Showing posts with label သတင်းနှင့်ဓါတ်ပုံ. Show all posts

တ ပည့် တော် စစ် သင် တန်း အမှတ် စဉ် (၁) (ရွှေ လီ ရှမ်း အ ဖွဲ့ချုပ်)

ရွှေ လီ ရှမ်း နှစ် ခြင်း ခရစ် ယာန် သာ သ နာ အ ဖွဲ့ ချုပ်၊ ရွှေ လီ ရှမ်း နှစ် ခြင်း ခ ရစ် ယာန် သာ သ နာ အ ဖွဲ့ ချုပ်၊ ဧ၀ံ ဂေ လိ နှင့် သာ သ နာ ပြု ရေး ဌာ န၊ တ ပည့် တော် စစ် သင် တန်း အ မှတ် စဉ် (၁)ရွှေ လီ ရှမ်း နှစ် ခြင်း ခ ရစ် ယာန် သာ သ နာ အ ဖွဲ့ ချုပ်၊ ဧ၀ံ ဂေ လိ နှင့် သာ သ နာ ပြု ရေး ဌာ န မှ ကြီး မှူး ကာ  တ ပည့် တော် စစ် သင် တန်း အ မှတ် စဉ် (၁) အား ရှမ်း ပြည် နယ်၊ နမ့် ခမ်း မြို့ နယ်၊ နောင် စန့် ကုန်း ရှမ်း နှစ် ခြင်း အ သင်း တော် တွင်
ဇွန် လ (၁) ရက် မှ (၁၃) ရက် အ တွင်း သင် တန်း သား (၁၂) ဦး ဖြင့် အောင် မြင် စွာ ပြု နိုင် ခဲ့ ပါ သည်။ ထို တ ပည့် တော် စစ် သင် တန်း တွင် မြန် မာ နိုင် ငံ နှစ် ခြင်း အ သင်း ချုပ်၊ ဧ ၀ံ ဂေ လိ နှင့် သာ သ နာ ပြု ရေး ဌာ န မှ ခ ရစ် ယာန် ပြု စု ပျိုး ထောင် ရေး စီ မံ ကိန်း ဦး စီး မှူး ဆ ရာ ရို ဆန်း မှ ဇွန် လ (၆) ရက် မှ (၁၃) ရက် အ ထိ တ ပည့် တော် စစ် ဖြစ် ခြင်း နှင့် ခ ရစ် ယာန် အ သက် တာ ခေါင်း စဉ် ကို သင် ကြား ပို့ ချ ပေး နိုင် ခဲ့ ပါ သည်။ သင် တန်း ဆင်း ပွဲ ကို ဇွန် လ (၁၃) ရက် နေ့၊ စ နေ နေ့ ည နေ ၄း၀၀ နာ ရီ တွင် ရွှေ လီ ရှမ်း နှစ် ခြင်း ခ ရစ် ယာန် သာ သ နာ အ ဖွဲ့ ချုပ် မှ ဧ ၀ံ ဂေ လိ နှင့် သာ သ နာ ပြု ရေး ဌာ န တာ ၀န် ခံ သိ က္ခာ တော် ရ ဆ ရာ စိုင်း အောင် သိန်း ဦး၊ နောင် စန့် ကုန်း ရှမ်း နှစ် ခြင်း အ သင်း တော် သင်း အုပ် ဆ ရာ တော် သိ က္ခာ တော် ရ ဆ ရာ စိုင်း ထွန်း ကျော်၊ မြန် မာ နိုင် ငံ နှစ် ခြင်း အ သင်း ချုပ် မှ ဆ ရာ ရို ဆန်း နှင့် ကော် မ တီ ၀င် များ တက် ရောက် ကာ သင် တန်း သူ၊ သင် တန်း သား များ အား သင် တန်း ဆင်း လက် မှတ် များ ပေး အပ် နိုင် ခဲ့ ပါ သည်။
တပည့်တော်စစ်သင်တန်း၊အမှတ်စဉ်(၁)၊ရွှေလီရှမ်းအဖွဲ့ချုပ်၊(၁-၁၃/၆/၂၀၁၅)

