ယုဒ သန် ဂုဏ်ပြု တေး သီချင်း ပြိုင် ပွဲ အထူး စည်းဝေး

၂၀၁၅ ခုနှစ် ဇူလိုင် လ (၁၂) ရက် နေ့ တွင် ကျ ရောက် မည့် ၂၀၂ ကြိမ်၊ မြောက် ယုဒ သန် နေ့ မတိုင် မီ၊ ဆရာ ကြီး ယုဒ သန် နှင့် ပါရမီ ဖြည့် ဖက် များ အား ဂုဏ် ပြု သော အားဖြင့် ယုဒ သန် ဂုဏ် ပြု တေး သီ ချင်း ပြိုင် ပွဲများ ကို ရန် ကုန် မြို့ နှင့် အခြား မြို့ ကြီး များ တွင် ပြုလုပ် ရန်ကိ စ္စ နှင့် ပတ် သက်ပြီး အထူး အစည်း အဝေး ကို ယနေ့ မွန်းလွဲ (၁း၀၀) နာရီ တွင် နှစ်ခြင်း အသင်း ချုပ်၊ တွဲဖက် အထွေ ထွေ အတွင်း ရေးမှူး ရုံး ခန်း တွင် ပြုလုပ် ခဲ့ ပါသည်။ အဆို ပါ
အစည်း အဝေး သို့ အသင်း ချုပ် တွဲ ဖက် အထွေ ထွေ အ တွင်း ရေး မှူး သိ က္ခာ တော်ရ စော စမ် စန်(သဘာ ပတိ)၊ အသင်း ချုပ် ဧ၀ံ ဂေလိ နှင့် သာသ နာ ပြုရေး ဌာန မှ ဌာန တာ ၀န် ခံ၊ တွဲဖက် ဌာန တာဝန် ခံ၊ လက် ထောက် ဌာန တာဝန် ခံ၊ အသင်း ချုပ် လူငယ် ဌာန တာ ၀န်ခံ ဆရာ ၀င်းထွဋ် သာ ကြည်၊ က ရင် နှစ် ခြင်း ခရစ် ယာန် အဖွဲ့ ချုပ် ဧ/သ ဌာန မှ ဆရာ ခွန်အက် ဒွက်၊ မြန် မာ နိုင်ငံ နှစ်ခြင်း ခရစ် ယာန် အသင်း တော် များ အ ဖွဲ့ချုပ်- ပဲခူး သာ သနာ နယ် လူငယ် တာဝန် ခံ ဆရာ စော ပေါ် လယ် ထူး၊ ခရစ် ယာန် တေး ဂီ တပညာ ရှင် များ မိသ ဟာရ (CMF) မှ ကိုဝီလျှံ၊ စောဂျိုးဂျို၊ ရှိန်း၊ ဆရာ မ ဒေါ် ကေ ဂျာနူး၊ ဆရာ မ ဒေါ် ကေ ဂျာ ဇန် တို့ တက် ရောက် ပါဝင် ဆွေး နွေး ခဲ့ကြ ပါသည်။ ယင်း စည်း ဝေးတွင် သီချင်း ပြိုင်ပွဲ ကျင်း ပ မည့် မြို့ များ အား ရွေး ချယ် ခြင်း၊ ပြိုင် ပွဲစည်း ကမ်း များနှင့် အမှတ် ပေး စည်း မျဉ်းများ ရေးဆွဲ ခြင်း၊ အ မှတ် ပေး ဒိုင်များ သတ် မှတ် ခြင်း၊ ပြိုင် ပွဲ အတွက် ထောက် ပံ့ငွေ များ သတ် မှတ် ခြင်း၊ ဆု များ ပြင်ဆင် ခြင်း၊ ကြော် ငြာ ကိစ္စ များ အစ ရှိ သဖြင့် ဆွေး နွေးခဲ့ ကြပြီး၊ အ စည်း အဝေး အား ညနေ (၄း၀၀) တွင် သိ က္ခာ တော် ရဆ ရာ ထောင့်ခန့် စိန် ဆု တောင်း ခြင်း ဖြင့် ရုပ် သိမ်း ခဲ့ ပါသည်။
ယုဒသန်သီချင်းပြိုင်ပွဲအတွက်အထူးအစည်းအဝေး(၂၈-၅-၂၀၁၅)

၂/ ၂၀၁၅ ယုဒ သန်နေ့ ကော် မတီ အစည်း အဝေး

၂/ ၂၀၁၅ ယုဒ သန် ကော် မတီ အစည်း အဝေး ကို ၂၀၁၅ ခုနှစ်၊ မေလ (၂၇) ရက် နေ့၊ မွန်းလွဲ (၁း၀၀) နာရီ တွင် နှစ် ခြင်း အသင်း ချုပ်၊ စည်းဝေး ခန်းမ (၁) တွင်ပြု လုပ် ခဲ့ပါ သည်။ အဆို ပါစည်း ဝေးတွင် ဖွဲ့ စည်း ထား သော ယုဒ သန်နေ့ အစီ အစဉ် ရေး ဆွဲရေး ကော် မတီ ၊ ယုဒ သန် နေ့ သီ ချင်း ပြိုင်ပွဲ ကျင်းပ ရေး ကော် မတီနှင့် ၂၀၁၅ခုနှစ်၊ တရား ပလ္လင် ရေး ဆွဲ ရေး ကော် မတီ တို့၏ ပြန် ကြား ချက် များကို ကြား နာ ခြင်း၊ ၂၀၁၅ ခုနှစ်၊ တွင် ပြုလုပ် မည့်
ယုဒ သန် နေ့ နှင့် ယု ဒ သန်နေ့ အကြို အစီ အစဉ် များ ကို အသေး စိတ် ရေး ဆွဲ တိုင် ပင် အတည် ပြုခဲ့ ကြပါ သည်။ အဆို ပါ အစည်း အဝေး သို့ နှစ်ခြင်း အသင်း ချုပ်၊ (တွဲဖက် အထွေ ထွေ အတွင်း ရေးမှူး ) သိက္ခာ တော်ရ ဆရာ စောစမ်စန် မှ စည်း ဝေး သ ဘာ ပတိ အဖြစ် ဆောင် ရွက် ပြီး၊ (ဘ ဏ္ဍာ ထိန်း) သိက္ခာ တော်ရ ဆရာ မန်း စံ သိန်း ထွန်း၊ ရန် ကုန် အခြေ စိုက် လူ/ဒေ အဖွဲ့ များ မှ ကိုယ် စား လှယ်များ၊ တိုက် ရိုက် ဆက် သွယ် သော အသင်း တော် မှ ကိုယ်စား လှယ် များနှင့် နှစ်ခြင်း အသင်း ချုပ် ဌာန များ မှ ဌာန တာဝန် ခံများ တက် ရောက် ပါ ၀င် ဆွေး နွေး ခဲ့ကြ ပါ သည်။ အစည်း အဝေး တွင် လူ/ ဒေ အဖွဲ့ ချုပ် များ နှင့် နယ် အဖွဲ့ များ သို့ ပေး ပို့ရ မည့် ယုဒ သန် နေ့ အစီ အစဉ် လက်စွဲ စာအုပ် ၊ လက် ကမ်း စာ စောင်၊ အလှူ ငွေ စာ အိတ် များ ကိစ္စ၊ ရန်ကုန် နှင့် နယ်မြို့ များတွင် ယုဒသန် နေ့ အကြို သီ ချင်း ပြိုင် ပွဲ ကျင်း ပ ပြုလုပ် ရေး ကိ စ္စ၊  တရား ပလ္လင် လဲ လှယ် ရေး ကိစ္စ၊ ပြိုင်ပွဲ အတွက် ပံ့ပိုး ငွေကိစ္စ၊ လုပ် ငန်းတာ ၀န်ခွဲ ဝေခြင်း ကိစ္စ များ ကို အသေး စိတ် တိုင် ပင် ဆွေး နွေး ခဲ့ ကြ ပါသည်။ အ စည်း အဝေး ကို ညနေ (၄း၀၀) နာရီ တွင် သိက္ခာ တော်ရ ဆရာ ဆိုင် မှုန်း (ဓမ္မ အမှု တော် ဆောင် ဌာန- တာဝန် ခံ) ဆု တောင်း ခြင်း ဖြင့် ရုပ်သိမ်း ခဲ့ ပါ သည်။
၂/၂၀၁၅ယုဒသန်နေ့ကော်မတီအစည်းအဝေး၊၂၇-၅-၂၀၁၅၊စည်းဝေးခန်းမ(၁)

