နှစ်ခြင်းအသင်းချုပ် ဧ/သဌာန လုပ်ငန်းစဉ်ညှိနှိုင်း စည်းဝေး

မြန်မာနိုင် ငံနှစ်ခြင်း ခရစ်ယာန် အသင်း ချုပ်၊ ဧ၀ံဂေ လိနှင့် သာသနာ ပြုရေးဌာ န၏ ၂၀၁၅ ခုနှစ် လုပ်ငန်း စဉ် ညှိနှိုင်း အစည်း အဝေး ကို ယနေ့ နံနက် (၈း၀၀) နာရီ တွင် စတင် ပြုလုပ် ခဲ့ရာ ဧ၀ံဂေ နှင့် သာသ နာ ပြု ရေး ဌာန သဘာ ပတိ သိက္ခာ တော်ရ ဒေါက် တာ စော သိန်းရွှေ မှအမှာ စကားပြော ကြားခဲ့ ပါသည်။ ယင်းနောက် ဌာနတာ ၀န်ခံ သိက္ခာ တော်ရ ဆရာ ထောင်းခန့် စိန်မှ လူမျိုးစု နှင့်
ဒေသန္တ ရအဖွဲ့ ချုပ် အသီး သီး မှ ရောက် ရှိလာ သော ဧ/သ တာဝန် ခံများနှင့် တစ်ဦး ချင်းမိတ် ဆက်ပေး ခဲ့ပါသည်။ အလုပ် စည်း ဝေး (၁) ကို ဆက်လက် ပြု လုပ်ရာ မွန်းတည့် (၁၂း၀၀) နာရီ တွင် ခေတ္တရပ် နားပြီး နေ့လည် စာကို အတူ တကွ သုံးဆောင် ခဲ့ကြ ပါသည်။ မွန်းလွဲ (၁း၀၀) နာရီ တွင် အလုပ် စည်းဝေး (၂) အားပြန် လည် အစပြု ပြီး အစည်း အဝေးကို မွန်းလွဲ (၃း၁၅) နာရီ တွင် အောင် မြင်စွာ အတူ တကွ ညှိနှိုင်း ရေးဆွဲ ခဲ့ကြပါ သည်။ အဆို  ပါညှိ နှိုင်း အ စည်းအဝေး တွင် လူမျိုးစု နှင့် ဒေသန္တရ အသီး သီးမှ ဧ/သဌာ နတာဝန်ခံ များမှ မိမိ တို့ အဖွဲ့ ချုပ်များ၏ သာသနာ ပြုလုပ်ငန်း များ အား တစ်ဦးစီ တင်ပြ ခြင်း၊ တုန့်ပြန် ဆွေး နွေးခြင်းများ ပြုလုပ် ကြ ပြီး၊ ရွှေပြည် မြန်မာ နှစ်ခြင်း သာသနာ ဒုတိယ ဆယ်စု နှစ်၊ ပထမ (၃) နှစ် စီမံကိန်း၏ ပထ မနှစ် ဆောင် ရွက် မှု အခြေ အနေများ ကို အသေး စိတ် တင်ပြဆွေး နွေးခြင်းများ၊ မိမိတို့ အဖွဲ့ချုပ်ရှိ အသင်း တော် များ၏ အခြေ အနေ၊ အရေအတွက်၊ သာသနာ ပြုကွင်း များတိုးချဲ့ ဆောင်ရွက် ကြသည့် အခြေ အနေ၊ ရင်ဆိုင် ရသော အခက် အခဲများ၊ ဆုတောင်း ပေးရန် အချက်များ ကိုလည်း အချင်း ချင်းမျှ ဝေ ဖေါ်ပြ ခဲ့ကြပါသည်။ ထို့အပြင် နှစ်ခြင်း အသင်းချုပ်၊ ဧ၀ံဂေ လိနှင့်သာ သနာပြု ရေးဌာန၏ ၂၀၁၆ ခုနှစ်၊ ရေးဆွဲ ထားသော စီမံ ချက် မူကြမ်း ကို လူ/ဒေအ ဖွဲ့ချုပ် အသီးသီး ၏ဧ/သဌာန တာဝန် ခံများအား ပေးအပ်ခြင်း၊ နောက် တစ်ကြိမ် စည်းဝေး တွင် မိမိတို့ အမြင်များ နှင့် အသင်းချုပ်နှင့် အဖွဲ့ချုပ် ချိတ် ဆက်ဆောင် ရွက်၍ ရအောင် ပြန်လည် တင်ပြ ကြရန်၊ အဖွဲ့ ချုပ်များ တွင် ပြုလုပ်သွား မည့် One Challenge ၏ အသင်းတော် တည်ထောင် ခြင်းဆိုင် ရာ သင်တန်း ကိစ္စများ၊ ရွှေပြည် မြန်မာနှစ် ခြင်းသာ သနာလုပ် ငန်း ၂၀၁၆ ခုနှစ် အဖွဲ့ချုပ် အလိုက် ပြုလုပ် မည့် တွန်း အားပေး သင်တန်း များအ ကြောင်း ကိုလည်း ဆွေး နွေးညှိ နှိုင်းခဲ့ ကြပါ သည်။ မွန်းလွဲ (၃း၁၅) တွင် ရှမ်း ပြည်နယ် တောင် ပိုင်း နှစ်ခြင်း ခရစ်ယာန် အနီး သာသနာ အဖွဲ့ ချုပ်မှ ဧ/သ တာဝန် ခံဆရာ အက် ဒွင်ဆိုင်း ဆုတောင်း ခြင်း အားဖြင့် ညှိနှိုင်း စည်းဝေး အား အောင်မြင် စွာရုပ် သိမ်း ခဲ့ကြ ပါသည်။ အစည်း အဝေး သို့ ကချင်နှစ် ခြင်းခရစ် ယာန် အဖွဲ့ချုပ်၊ ကရင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်၊ မွန်နှစ် ခြင်းခရစ် ယာန် အဖွဲ့ ချုပ်၊ နာဂ နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်၊ ရှမ်း/တောင် အဖွဲ့ချုပ်၊ အရှေ့/ရှမ်း နှစ်ခြင်းခရစ် ယာန် အဖွဲ့ချုပ်၊ ရခိုင်ပြည် နယ်နှစ် ခြင်းခရစ် ယာန်အ ဖွဲ့ချုပ်၊ အခါ နှစ်ခြင်း ခရစ် ယာန် အဖွဲ့ချုပ်၊ လားဟူ နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်၊ ချင်း နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်၊ တီးတိန် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်၊ ပိုးက ရင်နှစ်ခြင်း ကွန်ဖ ရင့်၊ အရှိုနှစ် ခြင်းခရစ် ယာန် အဖွဲ့ချုပ် နှင့် ရှမ်း ပြည် နယ် မြောက် ပိုင်းနှစ် ခြင်းခရစ် ယာန် အဖွဲ့ ချုပ်မှ ဧ/သ တာ ၀န်ခံများ အသီး သီးတက် ရောက် ခဲ့ကြ ပါသည်။
ဌာနတာဝန်ခံRev.ထောင်းခန့်စိန်(၀ဲ)နှင့်ဌာနသဘာပတိRev.Dr.စောသိန်းရွှေ(ယာ)