● Church Multiplication Coaching Network Training (7)

မြန် မာ နိုင် ငံနှစ် ခြင်း ခရစ် ယာန် အ သင်း ချုပ်၊ ဧ၀ံ ဂေလိ နှင့် သာ သ နာ ပြု ရေး ဌာ န နှင့် One Challenge International တို့ မိတ် ဖက် လျှက် ၂၀၁၄ ခုနှစ် မှ စ တင် ပြု လုပ် ခဲ့ သော Church Multiplication Coaching Network Training ၏ သ တ္တ မ အ ကြိမ် သင် တန်း ကို ၂၀၁၅ ခုနှစ် ၊ ဇူ လိုင် လ (၂၉) ရက် နေ့ မှ ဇူ လိုင် လ (၃၁) ရက် နေ့ အထိ မြန် မာ နိုင် ငံ နှစ် ခြင်း ခရစ် ယာန် အသင်း ချုပ် ၊ သင် တန်း ခန်း မ (၁) တွင် အောင် မြင် စွာ ကျင်း ပ ပြု လုပ် နိုင် ခဲ့ ပါ သည်။ အဆို ပါ သင် တန်း သို့ သင် တန်း ဆရာ များ အဖြစ် OC International မှ Pastor James O. Cantoria, Pastor Elimar C. Eleazar နှင့် Pastor Daniel V. Cebanico တို့ မှ သင် ခန်း စာ များ အား သင် ကြား ပို့ ချ ပေး ခဲ့ ပါ သည်။
ယင်း သင် တန်း သို့ ပ ထ မ အ ကြိမ် မှ ဆ ဌ မ အ ကြိမ် သင် တန်း အထိ တက် ရောက် ခဲ့ ပြီး သော သင် တန်း သူ/ သား များ ပါ ၀င် တက် ရောက် ခဲ့ ကြ ပါ သည်။ သင် တန်း ပို့ ချ စဉ် ဘာ သာ ပြန် ခြင်း ကို Dr. သစ် သစ် မြတ် စံ နှင့် အ တူ ဆရာ မ ဒေါ် ခင် သီ တာ ဇော် တို့ မှ ကူ ညီ ပေး ခဲ့ ကြ ပြီး၊ သ တ္တ မ အ ကြိမ် သင် တန်း ပိတ် ပွဲ ကို ၂၀၁၅ ခုနှစ်၊ ဇူ လိုင် လ (၃၁) ရက် နေ့ ည နေ (၄း ၀၀) နာ ရီ တွင် ပြု လုပ် ရာ တရား ဒေ သ နာ တော် အား Pastor Daniel မှ ဟော ကြား ပြီး၊ မြန်မာ နိုင် ငံနှစ် ခြင်း ခရစ် ယာန် အ သင်း ချုပ်၊ ဧ ၀ံ ဂေ လိ နှင့် သာသ နာ ပြု ရေး ဌာ န တွဲ ဖက် တာ ၀န် ခံ ဆရာ စော ၀င်း ဖေ ဇင် မှ အထူး ဆု တောင်း ပေး ခဲ့ ပါ သည်။ သင် တန်း ပိတ် ပွဲ ကို ညနေ (၄း ၃၀) နာ ရီ တွင် အ ဖ ဘု ရား သခင် ၏ ကျေး ဇူး တော် မြတ် ကြောင့် အောင် မြင် စွာ ရုပ် သိမ်း နိုင် ခဲ့ ပါ သည်။
Church Multiplication Coaching Network Training (7); 29-31/7/2015, Room(1), MBC.

Church Multiplication Coaching Network Training (7); 29-31/7/2015, Room(1), MBC.

● သီချင်း ပြိုင်ပွဲ အား ပြန် လည် သုံး သပ် ခြင်း စည်း ဝေး...

