● သီချင်း ပြိုင်ပွဲ အား ပြန် လည် သုံး သပ် ခြင်း စည်း ဝေး...

၂၀၁၅ ခု နှစ်၊ ဇူ လိုင် လ (၁၁) ရက် နေ့ တွင် ရန် ကုန် မြို့ နှင့် အ ပါ အ ၀င် နယ် မြို့ (၆) မြို့ တွင် ကျင်း ပ ပြု လုပ် ခဲ့ သော (၂၀၂) နှစ် မြောက် ယု ဒ သန် နေ့ အ ကြို “ ဆရာ ကြီး ယု ဒ သန် နှင့် ပါရ မီ ဖြည့် ဖက် များ အား ဂုဏ် ပြု တေး သီ ချင်း သီ ဆို ပြိုင် ပွဲ အတွေ့ အကြုံ များ နှင့် အား နည်း ချက် အား သာ ချက် များ ပြန် လည် သုံး သပ် ခြင်း စည်း ဝေး ကို ၂၀၁၅ ခု နှစ် ၊ ဇူ လိုင် လ (၁၇) ရက် (သော ကြာ နေ့) မွန်း တည့် (၁၂း ၀၀) နာ ရီ တွင် ၊ မြန် မာ နိုင် ငံ နှစ် ခြင်း အ သင်း ချုပ်၊ ဧ ၀ံ ဂေ လိ နှင့် သာ သနာ ပြု ရေး ဌာန ရုံး ခန်း တွင် ပြု လုပ် ခဲ့ ပါ သည်။ အ ဆို ပါ အ စည်း အဝေး သို့ ရန် ကုန် မြို့ နှင့် နယ် မြို့ များ သို့ ဒိုင် များ အဖြစ် သွား ရောက် ဆက် ကပ် ပေး ခဲ့ သော ဒိုင် များ အနက် မှ ကို William၊ ကို အောင် ဒူး၊ အက်စ် ကဲ နက်၊ ကို စနို၊ စော ဂျိုး ဂျို၊ စံပါယ် သင်း တို့ နှင့် အ တူ CMF မှ ဆရာ မဒေါ် ကေ ဂျာ နူး၊ ကို တွတ် ကီ တို့ ပါ ၀င် ခဲ့ ကြ ပြီး၊ နှစ် ခြင်း အ သင်း ချုပ် မှ ဆရာ စော ၀င်း ဖေ ဇင် (ဧ/သ ဌာန၊- တွဲဖက် ဌာ န တာ ၀န် ခံ)၊ ဆရာ ၀င်း ထွဋ် သာ ကြည် (လူ ငယ် ဌာ န၊- ဌာန တာ ၀န် ခံ) ၊ ဆရာ ဦး သန်း ထိုက် ဟန် (ဧ/သ ဌာ န၊- လက် ထောက် တာ ၀န် ခံ တို့ တက် ရောက် ခဲ့ ကြ ပါ သည်။ အစည်း အဝေး တွင် ဒိုင် များ မှ မိ မိ တို့ တွေ့ ကြုံ ခဲ့ ရသော အတွေ့ အကြုံ များ ပေါ် မူ တည် ၍ နောက် တစ် ကြိမ် ပြုလုပ် ရာ ၌ ပို ၍ ကောင်း မွန် သော ထိ ရောက် သော အရာ များ ကို အသေး စိတ် ဆွေး နွေး တိုင် ပင် သုံး သပ် ခဲ့ ကြ ပါ သည်။ အစည်း အဝေး ကို မွန်း လွဲ (၂း ၀၀) နာရီ တွင် ကို အောင် ဒူး ဆု တောင်း ခြင်း ဖြင့် ရုပ် သိမ်း ခဲ့ ပါ သည်။ ယင်း နောက် ဒိုင် များ အ ဖွဲ့ အား BJ Restaurant ၌ နေ့ လည် စာ အ တူ တ ကွ သုံး ဆောင် ခဲ့ ကြ ပါ သည်။
သီချင်းပြိုင်ပွဲများအားပြန်လည်သုံသပ်ခြင်း၊(၁၇-၇-၂၀၁၅)၊ဧ/သရုံးခန်းMBC.