● ယု ဒ သန် နေ့ အ ကြို ၀တ် ပြု ကိုး ကွယ် ခြင်း (စ တု တ္ထ ) နေ့...

(၂၀၂) ကြိမ် မြောက် ယု ဒ သန် နေ့ အ ကြို ကိုး ကွယ် ၀တ် ပြု ခြင်း၊ စ တု တ္ထ နေ့ အ စီ အ စဉ် ကို ယ နေ့ နံ နက် (၉း၀၀) နာ ရီ တွင် မြန် မာ နိုင် ငံ နှစ် ခြင်း ခရစ် ယာန် အ သင်း ချုပ်၊ (၅) လွှာ တွင် ဆက် လက် ပြု လုပ် ရာ ရန် ကုန် မြို့ အ ခြေ စိုက် အ ဖွဲ့ ချုပ် တစ် ပါး ဖြစ် သော ပိုး က ရင် နှစ် ခြင်း ကွန် ဖရင့် မှ လာ ရော က် ဦး ဆောင် ခဲ့ ပါ သည်။ ယင်း ၀တ် ပြု ခြင်း အစီ အစဉ် တွင် သ ဘာ ပ တိ အဖြစ် ဆရာ မ နန့် မူ မူ သန့် မှ ပြု လုပ် ပြီး၊ အထူး ဆု တောင်း ခြင်း ကို သိ က္ခာ တော် ရ ဆရာ မန်း န ပို လီ ယံ ရွှေ နီ မှ
ဆောင် ရွက် ပါ သည်။ တရား ဒေ သ နာ ကို သိ က္ခာ တော် ရ ဆရာ မန်း အောင် ၀င်း မှ ရှင် မ သဲ ခရစ် ၀င် ကျမ်း ၄း ၂၁ -၂၂။ ၁၆း ၂၄ ကို အ ခြေ ခံ ပြီး သ စ္စာ ရှိ သော တ ပည့် တော် အ နေ ဖြင့် မိ မိ တို့ ဘ၀ တွင် ခရစ် တော် ၏ တ ပည့် တော် စစ် ဖြစ် ရန် ချန် လှပ် ထား ရ မည့် အ ရာ များ စွာ ရှိ ကြောင်း၊ ဆုံး ရှုံး မှု လည်း များ စွာ ရှိ မည် ဖြစ် ကြောင်း၊ ခေတ် ရေ စီး ချောင်း ၏ ပြောင်း လဲ နေ မှု များ ကို လည်း မျက် ခြေ မ ပျတ် သ တိ မူ ရန် လို ကြောင်း၊  အ ချင်း ချင်း အား ပေး ရန် လို ကြောင်း၊ ထို့ အတူ သ စ္စာ ရှိ သော တ ပည့် တော် သည် မည် သည့် အ ခြေ အ နေ မျိုး တွင် မဆို သ ခင် ဘု ရား အား စွန့် ခွာ မည့် သူ များ မ ဟုတ် ကြောင်း၊ သို့ သော် လည်း အ ခက် အခဲ ဒုက္ခ များ၊ သွေး ဆောင် မှု များ ကို အ ဆက် မ ပြတ် ခံ စား ရ သော အ ခါ ယိမ်း ယိုင် သွား တတ် ကြောင်း ကို သ တိ ပြု ရန် လို ကြောင်း၊ သို့ ရာ တွင် လူ တို့ အား ဖြင့် ပြော မ ရ သော၊ နား မ လည် နိုင် သော အ ကျိုး ကျေး ဇူး များ ရှိ ကြောင်း ခွန် အား ပေး တိုက် တွန်း သွား ပါ သည်။ ၀တ် ပြု ခြင်း အား သိ က္ခာ တော် ရဆ ရာ မန်း ဘင် ဆင် ကောင်း ချီး ပေးခြင်း အား ဖြင့် ရုပ် သိမ်း ခဲ့ ပါ သည်။ (၂၀၂) ကြိမ် မြောက် ယု ဒ သန် နေ့ တ ပတ် တာ အကြို ၀တ် ပြု ကိုး ကွယ် ခြင်း ၏ နောက် ဆုံး နေ့ ( မ နက် ဖန်) (၁၀ - ၇ - ၂၀၁၅) ၀တ် ပြု ခြင်း အား အ ရှို နှစ် ခြင်း ခရစ် ယာန် အဖွဲ့ ချုပ် မှ ဦး ဆောင် သွား မည် ဖြစ် ပါ သည်။
(၂၀၂)ကြိမ်မြောက်၊ယုဒသန်နေ့အကြိုဝတ်ပြုခြင်း၊ပိုးကရင်နှစ်ခြင်းကွန်ဖရင့်(၉-၇-၂၀၁၅)