ယုဒ သန် ဂုဏ်ပြု တေး သီချင်း ပြိုင် ပွဲ အထူး စည်းဝေး

၂၀၁၅ ခုနှစ် ဇူလိုင် လ (၁၂) ရက် နေ့ တွင် ကျ ရောက် မည့် ၂၀၂ ကြိမ်၊ မြောက် ယုဒ သန် နေ့ မတိုင် မီ၊ ဆရာ ကြီး ယုဒ သန် နှင့် ပါရမီ ဖြည့် ဖက် များ အား ဂုဏ် ပြု သော အားဖြင့် ယုဒ သန် ဂုဏ် ပြု တေး သီ ချင်း ပြိုင် ပွဲများ ကို ရန် ကုန် မြို့ နှင့် အခြား မြို့ ကြီး များ တွင် ပြုလုပ် ရန်ကိ စ္စ နှင့် ပတ် သက်ပြီး အထူး အစည်း အဝေး ကို ယနေ့ မွန်းလွဲ (၁း၀၀) နာရီ တွင် နှစ်ခြင်း အသင်း ချုပ်၊ တွဲဖက် အထွေ ထွေ အတွင်း ရေးမှူး ရုံး ခန်း တွင် ပြုလုပ် ခဲ့ ပါသည်။ အဆို ပါ
အစည်း အဝေး သို့ အသင်း ချုပ် တွဲ ဖက် အထွေ ထွေ အ တွင်း ရေး မှူး သိ က္ခာ တော်ရ စော စမ် စန်(သဘာ ပတိ)၊ အသင်း ချုပ် ဧ၀ံ ဂေလိ နှင့် သာသ နာ ပြုရေး ဌာန မှ ဌာန တာ ၀န် ခံ၊ တွဲဖက် ဌာန တာဝန် ခံ၊ လက် ထောက် ဌာန တာဝန် ခံ၊ အသင်း ချုပ် လူငယ် ဌာန တာ ၀န်ခံ ဆရာ ၀င်းထွဋ် သာ ကြည်၊ က ရင် နှစ် ခြင်း ခရစ် ယာန် အဖွဲ့ ချုပ် ဧ/သ ဌာန မှ ဆရာ ခွန်အက် ဒွက်၊ မြန် မာ နိုင်ငံ နှစ်ခြင်း ခရစ် ယာန် အသင်း တော် များ အ ဖွဲ့ချုပ်- ပဲခူး သာ သနာ နယ် လူငယ် တာဝန် ခံ ဆရာ စော ပေါ် လယ် ထူး၊ ခရစ် ယာန် တေး ဂီ တပညာ ရှင် များ မိသ ဟာရ (CMF) မှ ကိုဝီလျှံ၊ စောဂျိုးဂျို၊ ရှိန်း၊ ဆရာ မ ဒေါ် ကေ ဂျာနူး၊ ဆရာ မ ဒေါ် ကေ ဂျာ ဇန် တို့ တက် ရောက် ပါဝင် ဆွေး နွေး ခဲ့ကြ ပါသည်။ ယင်း စည်း ဝေးတွင် သီချင်း ပြိုင်ပွဲ ကျင်း ပ မည့် မြို့ များ အား ရွေး ချယ် ခြင်း၊ ပြိုင် ပွဲစည်း ကမ်း များနှင့် အမှတ် ပေး စည်း မျဉ်းများ ရေးဆွဲ ခြင်း၊ အ မှတ် ပေး ဒိုင်များ သတ် မှတ် ခြင်း၊ ပြိုင် ပွဲ အတွက် ထောက် ပံ့ငွေ များ သတ် မှတ် ခြင်း၊ ဆု များ ပြင်ဆင် ခြင်း၊ ကြော် ငြာ ကိစ္စ များ အစ ရှိ သဖြင့် ဆွေး နွေးခဲ့ ကြပြီး၊ အ စည်း အဝေး အား ညနေ (၄း၀၀) တွင် သိ က္ခာ တော် ရဆ ရာ ထောင့်ခန့် စိန် ဆု တောင်း ခြင်း ဖြင့် ရုပ် သိမ်း ခဲ့ ပါသည်။
ယုဒသန်သီချင်းပြိုင်ပွဲအတွက်အထူးအစည်းအဝေး(၂၈-၅-၂၀၁၅)