၂၀၁၅ ခု နှစ်၊ ဇူ လိုင် လ (၁၁) ရက် နေ့ တွင် ရန် ကုန် မြို့ နှင့် အ ပါ အ ၀င် နယ် မြို့ (၆) မြို့ တွင် ကျင်း ပ ပြု လုပ် ခဲ့ သော (၂၀၂) နှစ် မြောက် ယု ဒ သန် နေ့ အ ကြို “ ဆရာ ကြီး ယု ဒ သန် နှင့် ပါရ မီ ဖြည့် ဖက် များ အား ဂုဏ် ပြု တေး သီ ချင်း သီ ဆို ပြိုင် ပွဲ အတွေ့ အကြုံ များ နှင့် အား နည်း ချက် အား သာ ချက် များ ပြန် လည် သုံး သပ် ခြင်း စည်း ဝေး ကို ၂၀၁၅ ခု နှစ် ၊ ဇူ လိုင် လ (၁၇) ရက် (သော ကြာ နေ့) မွန်း တည့် (၁၂း ၀၀) နာ ရီ တွင် ၊ မြန် မာ နိုင် ငံ နှစ် ခြင်း အ သင်း ချုပ်၊ ဧ ၀ံ ဂေ လိ နှင့် သာ သနာ ပြု ရေး ဌာန ရုံး ခန်း တွင် ပြု လုပ် ခဲ့ ပါ သည်။ အ ဆို ပါ အ စည်း အဝေး သို့ ရန် ကုန် မြို့ နှင့် နယ် မြို့ များ သို့ ဒိုင် များ အဖြစ် သွား ရောက် ဆက် ကပ် ပေး ခဲ့ သော ဒိုင် များ အနက် မှ ကို William၊ ကို အောင် ဒူး၊ အက်စ် ကဲ နက်၊ ကို စနို၊ စော ဂျိုး ဂျို၊ စံပါယ် သင်း တို့ နှင့် အ တူ CMF မှ ဆရာ မဒေါ် ကေ ဂျာ နူး၊ ကို တွတ် ကီ တို့ ပါ ၀င် ခဲ့ ကြ ပြီး၊ နှစ် ခြင်း အ သင်း ချုပ် မှ ဆရာ စော ၀င်း ဖေ ဇင် (ဧ/သ ဌာန၊- တွဲဖက် ဌာ န တာ ၀န် ခံ)၊ ဆရာ ၀င်း ထွဋ် သာ ကြည် (လူ ငယ် ဌာ န၊- ဌာန တာ ၀န် ခံ) ၊ ဆရာ ဦး သန်း ထိုက် ဟန် (ဧ/သ ဌာ န၊- လက် ထောက် တာ ၀န် ခံ တို့ တက် ရောက် ခဲ့ ကြ ပါ သည်။ အစည်း အဝေး တွင် ဒိုင် များ မှ မိ မိ တို့ တွေ့ ကြုံ ခဲ့ ရသော အတွေ့ အကြုံ များ ပေါ် မူ တည် ၍ နောက် တစ် ကြိမ် ပြုလုပ် ရာ ၌ ပို ၍ ကောင်း မွန် သော ထိ ရောက် သော အရာ များ ကို အသေး စိတ် ဆွေး နွေး တိုင် ပင် သုံး သပ် ခဲ့ ကြ ပါ သည်။ အစည်း အဝေး ကို မွန်း လွဲ (၂း ၀၀) နာရီ တွင် ကို အောင် ဒူး ဆု တောင်း ခြင်း ဖြင့် ရုပ် သိမ်း ခဲ့ ပါ သည်။ ယင်း နောက် ဒိုင် များ အ ဖွဲ့ အား BJ Restaurant ၌ နေ့ လည် စာ အ တူ တ ကွ သုံး ဆောင် ခဲ့ ကြ ပါ သည်။
သီချင်းပြိုင်ပွဲများအားပြန်လည်သုံသပ်ခြင်း၊(၁၇-၇-၂၀၁၅)၊ဧ/သရုံးခန်းMBC.

ဆရာ ကြီးယု ဒသန် နှင့် ပါ ရ မီ ဖြည့် ဖက် များ အား ဂုဏ် ပြု တေး သီ ချင်း သီ ဆို ပြိုင် ပွဲ...

