● ယု ဒ သန် နေ့ အ ကြို ၀တ် ပြု ကိုး ကွယ် ခြင်း (ပ ထ မ ) နေ့...

မြန် မာ နိုင် ငံ နှစ် ခြင်း ခရစ် ယာန် အ သင်း ချုပ်၊ (၂၀၂ ) ကြိမ် မြောက် ယု ဒ သန် နေ့ အ ကြို ၀တ် ပြု ကိုး ကွယ် ခြင်း ကို ယ နေ့ နံ နက် (၉း၀၀) နာ ရီ တွင် နှစ် ခြင်း အ သင်း ချုပ် (၅)လွှာ ခန်း မ တွင် ပြု လုပ် ခဲ့ ရာ အ စီ အ စဉ် အား နှစ် ခြင်း အ သင်း ချုပ်၊ ဧ ၀ံ ဂေ လိ နှင့် သာ သ နာ ပြု ရေး ဌာ န မှ တာ ၀န် ယူ ခဲ့ ပါ သည်။ အ ဆို ပါ ၀တ် ပြု ခြင်း တွင် သ ဘာ ပ တိ အ ဖြစ် ၊ ဆ ရာ စော ၀င်း ဖေ ဇင် (တွဲ ဖက် ဌာ န တာ ၀န် ခံ၊ ဧ/ သ ဌာ န-MBC ) မှ လည်း ကောင်း၊အ ထူး ဆု တောင်း ခြင်း ကို ဆ ရာ မ နန် ပန် အောင် (က ချင် နှစ် ခြင်း အ သင်း တော်- ရန်ကုန်) မှ လည်း ကောင်း၊ ဓမ္မ ဒေ သ နာ အား Rev. Dr. လန် ကျင့် ထန် မှ လည်း ကောင်း၊ ကောင်း ချီး ပေး ခြင်း ကို Rev. ထောင့် ခန့် စိန် (ဌာန တာ ၀န် ခံ၊ ဧ/ သ ဌာ န-MBC) မှ လည်း ကောင်း၊ ဂုဏ် တော် ချီး မွမ်း ခြင်း ကို စိုး သော် မှ လည်း ကောင်း ပါ ၀င် ဆက် ကပ်ခဲ့ ကြ ပါ သည်။ ဓမ္မ ဒေ သ နာ အား (၁) ၂ တိ မော သေ၊ ၂း၁ -အား အ ခြေ ခံ ပြီး ကျေး ဇူး တော် အား ဖြင့် ခိုင် ခန့် ခြင်း ရှိ ရန်၊ (၂) ၂ တိ မော သေ၊ ၂း၂ -အား အ ခြေ ခံ ပြီး တ ပည့် တော် များ ပွား များ အောင် ဆက် ကပ် အ စေ ခံ ကြ ရန် နှင့် ၊(၃) ၂ တိ မော သေ၊ ၂း၃ -အား အ ခြေ ခံ ပြီး စစ် သူ ရဲ ကဲ့ သို့ သ စ္စာ ရှိ သော တ ပည့် တော် များ အ ဖြစ် ရပ် တည် အ သက် ရှင် ရန် တိုက် တွန်း သွား ပါ သည်။