ယုဒ သန် ဂုဏ်ပြု တေး သီချင်း ပြိုင် ပွဲ အထူး စည်းဝေး

၂၀၁၅ ခုနှစ် ဇူလိုင် လ (၁၂) ရက် နေ့ တွင် ကျ ရောက် မည့် ၂၀၂ ကြိမ်၊ မြောက် ယုဒ သန် နေ့ မတိုင် မီ၊ ဆရာ ကြီး ယုဒ သန် နှင့် ပါရမီ ဖြည့် ဖက် များ အား ဂုဏ် ပြု သော အားဖြင့် ယုဒ သန် ဂုဏ် ပြု တေး သီ ချင်း ပြိုင် ပွဲများ ကို ရန် ကုန် မြို့ နှင့် အခြား မြို့ ကြီး များ တွင် ပြုလုပ် ရန်ကိ စ္စ နှင့် ပတ် သက်ပြီး အထူး အစည်း အဝေး ကို ယနေ့ မွန်းလွဲ (၁း၀၀) နာရီ တွင် နှစ်ခြင်း အသင်း ချုပ်၊ တွဲဖက် အထွေ ထွေ အတွင်း ရေးမှူး ရုံး ခန်း တွင် ပြုလုပ် ခဲ့ ပါသည်။ အဆို ပါ
အစည်း အဝေး သို့ အသင်း ချုပ် တွဲ ဖက် အထွေ ထွေ အ တွင်း ရေး မှူး သိ က္ခာ တော်ရ စော စမ် စန်(သဘာ ပတိ)၊ အသင်း ချုပ် ဧ၀ံ ဂေလိ နှင့် သာသ နာ ပြုရေး ဌာန မှ ဌာန တာ ၀န် ခံ၊ တွဲဖက် ဌာန တာဝန် ခံ၊ လက် ထောက် ဌာန တာဝန် ခံ၊ အသင်း ချုပ် လူငယ် ဌာန တာ ၀န်ခံ ဆရာ ၀င်းထွဋ် သာ ကြည်၊ က ရင် နှစ် ခြင်း ခရစ် ယာန် အဖွဲ့ ချုပ် ဧ/သ ဌာန မှ ဆရာ ခွန်အက် ဒွက်၊ မြန် မာ နိုင်ငံ နှစ်ခြင်း ခရစ် ယာန် အသင်း တော် များ အ ဖွဲ့ချုပ်- ပဲခူး သာ သနာ နယ် လူငယ် တာဝန် ခံ ဆရာ စော ပေါ် လယ် ထူး၊ ခရစ် ယာန် တေး ဂီ တပညာ ရှင် များ မိသ ဟာရ (CMF) မှ ကိုဝီလျှံ၊ စောဂျိုးဂျို၊ ရှိန်း၊ ဆရာ မ ဒေါ် ကေ ဂျာနူး၊ ဆရာ မ ဒေါ် ကေ ဂျာ ဇန် တို့ တက် ရောက် ပါဝင် ဆွေး နွေး ခဲ့ကြ ပါသည်။ ယင်း စည်း ဝေးတွင် သီချင်း ပြိုင်ပွဲ ကျင်း ပ မည့် မြို့ များ အား ရွေး ချယ် ခြင်း၊ ပြိုင် ပွဲစည်း ကမ်း များနှင့် အမှတ် ပေး စည်း မျဉ်းများ ရေးဆွဲ ခြင်း၊ အ မှတ် ပေး ဒိုင်များ သတ် မှတ် ခြင်း၊ ပြိုင် ပွဲ အတွက် ထောက် ပံ့ငွေ များ သတ် မှတ် ခြင်း၊ ဆု များ ပြင်ဆင် ခြင်း၊ ကြော် ငြာ ကိစ္စ များ အစ ရှိ သဖြင့် ဆွေး နွေးခဲ့ ကြပြီး၊ အ စည်း အဝေး အား ညနေ (၄း၀၀) တွင် သိ က္ခာ တော် ရဆ ရာ ထောင့်ခန့် စိန် ဆု တောင်း ခြင်း ဖြင့် ရုပ် သိမ်း ခဲ့ ပါသည်။
ယုဒသန်သီချင်းပြိုင်ပွဲအတွက်အထူးအစည်းအဝေး(၂၈-၅-၂၀၁၅)