မြန် မာ နိုင် ငံ နှစ် ခြင်း ခရစ် ယာန် အ သင်း ချုပ်၊ ယု ဒ သန် နေ့ အ ကြို  “ဆ ရာ ကြီး ယု ဒ သန် နှင့် ပါ ရ မီ ဖြည့် ဖက် များ အား ဂုဏ် ပြု တေး သီ ချင်း ပြိုင် ပွဲ” ကို ၂၀၁၅ ခုနှစ်၊ ဇူ လိုင် (၁၁) ရက်၊ စ နေ နေ့ တွင် ရန် ကုန် မြို့ အပါ အ ၀င်၊ နယ် မြို့ (၆) မြို့ ဖြစ်သော နမ့် ခမ်း မြို့၊ တောင် ကြီး မြို့၊ ဒီ မော ဆို မြို့၊ ပြင် ဦး လွင် မြို့၊ တောင် ငူ မြို့ နှင့် ပု သိမ် မြို့ တို့ တွင် တစ် ပြိုင် တည်း ကျင်း ပ ပြု လုပ် ခဲ့ ပါ သည်။ ထို ကျင်း ပ ပြု လုပ် ရာ ရန် ကုန် မြို့ ပြိုင် ပွဲ တွင် အ သင်း တော် (၂၆) ပါး၊ နမ့် ခမ်း မြို့ တွင် အ သင်း တော် (၈) ပါး၊ တောင် ကြီး မြို့ တွင် အ သင်း တော် (၇) ပါး၊ ပြင် ဦး လွင် မြို့ တွင်အ သင်း တော် (၉) ပါး၊ ဒီ မော ဆို မြို့ တွင် အ သင်း တော် (၁၃) ပါး၊ ပု သိမ် မြို့ တွင် အ သင်း တော် (၅) ပါး နှင့် တောင် ငူ မြို့ တွင် အ သင်း တော် (၉) ပါး စု စု ပေါင်း အ သင်း တော် (၇၇) ပါး ပါ ၀င် ယှ ဉ် ပြိုင် ခဲ့ ကြ ပါ သည်။ ရန် ကု မြို့ ၌ ပြု လုပ် သော ပြိုင် ပွဲ တွင် ပ ထ မ ဆု ကို ခိုးလ် က ရင် နှစ် ခြင်း အ သင်း တော်၊ ဒု တိ ယ ဆု ကို ကျေး ဇူး တော် မြတ် နှစ် ခြင်း အ သင်း တော် (မခမမ) တ တိ ယ ဆု ကို က ချင် နှစ် ခြင်း အ သင်း တော် ( ရန် ကုန်)၊ နှစ် သိမ့် ဆု (၃) ဆု ကို မြောက် ဥ က္က လာ ပ ပိုး က ရင် နှစ် ခြင်း အ သင်း တော် ၊ ဟုမ်း မစ် ရှင် ကျမ်း စာ ကျောင်း နှင့် ဧ မာ နွေ လ နှစ် ခြင်း အ သင်း တော် တို့ မှ အ သီး သီး ဆု ရ ရှိ ခဲ့ ကြ ပါ သည်။ ရန် ကုန် ပြိုင် ပွဲ အ တွက် အ မှတ် ပေး ဒိုင် သူ ကြီး များ အ ဖြစ် စော ခူ ဆဲ၊ ကို ရယ် ဂျီ၊ ကို အောင် ဒူး၊ လေး လေး ၀ါး၊ မ ဆုန် သင်း ပါရ် တို့ မှ ဆက် ကပ် ဆောင် ရွက် ပေး ခဲ့ ကြ ပါ သည်။ ပြိုင် ပွဲ ကို မြန် မာ နိုင် ငံ နှစ် ခြင်း ခရစ် ယာန် အ သင်း ချုပ် တွဲ ဖက် အထွေ ထွေ အ တွင်း ရေး မှူး သိ က္ခာ တော် ရ ဆ ရာ စော စမ် စန် မှ ဆု တောင်း ခြင်း အား ဖြင့် အ စ ပြု ပြီး၊ ပြိုင် ပွဲ ပြု လုပ် ရ ခြင်း ၏ ရည် ရွယ် ချက် နှင့် အနှစ် သာ ရ ကို မြန် မာ နိုင် ငံ နှစ် ခြင်း အ သင်း ချုပ် ဘဏ္ဍာ ထိန်း သိ က္ခာ တော် ရ ဆရာ မန်း စံ သိန်း ထွန်း မှ ဖေါ် ပြ ခဲ့ ပါ သည်။ ထို့ နောက် ပြိုင် ပွဲ နှင့် ပတ် သက် သော စည်း ကမ်း များ ကို ကို အောင် ဒူး မှ ရှင်း လင်း ဖေါ် ပြ ခဲ့ ပါ သည်။ ပြိုင် ပွဲ ခေ တ္တ ခ ဏ နား ချိန် တွင် နော် အက် (စ်) တာ ဒွေး နှင့် နော် အယ် နီ ရှိုင်း တို့ မှ ဂုဏ် တော် ချီး မွမ်း ခဲ့ ပါ သည်။ ယှဉ် ပြိုင် ခြင်း ပြီး ဆုံး ပြီး သည့် အ ချိန် တွင် ပြိုင် ပွဲ ၀င် သီ ချင်း အား ရေး စပ် သီ ကုံး ခဲ့ သော တေး ရေး ဂျီး နော် မှ သက် သေ ခံ ခဲ့ ပြီး ၊ ဒိုင် ချုပ် စော ခူ ဆဲ မှ အား ပေး စ ကား ပြော ကြား ခဲ့ ပါ သည်။ ယင်း နောက် ဆု ချီး မြင့် ခြင်း အစီ အစဉ် ကို မြန် မာ နိုင် ငံ နှစ် ခြင်း အ သင်း ချုပ်၊ ဘ ဏ္ဍာ ထိန်း သိ က္ခာ တော် ရ ဆ ရာ မန်း စံ သိန်း ထွန်း မှ ဦး ဆောင် ပြီး ၊ နှစ် သိမ့် ဆု များ ကို၊ ကို အောင် ဒူး ၊ မ လေး လေး ၀ါး၊ မ ဆုန် သင်း ပါရ် တို့ မှ လည်း ကောင်း၊ တ တိ ယ ဆု ကို ကို ရယ် ဂျီ မှ လည်း ကောင်း၊ ဒု တိ ယ ဆု ကို စော ခူ ဆဲ မှ လည်း ကောင်း၊ ပ ထ မ ဆု ကို မြန် မာ နိုင် ငံ နှစ် ခြင်း အ သင်း ချုပ် တွဲ ဖက် အ ထွေ ထွေ အ တွင်း ရေး မှူး သိ က္ခာ တော် ရ ဆ ရာ စော စမ် စန် မှ လည်း ကောင်း ချီး မြင့် ပေး ခဲ့ ကြ ပါ သည်။ ယင်း ပြိုင် ပွဲ ကျင်း ပ နိုင် ရေး အ တွက် ရန် ကုန် မြို့ ရှိ နှစ် ခြင်း အ သင်း တော် များ မှ လူ ငယ် (၃၀) ကျော် လာ ရောက် အ စေ ခံ ခဲ့ ကြ ပါ သည်။ ပြိုင် ပွဲ အား “ ဆ ရာ ယု ဒ သန် လို လူ” သီ ချင်း အား တေး ရေး ဂျီး နော် မှ ဦး ဆောင် ပြီး  ပြိုင် ပွဲ ၀င် ခဲ့ သော အသင်း တော် အား လုံး နှင့် အ တူ ချီး မွမ်း ပြီး နောက် ကောင်း ချီး မင်္ဂ လာ ပေး ခြင်း ကို မြန် မာ နိုင် ငံ နှစ် ခြင်း ခရစ် ယာန် အ သင်း ချုပ် တွဲ ဖက် အထွေ ထွေ အ တွင်း ရေး မှူး သိ က္ခာ တော် ရ ဆ ရာ စော စမ် စန် ဆောင် ရွက် ပြီး၊ အ ဖ ဘုရား သခင် ၏ ကျေး ဇူး တော် အား ဖြင့် ပြိုင် ပွဲ အား အောင် မြင် စွာ ရုပ် သိမ်း ခဲ့ ပါ သည်။
၂၀၁၅၊ခုနှစ်၊ဆရာကြီးယုဒသန်နှင့်ပါရမီဖြည့်ဖက်များအား ဂုဏ်ပြုတေးသီချင်းသီဆိုပြိုင်ပွဲဂ၁၁-၇-၂၀၁၅)MBC.

