၃း ၅-၆) ဟူသော ဘုရား သခင်၏ ကွယ်ကာ မှုနှင့် မိတ် သဟာ ရပြုခြင်း ကျေးဇူး တော်သည် အစဉ် သက်ရောက် လျှက်ခံစား နေရ ခြင်းကြောင့် ခရစ် တော်၏ တပည့် တော်စစ် ဖြစ်ရန် ဆက်ကပ် ကြဖို့ တိုက်တွန်း လိုပါ သည်။
သစ္စာရှိ သောတ ပည့်တော် စစ်သည် ခရစ်တော် အတွက် ဘ၀ကို လုံးဝ ဆက်ကပ် ကပ်နှံ အသက် ရှင်သူ ဖြစ်သည်။
သစ္စာ ရှိခြင်း သည် ယုံကြည် မှုအပေါ် ၌အခြေ ခံသော တုံ့ပြန် မှုဖြစ် သည်။ ရှင်ပေါ လုက “ငါအ ဘယ်သူ ကိုယုံ သည်ကို ငါသိသည်” (၂တိ ၁း၁၂) ဟု တိတိ ကျကျ ၀န်ခံ ထားသည်။ ထိုကဲ့သို့ ခိုင်မြဲသော ယုံကြည်မှု အပေါ်၌ ပြေင်းလဲ ခြင်းမရှိ သော ဂတိတော် ကိုစောင့် ထိန်းခြင်း သည် ရှင်ပေါလု ၏သစ္စာ တရားပင် ဖြစ်သည်။ တနည်း ဆိုရသော် ယုံကြည် ခြင်းခိုင်မာ မှသာ သစ္စာမြဲ နိုင်မည် ဖြစ်သည်။ ရှင်ပေါ လုသည် ခိုင်မာသော ယုံကြည်ခြင်း ၏သက် သေကို ခံစား ရရှိသော အခါ (ဖိလိပ္ပိ ၁း၂၁) ၌ “ငါအသက် ရှင်သည့် အရာမှာ ခရစ် တော်ပင် ဖြစ်၏၊ သေလျှင် မူကား သာ၍ အကျိုး ရှိ၏” ဟု မိမိ အသက် တာ၏ ရှင်သန် ခြင်း၊ သေဆုံး ခြင်းသည် ခရစ်တော် အတွက် သာဖြစ် ကြောင်း ၀န်ခံထား သည်ကို တွေ့ရ ပါသည်။ ရှင်ပေါ လု၏ ခရစ်တော် အပေါ်၌ ထားရှိ သော သစ္စာရှိ ခြင်းသည် ဘ၀ အသက် တာတစ် ခုလုံးကို အပ်နှံခြင်း ဖြစ်သည်။ စဉ်းစား စရာအလွန် ကောင်း သည်မှာ ရှင်ပေါ လုက “ငါအသက် ရှင်ခြင်း အရာမှာ ခရစ်တော် ပင်ဖြစ်၏” ( For to me, Living means Living  for Christ ) သို့သော် ယနေ့ ကျွန်ုပ် တို့အများ စုအတွက် ဆောင်ပုဒ်မှာ “သခင် ခရစ်တော် အသက် ရှင်သည်မှာ ငါ့အတွက် ပင်ဖြစ်၏” ဟု ခံယူ ကြပါသည်။ ရှင်ပေါ လု၏ သစ္စာရှိ ခြင်းသည် ယုံကြည် ခြင်းအပေါ် ၌မူတည် ပါသည်။ ရှင်ပေါ လုသည် သခင် ယေရှု ခရစ်တော် အားဝေး ဝေးလံလံ လိုက်ရှာပြီး ယုံကြည် နေခြင်း မဟုတ်ပဲ မိမိ ဘ၀အသက် တာ၌ ပင်ခရစ် တော်ကို တွေ့ရှိ ပြီး ယုံကြည် လက်ခံခြင်း ဖြစ်ပါသည်။ ရှင်ပေါလု ခရစ်တော် အပေါ်၌ သစ္စာရှိ ရခြင်း အဓိက အချက်မှာ- အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် နှင့်သက် ဆိုင်နေ ပါသည်။
-ခရစ် တော်သည် အတိတ် ကပြုမိ ခဲ့သော အပြစ် အတွက် ခွင့်လွှတ် ခဲ့ပြီးဖြစ် ကြောင်း။
( He finds foregiveness for past Sin)
-လက်ရှိ ပစ္စုပ္ပန် အတွက် ခွန်အား ကိုပေး ကြောင်း။
( He finds strength for present)
-အနာဂတ် အတွက် မျှော်လင့် စရာ အာမ ခံချက် အပြည့် အ၀ရှိ ကြောင်း။
( He finds hope for the future )
သို့ဖြစ် ရာ ပေါလု သည် ခရစ် တော် ကိုရှာ သော အခါ၌ မိမိဘ၀ ၌ပင် တွေ့ရှိ လိုက် ရ၍ ရှင်ပေါ လုသည် မိမိ၏ ဘ၀ အသက် တာတစ်ခု လုံးကို ဆက်ကပ် အပ်နှံ လိုက်ခြင်း ပင်ဖြစ် သည်။
ခရစ်တော် ၏တပည့် တော်စစ် ယုံကြည် သူအ ပေါင်းတို့ …