ယု ဒ သန် နေ့ အ စီ အ စဉ် ရေး ဆွဲ ရေး ကော် မတီ အ စည်း အဝေး

မြန် မာ နိုင် ငံ နှစ် ခြင်း ခရစ် ယာန် အ သင်း ချုပ်၊ ယု သန် နေ့ အစီ အစဉ် ရေး ဆွဲ ရေး ကော် မတီ ကို ၂၀၁၅ ခုနှစ်၊ မေလ (၂၇) ရက် နေ့ နံ နက် (၁၀း၀၀) နာရီ တွင် အ သင်း ချုပ်၊ စည်း ဝေး ခန်း မ (၁) တွင် ပြု လုပ် ခဲ့ ပါ သည်။ အ ဆို ပါ စည်း ဝေး သို့ အသင်း ချုပ် ဌာန များ မှ တာ ၀န် ခံများ၊ ရန် ကုန် အ ခြေ စိုက် လူမျိုး စုနှင့် ဒေသ န္တ ရ အ ဖွဲ့ ချုပ် များနှင့်
တိုက် ရိုက် ဆက် သွယ် သော အသင်း တော် မှ ဧ/သ တာ ၀န် ခံများ၊ တွဲ ဖက် တာ ၀န် ခံများ စု စု ပေါင်း (၁၃) ဦး တက် ရောက် ခဲ့ ကြ ပါ သည်။ အစည်း အ ဝေး ကို အသင်း ချုပ်၊ ဧ၀ံ ဂေ လိ နှင် သာသ နာ ပြု ရေး ဌာန မှ တာ ၀န် ခံ သိက္ခာ တော် ရ ဆရာ ထောင့် ခန့် စိန် မှ သ ဘာ ပ တိ အဖြစ် ဆောင် ရွက် ခဲ့ပါ သည်။ အစည်း အဝေး တွင် ၂၀၁၅ ခုနှစ် ယုဒ သန် နေ့ ကျင်း ပရေး ကိစ္စ များ ကို အသေး စိတ် တိုင် ပင် ဆွေး နွေး ခြင်း၊ တာ ၀န် များ ခွဲ ဝေ ခြင်း နှင့် လာ မည့် ၂၀၁၆ ခုနှစ် ယု ဒ သန် နေ့ အ တွက် အကြံ ပြု ခြင်း များ ကို ဆောင် ရွက်ခဲ့ ပါသည်။ အစည်း အဝေး အား ၂၀၁၅ ခုနှစ်၊ မေ လ(၂၇) ရက် နေ့ မွန်း တည့် (၁၂း၀၀) နာရီ တွင် ရုပ် သိမ်း ခဲ့ ပါသည်။

၂၀၁၅ ခု နှစ် ရွှေ ပြည် မြန် မာ တွန်း အား ပေး သင် တန်း (လီ ဆူ)

