၂/ ၂၀၁၅ ယုဒ သန်နေ့ ကော် မတီ အစည်း အဝေး

၂/ ၂၀၁၅ ယုဒ သန် ကော် မတီ အစည်း အဝေး ကို ၂၀၁၅ ခုနှစ်၊ မေလ (၂၇) ရက် နေ့၊ မွန်းလွဲ (၁း၀၀) နာရီ တွင် နှစ် ခြင်း အသင်း ချုပ်၊ စည်းဝေး ခန်းမ (၁) တွင်ပြု လုပ် ခဲ့ပါ သည်။ အဆို ပါစည်း ဝေးတွင် ဖွဲ့ စည်း ထား သော ယုဒ သန်နေ့ အစီ အစဉ် ရေး ဆွဲရေး ကော် မတီ ၊ ယုဒ သန် နေ့ သီ ချင်း ပြိုင်ပွဲ ကျင်းပ ရေး ကော် မတီနှင့် ၂၀၁၅ခုနှစ်၊ တရား ပလ္လင် ရေး ဆွဲ ရေး ကော် မတီ တို့၏ ပြန် ကြား ချက် များကို ကြား နာ ခြင်း၊ ၂၀၁၅ ခုနှစ်၊ တွင် ပြုလုပ် မည့်
ယုဒ သန် နေ့ နှင့် ယု ဒ သန်နေ့ အကြို အစီ အစဉ် များ ကို အသေး စိတ် ရေး ဆွဲ တိုင် ပင် အတည် ပြုခဲ့ ကြပါ သည်။ အဆို ပါ အစည်း အဝေး သို့ နှစ်ခြင်း အသင်း ချုပ်၊ (တွဲဖက် အထွေ ထွေ အတွင်း ရေးမှူး ) သိက္ခာ တော်ရ ဆရာ စောစမ်စန် မှ စည်း ဝေး သ ဘာ ပတိ အဖြစ် ဆောင် ရွက် ပြီး၊ (ဘ ဏ္ဍာ ထိန်း) သိက္ခာ တော်ရ ဆရာ မန်း စံ သိန်း ထွန်း၊ ရန် ကုန် အခြေ စိုက် လူ/ဒေ အဖွဲ့ များ မှ ကိုယ် စား လှယ်များ၊ တိုက် ရိုက် ဆက် သွယ် သော အသင်း တော် မှ ကိုယ်စား လှယ် များနှင့် နှစ်ခြင်း အသင်း ချုပ် ဌာန များ မှ ဌာန တာဝန် ခံများ တက် ရောက် ပါ ၀င် ဆွေး နွေး ခဲ့ကြ ပါ သည်။ အစည်း အဝေး တွင် လူ/ ဒေ အဖွဲ့ ချုပ် များ နှင့် နယ် အဖွဲ့ များ သို့ ပေး ပို့ရ မည့် ယုဒ သန် နေ့ အစီ အစဉ် လက်စွဲ စာအုပ် ၊ လက် ကမ်း စာ စောင်၊ အလှူ ငွေ စာ အိတ် များ ကိစ္စ၊ ရန်ကုန် နှင့် နယ်မြို့ များတွင် ယုဒသန် နေ့ အကြို သီ ချင်း ပြိုင် ပွဲ ကျင်း ပ ပြုလုပ် ရေး ကိ စ္စ၊  တရား ပလ္လင် လဲ လှယ် ရေး ကိစ္စ၊ ပြိုင်ပွဲ အတွက် ပံ့ပိုး ငွေကိစ္စ၊ လုပ် ငန်းတာ ၀န်ခွဲ ဝေခြင်း ကိစ္စ များ ကို အသေး စိတ် တိုင် ပင် ဆွေး နွေး ခဲ့ ကြ ပါသည်။ အ စည်း အဝေး ကို ညနေ (၄း၀၀) နာရီ တွင် သိက္ခာ တော်ရ ဆရာ ဆိုင် မှုန်း (ဓမ္မ အမှု တော် ဆောင် ဌာန- တာဝန် ခံ) ဆု တောင်း ခြင်း ဖြင့် ရုပ်သိမ်း ခဲ့ ပါ သည်။
၂/၂၀၁၅ယုဒသန်နေ့ကော်မတီအစည်းအဝေး၊၂၇-၅-၂၀၁၅၊စည်းဝေးခန်းမ(၁)