ခရစ်တော် ကိုအဝေး ၌ရှာရန် မဟုတ်ပဲ ရှင်ပေါလု ကဲ့သို့ မိမိဘ၀ အသက် တာ၌ ရှာဖွေ ကြည့်ပါက တွေ့မြင်နိုင် ပါသည်။ သခင် ယေရှု ခရစ်တော် သည် မနေ့၊ ယနေ့၊ နောင်ကာ လရှိတော် မူသကဲ့သို့ ရှင်ပေါလု အတွက် တစ်မျိုး၊ ကျွန်ုပ်တို့ အတွက် တစ်ဖုံ အသွင် ပြောင်းကာ မျက်နှာ မလိုက် သောကြောင့် ဘုရား သခင်၏ ကောင်း မြတ်ခြင်း နှင့်ဂ ရုဏာ တော် အတွက် သစ္စာရှိ သော တပည့် တော်စစ် များအဖြစ် ဆက်ကပ် အပ်နှံ ကြရန် တိုက် တွန်းလို ပါသည်။
သစ္စာရှိ သောတ ပည့်တော် စစ်သည် ခရစ်တော် ၏အလို ကိုပြီးပြည့် စုံစေသည်။
သခင် ယေရှု ခရစ် တော်၏ အလို တော်မှာ သူပြု ခဲ့သော အမှုတော် မြတ်တည် တံ့ခိုင်မြဲ ရန်နှင့် ဆက်လက် ပျံ့ပွား ရန်သာ ဖြစ်ပါ သည်။ ထိုအမှု တော်မြတ် အတွက် ရွေးကောက် လျှက် ခေါ်ယူ ခြင်းခံရ သူတို့မှာ- တပည့် တော်များ ပင်ဖြစ်သည်။ ထိုတပည့် တော်များ အဖို့ အထူး အလေး အနက် ထားရမည့် အရာမှာ- ခရစ်တော် သည် တတ်မက် စရာ၊ အခွင့် အရေး နှင့်တန် ခိုးအာ ဏာ၊ ပြစ် သွေးဆောင် ခြင်းမ ဟုတ်ပဲ၊ တိကျ သောတာ ၀န်နှင့် ၀တ္တရား ကိုအပ် နှင်းလျှက် အစေခံ ဆောင်ရွက် စေခြင်း ပင်ဖြစ်သည်။ တစ်ပြိုင် တည်းမှာ ပင် ခွန်အား၊ သတ္တိနှင့် တန်ခိုးကို လည်းပေး ပါသည်။ ရှင်မဿဲ ၂၅း ၁၄-၃၀ တွင် သခင်သည် …
-တိကျ သော အလုပ် တာဝန် ကိုအပ် နှင်းခြင်း (အခွက် ၁၀၊ ၂၀၊ ၅၀)
-ပြီးမြောက် မှုကို ပြန်လည် စစ်ဆေး ခြင်း
-တိုးပွား မှုကို လိုလားခြင်း
စသော ခရစ်တော် ၏ဥပမာ တော်သည် သစ္စာရှိသော တပည့် တော်စစ် တစ်ဦး၏ ပြုမူ ဆောင်ရွက် တုံ့ပြန် မှုများ ပင်ဖြစ် သည်။
နိဂုံး။
သခင် ယေရှု ခရစ် တော်သည် ယနေ့ တိုင်သာ မက ထာဝရ ကာလ အသက် ရှင်တော် မူသော ထာဝရ ဘုရား သခင် ဖြစ်တော် မူသော ကြောင့် သူ၏ အမှု တော်မြတ် အတွက် ကာလ အစဉ် ရွေးကောက် ခေါ်ယူ နေမည် သာဖြစ်သည်။ အရေး ကြီးသည် မှာ တပည့် တော်စစ် မှန်ဖို့ သစ္စာ ရှိနေရန် သာဖြစ်သည်။ ရှင်ပေါ လုသည် ခရစ် တော် အတွက် စစ်မှန် သောတ ပည့်တော် စစ်၊ တမန် တော်စစ် ဖြစ်သ ကဲ့သို့ ဆရာကြီး ယုဒသန် သည် လည်း ခရစ်တော် အတွက် တပည့် တော်စစ်၊ တမန် တော်စစ် တစ်ဦး ဖြစ်ခဲ့ ပါသည်။ ရှင်ပေါ လုက ငါအသက် ရှင်သည့် အရာမှာ ခရစ်တော် ပင်ဖြစ် သည်ဟု ဆိုကဲ့သလို ဆရာကြီး ယုဒသန် ကလည်း ခရစ်တော် အတွက် သာမဟုတ် ခဲ့ယင်ဟု အံကြိတ်ကာ သူနှင့် သူ့မိသား စုတစ်ခု လုံးပေး ဆပ်အပ် နှံခဲ့ ပေသည်။ လက်ရှိ အချိန် တွင် အသက် ရှင်လျှက် ရှိသော ကျွန်ုပ် တို့ အလှည့် ရောက် နေခြင်း ဖြစ်သော ကြောင့် ခရစ် တော်အတွက် သစ္စာရှိ သောတ ပည့်တော် စစ်များ ဖြစ်ကြ ပါစို့။
ဆရာကြီး ဒေါက်တာ စောလှိုင် ဘွား၏ အောက် ပါစာတမ်းဖြင့် နိဂုံးချုပ် အပ်ပါသည်။
“ယေရုရှလင် မြို့သည် ဖာရိရှဲ၊ ကျမ်းတတ် ပုဂ္ဂိုလ် တို့၏ အခိုင် အမာ အဆောက် အအုံ၊ လောကီ အာဏာ စက်၏ အလယ် ဗဟို၊ တရား စီရင် မည့်သူ များစောင့် ဆိုင်းရာ နေရာ၊ အငြိုးကြီး လှသော အမှန် တရား၏ ဌာနချုပ် ပင်ဖြစ်သည်။ သို့ဖြစ် သည့်တိုင် ထိုလမ်း ပေါ်၌ အကယ် စင်စစ် ရှိနေ သူသည် ကြောက်ရွံ့ တုန်လှုပ် မည်မ ဟုတ်ပါ။ အကြောင်း မူကား ထိုတပည့် တော်စစ် ၏ဆက် ကပ်မှုသည် သဘော တရား တစ်ခု၊ အတွေး အခေါ် တစ်ရပ် ပေါ်၌ မတည်။ စနစ် တစ်ခု (သို့) အဖွဲ့ အစည်း တစ်ရပ် အတွက် ဆက်ကပ် နေခြင်း မဟုတ်။ ခရစ် တော်တည်း ဟူသော သခင် တစ်ပါး ၏အပေါ် ၌သာ လုံးဝ တည်နေ သောကြောင့် ပင်ဖြစ်သည်။