ရွှေ ပြည် မြန် မာ နှစ် ခြင်း သာ သ နာ လုပ် ငန်း၊ ဒု တိ ယ ဆ ယ် စု နှစ် ၏ ပ ထ မ နှစ် စီ မံ ကိန်း အ တွက် တွန်း အား ပေး အ စီ အ စဉ် များ ကို လူ မျိုး စု နှင့် ဒေ သန္တ ရ အ ဖွဲ့ ချုပ် များ သို့ လိုက် လံပြု လုပ် ရာ၊ ၂၀၁၅ ခု နှစ် ၊မေ လ (၁၅ -၁၆) နေ့ များ တွင် လီ ဆူ နှစ် ခြင်း ခ ရစ် ယာ န် အ ဖွဲ့ ချုပ်၊  မိုး ကုတ် မြို့ နယ် ရှိ ပြောင် ခေါင်း လီ ဆူ နှစ် ခြင်း အ သင်း တော် တွင် ပြု လုပ် ရာ တွန်း အား ပေး သင် တန်း သို့ မိုး ကုတ် သာ သ နာ နယ်၊
အာ ဂါ ပေ သာ သ နာ နယ် နှင့် ပြောင် ခေါင်း သာ သ နာ နယ် မှ ဧ/သ ဌာ န မှ တာ ၀န် ခံ များ၊ သာ သ နာ ကွင်း တွင် လက် တွေ့ သာ သ နာ ပြု နေ ကြ သော သာ သ နာ ပြု များ တက် ရောက် ကြ ပါ သည်။ ၁၅- ၅ -၂၀၁၅ ရက်၊ နံ နက် ၈း၃၀ တွင် တွန်း အား ပေး အ စီ အ စဉ် ကို ၀တ် ပြု ခြင်း ဖြင့် စ တင် ဖွင့် လှစ် ခဲ့ ပါ သည်။ နံ နက် ၁၀း၀၀ နာ ရီ မှ မွန်း တည့် ၁၂း၀၀ အ ထိ မြန် မာ နိုင် ငံ နှစ် ခြင်း ခ ရစ် ယာန် အ သင်း ချုပ်၊ ဧ ၀ံ ဂေ လိ နှင့် သာ သ နာ ပြု ရေး ဌာ န မှ တွဲ ဘက် တာ ၀န် ခံ ဆ ရာ စော ၀င်း ဖေ ဇင် မှ “သာ သ နာ ပြု ခြင်း ၏ သ ဘော သ ဘာ ၀” ခေါင်း စဉ် ဖြင့် သ မ္မာ ကျမ်း စာ သင် ကြား ပေး ပြီး၊ မွန်း လွဲ ၁း၀၀ မှ ၄း၀၀ နာ ရီ တွင် ရွှေ ပြည် မြန် မာ စီ မံ ကိန်း ဦး စီး မှူး ဆ ရာ စော ဒယ် နီ ရယ် မှ  “သာ သ နာ ပြု ခြင်း နည်း ဗျူ ဟာ” ကို သင် ကြား ကာ ည နေ ၄း၀၀ နာ ရီ တွင် ရပ် နား ခဲ့ ပါ သည်။ ၁၆- ၅- ၂၀၁၅ ခု နှစ်၊ နံ နက် ၈း၃၀ နာ ရီ တွင် မြန် မာ နိုင် ငံ နှစ် ခြင်း ခ ရစ် ယာန် အ သင်း ချုပ်၊ ဧ ၀ံ ဂေ လိ နှင့် သာ သ နာ ပြု ရေး ဌာ န မှ တွဲ ဘက် တာ ၀န် ခံ ဆ ရာ စော ၀င်း ဖေ ဇင် မှ  “ယဉ် ကျေး မှု ခြား သာ သ နာ ပြု နည်း ပျူ ဟာ” ကို ပို့ ချ ပြီး နေ့ လည် ၁၂း၀၀ နာ ရီ တွင် ခေ တ္တ ရပ် နား ခဲ့ ပါ သည်။ မွန်း လွဲ ၁း၀၀ တွင် ဆ ရာ စော ဒယ် နီ ရယ် မှ တစ် ဦး ချင်း ဧ ၀ံ ဂေ လိ ဝေ ငှ ခြင်း သ င်္ခန်း စာ ကို သင် ကြား ပြီး မွန်း လွဲ ၃း၀၀ နာ ရီ တွင် ရွှေ ပြည် မြန် မာ စီ မံ ကိ န်း ဦး စီး မှူး ဆ ရာ စော ဒယ် နီ ရယ် မှ “ရွှေ ပြည် မြန် မာ နှစ် ခြင်း သာ သ နာ ဒု တိ ယ ဆယ် စု နှစ် စီ မံ ကိန်း” အ ကြောင်း ကို တင် ပြ ကာ ည နေ ၅း၀၀ နာ ရီ တွင် သင် တန်း ကို ဆု တောင်း ၀တ် ပြု ခြင်း ဖြင့် ပြန် လည်ုပ် သိမ်း ခဲ့ ပါ သည်။ အ ဆို ပါ အ စီ အ စဉ် သို့ လီ ဆူ နှစ် ခြင်း ခ ရစ် ယာန် အ ဖွဲ့ ချုပ် မှ၊ ကိုယ် စား လှယ် (၅၄) ဦး တက် ရောက် ခဲ့ ကြ ပါ သည်။ လီ ဆူ နှစ် ခြင်း ခ ရစ် ယာန် အ ဖွဲ့ ချုပ် ၏ (၂၀၁၅- ၂၀၁၇) စီ မံ ကိန်း နှစ် အ တွက် သာ သ နာ ကွင်း အ သစ် (၉) ကွင် ဖေါ် ထုတ် အ ကောင် အ ထည် ဖေါ် ရန် ဖြစ် ပါ သည်။
(၁၅-၁၆/၅/၂၀၁၅)GMBMတွန်းအားပေးသင်တန်း၊လူဆီအဖွဲ့ချုပ်(ပြောင်ခေါင်းအသင်းတော်၊မိုးကုတ်)

(၁၅၆) နာ ရီ၊ ဆု တောင်း ခြင်း လှုပ် ရှား မှု ကြီး အ တွက် နှိုး ဆော် ခြင်း

နှစ် စဉ် နှစ် တိုင်း ယု ဒ သန် နေ့ မ တိုင် မီ (၁) ပတ် တွင် ပြု လုပ် သော မြန် မာ နိုင် ငံ နှစ် ခြင်း ခ ရစ် ယာန် အ သင်း ချုပ် ၏ ဆု တောင်း ခြင်း လှုပ် ရှား မှု (Prayer Mobilization) အ စီ အ စဉ် သည် မြန် မာ နိုင် ငံ နှစ် ခြင်း ခ ရစ် ယာန် အ သင်း ချုပ် ၀င် လူ မျိုး စု နှင့် ဒေ သ န္တ ရ အ ဖွဲ့ ချုပ် များ၊ နယ် အ ဖွဲ့ များ၊ အ သင်း တော် များ၊ နှစ် ခြင်း ယုံ ကြည် သူ များ အား လုံး တစ် လုံး တစ် ၀ တည်း ပါ ၀င် သော ဆု တောင်း ခြင်း လှုပ် ရှား မှု ကြီး တစ် ခု ဖြစ် ပါ သည်။ ယ ခု နှစ်
အ တွက် ဆု တောင်း ခြင်း လှုပ် ရှား မှု ကို နာ ရီ ပေါင်း (၁၅၆) နာ ရီ ပြု လုပ် သွား မည် ဖြစ် ပြီး၊ ၂၀၁၅ ခု နှစ်၊ ဇူ လိုင် လ (၆) ရက် နေ့ နံ နက် (၆း၀၀) နာ ရီ မှ ၂၀၁၅ ခု နှစ် ဇူ လိုင် လ (၁၂) ရက် နေ့ ည (၆း၀၀) နာ ရီ အ ထိ ဆု တောင်း ဖြစ် ပါ သည်။ တစ် လုံး တစ် ၀ တည်း အာ ရုံ ပြု ဆု တောင်း ခြင်း လှုပ် ရှား မှု နှင့် ဆိုင် သော ရည် ရွယ် ချက်၊ ဦး တည် ချက်၊ အ စီ အ စဉ် နှင့် ဆု တောင်း ချက် များ (နှစ် ခြင်း အ သင်း ချုပ် အ တွက်၊ နှစ် (၂၀၀) လွန် သာ သ နာ့ လုပ် ငန်း စီ မံ ချက် များ အ တွက်၊ ဌာ န လုပ် ငန်း များ အ တွက်၊ အ ဖွဲ့ ချုပ် များ၊ နယ် အ ဖွဲ့ များ၊ အ သင်း တော် များ၊ အ မိ ပြည် ထောင် စု သ မ္မ တ မြန် မာ နိုင် ငံ တော် ကြီး အ တွက်၊ က မ္ဘာ ကြီး အ တွက်)  ပါ ၀င် သည့် လက် ကမ်း စာ စောင် ကို အောက် တွင် ဖေါ် ပြ ထား သည့် Link တွင် Download ရ ယူ နိုင် ပါ သည်။ ယင်း ဆု တောင်း ခြင်း လှုပ် ရှား မှု ၌ ပါ ၀င် ရန် အ မည် နှင့် တ ကွ မ ဖိတ် ကြား နိုင် သော် လည်း မြန် မာ ပြည် အ တွင်း ရှိ နှစ် ခြင်း ယုံ ကြည် သူ များ အား လုံး နှင့် သက် ဆိုင် သော လှုပ် ရှား မှု ကြီး ဖြစ် သော ကြောင့် နှစ် ခြင်း ယုံ ကြည် သူ များ အား လုံး၊ မ ပျက် မ ကွက် ပါ ၀င် ဆု တောင်း ကြ ရန် ခ ရစ် တော် ၏ နာ မ တော် မြတ် ၌ ဖိတ် ခေါ် ပါ သည်။