● ယု ဒ သန် နေ့ အ ကြို ၀တ် ပြု ကိုး ကွယ် ခြင်း (ပ ဉ္စ မ ) နေ့...

(၂၀၂) ကြိမ် မြောက် ယု ဒ သန် နေ့ အ ကြို ကိုး ကွယ် ၀တ် ပြု ခြင်း နောက် ဆုံး (ပ ဉ္စ မ) နေ့ အား ယ နေ့ နံ နက် (၉း၀၀ ) နာ ရီ တွင် မြန် မာ နိုင် ငံ နှစ် ခြင်း ခရစ် ယာန် အ သင်း ချုပ်၊ (၅) လွှာ တွင် ပြု လုပ် ရာ ရန် ကုန် မြို့ အ ခြေ စိုက် အဖွဲ့ ချုပ် တစ် ပါး ဖြစ် သော အ ရှို နှစ် ခြင်း ခရစ် ယာန် အဖွဲ့ ချုပ် မှ လာ ရောက် တာ ၀န် ယူ ဦး ဆောင် ခဲ့ ပါ သည်။ အဆို ပါ ၀တ် ပြု ခြင်း တွင် သ ဘာ ပ တိ အဖြစ် ဆ မို နူး တွီ ဖူး မှ ပြု လုပ် ခဲ့ ပြီး၊ အထူး ဆို တောင်း ခြင်း ကို သိ က္ခာ တော် ရ ဆ ရာ ကြီး ဆ မို အောင် ရှမ်း မှ လည်း ကောင်း၊ ဒေ သ နာ တော် အား ဆ မို မျိုး လင်း မှ လည်း ကောင်း အ သီး သီး ပါ ၀င် ခဲ့ ကြ ပါ သည်။
တ ရား ဒေ သ နာ တော် အား ယော ဟန် ၁၂း ၂၆ နှင့် မသဲ ၁၆း ၂၄ ကို အ ခြေ ပြု ပြီး၊ ခရစ် တော် ၏ တပည့် တော် စစ် သည် ဘု ရား သ ခင် ထံ ပါး မှ ကောင်း ချီး မင်္ဂ လာ များ ရ ယူ လို စိတ် ထက် ဆက် ကပ် ရန် စိတ် များ ရန် လို ကြောင်း၊ မိမိ ကိုယ် ကို ငြင်း ပယ် ရ န် လို ကြောင်း၊ သမ္မာ ကျမ်း စာ ထဲ မှ ဖေါ် ပြ ထား သော ယော ဘ အ သက် တာ ကဲ့ သို့ ဆရာ ကြီး ယု ဒ သန် သည် လည်း ဆက် ကပ် အစေ ခံ ခဲ့ ကြောင်း တိုက် တွန်း ခွန် အား ပေး သွား ပါ သည်။ အ စည်း အဝေး အား သိ က္ခာ တော် ရ ဆရာ ကြီး ဆ မို အောင် ရှမ်း ကောင်း ချီး ပေး ခြင်း အား ဖြင့် ရုပ် သိမ်း ခဲ့ ပါ သည်။ ယ ခု ကဲ့ သို့ (၂၀၂) ကြိမ် မြောက် ယု ဒ သန် နေ့ အကြို ၀တ် ပြု ခြင်း တွင် လာ ရောက် ဦး ဆောင် ပေး ခဲ့ ကြ သော ရန် ကုန် အခြေ စိုက် အဖွဲ့ ချုပ် (၄) ပါး မှ တာ ၀န် ရှိ သူများ အား မြန်မာ နိုင် ငံ နှစ် ခြင်း ခ ရစ် ယာန် အသင်း ချုပ် ကိုယ် စား အ ထူး ပင် ကျေး ဇူး တင် ရှိ ပါ သည်။


(၂၀၂)ကြိမ်မြောက်၊ယုဒသန်နေ့အကြိုဝတ်ပြုခြင်း၊အရှိုနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊၁၀-၇-၂၀၁၅။

● ယု ဒ သန် နေ့ အ ကြို ၀တ် ပြု ကိုး ကွယ် ခြင်း (စ တု တ္ထ ) နေ့...

(၂၀၂) ကြိမ် မြောက် ယု ဒ သန် နေ့ အ ကြို ကိုး ကွယ် ၀တ် ပြု ခြင်း၊ စ တု တ္ထ နေ့ အ စီ အ စဉ် ကို ယ နေ့ နံ နက် (၉း၀၀) နာ ရီ တွင် မြန် မာ နိုင် ငံ နှစ် ခြင်း ခရစ် ယာန် အ သင်း ချုပ်၊ (၅) လွှာ တွင် ဆက် လက် ပြု လုပ် ရာ ရန် ကုန် မြို့ အ ခြေ စိုက် အ ဖွဲ့ ချုပ် တစ် ပါး ဖြစ် သော ပိုး က ရင် နှစ် ခြင်း ကွန် ဖရင့် မှ လာ ရော က် ဦး ဆောင် ခဲ့ ပါ သည်။ ယင်း ၀တ် ပြု ခြင်း အစီ အစဉ် တွင် သ ဘာ ပ တိ အဖြစ် ဆရာ မ နန့် မူ မူ သန့် မှ ပြု လုပ် ပြီး၊ အထူး ဆု တောင်း ခြင်း ကို သိ က္ခာ တော် ရ ဆရာ မန်း န ပို လီ ယံ ရွှေ နီ မှ
ဆောင် ရွက် ပါ သည်။ တရား ဒေ သ နာ ကို သိ က္ခာ တော် ရ ဆရာ မန်း အောင် ၀င်း မှ ရှင် မ သဲ ခရစ် ၀င် ကျမ်း ၄း ၂၁ -၂၂။ ၁၆း ၂၄ ကို အ ခြေ ခံ ပြီး သ စ္စာ ရှိ သော တ ပည့် တော် အ နေ ဖြင့် မိ မိ တို့ ဘ၀ တွင် ခရစ် တော် ၏ တ ပည့် တော် စစ် ဖြစ် ရန် ချန် လှပ် ထား ရ မည့် အ ရာ များ စွာ ရှိ ကြောင်း၊ ဆုံး ရှုံး မှု လည်း များ စွာ ရှိ မည် ဖြစ် ကြောင်း၊ ခေတ် ရေ စီး ချောင်း ၏ ပြောင်း လဲ နေ မှု များ ကို လည်း မျက် ခြေ မ ပျတ် သ တိ မူ ရန် လို ကြောင်း၊  အ ချင်း ချင်း အား ပေး ရန် လို ကြောင်း၊ ထို့ အတူ သ စ္စာ ရှိ သော တ ပည့် တော် သည် မည် သည့် အ ခြေ အ နေ မျိုး တွင် မဆို သ ခင် ဘု ရား အား စွန့် ခွာ မည့် သူ များ မ ဟုတ် ကြောင်း၊ သို့ သော် လည်း အ ခက် အခဲ ဒုက္ခ များ၊ သွေး ဆောင် မှု များ ကို အ ဆက် မ ပြတ် ခံ စား ရ သော အ ခါ ယိမ်း ယိုင် သွား တတ် ကြောင်း ကို သ တိ ပြု ရန် လို ကြောင်း၊ သို့ ရာ တွင် လူ တို့ အား ဖြင့် ပြော မ ရ သော၊ နား မ လည် နိုင် သော အ ကျိုး ကျေး ဇူး များ ရှိ ကြောင်း ခွန် အား ပေး တိုက် တွန်း သွား ပါ သည်။ ၀တ် ပြု ခြင်း အား သိ က္ခာ တော် ရဆ ရာ မန်း ဘင် ဆင် ကောင်း ချီး ပေးခြင်း အား ဖြင့် ရုပ် သိမ်း ခဲ့ ပါ သည်။ (၂၀၂) ကြိမ် မြောက် ယု ဒ သန် နေ့ တ ပတ် တာ အကြို ၀တ် ပြု ကိုး ကွယ် ခြင်း ၏ နောက် ဆုံး နေ့ ( မ နက် ဖန်) (၁၀ - ၇ - ၂၀၁၅) ၀တ် ပြု ခြင်း အား အ ရှို နှစ် ခြင်း ခရစ် ယာန် အဖွဲ့ ချုပ် မှ ဦး ဆောင် သွား မည် ဖြစ် ပါ သည်။
(၂၀၂)ကြိမ်မြောက်၊ယုဒသန်နေ့အကြိုဝတ်ပြုခြင်း၊ပိုးကရင်နှစ်ခြင်းကွန်ဖရင့်(၉-၇-၂၀၁၅)