၂/ ၂၀၁၅ ယုဒ သန်နေ့ ကော် မတီ အစည်း အဝေး

၂/ ၂၀၁၅ ယုဒ သန် ကော် မတီ အစည်း အဝေး ကို ၂၀၁၅ ခုနှစ်၊ မေလ (၂၇) ရက် နေ့၊ မွန်းလွဲ (၁း၀၀) နာရီ တွင် နှစ် ခြင်း အသင်း ချုပ်၊ စည်းဝေး ခန်းမ (၁) တွင်ပြု လုပ် ခဲ့ပါ သည်။ အဆို ပါစည်း ဝေးတွင် ဖွဲ့ စည်း ထား သော ယုဒ သန်နေ့ အစီ အစဉ် ရေး ဆွဲရေး ကော် မတီ ၊ ယုဒ သန် နေ့ သီ ချင်း ပြိုင်ပွဲ ကျင်းပ ရေး ကော် မတီနှင့် ၂၀၁၅ခုနှစ်၊ တရား ပလ္လင် ရေး ဆွဲ ရေး ကော် မတီ တို့၏ ပြန် ကြား ချက် များကို ကြား နာ ခြင်း၊ ၂၀၁၅ ခုနှစ်၊ တွင် ပြုလုပ် မည့်
ယုဒ သန် နေ့ နှင့် ယု ဒ သန်နေ့ အကြို အစီ အစဉ် များ ကို အသေး စိတ် ရေး ဆွဲ တိုင် ပင် အတည် ပြုခဲ့ ကြပါ သည်။ အဆို ပါ အစည်း အဝေး သို့ နှစ်ခြင်း အသင်း ချုပ်၊ (တွဲဖက် အထွေ ထွေ အတွင်း ရေးမှူး ) သိက္ခာ တော်ရ ဆရာ စောစမ်စန် မှ စည်း ဝေး သ ဘာ ပတိ အဖြစ် ဆောင် ရွက် ပြီး၊ (ဘ ဏ္ဍာ ထိန်း) သိက္ခာ တော်ရ ဆရာ မန်း စံ သိန်း ထွန်း၊ ရန် ကုန် အခြေ စိုက် လူ/ဒေ အဖွဲ့ များ မှ ကိုယ် စား လှယ်များ၊ တိုက် ရိုက် ဆက် သွယ် သော အသင်း တော် မှ ကိုယ်စား လှယ် များနှင့် နှစ်ခြင်း အသင်း ချုပ် ဌာန များ မှ ဌာန တာဝန် ခံများ တက် ရောက် ပါ ၀င် ဆွေး နွေး ခဲ့ကြ ပါ သည်။ အစည်း အဝေး တွင် လူ/ ဒေ အဖွဲ့ ချုပ် များ နှင့် နယ် အဖွဲ့ များ သို့ ပေး ပို့ရ မည့် ယုဒ သန် နေ့ အစီ အစဉ် လက်စွဲ စာအုပ် ၊ လက် ကမ်း စာ စောင်၊ အလှူ ငွေ စာ အိတ် များ ကိစ္စ၊ ရန်ကုန် နှင့် နယ်မြို့ များတွင် ယုဒသန် နေ့ အကြို သီ ချင်း ပြိုင် ပွဲ ကျင်း ပ ပြုလုပ် ရေး ကိ စ္စ၊  တရား ပလ္လင် လဲ လှယ် ရေး ကိစ္စ၊ ပြိုင်ပွဲ အတွက် ပံ့ပိုး ငွေကိစ္စ၊ လုပ် ငန်းတာ ၀န်ခွဲ ဝေခြင်း ကိစ္စ များ ကို အသေး စိတ် တိုင် ပင် ဆွေး နွေး ခဲ့ ကြ ပါသည်။ အ စည်း အဝေး ကို ညနေ (၄း၀၀) နာရီ တွင် သိက္ခာ တော်ရ ဆရာ ဆိုင် မှုန်း (ဓမ္မ အမှု တော် ဆောင် ဌာန- တာဝန် ခံ) ဆု တောင်း ခြင်း ဖြင့် ရုပ်သိမ်း ခဲ့ ပါ သည်။
၂/၂၀၁၅ယုဒသန်နေ့ကော်မတီအစည်းအဝေး၊၂၇-၅-၂၀၁၅၊စည်းဝေးခန်းမ(၁)