နေ့ ရက်။- ၆-၁၂/၇/၂၀၁၅(ယုဒသန်နေ့မတိုင်မီတစ်ပတ်တာ)။
အချိန်။-
၆ရက်နေ့၊နံနက်(၆း၀၀)နာရီမှ ၁၂ရက်နေ့၊ည(၆း၀၀)နာရီအထိ။
နေရာ။-
မိမိတို့ရှိသည့်နေရာ။ 
~လက်ကမ်းစာစောင် (ရှေ့မျက်နှာ)အားဒေါင်းရန်ဤနေရာကိုကလစ်နှိပ်ပါ~
~လက်ကမ်းစာစောင် (နောက်မျက်နှာ)အားဒေါင်းရန်ဤနေရာကိုကလစ်နှိပ်ပါ~

ယုဒသန် နေ့အစီ အစဉ် အတွက် ထပ်လောင်း နှိုးဆော် ခြင်း

မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ် ယာန် အသင်း ချုပ်၊ ယုဒသန် နေ့ သည် ၂၀၁၅ ခုနှစ်၊ ဇူ လှိုင် လ (၁၂) ရက်နေ့ တွင် ကျရောက် မည်ဖြစ် ပါ သည်။ ယုဒ သန် နေ့ကို နှစ်စဉ် နှစ်တိုင်း ကျင်းပ ခဲ့ရာ ယခု နှစ်သည် (၂၀၂) ကြိမ် မြောက် ဖြစ်ပါ သည်။ ထို့အတူ ယခု နှစ် ပြုလုပ် မည့် ယုဒ သန်နေ့ သည် ယခင် နှစ် များနှင့် မတူပဲ၊ တစ် နိုင် ငံလုံး လှုပ် ရှား မှု (National Movement)
အသွင် ဖြင့်ကျင်းပ ရန်ပြင် ဆင်ထား ပါသည်။ အထူး သဖြင့် ဆရာကြီး ယုဒ သန် နှင့် ပါရ မီဖြည့် ဖက်များ ၏ ကိုယ် ကျိုးစွန့် အနစ် နာခံ ဆက်ကပ် ပြီး၊ သာသ နာ ပြု ခဲ့သော စိတ်ဓါတ် (Spirit) ကို မြန်မာ ပြည်ရှိ နှစ်ခြင်း ယုံကြည် သူများ အားလုံး ရရှိ ပိုင်ဆိုင် ကာ ဆရာကြီး နှင့် ပါရ မီဖြည့် ဖက်များ ကဲ့သို့ နှစ်ခြင်း ယုံကြည် သူတိုင်း သာသ နာပြု သော သူများ ဖြစ်စေ ရန်ရည် ရွယ်ပြီး ကျင်းပ ပြုလုပ် မည်ဖြစ် ပါသည်။ နှစ်ခြင်း သာသ နာ နှစ် (၂၀၀) လွန် နှစ်ခြင်း အသင်း ချုပ်၊ ဧ၀ံ ဂေလိ နှင့် သာ သနာ ပြုရေး ဌာန၏ အထူး လုပ်ငန်း တစ်ရပ် ဖြစ်သော “ရွှေပြည် မြန်မာ နှစ်ခြင်း သာသ နာလုပ် ငန်း၊ ဒုတိ ယဆယ် စုနှစ် စီမံကိန်း ၏ပန်း တိုင် (၂) ရပ်မှာ- (၁)၂၀၂၄ ခုနှစ် တွင် မြန်မာ ပြည်ရှိ နှစ်ခြင်း အသင်း တော် တိုင်း သာသ သနာ ပြုသော အသင်း တော်များ ဖြစ်ရမည်။ အဓိ ပ္ပါယ်မှာ- နှစ်ခြင်း အသင်း တော်တိုင်း သာသ ပြုကွင်း အနဲ ဆုံး (၁)ကွင်း ရှိပြီး သာသ နာပြု နေရ မည်။ (၂) ၂၀၂၄ ခုနှစ် တွင် မြန်မာ ပြည်ရှိ နှစ်ခြင်း ယုံကြည် သူတိုင်း (အားလုံး) သက်သေ ခံသော အသင်း သား များဖြစ် ရမည် ဟူ သော အန္တိမ ပန်းတိုင် သို့ ရောက် ရှိရန် ဆရာ ကြီး ယုဒ သန်နှင့် ပါရမီ ဖြည့် ဖက်များ ၏ စိတ် ဓါတ် ဖြင့် မိမိ ရှိသည့် နေရာ တွင် သက် သေခံ ရန်ဖြစ် ပါသည်။ ယခုနှစ် (၂၀၂) ကြိမ် မြောက် ယုဒ သန် နေ့တွင် ယုဒ သန်ဂုဏ် ပြုတေး သီချင်း ပြိုင်ပွဲ များ၊ ဆု တောင်း ခြင်း လှုပ်ရှား မှု (၁၅၆) နာရီ၊ သမ္မာ ကျမ်းစာ သင်ခန်း စာများ သင်ကြား ခြင်း၊ ခံယူ ခြင်း၊ များကို ယုဒသန် နေ့မ တိုင် မှီ (၁)ပတ် အလို တွင်ပြု လုပ်သွား မည်ဖြစ် သောကြောင့် နှစ်ခြင်း ယုံကြည် သူတိုင်း မပျက် မကွက် ပါဝင် ကြရန် နှိုးဆော် အပ် ပါသည်။