● ယု ဒ သန် နေ့ အ ကြို ၀တ် ပြု ကိုး ကွယ် ခြင်း (တ တိ ယ ) နေ့...

(၂၀၂) ကြိမ် မြောက်၊ ယု ဒ သန် နေ့ အ ကြို ကိုး ကွယ် ၀တ် ပြု ခြင်း၊ တ တိ ယ နေ့ ၂၀၁၅ ခု နှစ်၊ ဇူ လိုင် လ (၈) ရက် နေ့ ၀တ် ပြု ကိုး ကွယ် ခြင်း ကို (၅) လွှာ ၊ မြန် မာ နိုင် ငံ နှစ် ခြင်း ခ ရစ် ယာန် အ သင်း ချုပ် ၌ ပြု လုပ် ရာ ရန် ကုန် မြို့ အ ခြေ စိုက် အ ဖွဲ့ ချုပ် တစ် ပါး ဖြစ် သော မြန် မာ နိုင် ငံ နှစ် ခြင်း ခ ရစ် ယာန် အ သင်း တော် များ အဖွဲ့ချုပ် (MBCU) မှ တာ ၀န် ယူ ခဲ့ ပြီး ၊ တ ရား ဒေ သ နာကို တွဲ ဖက် အ ထွေ ထွေ အ တွင်း ရေး မှူး ဆ ရာ ဦး ဇာ နည် အောင် မှ လည်း ကောင်း၊ အ ထူး ဆု တောင်း ခြင်း ကို သိ က္ခာ တော် ရ ဆ ရာ စော ထူး အယ် မှ လည်း ကောင်း၊ ကောင်း ချီး မ င်္ဂ လာ ပေး ခြင်း ကို အ ဖွဲ့ ချုပ် အ ထွေ ထွေ အ တွင်း ရေး မှူး သိ က္ခာ တော် ရ ဆ ရာ ဦး တင် မောင် ရွှေ မှ လည်း ကောင်း ဆောင် ရွက် ခဲ့ ကြ ပါ သည်။ ၂၀၁၅ ခု နှစ်၊ ဇူ လိုင် လ (၉) ရက်၊ စ တု တ္ထ နေ့ ယု ဒ သန် နေ့ အ ကြို ၀တ် ပြု ကိုး ကွယ် ခြင်း ကို ပိုး က ရင် နှစ် ခြင်း ကွန် ဖ ရင့် မှ လာ ရောက် တာ ၀န် ယူ ဦး ဆောင် မည် ဖြစ် ပါ သည်။ ပြု လုပ် လျှက် ရှိ သော ယု ဒ သန် နေ့ အ ကြို ၀တ် ပြု ကိုး ကွယ် ခြင်း သို့ လာ ရောက် ပါ ၀င် ခွန် အား ယူ ရန် မေ တ္တာ ဖြင့် ဖိတ် ကြား အပ် ပါ သည်။
(၂၀၂)ကြိမ်မြောက်၊ယုဒသန်နေ့အကြိုဝတ်ပြုကိုးကွယ်ခြင်း(MBCU)၊(၈-၇-၂၀၁၅)

