● Church Multiplication Coaching Network Training (7)

မြန် မာ နိုင် ငံနှစ် ခြင်း ခရစ် ယာန် အ သင်း ချုပ်၊ ဧ၀ံ ဂေလိ နှင့် သာ သ နာ ပြု ရေး ဌာ န နှင့် One Challenge International တို့ မိတ် ဖက် လျှက် ၂၀၁၄ ခုနှစ် မှ စ တင် ပြု လုပ် ခဲ့ သော Church Multiplication Coaching Network Training ၏ သ တ္တ မ အ ကြိမ် သင် တန်း ကို ၂၀၁၅ ခုနှစ် ၊ ဇူ လိုင် လ (၂၉) ရက် နေ့ မှ ဇူ လိုင် လ (၃၁) ရက် နေ့ အထိ မြန် မာ နိုင် ငံ နှစ် ခြင်း ခရစ် ယာန် အသင်း ချုပ် ၊ သင် တန်း ခန်း မ (၁) တွင် အောင် မြင် စွာ ကျင်း ပ ပြု လုပ် နိုင် ခဲ့ ပါ သည်။ အဆို ပါ သင် တန်း သို့ သင် တန်း ဆရာ များ အဖြစ် OC International မှ Pastor James O. Cantoria, Pastor Elimar C. Eleazar နှင့် Pastor Daniel V. Cebanico တို့ မှ သင် ခန်း စာ များ အား သင် ကြား ပို့ ချ ပေး ခဲ့ ပါ သည်။
ယင်း သင် တန်း သို့ ပ ထ မ အ ကြိမ် မှ ဆ ဌ မ အ ကြိမ် သင် တန်း အထိ တက် ရောက် ခဲ့ ပြီး သော သင် တန်း သူ/ သား များ ပါ ၀င် တက် ရောက် ခဲ့ ကြ ပါ သည်။ သင် တန်း ပို့ ချ စဉ် ဘာ သာ ပြန် ခြင်း ကို Dr. သစ် သစ် မြတ် စံ နှင့် အ တူ ဆရာ မ ဒေါ် ခင် သီ တာ ဇော် တို့ မှ ကူ ညီ ပေး ခဲ့ ကြ ပြီး၊ သ တ္တ မ အ ကြိမ် သင် တန်း ပိတ် ပွဲ ကို ၂၀၁၅ ခုနှစ်၊ ဇူ လိုင် လ (၃၁) ရက် နေ့ ည နေ (၄း ၀၀) နာ ရီ တွင် ပြု လုပ် ရာ တရား ဒေ သ နာ တော် အား Pastor Daniel မှ ဟော ကြား ပြီး၊ မြန်မာ နိုင် ငံနှစ် ခြင်း ခရစ် ယာန် အ သင်း ချုပ်၊ ဧ ၀ံ ဂေ လိ နှင့် သာသ နာ ပြု ရေး ဌာ န တွဲ ဖက် တာ ၀န် ခံ ဆရာ စော ၀င်း ဖေ ဇင် မှ အထူး ဆု တောင်း ပေး ခဲ့ ပါ သည်။ သင် တန်း ပိတ် ပွဲ ကို ညနေ (၄း ၃၀) နာ ရီ တွင် အ ဖ ဘု ရား သခင် ၏ ကျေး ဇူး တော် မြတ် ကြောင့် အောင် မြင် စွာ ရုပ် သိမ်း နိုင် ခဲ့ ပါ သည်။
Church Multiplication Coaching Network Training (7); 29-31/7/2015, Room(1), MBC.

Church Multiplication Coaching Network Training (7); 29-31/7/2015, Room(1), MBC.