ရွှေပြည်မြန်မာ တွန်းအားပေး သင်တန်း အတွက် ဆုတောင်း ပေးရန်

မြန်မာ နိုင်ငံနှစ် ခြင်းခ ရစ်ယာန် အသင်း ချုပ်၊ ဧ၀ံ ဂေလိ နှင့် သာသ နာပြု ရေးဌာ နမှ ၂၀၁၅ ခုနှစ် အတွက် ရွှေပြည် မြန်မာ တွန်းအား ပေးသင် တန်းများ ကို လူမျိုးစု နှင့် ဒေသန္တရ အဖွဲ့ ချုပ်များ သို့ သွား ရောက် ပြုလုပ် ပေးလျှက် ရှိ ရာ ၂၀၁၅ ခုနှစ်၊ မေလ (၁၅-၁၆) ရက်များ တွင် လီဆူ နှစ်ခြင်း ခရစ် ယာန် အဖွဲ့ ချုပ်အ တွက် မိုးကုတ် မြို့တွင် ပြုလုပ် မည်ဖြစ် ပါသည်။ အဆို ပါသင် တန်းသို့
နှစ်ခြင်း အသင်း ချုပ်၊ ဧ၀ံ ဂေလိ နှင့်သာ သနာပြု ရေးဌာ နမှ တွဲဖက် တာဝန် ခံ ဆရာ စောဝင်း ဖေဇင် နှင့် ရွှေပြည် မြန်မာ စီမံ ကိန်း ဦးစီးမှူး ဆရာ စော ဒယ်နီ ရယ်တို့ သွားရောက် ပို့ချ ပေးမည် ဖြစ်ပါ သည်။ ၂၀၁၅ ခုနှစ် တွန်း အား ပေး သင် ခန်း စာများ မှာ- (၁) တစ် ဦးချင်း ဧ၀ံ ဂေလိ ဟော ပြောနည်း။ (၂) ယဉ်ကျေး မှုခြား သာသ နာပြု ခြင်း (၃) ထိရောက် သော သာသနာ ပြု နည်း ဗျူဟာ နှင့် အလုံး စုံ ဘက်စုံ သာသ နာပြုခြင်း (Integral Mission) တို့ ဖြစ် ပါသည်။ သို့ဖြစ် ပါ၍ သင်တန်း အတွက် သတိရ ဆုတောင်း ပေးကြ ပါရန် ခရစ် တော် ၏ နာမ တော် မြတ်၌ ဖေါ်ပြ ပါသည်။