● ယု ဒ သန် နေ့ အ ကြို ၀တ် ပြု ကိုး ကွယ် ခြင်း (ဒု တိ ယ ) နေ့...

(၂၀၂) ကြိမ် မြောက်၊ ယု ဒ သန် နေ့ အ ကြို ၀တ် ပြု ကိုး ကွယ် ခြင်း ကို မြန် မာ နိုင် ငံ နှစ် ခြင်း ခ ရစ် ယာန် အ သင်း ချုပ်၊ (၅) လွှာ တွင် ရန် ကုန် မြို့ အ ခြေ စိုက် နှစ် ခြင်း ခ ရစ် ယာန် အ ဖွဲ့ ချုပ် များ မှ တာ ၀န် ယူ ပြီး ၀တ် ပြု လျက် ရှိ ရာ၊ ယ နေ့ ဒု တိ ယ မြောက် နေ့ ၊ ၂၀၁၅ ခု နှစ်၊ ဇူ လိုင် လ (၇) ရက် နေ့ တွင် က ရင် နှစ် ခြင်း ခ ရစ် ယာန် အ ဖွဲ့ ချုပ် မှ တာ ၀န် ယူ ဦး ဆောင် ခဲ့ ပါ သည်။ ယင်း တစ် ပတ် တာ ၀တ် ပြု ကိုး ကွယ် ခြင်း များ ကို  နေ့ စဉ် နံ နက် (၉း ၀၀) နာ ရီ တွင်အ စ ပြု ပြီး၊ ပါ ၀င် ၀တ် ပြု လို သူ တိုင်း ကို လည်း လှိုက် လှဲ စွာ ဖိတ် ခေါ် ပါ သည်။ မ နက် ဖန် ၂၀၁၅ ခု နှစ်၊ ဇူ လိုင် လ (၈) ရက် နေ့ တ တိ ယ နေ့ မြောက် ၀တ် ပြု ကိုး ကွယ် ခြင်း ကို မြန် မာ နိုင် ငံ နှစ် ခြင်း ခ ရစ် ယာန် အ သင်း တော် များ အ ဖွဲ့ ချုပ် (MBCU) မှ တာ ၀န် ယူ သွား မည် ဖြစ် ကြောင်း ဖေါ် ပြ အပ် ပါ သည်။

(၂၀၂)ကြိမ်မြောက်၊ယုဒသန်နေ့အကြိုကိုးကွယ်ဝတ်ပြုခြင်း(ဒုတိယနေ့၊၇-၇-၂၀၁၅)

● သ မ္မာ ကျမ်း စာ စာ ပေး စာ ယူ စည်း ဝေး...