သိက္ခာတော်ရဆရာမန်းစံသိန်းထွန်း(ဘဏ္ဍာထိန်း)
မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်။


၂၀၂ကြိမ်မြောက်၊ယုဒသန်နေ့သမ္မာကျမ်းစာသင်ခန်းစာ

“ခရစ်တော်အတွက်သစ္စာရှိသောတပည့်တော်စစ်”
(၁ရာ၊ ၁၄း၂၄။ဆာ ၃၇း၃-၆။ သုတ္တံ ၃း၃-၅။ မသဲ၊ ၆း ၂၄။ ၂၅း ၂၁။ ယော ၄း၂၄)
~●နိဒါန်း။
ကန ဦး အသင်း တော် ခေတ် အချိန် ကာလ မှစ၍ ခရစ် တော် နောက် လိုက် ခဲ့သော သူများ ကို ခရစ် တော်၏ တပည့် များဟူ ၍ခေါ် ဝေါ်ကြ သည်။ လူသား များအ ပြစ်တ ရားမှ ကယ်တင် ခြင်းရ ရှိဖို့ရန်
အတွက် ပေးဆပ် ခဲ့သော ခရစ် တော်၏ အသေခံ ခြင်းနှင့် ၃ ရက် မြောက်သော နေ့၌ ရှင်ပြန် ထမြောက်ခြင်း အကြောင်း အရာကို လက်ခံ ယုံကြည် သောသူ များကို လည်းခ ရစ်တော် ၏ တပည့် များ၊ ခရစ် ယာန်များ ဟုခေါ် ဝေါ်ခဲ့ ကြသည်။ ထို့ကြောင့် ခရစ် ယာန် ယုံကြည် သူများ အားလုံး သည် ခရစ် တော်၏ တပည့် များဖြစ် ကြပါ သည်။ ကျွန်များ သည်သ ခင်၏စ ကားကို နားထောင် ၍ သခင် စေခိုင်း သမျှအ ရာအား လုံးကို လုပ်ဆောင် ရပါသည်။ ထို့နည်း တူတပည့် များအား လုံးသည် လည်း မိမိဆရာ ၏သင် ကြားမှု များကို သေချာ လေ့လာ မှတ်သား သင်ယူ ရပါ သည်။ ဆရာ ၏ ဆိုဆုံး မမှုများ ကို နာခံ၍ လိုက်နာ ကျင့်သုံး ရပါသည်။ ဤကဲ့သို့ သင်ကြား ခံယူ၍ နားထောင် မှုကို ပြုသော တပည့်များ သာလျှင် ဆရာ အတွက် တပည့် စစ်ဖြစ်ကြ ပါသည်။ ထို့ကြောင့် ခရစ်တော် ၏တပည့် တော်များ ဖြစ်ကြ သော ကျွန်ုပ်တို့ ယုံကြည် သူအား လုံး သည် ခရစ်တော် အတွက် သစ္စာရှိ သောတ ပည့်တော် စစ်များဖြစ် ဖို့ရန် လိုအပ် ပါသည်။ သစ္စာရှိ သော တပည့် တော် စစ်များဖြစ် ဖို့ရန် အဘယ် ကဲ့သို့ အသက် ရှင်နေထိုင် ရမည်နည်း? သမ္မာကျမ်း စာထဲ၌ ဖော်ပြထား သော ကျမ်းပိုဒ် အချို့မှ သစ္စာရှိသော တပည့်တော် စစ်အ ကြောင်းကို လေ့လာ တင်ပြ သွားပါ မည်။
သစ္စာရှိသောတပည့်တော်စစ်ဟူသည်မှာ……………
~●(၁)ဘုရားသခင်အား ကြောက်ရွံ့၍ သစ္စာနှင့် ဝတ်ပြုကိုးကွယ်ခြင်း
ဘုရား သခင် သည်သစ္စာ ရှိသော ဘုရားဖြစ် သောကြောင့် သူ့အား ယုံကြည် ကိုးကွယ် ကြသော သူများ သည် လည်း သူ့အပေါ်တွင် သစ္စာရှိ သောသူ များဖြစ် ရပါမည်။ က္ကုသ ရေလ လူမျိုးတို့ သည် ဘုရား သခင်အ ပေါ်တွင် အကြိမ် ကြိမ်အ ခါခါပြစ် မှားသော် လည်း ဘုရားသ ခင်သည် သူ့၏လူ မျိုးတော် အား အဘယ် အခါမျှ စွန့်ပစ် ၍မထား စိတ်သ ဘောထား ပြောင်းလဲ ခြင်းမရှိ ဘဲ ချစ်မြဲ ချစ်လျက် ပင်၊ အစဉ် အမြဲကူ ညီမစ လျက်ကောင်း ကြီး မင်္ဂလာ များပေး လျက်ပင်၊ သစ္စာတ ရားနှင့် ပြည့်စုံ သောဘုရား ဖြစ်သည်။ (၁ ရာ ၁၂း၂၂)ရှမွေလ ၏အချိန် ကာလ တွင် က္ကုသ ရေလ လူမျိုး တို့သည် တပါးမျိုး သားတို့၏ ကြီးထွား ခြင်း၊ တိုးတက် ခြင်း၊ အောင်မြင် ခြင်းတို့ ကိုအား ကျ၍ သူတို့ ကို အုပ်ချုပ် ရန် ဘုရင် တစ်ပါး ခန့်အပ် ပေးရန် တောင်းဆို ကြသည်။ (၁ရာ ၈း၅ခ) ၄င်း အပြင် အခြား ဘုရား