ဆရာ ကြီးယု ဒသန် နှင့် ပါ ရ မီ ဖြည့် ဖက် များ အား ဂုဏ် ပြု တေး သီ ချင်း သီ ဆို ပြိုင် ပွဲ...

မြန် မာ နိုင် ငံ နှစ် ခြင်း ခရစ် ယာန် အ သင်း ချုပ်၊ ယု ဒ သန် နေ့ အ ကြို  “ဆ ရာ ကြီး ယု ဒ သန် နှင့် ပါ ရ မီ ဖြည့် ဖက် များ အား ဂုဏ် ပြု တေး သီ ချင်း ပြိုင် ပွဲ” ကို ၂၀၁၅ ခုနှစ်၊ ဇူ လိုင် (၁၁) ရက်၊ စ နေ နေ့ တွင် ရန် ကုန် မြို့ အပါ အ ၀င်၊ နယ် မြို့ (၆) မြို့ ဖြစ်သော နမ့် ခမ်း မြို့၊ တောင် ကြီး မြို့၊ ဒီ မော ဆို မြို့၊ ပြင် ဦး လွင် မြို့၊ တောင် ငူ မြို့ နှင့် ပု သိမ် မြို့ တို့ တွင် တစ် ပြိုင် တည်း ကျင်း ပ ပြု လုပ် ခဲ့ ပါ သည်။ ထို ကျင်း ပ ပြု လုပ် ရာ ရန် ကုန် မြို့ ပြိုင် ပွဲ တွင် အ သင်း တော် (၂၆) ပါး၊ နမ့် ခမ်း မြို့ တွင် အ သင်း တော် (၈) ပါး၊ တောင် ကြီး မြို့ တွင် အ သင်း တော် (၇) ပါး၊ ပြင် ဦး လွင် မြို့ တွင်အ သင်း တော် (၉) ပါး၊ ဒီ မော ဆို မြို့ တွင် အ သင်း တော် (၁၃) ပါး၊ ပု သိမ် မြို့ တွင် အ သင်း တော် (၅) ပါး နှင့် တောင် ငူ မြို့ တွင် အ သင်း တော် (၉) ပါး စု စု ပေါင်း အ သင်း တော် (၇၇) ပါး ပါ ၀င် ယှ ဉ် ပြိုင် ခဲ့ ကြ ပါ သည်။ ရန် ကု မြို့ ၌ ပြု လုပ် သော ပြိုင် ပွဲ တွင် ပ ထ မ ဆု ကို ခိုးလ် က ရင် နှစ် ခြင်း အ သင်း တော်၊ ဒု တိ ယ ဆု ကို ကျေး ဇူး တော် မြတ် နှစ် ခြင်း အ သင်း တော် (မခမမ) တ တိ ယ ဆု ကို က ချင် နှစ် ခြင်း အ သင်း တော် ( ရန် ကုန်)၊ နှစ် သိမ့် ဆု (၃) ဆု ကို မြောက် ဥ က္က လာ ပ ပိုး က ရင် နှစ် ခြင်း အ သင်း တော် ၊ ဟုမ်း မစ် ရှင် ကျမ်း စာ ကျောင်း နှင့် ဧ မာ နွေ လ နှစ် ခြင်း အ သင်း တော် တို့ မှ အ သီး သီး ဆု ရ ရှိ ခဲ့ ကြ ပါ သည်။ ရန် ကုန် ပြိုင် ပွဲ အ တွက် အ မှတ် ပေး ဒိုင် သူ ကြီး များ အ ဖြစ် စော ခူ ဆဲ၊ ကို ရယ် ဂျီ၊ ကို အောင် ဒူး၊ လေး လေး ၀ါး၊ မ ဆုန် သင်း ပါရ် တို့ မှ ဆက် ကပ် ဆောင် ရွက် ပေး ခဲ့ ကြ ပါ သည်။ ပြိုင် ပွဲ ကို မြန် မာ နိုင် ငံ နှစ် ခြင်း ခရစ် ယာန် အ သင်း ချုပ် တွဲ ဖက် အထွေ ထွေ အ တွင်း ရေး မှူး သိ က္ခာ တော် ရ ဆ ရာ စော စမ် စန် မှ ဆု တောင်း ခြင်း အား ဖြင့် အ စ ပြု ပြီး၊ ပြိုင် ပွဲ ပြု လုပ် ရ ခြင်း ၏ ရည် ရွယ် ချက် နှင့် အနှစ် သာ ရ ကို မြန် မာ နိုင် ငံ နှစ် ခြင်း အ သင်း ချုပ် ဘဏ္ဍာ ထိန်း သိ က္ခာ တော် ရ ဆရာ မန်း စံ သိန်း ထွန်း မှ ဖေါ် ပြ ခဲ့ ပါ သည်။ ထို့ နောက် ပြိုင် ပွဲ နှင့် ပတ် သက် သော စည်း ကမ်း များ ကို ကို အောင် ဒူး မှ ရှင်း လင်း ဖေါ် ပြ ခဲ့ ပါ သည်။ ပြိုင် ပွဲ ခေ တ္တ ခ ဏ နား ချိန် တွင် နော် အက် (စ်) တာ ဒွေး နှင့် နော် အယ် နီ ရှိုင်း တို့ မှ ဂုဏ် တော် ချီး မွမ်း ခဲ့ ပါ သည်။ ယှဉ် ပြိုင် ခြင်း ပြီး ဆုံး ပြီး သည့် အ ချိန် တွင် ပြိုင် ပွဲ ၀င် သီ ချင်း အား ရေး စပ် သီ ကုံး ခဲ့ သော တေး ရေး ဂျီး နော် မှ သက် သေ ခံ ခဲ့ ပြီး ၊ ဒိုင် ချုပ် စော ခူ ဆဲ မှ အား ပေး စ ကား ပြော ကြား ခဲ့ ပါ သည်။ ယင်း နောက် ဆု ချီး မြင့် ခြင်း အစီ အစဉ် ကို မြန် မာ နိုင် ငံ နှစ် ခြင်း အ သင်း ချုပ်၊ ဘ ဏ္ဍာ ထိန်း သိ က္ခာ တော် ရ ဆ ရာ မန်း စံ သိန်း ထွန်း မှ ဦး ဆောင် ပြီး ၊ နှစ် သိမ့် ဆု များ ကို၊ ကို အောင် ဒူး ၊ မ လေး လေး ၀ါး၊ မ ဆုန် သင်း ပါရ် တို့ မှ လည်း ကောင်း၊ တ တိ ယ ဆု ကို ကို ရယ် ဂျီ မှ လည်း ကောင်း၊ ဒု တိ ယ ဆု ကို စော ခူ ဆဲ မှ လည်း ကောင်း၊ ပ ထ မ ဆု ကို မြန် မာ နိုင် ငံ နှစ် ခြင်း အ သင်း ချုပ် တွဲ ဖက် အ ထွေ ထွေ အ တွင်း ရေး မှူး သိ က္ခာ တော် ရ ဆ ရာ စော စမ် စန် မှ လည်း ကောင်း ချီး မြင့် ပေး ခဲ့ ကြ ပါ သည်။ ယင်း ပြိုင် ပွဲ ကျင်း ပ နိုင် ရေး အ တွက် ရန် ကုန် မြို့ ရှိ နှစ် ခြင်း အ သင်း တော် များ မှ လူ ငယ် (၃၀) ကျော် လာ ရောက် အ စေ ခံ ခဲ့ ကြ ပါ သည်။ ပြိုင် ပွဲ အား “ ဆ ရာ ယု ဒ သန် လို လူ” သီ ချင်း အား တေး ရေး ဂျီး နော် မှ ဦး ဆောင် ပြီး  ပြိုင် ပွဲ ၀င် ခဲ့ သော အသင်း တော် အား လုံး နှင့် အ တူ ချီး မွမ်း ပြီး နောက် ကောင်း ချီး မင်္ဂ လာ ပေး ခြင်း ကို မြန် မာ နိုင် ငံ နှစ် ခြင်း ခရစ် ယာန် အ သင်း ချုပ် တွဲ ဖက် အထွေ ထွေ အ တွင်း ရေး မှူး သိ က္ခာ တော် ရ ဆ ရာ စော စမ် စန် ဆောင် ရွက် ပြီး၊ အ ဖ ဘုရား သခင် ၏ ကျေး ဇူး တော် အား ဖြင့် ပြိုင် ပွဲ အား အောင် မြင် စွာ ရုပ် သိမ်း ခဲ့ ပါ သည်။
၂၀၁၅၊ခုနှစ်၊ဆရာကြီးယုဒသန်နှင့်ပါရမီဖြည့်ဖက်များအား ဂုဏ်ပြုတေးသီချင်းသီဆိုပြိုင်ပွဲဂ၁၁-၇-၂၀၁၅)MBC.