ယု ဒ သန် နေ့ အ စီ အ စဉ် ရေး ဆွဲ ရေး ကော် မတီ အ စည်း အဝေး

မြန် မာ နိုင် ငံ နှစ် ခြင်း ခရစ် ယာန် အ သင်း ချုပ်၊ ယု သန် နေ့ အစီ အစဉ် ရေး ဆွဲ ရေး ကော် မတီ ကို ၂၀၁၅ ခုနှစ်၊ မေလ (၂၇) ရက် နေ့ နံ နက် (၁၀း၀၀) နာရီ တွင် အ သင်း ချုပ်၊ စည်း ဝေး ခန်း မ (၁) တွင် ပြု လုပ် ခဲ့ ပါ သည်။ အ ဆို ပါ စည်း ဝေး သို့ အသင်း ချုပ် ဌာန များ မှ တာ ၀န် ခံများ၊ ရန် ကုန် အ ခြေ စိုက် လူမျိုး စုနှင့် ဒေသ န္တ ရ အ ဖွဲ့ ချုပ် များနှင့်
တိုက် ရိုက် ဆက် သွယ် သော အသင်း တော် မှ ဧ/သ တာ ၀န် ခံများ၊ တွဲ ဖက် တာ ၀န် ခံများ စု စု ပေါင်း (၁၃) ဦး တက် ရောက် ခဲ့ ကြ ပါ သည်။ အစည်း အ ဝေး ကို အသင်း ချုပ်၊ ဧ၀ံ ဂေ လိ နှင် သာသ နာ ပြု ရေး ဌာန မှ တာ ၀န် ခံ သိက္ခာ တော် ရ ဆရာ ထောင့် ခန့် စိန် မှ သ ဘာ ပ တိ အဖြစ် ဆောင် ရွက် ခဲ့ပါ သည်။ အစည်း အဝေး တွင် ၂၀၁၅ ခုနှစ် ယုဒ သန် နေ့ ကျင်း ပရေး ကိစ္စ များ ကို အသေး စိတ် တိုင် ပင် ဆွေး နွေး ခြင်း၊ တာ ၀န် များ ခွဲ ဝေ ခြင်း နှင့် လာ မည့် ၂၀၁၆ ခုနှစ် ယု ဒ သန် နေ့ အ တွက် အကြံ ပြု ခြင်း များ ကို ဆောင် ရွက်ခဲ့ ပါသည်။ အစည်း အဝေး အား ၂၀၁၅ ခုနှစ်၊ မေ လ(၂၇) ရက် နေ့ မွန်း တည့် (၁၂း၀၀) နာရီ တွင် ရုပ် သိမ်း ခဲ့ ပါသည်။