ဆရာကြီး ယုဒသန် နှင့်ပါရ မီဖြည့် ဖက်များ အားဂုဏ် ပြု တေး ရေးစပ် သီဆို ပြိုင်ပွဲ

မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ် ယာန် အသင်း ချုပ်၊ ဧ၀ံ ဂေလိ နှင့်သာ သနာ ပြုရေး ဌာန မှပြု လုပ်သော “ဆရာ ကြီးယု ဒသန် နှင့်ပါ ရမီ ဖြည့် ဖက်များ အား ဂုဏ်ပြု တေး သီ ချင်း ရေး စပ် သီ ဆို ပြိုင် ပွဲကို ၂၀၁၅ ခုနှစ် မေ လ (၉) ရက် (စနေနေ့) တွင်၊ မြန် မာ နိုင် ငံ နှစ် ခြင်း အသင်း ချုပ်၊ ကူရှင် ခန်းမ ၌ပြု လုပ်ကျင်းပ ခဲ့ရာ၊ ပထမ ပိုင်း အစီ အစဉ် အဖြစ် Praise and Worship ကို
ဆရာ စော ဂျက်ဆင် ညို နှင့် ဗီး နိုတို့ မှဦး ဆောင် ပေးခဲ့ ပါသည်။ ယင်း နောက် ၀တ်ပြု ကိုး ကွယ် ခြင်း အစီ အစဉ် တွင် သဘာ ပတိ အဖြစ် ဆရာ စော ၀င်း ဖေ ဇင် (တွဲ ဖက် တာ ၀န် ခံ၊ ဧ/သ ဌာန) မှ သဘာ ပတိ အဖြစ် ဆောင် ရွက် ပြီး၊ သိက္ခာ တော် ရဆ ရာ ထောင်း ခန့် စိန် မှ သီချင်း ပြိုင်ပွဲ ပြုလုပ် ရခြင်း အကြောင်း အား တင်ပြ သွား ပါ သည်။ တရား ဒေသ နာကို သိက္ခာ တော် ရ ဆရာ မန်း စံ သိန်း ထွန်း (ဘဏ္ဍာ ထိန်း၊ နှစ်ခြင်း အသင်း ချုပ်) မှ ဝေ ငှ ပြီး၊ သိက္ခာ တော် ရ ဆရာ စော စမ် စန် ကောင်း ချီး ပေး ခြင်း အား ဖြင့် ၀တ် ပြု ကိုး ကွယ် ခြင်း အစီ အစဉ် အား ရုပ် သိမ်း ခဲ့ ပါသည်။ ပြိုင် ပွဲ အစီ အစဉ် ကို ဆက် လက် ပြု လုပ် ရာ သဘာ ပတိ အဖြစ် ဆရာ ၀င်း ထွဋ် သာ ကြည် (တာဝန် ခံ၊ လူငယ် ဌာန) မှ ဆောင် ရွက်ပြီး၊ အမှတ် ပေး ဒိုင် သူ ကြီး များအဖြစ်၊ ကိုညီ ညီ သွင်၊ ကို သော မတ် (စ်) နှင့် စော ဂျိုး ဂျို တို့ မှ ပါ ၀င် ဆက် ကပ် ဆောင် ရွက် ပေး ခဲ့ကြ ပါသည်။ အ ဆိုပါ ပြိုင် ပွဲ တွင်၊ ပထမ ဆု ကို ဂျီးနော်၊ ဒုတိ ယဆု ကို ခွေးခွေ နှင့် တတိယ ဆုကို သောရေ ထူး တို့မှ အသီး သီး ရရှိ သွား ပါသည်။ ယင်းနောက် ဒိုင်များ ဖြစ်သော ကိုညီ ညီ သွင်၊ ကို သော မတ် (စ်) နှင့် စော ဂျိုး ဂျို တို့ မှ မှတ် ချက် များ ပေး ခဲ့ ကြ ပါသည်။ ဆုချီး မြင့် ခြင်း အစီ အစဉ် ကို သိက္ခာ တော်ရ ဆရာ မန်းစံ သိန်း ထွန်း မှ ဆောင်ရွက် ပြီး၊ ရွေးချယ် ခံရ သော တေး ရေး ဆရာ (၁၂) ဦး တို့အား တစ် ဦးလျှင် ကျပ် တစ် သိန်းစီ ကို နှစ်ခြင်း အသင်း ချုပ် အထွေ ထွေ အ တွင်း ရေးမှူး၊ မှ ချီး မြှင့် ခဲ့ပါ သည်။ ပထမ ဆု၊ ကျပ် (၅၀၀၀၀၀)၊ ဒုတိယ ဆု ကျပ် (၄၀၀၀၀၀) နှင့် တတိ ယ ဆု ကျပ် (၃၀၀၀၀၀) တို့ ကို ဖိတ် ကြား ထားသော အထူး ဧည့် သည် များ မှ ဂုဏ် ပြုချီး မြှင့် ခဲ့ ကြပါ သည်။ ထို့ အပြင် ရွေး ချယ် ခံ ရ သော တေး ရေးဆရာ (၁၂)ကို အထူး ဖိတ် ကြား ထားသော ဧည့် သည် တော် များမှ တေးရေး ဆရာ တစ်ဦး လျှင် ကျပ် (၁၀၀၀၀၀) စီ ထပ် မံ ဂုဏ် ပြုခဲ့ ကြပါ သည်။ ပြိုင် ပွဲ ၌ ထူးထူး ခြား ခြား ပါဝင် ခဲ့သော ကလေး ငယ် နှစ် ဦးကို လည်း ဆရာမ ဒေါ် နန်း သီ တာ အောင် မှ ကျပ် (၅၀၀၀၀) စီ ထပ် မံ ဂုဏ် ပြု ခဲ့ ပါသည်။ ယင်း ပြိုင် ပွဲ ဖြစ် မြောက် ရေးအ တွက် အဖက် ဖက် မှ ပါဝင် ဆက် ကပ် ခဲ့ ကြ သော သူများ အား ကျေး ဇူး တင် စကား ပြော ကြား ခြင်းကို သိက္ခာ တော် ရ ဆရာ မန်း စံ သိန်း ထွန်း မှ ပြောကြား ခဲ့ပါ သည်။ ပြိုင်ပွဲ ကို “ကိုယ် တော် မြတ် လျှောက် သွား သော၊ လမ်း တော် မြတ် ကို လျှေက် လိုက်” ဓမ္မ သီချင်း အား အတူ တကွ ချီးမွမ်း ပြီး နောက် မြန်မာ နိုင် ငံနှစ် ခြင်း ခရစ် ယာန် အသင်း ချုပ်၊ အထွေ ထွေ အတွင်း ရေးမှူး သိက္ခာ တော် ရ ဆရာ ဒေါက်တာ ရန်ခို ပေါင် ကောင်း ချီး ပေး ခြင်း အား ဖြင့် ရုပ်သိမ်း ခဲ့ ကြပါ သည်။ ယင်းပြိုင် ပွဲတွင် ပထမ ဆုရ သီချင်း အား ၂၀၁၅ ခုနှစ် ဆိုင်ရာ ယုဒ သန် ဂုဏ် ပြု တေး အဖြစ် ရွေး ချယ်ပြီး မြန်မာ တစ် နိုင်ငံ လုံးတွင် ယုဒ သန် နေ့ ပြိုင် ပွဲ ၀င် သီ ချင်း အဖြစ် ဆက် လက် အသုံး သွား မည် ဖြစ်ပါ ကြောင်း သတင်း ကောင်း ပါး အပ်ပါ သည်။

၁/၂၀၁၅ ဧ/သဌာန ကော်မတီ အစည်းအဝေး

မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ် ယာန် အသင်း ချုပ်၊ ဧ၀ံဂေ လိနှင့် သာသ နာပြုရေး ဌာန၏ ၁/၂၀၁၅ ဌာန ကော်မ တီအ စည်းအ ဝေးကို ယနေ့ မွန်းတည့် (၁၂း၀၀) နာရီမှ ညနေ (၄း၃၀) နာရီ အထိ နှစ်ခြင်း အသင်း ချုပ်၊စည်း ဝေး ခန်းမ (၁)တွင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။ အစည်း အဝေးတွင် သဘာပ တိ သိက္ခာ တော်ရ ဆရာ ဒေါက်တာ စောသိန်း ရွှေမှ Leadership ကောင်း
မှလုပ်ငန်း အောင်မြင် မည်ဖြစ်ပြီး၊ Leadership မကောင်း ကလုပ်ငန်း မအောင် မြင်နိုင် ကြောင်း ကိုအ ခြေခံလျှက် အမှာ စကား ပြောကြား သွား ပါသည်။ ယင်းစည်း ဝေးသို့ နှစ်ခြင်း အသင်း ချုပ်မှ အထွေ ထွေ အတွင်း ရေးမှူး သိက္ခာ တော်ရ ဆရာ ဒေါက်တာ ရန်ခို ပေါင်၊ တွဲဖက် အထွေ ထွေအ တွင်းရေး မှူး သိက္ခာ တော်ရ ဆရာ စောစမ် စန်၊ လူမျိုးစုနှင့် ဒေသန္တရ အဖွဲ့ ချုပ်များ မှဧ/သ တာဝန် ခံများ၊ ဌာန ကော် မတီ ၀င်များ တက် ရောက် ခဲ့ကြပါ သည်။ အဆိုပါ အစည်း အဝေး တွင် ဌာန၏ ၂၀၁၅ ခုနှစ် ဆောင်ရွက် ရန်ကျန် ရှိသော လုပ်ငန်းများ၊ ၂၀၁၆ခုနှစ် ဆောင်ရွက် မည့်လုပ် ငန်းများ ကိုဆွေး နွေးတိုင် ပင်ပြီး၊ ဆုံးဖြတ် ချက်များ ချခဲ့ကြ ပါသည်။ အစည်း အဝေး ကိုညနေ (၄း၃၀) တွင် ရုပ်သိမ်း ခဲ့ကြ ပါသည်။
၁/၂၀၁၅ဧ/သဌာနကော်မတီအစည်းအဝေး(၈-၅-၂၀၁၅)MBC, Room(1)