တည်းဟူ သောဗာ လဘုရား၊ အာရှ တရက် ဘုရား တို့ကို ကိုးကွယ် ကြသည် (၁ရာ ၇း၃)။က္ကုသ ရေလလူ မျိုးတို့၏ လုပ်ဆောင် ချက်များ သည် ရှင်ဘုရင် စနစ်ကို ရွေးချယ် မှုက အမှား ဖြစ်ခဲ့ သည့်နည်း တူ ဘုရား သခင်၏ အုပ်ချုပ် လမ်းပြမှု ကို ဖီဆန်ခြင်း၊ လမ်းလွဲခြင်း ဖြစ်ပါသည်။ ဤလုပ် ဆောင်ချက် များသည် ဒုစရိုက် အမှုကို ပြု၍ တပ်မက် စရာများ နောက်သို့ လိုက်ခြင်း ဖြင့် ဘုရားသ ခင်အပေါ် သစ္စာမဲ့ ခြင်းဖြစ် ပါသည်။ ထို့ကြောင့် ရှမွေလက “ထာဝ ရဘုရား ကို ကြောက်ရွံ့ ၍ သစ္စာနှင့် တကွ စိတ်နှ လုံး အကြွင်း မဲ့ဝတ်ပြု ကြလော့။ သင်တို့ အဘို့ အဘယ်မျှ လောက်ပြု တော်မူပြီး သည်ကို အောက်မေ့ ကြလော့” (၁ရာ ၁၂း၂၄) ဟုတင်း မာစွာဆုံး မထား ပါသည်။ မကောင်း သောအ ကျင့်စရိုက် များကို ဖယ်ရှားပြီး ဘုရား သခင်ကို သာဦး ထိပ်ထား ၍ အသက် ရှင်နေ ထိုင်ခြင်း သည် သာ ဘုရားသ ခင်အပေါ် သစ္စာရှိ ခြင်းဖြစ် သည်။ တဖန် သားတော် ယေရှုခ ရစ်တော် ၏ သင်ကြား ခြင်းတွင် လည်း စိတ်နှလုံး ထဲ၌ ဘုရား သခင်ရှိ ဖို့ရန်နှင့် ဘုရား သခင်အား သစ္စာနှင့် ဝတ်ပြုကိုး ကွယ်ဖို့ရန် အရေးကြီး ကြောင်း ဖော်ပြထား သည်။ ယေရှု ခရစ်တော် ၏ခေတ် အချိန် ကာလ တွင် ယုဒလူ တို့၏ လူမျိုး ရေှးနှင့် အဆင့် အတန်း ခွဲခြားမှု တို့ကြောင့် ရှမာရိ လူမျိုးတို့ သည် ယေရုရှ လင်မြို့၌ ဝတ်ပြုကိုး ကွယ်ခွင့် မရဘဲ ဂေရဇိန် တောင်၌ သာ ဘုရား သခင်ကို ဝတ်ပြု ကိုးကွယ် ကြရသည်။ ဤအ ကြောင်း အရာနှင့် စပ်လျဉ်း ၍ ရှမာရိ အမျိုးသမီး မေးမြန်း သောအခါ ယေရှုခ ရစ်တော် က ဝတ်ပြုကိုး ကွယ်ရာ နေရာ ဒေသ သည် အရေးမကြီး ကြောင်း၊ ဘုရား သခင်ကို နံဝိညာဉ် နှင့် သစ္စာနှင့် ကိုးကွယ်ခြင်း သည်သာ အရေးကြီး ကြောင်း မိန့်တော်မူ ခဲ့ပါသည်။ (ယော ၄း၁၉-၂၅)။
~●(၂)ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့ကိုးစားခြင်း
“ဂရုဏာ တရားနှင့် သစ္စာတ ရားကို သင်နှင့်မ ကွာစေနှင့် …….. ထာဝရ ဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ကိုးစား လော့။ ကိုယ် ဥာဏ်ကို အမှီမပြုနှင့် ……” (သုတ္တံ ၃း၃-၆)။သုတ္တံစာ ရေးဆရာက ဘုရားသ ခင်အပေါ်တွင် သစ္စာရှိ လျက် စိတ်နှလုံး အကြွင်းမဲ့ ကိုးစားရ မည်အ ကြောင်း ဖော်ပြ ထားသည်။ က္ကုသရေ လလူမျိုး များက ဘုရား သခင်ကိုယ် တိုင်သူ တို့အား တိုက်ရိုက် အုပ်ချုပ် ခင်းအား မလိုလားဘဲ လူတစ် ဦးက ဘုရင် ကဲ့သို့ အုပ်ချုပ် ရန် တောင်းဆို ခဲ့သည်။ လူသား ဘုရင်က သာ သူတို့ အတွက် ရန်သူ များကို တိုက် ထုတ်ပေး နိုင်မည်။ ကြီးပွား အောင်လုပ် ပေးနိုင် မည်ဟု အထင် မှတ်မှားခဲ့ ကြသည်။ သူတို့ တောင်း ဆိုခဲ့သော ဘုရင် သည် သူတို့ အတွက် မည်သည့် အရာမှ လုပ်ဆောင် ပေးနိုင်ခြင်း မရှိခဲ့ပေ။ ဒုက္ခ ရောက် အောင် ပင် ပြုလုပ် ခဲ့သည်။ ရှင်ဘုရင် ကိုယ်တိုင် ဘုရား သခင်ထား တော်မူသော ပညတ်တ ရားများကို မစောင့် ရှောက်၊ မှာထား တော်မူသ မျှကို နာခံခြင်း မရှိခဲ့ ပေ။ (၁ရာ ၁၃း၁-၁၄)သစ္စာမဲ့မှု ကြောင့် ဆုံးရှုံး