မြန် မာ နိုင် ငံ နှစ် ခြင်း ခ ရစ် ယာန် အ သင်း ချုပ် ၊ ဧ ၀ံ ဂေ လိ နှင့် သာ သ နာ ပြု ရေး ဌာ န ၊ ခရစ် ယာန် ပြု စု ပျိုး ထောင် ရေး လုပ် ငန်း တစ် ရပ် ဖြစ် သော ၊ ယုံ ကြည် သူ ခ ရစ် ယာန် များ သ မ္မာ ကျမ်း စာ ကို မှန် ကန် စွာ ပိုင်း ခြား နား လည် ပြီး၊ ရင့် ကျက် သော ခရစ် ယာန် များ ဖြစ် လာ စေ ရေး ကို ရည် ရွယ် ပြီး ဖွင့် လှစ် မည့် “ သ မ္မာ ကျမ်း စာ စာ ပေး စာ ယူ” သင် တန်း ဆိုင် ရာ သင် ခန်း စာ များ၊ သင် တန်း ကာ လ၊ သင် တန်း ဆိုင် ရာ ဆက် သွယ် ဆောင် ရွက် မည့် နည်း လမ်း များ နှင့်သင် တန်း အ တွက် ကုန် ကျ စ ရိတ် ကိစ္စ များ ကို ယ နေ့ ၂၀၁၅ ခုနှစ်၊ ဇူ လိုင် လ (၆) ရက် နေ့၊ နံ နက် (၁၁း ၃၀) နာ ရီ တွင် ၊ နှစ် ခြင်း အ သင်း ချုပ်၊ ဧ ၀ံ ဂေ လိ နှင့် သာ သ နာ ပြု ရေး ဌာန ရုံး ခန်း တွင် ပြု လုပ် ခဲ့ ပါ သည်။ အ ဆို ပါ စည်း ဝေး အား ဧ/သ ဌာ န သ ဘာ ပ တိ Rev. Dr. စော သိန်း ရွှေ မှ သ ဘာ ပ တိ အ ဖြစ် ဆောင် ရွက် ပြီး၊ Dr. စော စေး ခူ၊ Rev. မန်း စံ သိန်း ထွန်း၊ Rev. Dr. လန် ကျင့် ထန်၊ ဆ ရာမ နန် ပန် အောင်၊ Rev. ထောင့်ခန့်စိန်၊ ဆ ရာ စော ၀င်း ဖေ ဇင်၊ ဆ ရာ ဦး သန်း ထိုက် ဟန်၊ ဆ ရာ ရို ဆန်း၊ ဆ ရာ စော ဒယ် နီ ရယ် တို့ တက် ရောက် ခဲ့ ကြ ပါ သည်။
သမ္မာကျမ်းစာစာပေးစာယူသင်တန်းစည်းဝေး (၂၀၁၅ခုနှစ်၊ဇူလိုင်လ(၆)ရက်၊နံနက်(၁၁း၀၀)နာရီ

● ယု ဒ သန် နေ့ အ ကြို ၀တ် ပြု ကိုး ကွယ် ခြင်း (ပ ထ မ ) နေ့...

မြန် မာ နိုင် ငံ နှစ် ခြင်း ခရစ် ယာန် အ သင်း ချုပ်၊ (၂၀၂ ) ကြိမ် မြောက် ယု ဒ သန် နေ့ အ ကြို ၀တ် ပြု ကိုး ကွယ် ခြင်း ကို ယ နေ့ နံ နက် (၉း၀၀) နာ ရီ တွင် နှစ် ခြင်း အ သင်း ချုပ် (၅)လွှာ ခန်း မ တွင် ပြု လုပ် ခဲ့ ရာ အ စီ အ စဉ် အား နှစ် ခြင်း အ သင်း ချုပ်၊ ဧ ၀ံ ဂေ လိ နှင့် သာ သ နာ ပြု ရေး ဌာ န မှ တာ ၀န် ယူ ခဲ့ ပါ သည်။ အ ဆို ပါ ၀တ် ပြု ခြင်း တွင် သ ဘာ ပ တိ အ ဖြစ် ၊ ဆ ရာ စော ၀င်း ဖေ ဇင် (တွဲ ဖက် ဌာ န တာ ၀န် ခံ၊ ဧ/ သ ဌာ န-MBC ) မှ လည်း ကောင်း၊အ ထူး ဆု တောင်း ခြင်း ကို ဆ ရာ မ နန် ပန် အောင် (က ချင် နှစ် ခြင်း အ သင်း တော်- ရန်ကုန်) မှ လည်း ကောင်း၊ ဓမ္မ ဒေ သ နာ အား Rev. Dr. လန် ကျင့် ထန် မှ လည်း ကောင်း၊ ကောင်း ချီး ပေး ခြင်း ကို Rev. ထောင့် ခန့် စိန် (ဌာန တာ ၀န် ခံ၊ ဧ/ သ ဌာ န-MBC) မှ လည်း ကောင်း၊ ဂုဏ် တော် ချီး မွမ်း ခြင်း ကို စိုး သော် မှ လည်း ကောင်း ပါ ၀င် ဆက် ကပ်ခဲ့ ကြ ပါ သည်။ ဓမ္မ ဒေ သ နာ အား (၁) ၂ တိ မော သေ၊ ၂း၁ -အား အ ခြေ ခံ ပြီး ကျေး ဇူး တော် အား ဖြင့် ခိုင် ခန့် ခြင်း ရှိ ရန်၊ (၂) ၂ တိ မော သေ၊ ၂း၂ -အား အ ခြေ ခံ ပြီး တ ပည့် တော် များ ပွား များ အောင် ဆက် ကပ် အ စေ ခံ ကြ ရန် နှင့် ၊(၃) ၂ တိ မော သေ၊ ၂း၃ -အား အ ခြေ ခံ ပြီး စစ် သူ ရဲ ကဲ့ သို့ သ စ္စာ ရှိ သော တ ပည့် တော် များ အ ဖြစ် ရပ် တည် အ သက် ရှင် ရန် တိုက် တွန်း သွား ပါ သည်။