၁/၂၀၁၅ ရွှေပြည်မြန်မာ ကော်မတီ အစည်းအဝေး

မြန်မာ နိုင်ငံနှစ် ခြင်းခ ရစ် ယာန်အ သင်း ချုပ်၊ဧ ၀ံဂေ လိ နှင့် သာ သနာ ပြုရေး ဌာန၏ ရွှေပြည်မြန် မာနှ စ်ခြင်း သာ သ နာ လုပ် ငန်း ဒုတိ ယ ဆယ် စု နှင့် လုပ် ငန်း ကော် မတီ အစည်း အဝေး ကို ယနေ့ ၂၀၁၅ ခုနှစ်၊ မေလ (၈) ရက်နေ့ နံနက် (၈း၀၀) နာရီ မှ မွန်း တည့် (၁၂း၀၀) နာ ရီ အထိ စည်းဝေး ခန်းမ (၁)၊ နှစ်ခြင်း အ သင်း ချုပ် ၀င်း တွင်ပြု လုပ် ခဲ့ပါသည်။ အဆို ပါ အစည်း အဝေး သို့ လူ/ဒေ အ ဖွဲ့ချုပ်
မှဧ/သ ဌာန တာဝန်ခံ များ စုစု ပေါင်း (၂၂) ဦးတက် ရောက် ခဲ့ကြပါ သည်။ အစည်း အဝေး တွင် ၂၀၁၅ ခုနှစ် တွန်းအား ပေးသင် တန်းရက် များပြန် လည်ညှိ နှိုင်းခြင်း၊ ၂၀၁၆ ခုနှစ် တွန်းအား ပေးသင် တန်းရက် များကို သတ်မှတ် အတည်ပြု ခဲ့ကြ ပါသည်။

နှစ်ခြင်းအသင်းချုပ် ဧ/သဌာန လုပ်ငန်းစဉ်ညှိနှိုင်း စည်းဝေး

မြန်မာနိုင် ငံနှစ်ခြင်း ခရစ်ယာန် အသင်း ချုပ်၊ ဧ၀ံဂေ လိနှင့် သာသနာ ပြုရေးဌာ န၏ ၂၀၁၅ ခုနှစ် လုပ်ငန်း စဉ် ညှိနှိုင်း အစည်း အဝေး ကို ယနေ့ နံနက် (၈း၀၀) နာရီ တွင် စတင် ပြုလုပ် ခဲ့ရာ ဧ၀ံဂေ နှင့် သာသ နာ ပြု ရေး ဌာန သဘာ ပတိ သိက္ခာ တော်ရ ဒေါက် တာ စော သိန်းရွှေ မှအမှာ စကားပြော ကြားခဲ့ ပါသည်။ ယင်းနောက် ဌာနတာ ၀န်ခံ သိက္ခာ တော်ရ ဆရာ ထောင်းခန့် စိန်မှ လူမျိုးစု နှင့်
ဒေသန္တ ရအဖွဲ့ ချုပ် အသီး သီး မှ ရောက် ရှိလာ သော ဧ/သ တာဝန် ခံများနှင့် တစ်ဦး ချင်းမိတ် ဆက်ပေး ခဲ့ပါသည်။ အလုပ် စည်း ဝေး (၁) ကို ဆက်လက် ပြု လုပ်ရာ မွန်းတည့် (၁၂း၀၀) နာရီ တွင် ခေတ္တရပ် နားပြီး နေ့လည် စာကို အတူ တကွ သုံးဆောင် ခဲ့ကြ ပါသည်။ မွန်းလွဲ (၁း၀၀) နာရီ တွင် အလုပ် စည်းဝေး (၂) အားပြန် လည် အစပြု ပြီး အစည်း အဝေးကို မွန်းလွဲ (၃း၁၅) နာရီ တွင် အောင် မြင်စွာ အတူ တကွ ညှိနှိုင်း ရေးဆွဲ ခဲ့ကြပါ သည်။ အဆို  ပါညှိ နှိုင်း အ စည်းအဝေး တွင် လူမျိုးစု နှင့် ဒေသန္တရ အသီး သီးမှ ဧ/သဌာ နတာဝန်ခံ များမှ မိမိ တို့ အဖွဲ့ ချုပ်များ၏ သာသနာ ပြုလုပ်ငန်း များ အား တစ်ဦးစီ တင်ပြ ခြင်း၊ တုန့်ပြန် ဆွေး နွေးခြင်းများ ပြုလုပ် ကြ ပြီး၊ ရွှေပြည် မြန်မာ နှစ်ခြင်း သာသနာ ဒုတိယ ဆယ်စု နှစ်၊ ပထမ (၃) နှစ် စီမံကိန်း၏ ပထ မနှစ် ဆောင် ရွက် မှု အခြေ အနေများ ကို အသေး စိတ် တင်ပြဆွေး နွေးခြင်းများ၊ မိမိတို့ အဖွဲ့ချုပ်ရှိ အသင်း တော် များ၏ အခြေ အနေ၊ အရေအတွက်၊ သာသနာ ပြုကွင်း များတိုးချဲ့ ဆောင်ရွက် ကြသည့် အခြေ အနေ၊ ရင်ဆိုင် ရသော အခက် အခဲများ၊ ဆုတောင်း ပေးရန် အချက်များ ကိုလည်း အချင်း ချင်းမျှ ဝေ ဖေါ်ပြ ခဲ့ကြပါသည်။ ထို့အပြင် နှစ်ခြင်း အသင်းချုပ်၊ ဧ၀ံဂေ လိနှင့်သာ သနာပြု ရေးဌာန၏ ၂၀၁၆ ခုနှစ်၊ ရေးဆွဲ ထားသော စီမံ ချက် မူကြမ်း ကို လူ/ဒေအ ဖွဲ့ချုပ် အသီးသီး ၏ဧ/သဌာန တာဝန် ခံများအား ပေးအပ်ခြင်း၊ နောက် တစ်ကြိမ် စည်းဝေး တွင် မိမိတို့ အမြင်များ နှင့် အသင်းချုပ်နှင့် အဖွဲ့ချုပ် ချိတ် ဆက်ဆောင် ရွက်၍ ရအောင် ပြန်လည် တင်ပြ ကြရန်၊ အဖွဲ့ ချုပ်များ တွင် ပြုလုပ်သွား မည့် One Challenge ၏ အသင်းတော် တည်ထောင် ခြင်းဆိုင် ရာ သင်တန်း ကိစ္စများ၊ ရွှေပြည် မြန်မာနှစ် ခြင်းသာ သနာလုပ် ငန်း ၂၀၁၆ ခုနှစ် အဖွဲ့ချုပ် အလိုက် ပြုလုပ် မည့် တွန်း အားပေး သင်တန်း များအ ကြောင်း ကိုလည်း ဆွေး နွေးညှိ နှိုင်းခဲ့ ကြပါ သည်။ မွန်းလွဲ (၃း၁၅) တွင် ရှမ်း ပြည်နယ် တောင် ပိုင်း နှစ်ခြင်း ခရစ်ယာန် အနီး သာသနာ အဖွဲ့ ချုပ်မှ ဧ/သ တာဝန် ခံဆရာ အက် ဒွင်ဆိုင်း ဆုတောင်း ခြင်း အားဖြင့် ညှိနှိုင်း စည်းဝေး အား အောင်မြင် စွာရုပ် သိမ်း ခဲ့ကြ ပါသည်။ အစည်း အဝေး သို့ ကချင်နှစ် ခြင်းခရစ် ယာန် အဖွဲ့ချုပ်၊ ကရင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်၊ မွန်နှစ် ခြင်းခရစ် ယာန် အဖွဲ့ ချုပ်၊ နာဂ နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်၊ ရှမ်း/တောင် အဖွဲ့ချုပ်၊ အရှေ့/ရှမ်း နှစ်ခြင်းခရစ် ယာန် အဖွဲ့ချုပ်၊ ရခိုင်ပြည် နယ်နှစ် ခြင်းခရစ် ယာန်အ ဖွဲ့ချုပ်၊ အခါ နှစ်ခြင်း ခရစ် ယာန် အဖွဲ့ချုပ်၊ လားဟူ နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်၊ ချင်း နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်၊ တီးတိန် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်၊ ပိုးက ရင်နှစ်ခြင်း ကွန်ဖ ရင့်၊ အရှိုနှစ် ခြင်းခရစ် ယာန် အဖွဲ့ချုပ် နှင့် ရှမ်း ပြည် နယ် မြောက် ပိုင်းနှစ် ခြင်းခရစ် ယာန် အဖွဲ့ ချုပ်မှ ဧ/သ တာ ၀န်ခံများ အသီး သီးတက် ရောက် ခဲ့ကြ ပါသည်။
ဌာနတာဝန်ခံRev.ထောင်းခန့်စိန်(၀ဲ)နှင့်ဌာနသဘာပတိRev.Dr.စောသိန်းရွှေ(ယာ)