မှုများ၊ အပြစ် ဒဏ်ခတ် ခြင်းများ ကို တွေ့ကြုံ ခံစားရ သောအ ခါမှသာ ဒုစရိုက် အပြစ်ကို ပြုမိပြီ ဖြစ်ကြောင်း၊ ဘုရား သခင်အ ပေါ်သစ္စာ မဲ့ခဲ့ပြီ ဖြစ်ကြောင်း၊ နောင်တ ရ၍ တောင်း ပန်ကြသည် (၁ရာ ၁၂း၁၈-၁၉)။ ထိုအခါ ရှမွေ လက “မစိုးရိမ် ကြနှင့်၊ ဤဒု စရိုက်အ ပေါင်းကို ပြုမိသော် လည်း ထာဝရ ဘုရား နောက် တော်သို့ လိုက်ရာ မှ မလွဲကြ နှင့်၊ ထာဝရ ဘုရား ကို စိတ်နှ လုံးအ ကြွင်းမဲ့ ဝတ်ပြု ကြလော့။ ကျေးဇူး မပြု မကယ် တင်နိုင်၊ အချည်း နှီးဖြစ်သော အရာတို့ နောက် သို့လမ်း လွှဲ၍ မလိုက် ကြနှင့်၊ ထိုသို့ သောအရာ သည် အချည်း နှီးသက် သက်ဖြစ် ၏(၁ရာ ၁၂း၂၀-၂၁)ဟု တိုက် တွန်းပြော ဆိုခဲ့ သည်။ ဆာလံ ဆရာက လည်း ထာဝ ရဘုရား ၌ မွေ့လျော် ခြင်းရှိပြီး မိမိအမှု အရာရှိ သမျှကို ထာဝရ ဘုရားသ ခင်ထံ၌ သာ အပ်နှံ ရန်၊ ထာဝရ ဘုရားကို သာ ကိုးစား ရန်ဖော် ပြထား ပါသည် (ဆာလံ ၃၇း၅)။ ထို့ ကြောင့် တန်ခိုး အာဏာ၊ လောကီ စည်းစိမ်၊ လူတို့ အပေါ်တွင် အားကိုး ခိုလှုံခြင်း မပြုဘဲ ဘုရား သခင်ကို သာ စိတ်နှလုံး အကြွင်း မဲ့ကိုးစား သောသူ သာလျှင် သစ္စာရှိ သောတ ပည့်တော် စစ်စစ် ဖြစ်ပေ မည်။
~●(၃)ဘုရားသခင်၏သမ္မာတရား၌တည်ခြင်း
က္ကုသ ရေလ လူမျိုးတို့ သည် ဘုရား သခင်၏ သမ္မာတ ရား၌ မတည် ဘဲ ဘေးပတ် ဝန်းကျင်ရှိ တိုင်းနိုင် ငံများ၏ ဂယက် ရိုက်မှု ပေါ်မူ တည်၍ အမျိုးမျိုး ပြောင်းလဲ ၍ အသက် ရှင်နေ ထိုင်ကြ သည်။ ပညတ် တရား သမ္မာတ ရားလမ်းမှ လွဲ၍ မိမိတို့ ကြိုက်နှစ် သက်ရာ အတိုင်း အသက် ရှင်ကြ သည်။ အခြား သောဘုရား များကို ကိုးကွယ် ကြသည်။ ထို့ကြောင့် ဘေးအန္တ ရာယ်များ ကြုံတွေ့ ရ၍ ပျက်စီး ခြင်းသို့ ရောက်ခဲ့ ကြရ သည်။  ဘုရားသ ခင်၏ သမ္မာ တရား၌ မတည်ခြင်း သည် ဘုရားသ ခင်၏စ ကားကို နားမ ထောင်ခြင်း၊ ဖီဆန်ခြင်း၊ ဂတိတော် များကို ချိုးဖောက် ခြင်း၊ ဘုရား သခင်အ ပေါ် သစ္စာ မဲ့ခြင်း သာဖြစ် သည်။ ထို့ကြောင့် ရှမွေလ က က္ကုသ ရေလ လူမျိုး တို့အား လမ်းလွဲ နေရာမှ ဘုရား သခင်အ ဖို့ စိတ်နှ လုံးကို ပြင်ဆင် လျက် ဘုရား သခင်ထံ သို့ပြန် လာ၍ ဘုရား သခင်၏ သမ္မာ တရား၌ တည်လျှင် ဘုရား သခင် ထံမှ ကယ် တင်ခြင်း ဆုကျေး ဇူးကို ရရှိမည် အကြောင်း ဆုံးမသြ ဝါဒပေး လေသည် (၁ရာ ၇း၃) ထို့နည်း တူ ယေရှု ခရစ်တော် သည် ဧဝံဂေ လိတရား ကိုဟော ပြောသော အခါ “သင်တို့ သည် ငါ၏ဒေ သနာ၌ တည် လျှင် ငါ့တပည့် အမှန် ဖြစ်ကြ၏။ သမ္မာ တရား ကိုလည်း သိကြ သဖြင့် ထိုတရား သည် သင် တို့ကို လွှတ်ကြ လိမ့်မည် ဟု ယုဒလူ တို့အား မိန့်တော် မူ၏ (ယော ၈း  ၃၁-၃၂)။ ယေရှု ခရစ်တော် ဟောကြား သော ဧဝံဂေ လိတရား ကို လက်ခံ ယုံကြည် ၍ သင်ကြား ပေးသော သမ္မာ တရားကို လိုက် လျှောက် ကျင့်သုံးမှ သာလျှင် သစ္စာ ရှိသော တပည့် တော်စစ် တစ်ဦး ဖြစ်နိုင် ပါသည်။ သမ္မာတ ရား၌ တည်သော သူသည် သမ္မာတ ရားအတိုင်း သာ အသက်ရှင် နေထိုင် ရပါမည်။ တမန်တော် ၇ှင်ပေါလု ကသမ္မာ တရား၌ တည်သော သူသည် ဝိညာဉ် ပကတိ အကျိုးအတိုင်း အသက်ရှင် ရမည် ဟု သွန်သင် ထားပါ သည်။ ဝိညာဉ်ပ ကတိ အကျိုး မူကား ချစ်ခြင်း၊ ဝမ်းမြော က်ခြင်း၊ ငြိမ်သ က်ခြင်း၊ စိတ်ရှ ည်ခြင်း၊ ကျေးဇူး ပြုခြင်း၊ ကောင်း မြတ်ခြင်း၊ သစ္စာ စောင့်ခြင်း၊ နူးညံ့ သိမ်မွေ့ ခြင်း၊ ကာမ ဂုဏ်ချုပ် တည်းခြင်း ပေတည်း (ဂလာ တိ ၅း၂၂ -၂၃)။ ဝိညာဉ် ပကတိ အတိုင်း အသက် ရှင်နေထိုင် သူသာ လျှင် သစ္စာ ရှိသော တပည့် တော်စစ် များ ဖြစ်နိုင် ပါသည်။