ဆရာကြီး ယုဒသန် နှင့်ပါရ မီဖြည့် ဖက်များ အားဂုဏ် ပြု တေး ရေးစပ် သီဆို ပြိုင်ပွဲ

မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ် ယာန် အသင်း ချုပ်၊ ဧ၀ံ ဂေလိ နှင့်သာ သနာ ပြုရေး ဌာန မှပြု လုပ်သော “ဆရာ ကြီးယု ဒသန် နှင့်ပါ ရမီ ဖြည့် ဖက်များ အား ဂုဏ်ပြု တေး သီ ချင်း ရေး စပ် သီ ဆို ပြိုင် ပွဲကို ၂၀၁၅ ခုနှစ် မေ လ (၉) ရက် (စနေနေ့) တွင်၊ မြန် မာ နိုင် ငံ နှစ် ခြင်း အသင်း ချုပ်၊ ကူရှင် ခန်းမ ၌ပြု လုပ်ကျင်းပ ခဲ့ရာ၊ ပထမ ပိုင်း အစီ အစဉ် အဖြစ် Praise and Worship ကို
ဆရာ စော ဂျက်ဆင် ညို နှင့် ဗီး နိုတို့ မှဦး ဆောင် ပေးခဲ့ ပါသည်။ ယင်း နောက် ၀တ်ပြု ကိုး ကွယ် ခြင်း အစီ အစဉ် တွင် သဘာ ပတိ အဖြစ် ဆရာ စော ၀င်း ဖေ ဇင် (တွဲ ဖက် တာ ၀န် ခံ၊ ဧ/သ ဌာန) မှ သဘာ ပတိ အဖြစ် ဆောင် ရွက် ပြီး၊ သိက္ခာ တော် ရဆ ရာ ထောင်း ခန့် စိန် မှ သီချင်း ပြိုင်ပွဲ ပြုလုပ် ရခြင်း အကြောင်း အား တင်ပြ သွား ပါ သည်။ တရား ဒေသ နာကို သိက္ခာ တော် ရ ဆရာ မန်း စံ သိန်း ထွန်း (ဘဏ္ဍာ ထိန်း၊ နှစ်ခြင်း အသင်း ချုပ်) မှ ဝေ ငှ ပြီး၊ သိက္ခာ တော် ရ ဆရာ စော စမ် စန် ကောင်း ချီး ပေး ခြင်း အား ဖြင့် ၀တ် ပြု ကိုး ကွယ် ခြင်း အစီ အစဉ် အား ရုပ် သိမ်း ခဲ့ ပါသည်။ ပြိုင် ပွဲ အစီ အစဉ် ကို ဆက် လက် ပြု လုပ် ရာ သဘာ ပတိ အဖြစ် ဆရာ ၀င်း ထွဋ် သာ ကြည် (တာဝန် ခံ၊ လူငယ် ဌာန) မှ ဆောင် ရွက်ပြီး၊ အမှတ် ပေး ဒိုင် သူ ကြီး များအဖြစ်၊ ကိုညီ ညီ သွင်၊ ကို သော မတ် (စ်) နှင့် စော ဂျိုး ဂျို တို့ မှ ပါ ၀င် ဆက် ကပ် ဆောင် ရွက် ပေး ခဲ့ကြ ပါသည်။ အ ဆိုပါ ပြိုင် ပွဲ တွင်၊ ပထမ ဆု ကို ဂျီးနော်၊ ဒုတိ ယဆု ကို ခွေးခွေ နှင့် တတိယ ဆုကို သောရေ ထူး တို့မှ အသီး သီး ရရှိ သွား ပါသည်။ ယင်းနောက် ဒိုင်များ ဖြစ်သော ကိုညီ ညီ သွင်၊ ကို သော မတ် (စ်) နှင့် စော ဂျိုး ဂျို တို့ မှ မှတ် ချက် များ ပေး ခဲ့ ကြ ပါသည်။ ဆုချီး မြင့် ခြင်း အစီ အစဉ် ကို သိက္ခာ တော်ရ ဆရာ မန်းစံ သိန်း ထွန်း မှ ဆောင်ရွက် ပြီး၊ ရွေးချယ် ခံရ သော တေး ရေး ဆရာ (၁၂) ဦး တို့အား တစ် ဦးလျှင် ကျပ် တစ် သိန်းစီ ကို နှစ်ခြင်း အသင်း ချုပ် အထွေ ထွေ အ တွင်း ရေးမှူး၊ မှ ချီး မြှင့် ခဲ့ပါ သည်။ ပထမ ဆု၊ ကျပ် (၅၀၀၀၀၀)၊ ဒုတိယ ဆု ကျပ် (၄၀၀၀၀၀) နှင့် တတိ ယ ဆု ကျပ် (၃၀၀၀၀၀) တို့ ကို ဖိတ် ကြား ထားသော အထူး ဧည့် သည် များ မှ ဂုဏ် ပြုချီး မြှင့် ခဲ့ ကြပါ သည်။ ထို့ အပြင် ရွေး ချယ် ခံ ရ သော တေး ရေးဆရာ (၁၂)ကို အထူး ဖိတ် ကြား ထားသော ဧည့် သည် တော် များမှ တေးရေး ဆရာ တစ်ဦး လျှင် ကျပ် (၁၀၀၀၀၀) စီ ထပ် မံ ဂုဏ် ပြုခဲ့ ကြပါ သည်။ ပြိုင် ပွဲ ၌ ထူးထူး ခြား ခြား ပါဝင် ခဲ့သော ကလေး ငယ် နှစ် ဦးကို လည်း ဆရာမ ဒေါ် နန်း သီ တာ အောင် မှ ကျပ် (၅၀၀၀၀) စီ ထပ် မံ ဂုဏ် ပြု ခဲ့ ပါသည်။ ယင်း ပြိုင် ပွဲ ဖြစ် မြောက် ရေးအ တွက် အဖက် ဖက် မှ ပါဝင် ဆက် ကပ် ခဲ့ ကြ သော သူများ အား ကျေး ဇူး တင် စကား ပြော ကြား ခြင်းကို သိက္ခာ တော် ရ ဆရာ မန်း စံ သိန်း ထွန်း မှ ပြောကြား ခဲ့ပါ သည်။ ပြိုင်ပွဲ ကို “ကိုယ် တော် မြတ် လျှောက် သွား သော၊ လမ်း တော် မြတ် ကို လျှေက် လိုက်” ဓမ္မ သီချင်း အား အတူ တကွ ချီးမွမ်း ပြီး နောက် မြန်မာ နိုင် ငံနှစ် ခြင်း ခရစ် ယာန် အသင်း ချုပ်၊ အထွေ ထွေ အတွင်း ရေးမှူး သိက္ခာ တော် ရ ဆရာ ဒေါက်တာ ရန်ခို ပေါင် ကောင်း ချီး ပေး ခြင်း အား ဖြင့် ရုပ်သိမ်း ခဲ့ ကြပါ သည်။ ယင်းပြိုင် ပွဲတွင် ပထမ ဆုရ သီချင်း အား ၂၀၁၅ ခုနှစ် ဆိုင်ရာ ယုဒ သန် ဂုဏ် ပြု တေး အဖြစ် ရွေး ချယ်ပြီး မြန်မာ တစ် နိုင်ငံ လုံးတွင် ယုဒ သန် နေ့ ပြိုင် ပွဲ ၀င် သီ ချင်း အဖြစ် ဆက် လက် အသုံး သွား မည် ဖြစ်ပါ ကြောင်း သတင်း ကောင်း ပါး အပ်ပါ သည်။