ဓမ္မဝေစာ အလုပ်ရုံဆွေးနွေးပွဲ

မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ် ဧ၀ံဂေ လိနှင့် သာသနာ ပြုရေး ဌာန၏ ခရစ်ယာန် ပြုစု ပျိုး ထောင် ရေးစီမံ ကိန်း (Christian Nurturing)၏ ဓမ္မဝေစာ လုပ်ငန်း အား တိုးမြင့် ဆောင်ရွက် နိုင်ရန် အတွက် ၂၀၁၅ ခုနှစ်၊ မေလ (၆) ရက်နေ့ တစ်နေ့ တာ ဝေစာ လုပ်ငန်း ဆိုင်ရာ အလုပ် ရုံဆွေး နွေးပွဲ ကို မြန်မာ နိုင်ငံနှစ် ခြင်းခရစ်ယာန်
အသင်းချုပ်၊ စည်းဝေး ခန်းမ(၁) တွင် ကျင်းပပြု လုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေး နွေးပွဲ သို့ ဧ၀ံ ဂေလိ နှင့် သာသနာ ပြုရေး ဌာနမှ ကော်မ တီ ၀င်များ အချို့ နှင့်အတူ လူမျိုးစု နှင့် ဒေသန္တရ အဖွဲ့ချုပ် အသီးသီး မှ ဧ/သ တာဝန်ခံများ၊ ကိုယ် စားလှယ် များ တက်ရောက် ဆွေး နွေး ခဲ့ကြ ပါ သည်။ ဆွေးနွေး ပွဲ၏ သဘာပတိ အဖြစ် သိက္ခာတော် ရဆရာ ဒေါက်တာ စော သိန်းရွှေ (ကိုသာဖြူ ဓမ္မ ကော်လိပ်- ပုသိမ်၊ ကျောင်းအုပ် ဆရာကြီး) မှ ပြုလုပ် ခဲ့ပါသည်။ အလုပ် ရုံဆွေး နွေးပွဲ ကို ၀တ်ပြုခြင်း အစီ အစဉ် ဖြင့်အစ ပြုရာ ဒေါက်တာ စောစေးခူ (သဘာပတိ၊ မြန်မာ နိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်း တော် များအဖွဲ့ ချုပ်၊ဧ/သ ဌာန) မှ ဓမ္မဒေသ နာဝေငှ ခဲ့ပါသည်။ ယင်းနောက် ဓမ္မဝေစာ နှင့်ဆိုင်သော စာတမ်းတင် ပြခြင်းများကို၊ မြန်မာ နိုင်ငံ သမ္မာ ကျမ်းစာ အသင်းကြီး မှလည်းကောင်း၊ Word of Hope မှ လည်းကောင်း၊ နှစ်ခြင်း အသင်းချုပ် ဧ/သဌာန တာဝန်ခံ သိက္ခာတော် ရဆရာ ထောင်းခန့်စိန် မှလည်းကောင်း တင်သွင်း ခဲ့ကြပြီး၊ ညနေပိုင်း တွင် စာတမ်း များအပေါ်တုန့်ပြန် ဆွေးနွေး ခြင်းများ၊ အကောင် အထည် ဖေါ် ဆောင် ရွက်ရမည့် လုပ်ငန်း စဉ်များကို ရေးဆွဲရန် တာဝန်ပေး ခြင်းများ ကို ပြုလုပ် ခဲ့ကြပါသည်။ အလုပ် ရုံဆွေး နွေးပွဲ  ကိုညနေ (၃း၀၀) နာရီ တွင်  အောင်မြင် စွာရုပ်သိမ်း ခဲ့ကြပါသည်။
ဓမ္မဝေစာ အလုပ်` ရုံဆွေး နွေးပွဲ ၊၂၀၁၅ခုနှစ်၊မေလ(၆)ရက်နေ့