~●(၄)ဘုရားသခင်ပြုတော်မူသော ကျေးဇူးတော်များအား အောက်မေ့ခြင်း
ရှမွေလ ၏သတိ ပေးဆုံးမ စကား တွင် “သင်တို့ အဘို့ အဘ ယယ်မျှ လောက်ပြု တော်မူပြီး သည်ကို အောက် မေ့ကြ လော့” (၁ရာ ၁၂း၂၄ ခ) ဟုထည့် သွင်းပြော ဆိုခဲ့ သည်။ ဘိုးဘေး တို့အား ကျွန်ခံရာ နေရာ အဲဂု တ္တုပြည်မှ ကယ်တင် ခဲ့ခြင်း၊ ဘုရား သခင် အား မေ့လျော့ သောကြောင့် သူတစ် ပါး၏ တိုက် ခိုက်ခြင်း ကို ခံရ၍ စစ်ရှုံး ခြင်းများ တွေ့ကြုံရ သော အခါ ဘုရား သခင် သည် ပစ်မ ထားဘဲ ကယ်တင် ၍အောင်မြင် မှုများ ပေးခဲ့ခြင်း၊ တခြား သောဘုရား များကို ကိုးကွယ် မိသော ကြောင့် ပြစ်ဒဏ် ခံ၇သော် လည်း နောင်တ ရသော အခါ ဘုရား သခင် သည် စွန့်တော် မမူဘဲ သူ၏ လူမျိုး တော်အ ဖြစ်ပြန် လည်လက် ခံခြင်း (၁ရာ ၁၂း ၆-၁၂) စသည့် ဘုရား သခင် သည် သူ၏ လူမျိုးတော် အတွက် ကြီးသော အမှုများ ကို ပြုလုပ် ပေးခဲ့ ကြောင်း ကို အမြဲတမ်း ပြန်လည် အောက်မေ့ သတိရ ရမည်ဖြစ် ပါသည်။ ဤကဲ့သို့ ပြန်လည် အောက်မေ့ သတိရခြင်း သည် က္ကုသ ရေလ လူမျိုး တို့အား ဘုရား သခင်၏ လူတို့အ ပေါ်တွင် ထားသော သစ္စာရှိခြင်း၊ ဖြောင့် မတ်ခြင်း၊ ချစ်ခြင်း မေတ္တာ များကို တွေ့မြင် စေပါသည်။ ဤအ ရာ များကို ပြန်လည် တွေ့မြင် ရခြင်းဖြင့် ဘုရား သခင်အ ပေါ်ကြောက် ရွံ့ခြင်း၊ စိတ်နှ လုံးအကြွင်း မဲ့ကိုး စားခြင်း၊ သစ္စာရှို ခြင်း၊ များကို ပြန်လည် လုပ်ဆောင် လာနိုင် မည်ဖြစ် သည်။ ဘုရား သခင် သည် လူသား တို့အဖို့ အဘယ် မျှလောက်ပြု တော်မူပြီး သည်ကို အောက်မေ့ သတိရခြင်း မရှိပါက ဒုစရိုက် အမှုများကို ပြုလျက် ပျက်စီး ခြင်းသို့ ရောက်ရှိ နိုင်ပြီး ဘုရားသ ခင်နှင့် ပို၍ဝေး ကွာနိုင် ပါသည် (၁ရာ ၁၂း၂၅)။ ဘုရား သခင်နှင့် ဝေးကွာ ခြင်းမရှိ စေရန် ဘုရား သခင် ပြုတော် မူသော ကရုဏာ တော်နှင့် သစ္စာ တော်ကို အောက် မေ့၍ ကယ်တင် တော်မူခြင်း ကျေးဇူး တရား အတွက် ထာဝရ ဘုရား အားကြွေး ကြော်၍ ရွှင်လန်း စွာ ချီးမွမ်း ကြရ မည်ဖြစ် သည် (ဆာလံ ၉၈း၃-၄)။
~●(၅)ဘုရားပေးတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ခြင်း
ဘုရား သခင် သည်လူ သားတို့ အား သူ၏ပုံ သဏ္ဌာန် နှင့် အညီ ဖန်ဆင်း ထားပါ သည်။ (ကမ္ဘာ ၂း၂၇က) လူသား တို့သည် တန်ဖိုး ရှိသော ပုံသဏ္ဌာန် နှင့် အသက် တာကို ပိုင်ဆိုင် ထားကြ သူများဖြစ်သည်။ ဘုရား သခင် ဖန်ဆင်း ထားသော အရာများ အားလုံး ကို အုပ်စိုး ၍ ထိန်းသိမ်း စောင့် ရှောက် ရန်တာ ဝန်များကို လည်း ပေးအပ် ထား ပါသည်။ ထို့ကြောင့် ဘုရား သခင်၏ သားသမီး အယောက် စီတိုင်း တို့သည် မိမိတို့၌ ပေးအပ် ထားသာ တာဝန် များ ကို ကျေပွန် အောင်ထမ်း ဆောင်ဖို့ ရန်အ တွက် ပေးဆပ် လုပ်ဆောင် ဖို့ရန်အ ရေးကြီး ပါသည်။ ဓမ္မဟောင်း ခေတ် အချိန် ကာလက ဘုရား သခင်၏ အမှု တော်မြတ် လုပ်ငန်းများ အားလုံး တွင် လူအမျိုး မျိုးတို့ ကို ရွေးကောက် ၍ ပရော ဖက်အရာ ၌ခန့် ထားပြီး အသုံးပြု စေခိုင်း ခဲ့ပါသည်။ ပရောဖက် များအား ဖြင့် က္ကုသရေ လလူတို့ အား နောင် တရ စေပြီး ကယ်တင် ခြင်းအ မှုကို ပြုခဲ့ သည်။
ဓမ္မသစ် ခေတ်အ ချိန်ကာ လတွင် ဘုရား သခင်သည် ကယ် တင်ခြင်း တရားကို လူသား တို့အား ပေးဖို့ရန် တပါးတည်း သော သားတော် ယေရှု ခရစ်တော် ကို အသေခံ ဖို့ရန် ဤလော ကသို့စေ လွှတ်ခဲ့ ပါသည်။ ယေရှုခ ရစ်တော် ထမ်း ဆောင်ရ သောတာ ဝန်သည် ခါးသီး ၍ ပြင်း ထန်လွန်း လှသော ကြောင့် ဤခွက် သည် အကျွန်ုပ် ကို လွန်သွား နိုင်လျှင် လွန်သွား ပါစေ သောဟု ပင်တောင်း ဆိုခဲ့ သည်။ သို့သော် လည်း သူ၏အ လိုဆန္ဒ အတိုင်း မဟုတ်ဘဲ ဘုရား သခင်၏ အလိုတော် အတိုင်း ဆောင်ရွက် ပါမည်ဟု ဆုတောင်း ခဲ့သည် (မဿဲ ၂၆း ၃၉-၄၂)။ နောက် ဆုံး အဖမ်း ဆီးခံ၍ ကားတိုင် ထက်မှာ အသေ သတ်ခြင်း ကိုခံခဲ့ရ သည်။ သစ္စာရှိ စွာဖြင့် အသက် ဆုံးသည့် တိုင် ဘုရား သခင် ၏ အလို တော်အ တိုင်း ဘုရား ပေးတာ ဝန်ကို ထမ်းဆောင် ခဲ့ပါသည်။ တပည့် တော်များ ကိုလည်း  ယေရှုခ ရစ်တော် က “ငါ၌ဆည်း ကပ်လို သောသူ ဖြစ်လျှင် ကိုယ်ကို ကိုယ်ငြင်း ပယ်ရ မည်။ ကိုယ်လက် ဝါးကား တိုင်ကို ထမ်း၍ ငါ့နောက် သို့လိုက် ရမည်” (မဿဲ ၁၆း၂၄) ဟုသွန် သင် ခဲ့ပါ သည်။ ယေရှုခ ရစ်တော် ၏ တပည့် ဖြစ်လို သူများ သည် သခင်ခ ရစ်တော် လုပ်ဆောင် သကဲ့သို့ ဘုရား ပေးတာ ဝန်များ ကို ကျေပွန် အောင် ထမ်းဆောင် ရပါမည်။ ဘုရား ပေးတာ ဝန်များ သည် ကြီးလေး လှသည်။ ခက်ခဲ ၍ကြမ်း တမ်းလှ သည်။ ပင်ပန်း၍ ခါးသီး လှသည်။ ခရစ် တော်နည်း တူ တာဝန် ထမ်းဆောင် နိုင်ရန် အယောက် စီတိုင်းတို့ အားမ တူညီ သော လုပ်ဆောင် နိုင်မှုစွမ်း အား ၊ ခွန်အား များကို ပေးထား ပြီးဖြစ် သည်။ မည်သို့ ပင် ကြီးလေး ၍ ခက်ခဲကြမ်း တမ်း၍ ခါးသီး လှသည် ဖြစ်ပါစေ ခရစ်တော် ကဲ့သို့ပြီး ဆုံးသည့် (ပန်းတိုင်) ရောက်သည့် တိုင်အောင် ဘုရား ပေးခွန် အားနှင့် လုပ်ဆောင် သူမှ သာသ စ္စာရှိသော တပည့် တော်စစ် များဖြစ်နိုင် ကြပေ မည် (မဿဲ ၂၅း၂၁)
~●နိဂုံး။
ယုံကြည် သူများ အားလုံး သည် ယေရှုခရစ် တော်၏တ ပည့်တော် များဖြစ်ကြ ပါသည်။ တပည့် တော်ဖြစ် သည် ဆိုရာ ၌ အတုအ ယောင်မ ဟုတ်ဘဲ “သစ္စာရှိ သောတ ပည့်တော် စစ်” ဖြစ်ကြ ရပါမည်။ သစ္စာရှိ သောတ ပည့်တော် စစ် များ ဖြစ်ကြ ဖို့ရန် ဘုရား သခင် အလို တော်မရှိ သော အသက် တာဖြစ် သည့် တန်ခိုး အာဏာ ကို မှီခိုအား ထားခြင်း၊ အတ္တ ကြီးခြင်း၊ စည်းစိမ် ဥစ္စာ ပေါ်တွင် ယဇ်မှုး ခြင်း၊ ဘုရား သခင် ဝတ်၌ မွေ့လျော်မှု မရှိခြင်း၊ မိမိတို့၏ လိုချင် တပ်မက်မှု နောက်သို့ လိုက်ခြင်း၊ မကောင်း သောဒု စရိုက်များ ၌ ကျင်လည် နေခြင်း များကို ဖယ်ရှား ရှောင်ရှား ၍ ဘုရား ဝတ်၌ မွေ့လျော် ၍ အသက် ရှင်နေ ထိုင်ခြင်း ဖြင့် ဘုရား သခင် အပေါ် သစ္စာရှိ ရပါမည်။ ထို့ကြောင့် နေ့စဉ် အသက် တာတွင် ဘုရား သခင်အား ကြောက်ရွံ့ ၍ သစ္စာ နှင့် ဝတ်ပြုကိုး ကွယ်ရ ပါမည်။ ပြုလေ သမျှ လုပ် ဆောင်လေ သမျှတို့၌ ဘုရား သခင်ကို စိတ်နှလုံး အကြွင်းမဲ့ အားကိုး ခိုလှုံရ ပါမည်။ နေ့စဉ်အ သက်ရှင် နေထိုင် ရာတွင် ဘုရား သခင်၏ သမ္မာ တရား၌ တည်၍ သမ္မာ တရား အတိုင်း လိုက် လျှောက် နေထိုင် ရပါမည်။ နေ့စဉ် နေ့တိုင်း ဘုရား သခင်ပြု တော်မူ သော ကျေးဇူး တော်ကို ချီးမွမ်း ရပါမည်။ လူ့လော ကတွင်အ သက်ရှင် နေထိုင် စဉ်အ တွင်း ဘုရား သခင်ပေး ထားသော အစွမ်း အစများ နှင့် ဘုရား ပေးတာ ဝန်များကို ကျေပွန် အောင်ထမ်း ဆောင်ရ ပါမည်။ ဤသို့ အသက်ရှင် နေထိုင်ခြင်း အားဖြင့် ယုံကြည် သူများ အားလုံး မိမိတို့ အသက် တာအ သီးသီး ကို မိမိတို့ ၏ ဘေးပတ် ဝန်းကျင်လူမှုအ သိုင်းအ ဝိုင်း၊ မိမိတို့၏ အသင်း တော်၊ မိသား စုများ အတွက် ဆက်ကပ် အစေခံ လျက် ဘုရား သခင်၏ ဘုန်းတော် ကို ထင်ရှား စေသော သစ္စာ ရှိသော တပည့် တော်စစ် များအဖြစ် လက်တွေ့ အသက် ရှင်နေ ထိုင်ကြ ပါစို့။
●ဆရာမကေသီထွေး(ဓမ္မကထိက-မြန်မာနိုင်ငံဓမ္မတက္ကသိုလ်)
၂၀၂ကြိမ်မြောက်၊ယုဒသန်နေ့-၂၀၁၅ခုနှစ်၊ဇူလိုင်လ(၁၂)ရက်


ရွှေလီရှမ်း နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် ဧသသင်တန်း

ရွှေလီ ရှမ်းနှစ် ခြင်းခ ရစ်ယာန် အဖွဲ့ ချုပ်၊ ဧ၀ံ ဂေလိ နှင့်သာ သနာပြု ရေးဌာန ၏လက် တွေ့ဧ ၀ံဂေလိ တရား ဟောနည်း သင်တန်း အမှတ် စဉ်(၃) ကို “ရေနက်ရာ” ခေါင်းစဉ် ဖြင့် ၂၀၁၅ ခုနှစ် ဧပြီလ (၁) ရက်နေ့ မှ ဧပြီလ (၃) ရက်နေ့ အထိ နမ့်ခမ်း မြို့၊ နောင်စမ့် ကုန်း အသင်း တော်တွင် ရွှေလီရှမ်း နှစ်ခြင်း ခရစ်ယာန် အဖွဲ့ ချုပ်၏ တွဲဖက် အထွေ ထွေ အတွင်း ရေးမှူး သိက္ခာ တော်ရ ဆရာ စိုင်းအောင် သိန်းဦးမှ
အဖွင့် ဆုတောင်း ခြင်းဖြင့်  အစပြုခဲ့ ပါသည်။ အဆို ပါသင် တန်းတွင် “ရေနက် ရာသို့ ရွှေ့လော့” ခေါင်းစဉ်နှင့် “သာသနာ ပြုခြင်း ၏သဘော သဘာဝ” ခေါင်း စဉ်ကို ဆရာစော ၀င်းဖေဇင် (မြန်မာ နိုင်ငံနှစ် ခြင်းခရစ် အသင်း ချုပ်၊ ဧ၀ံဂေ လိနှင့် သာသ နာပြုရေး ဌာန၏ တွဲဖက် တာဝန် ခံ) မှ သင်ကြား ပို့ချ ခဲ့ပြီး၊ “လက် တွေ့ ဧ၀ံဂေ လိတရား ဟော ပြောနည်း” ကို ဆရာမ ဒေါ်မိမိလေး (ရွှေလီ ရှမ်းနှစ် ခြင်းခ ရစ်ယာန် အဖွဲ့ ချုပ်မှ ပို့ချ ခဲ့ပါသည်။ ယင်းဧ၀ံ ဂေလိ သင်တန်း သို့ ကျမ်းစာ ကျောင်းသား /သူများ၊ ရွှေလီ ရှမ်းအဖွဲ့ ချုပ် ရှိအသင်း တော်များမှ ဧ၀ံဂေလိ ဆရာ/မ များ သာသ နာပြု ကွင်းတာ ၀န်ခံများ စုစုပေါင်း (၂၉)ဦး သင်တန်း တက်ရောက် ခဲ့ကြ ပါသည်။ သင်တန်းကို ၂၀၁၅ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့ ညနေ (၄း၀၀) နာရီ တွင် ရွှေလီရှမ်း နှစ်ခြင်း ခရစ်ယာန် အဖွဲ့ ချုပ်၏ တွဲဖက် အထွေ ထွေ အတွင်း ရေးမှူး သိက္ခာ တော်ရ ဆရာ စိုင်းအောင် သိန်းဦး ဆက်ကပ် ဆုတောင်း ခြင်းဖြင့် အောင်မြင် စွာရုပ် သိမ်းခဲ့ ပါသည်။