၁/၂၀၁၅ ဧ/သဌာန ကော်မတီ အစည်းအဝေး

မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ် ယာန် အသင်း ချုပ်၊ ဧ၀ံဂေ လိနှင့် သာသ နာပြုရေး ဌာန၏ ၁/၂၀၁၅ ဌာန ကော်မ တီအ စည်းအ ဝေးကို ယနေ့ မွန်းတည့် (၁၂း၀၀) နာရီမှ ညနေ (၄း၃၀) နာရီ အထိ နှစ်ခြင်း အသင်း ချုပ်၊စည်း ဝေး ခန်းမ (၁)တွင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။ အစည်း အဝေးတွင် သဘာပ တိ သိက္ခာ တော်ရ ဆရာ ဒေါက်တာ စောသိန်း ရွှေမှ Leadership ကောင်း
မှလုပ်ငန်း အောင်မြင် မည်ဖြစ်ပြီး၊ Leadership မကောင်း ကလုပ်ငန်း မအောင် မြင်နိုင် ကြောင်း ကိုအ ခြေခံလျှက် အမှာ စကား ပြောကြား သွား ပါသည်။ ယင်းစည်း ဝေးသို့ နှစ်ခြင်း အသင်း ချုပ်မှ အထွေ ထွေ အတွင်း ရေးမှူး သိက္ခာ တော်ရ ဆရာ ဒေါက်တာ ရန်ခို ပေါင်၊ တွဲဖက် အထွေ ထွေအ တွင်းရေး မှူး သိက္ခာ တော်ရ ဆရာ စောစမ် စန်၊ လူမျိုးစုနှင့် ဒေသန္တရ အဖွဲ့ ချုပ်များ မှဧ/သ တာဝန် ခံများ၊ ဌာန ကော် မတီ ၀င်များ တက် ရောက် ခဲ့ကြပါ သည်။ အဆိုပါ အစည်း အဝေး တွင် ဌာန၏ ၂၀၁၅ ခုနှစ် ဆောင်ရွက် ရန်ကျန် ရှိသော လုပ်ငန်းများ၊ ၂၀၁၆ခုနှစ် ဆောင်ရွက် မည့်လုပ် ငန်းများ ကိုဆွေး နွေးတိုင် ပင်ပြီး၊ ဆုံးဖြတ် ချက်များ ချခဲ့ကြ ပါသည်။ အစည်း အဝေး ကိုညနေ (၄း၃၀) တွင် ရုပ်သိမ်း ခဲ့ကြ ပါသည်။
၁/၂၀၁၅ဧ/သဌာနကော်မတီအစည်းအဝေး(၈-၅-၂၀၁၅)MBC, Room(1)